သူက မသမာတဲ့နည်းလမ်းအသုံးပြုနေတာလား
Vol. 4 Ch. 47
ရွှမ်ယီတို့ ငါးယောက်လည်းအလျင်လိုမနေကြချေ။
တဖက်တွင် လင်းဇီရင်အား ၀င်ရောနေသည့် လူငယ်ကမူ စိတ်အားထက်သန်လျက်ရှိသည်။
ထိုသူကား အလွန်စကားများသူဖြစ်ချေသည်။ လင်းဇီရင်က တစ်ခါတစ်ရံသာခေါင်းညိတ်ပြတတ်၏။ ထိုသူနှင့် စကားပြောရန် လုံး၀စိတ်မ၀င်စားချေ။
ထိုလူငယ်၏ အတွေးများကို သဘာ၀ကျကျသိနေခဲ့သော်လည်း ထိုသူအား စိတ်၀င်စားခြင်းမရှိချေ။
လင်းဇီရင်ကား အေးစက်သောစရိုက်ရှိသူတစ်ဦးဖြစ်သည်။
သူမအနေဖြင့် ဘရိုကိတ်လူငယ်က သူမအား တစ်ခုခုရှင်းပြရုံနှင့် ထိုလူအပေါ် လေးစားမှုအဆင့်သစ်တစ်ခုရောက်သွားမည်မဟုတ်ချေ။
သူမက အနည်းငယ်ခေါင်းညိတ်ပြနေခြင်းမှာ ထိုလူငယ်က ဇွတ်ရောနေခြင်းကြောင့်ဖြစ်၏။ နတ်ဘုရားသန့်စင်စေတီ နှင့် ပတ်သက်သော ကိစ္စများကိုမူ ထိုလူငယ်ရှင်းမပြလျှင်တောင် သူမ၏ ဆရာရှင်းပြလိမ့်မည်ဟု ယုံကြည်ထားသည်။
ဘရိုကိတ်၀တ်စုံနှင့် လူငယ်အမြင်ကား ထိုသို့မဟုတ်ချေ။
လင်းဇီရင် သူ့ကိုစိတ်မ၀င်စားခြင်းမှာ သူမည်မျှထူးချွန်ကြောင်း မသိသောကြောင့်ဟု ခံယူထားသည်။
သူ့အရည်အချင်းများအား ထုတ်ပြလိုက်လျှင် လင်းဇီရင် သူ့ကို အမြင်သစ်တစ်ခုဖြင့်ကြည့်လာမည်ဟုယုံကြည်ထားသည်။
သူ့အရည်အချင်းများ မည်ကဲ့သို့ပြသမည်ဟူသည့် မေးခွန်းအတွက် အဖြေကရိုးရှင်းပေသည်။
သံသယရှိစရာမလိုအောင်ပင် နတ်ဘုရားသန့်စင်စေတီဖြစ်၏။
[ Note : Divine Refining Pagoda လို့သုံးထားစလို Divine Refining Tower လို့လဲသုံးထားပါတယ်။ အောက်ကြီးပြီး အထက်ကို အနည်းငယ်သေးသေးသွားတဲ့နေရာမျိုးပါ။ စေတီထက် တာဝါလို့ပြင်သုံးသွားပါမယ်]
သူသာ ထိုမျှော်စင်၏ နာမည်ကျောက်ပြားမှ သာမန်အဆင့်စာရင်းတွင် နာမည်ချန်ထားခဲ့နိုင်မည်ဆိုပါက လင်းဇီရင်၏ သူ့အပေါ် လေးစားမှုက အဆင့်သစ်တစ်ခုရောက်သွားလိမ့်မည်။
အချိန်တွေကုန်သွားခဲ့ပြီ.. အလှလေးကို အိမ်ခေါ်သွားဖို့အချိန်တန်ပြီ…….
ဘရိုကိတ်လူငယ်က လင်းဇီရင်တို့အဖွဲ့အား လက်ယှက်ကာ နှုတ်ဆက်လိုက်ပြီး နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ဆီသို့ ၀င်သွားလေသည်။
“ စီနီယာအစ်မ ဇီရင်.. အမက တစ်ကယ် ဆွဲဆောင်မှုရှိတာပဲ… အဲ့ဒီ ချန်းဖန်ဆိုတဲ့လူက တျန်ဖန်းအင်ပါယာအကယ်ဓမီက အဓိကကျောင်းသားပဲ… ပြီးရင် တျန်ဖန်း လူငယ်မျိုးဆက်မှာလည်း ကျော်ကြားမှုရှိသေးတယ်.. စီနီယာအစ်မ ဇီရင်.. အစ်က တကယ်ထူးခြားတာပဲ…..”
လုရင်က မနာလိုစွာပြောလိုက်သည်။
လင်းဇီရင်က အသာအယာပြုံးလိုက်ပြီး ဘာမျှပြန်မပြောခဲ့ချေ။
လုရင်က ချန်းဖန်၏ ဇစ်မြစ်အားပြောပြသော်လည်း ထူးခြားမှုမရှိချေ။
မရေမတွက်နိုင်သည့်လူများ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ဆီသို့ ၀င်ရောက်နေကြပြီး ကျောက်ပြားထက်တွင်လည်း အမည်များ အဆက်မပြတ်ပေါ်လာနေသည်။
မကြာခင် နေရာ(၁၀၀၀)လုံးပြည့်သွားခဲ့၏။
သို့သော် မည်သူမျှ လက်ရှိနေရာအားထိန်းထားနိုင်ခြင်းမရှိချေ။
နေရာများမှာ အဆက်မပြတ်ပြောင်းလဲနေ၏။
နာရီ၀က်အကြာတွင် အဆက်မပြတ်ပြောင်းလဲမှုများ နည်းပါးသွားလေသည်။
ယခုအချိန်တွင် နံပါတ်(၁)နေရာ၌ ဦးဆောင်နေသူမှာ ဖန်ရှင်းမင်ဟုခေါ်သည့် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူက ကောင်းကင်လေနိုင်ငံ၏ ထိပ်သီးအင်အားစု(၁၀)ခုထဲမှတစ်ခုဖြစ်သော အပြာရောင်နက်နဲခြင်းဂိုဏ်းမှဖြစ်သည်။ သူက ဂိုဏ်းချုပ်၏ သားတစ်ယောက်ဖြစ်သည့်အပြင် တတိယမင်းသားနှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့ဖူးသည်။
ထိုကိစ္စမှာ လွန်ခဲ့သည့် (၁)နှစ်လောက်ကဖြစ်၏။
တတိယမင်းသားအားရှုံးနိမ့်မှုအပြီးတွင် ဖန်ရှင်းမင်က တံခါးပိတ်ကျင့်ကြံနေခဲ့သည့်ဟု ကောလဟာလများထွက်ပေါ်ခဲ့သည်။
တတိယမင်းသားအား တိုက်ခိုက်နိုင်စွမ်းရှိနေ မရှိနေကို မည်သူမျှမသိသေးချေ။
လောလောဆယ်တွင် ထိုသူက သာမန်အဆင့် နံပါတ်(၁)ဖြစ်နေ၏။
သူရောက်နေသောအဆင့်မှာ (၃၇)ထပ်ဖြစ်သည်။
“ ဖန်ရှင်းမင်က တတိယမင်းသားကို ယှဉ်နိုင်ဖို့ မျှော်လင့်ချက်ရှိတဲ့လူ ဆိုတဲ့အတိုင်းပဲ.. နာရီ၀က်အတွင်း (၃၇)ထပ်ကိုရောက်နေပြီ.. ဒါက သူ့ရဲ့ကန့်သတ်ချက် ဟုတ်ပုံမရသေးဘူး…..”
“ ကံမကောင်းတာတစ်ခုက တတိယမင်းသားဒီမှာရှိမနေတာပဲ…”
ယခု ရောက်ရှိနေသူအများစုမှ သဘာ၀အတိုင်းပင် ကောင်းကင်လေနိုင်ငံမှ လူများဖြစ်ကြပြီး ဖန်ရှင်းမင်အား သိရှိထားကြသည်။ ဖန်ရှင်းမင်အား ချီးကျူးသံများလည်း ဆက်တိုက်ထွက်ပေါ်နေ၏။
“ ဖီ.. အမှိုက်ပဲ.. တကယ့် ရေတွင်းအောက်ခြေကဖားတွေ.. အဲ့တာက (၃၇)ထပ်လေးပဲလေ.. ဘာတွေဂုဏ်ယူနေကြတာလဲ.. အစ်မ ငါဆက်ပြီး သည်းမခံနိုင်တော့ဘူး.. မျှော်စင်ထဲ၀င်တော့မယ်…ဒီရေတွင်းအောက်ကဖားတွေကို ကမ္ဘာကြီးဘယ်လောက်ကျယ်ကြောင်း ပြမှရမယ်…”
မင်ယွဲ့လန်၏ မျက်နှာလှလှလေးက ဒေါသများနှင့်ပြည့်နေခဲ့၏။ သူမစကားဆုံးသည်နှင့် မျှော်စင်ထဲသို့ ၀င်သွားလေတော့သည်။
မင်ယွဲ့ရှုကလည်း သူမအား တားဆီးခြင်းမရှိချေ။
မင်ယွဲ့လန်၀င်သွားသည်ကို လူအများစုက သတိပင်မထားမိလိုက်ကြချေ။
သို့သော် လူအနည်းငယ်၏ မျက်၀န်းများကျဉ်းမြောင်းသွားခဲ့ကြလေသည်။
ထိုလူများက မင်ယွဲ့ညီအစ်မကို သိရှိကြသူများဖြစ်၏။
“ ဟဟ.. ဇာတ်လမ်းက ကြည့်ကောင်းတော့မယ်ဟေ့…”
“ မင်ယွဲ့လန်ရဲ့ အရည်အချင်းက မင်ယွဲ့ရှုထက် နည်းနည်းနိမ့်ကျပေမယ့် အဓိကအဆင့်ကို စိန်ခေါ်နိုင်တဲ့အစွမ်းရှိတယ်.. သူမရဲ့ ပါရမီက မင်ယွဲ့ချူနဲ့တောင်ယှဉ်နိုင်တယ်လို့ပြောကြတာပဲ…..”
ရွှမ်ယီ၏ မျက်လုံးများ အနည်းငယ်မှေးကျဉ်းသွားခဲ့သည်။
သူ၏ အဆင့်ဖြင့် ထိုညီအစ်မအား အတန်ငယ်သတိထားမိခဲ့သည်။
အထူသဖြင့် မင်ယွဲ့ရှုဖြစ်၏။
အခြေတည်ဝိညာဉ်အဆင့်(၁) အထွတ်အထိပ်….
အခြေအနေမှာ မင်ယွဲ့ညီအစ်မအားသိသူများ မျှော်လင့်ထားသကဲ့သို့ဖြစ်၏။
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ထဲသို့၀င်ရောက်ပြီးနောက် မင်ယွဲ့လန်၏ အမြန်နှုန်းက ဒုံးပျံတစ်စင်းအလားပင်။
ကြည့်ရသည်မှ အလွှာတိုင်း၏ ပြိုင်ဘက်များက သူမအတွက် လွယ်ကူးလွန်းနေဟန်ရသည်။
၃၀၀…
၁၀၀…
၈၀…
၅၀…
၁၃…
၅…
သာမန်အဆင့်ထက်တွင် မင်ယွဲ့လန်၏ အဆင့်တက်နှုန်းက လျင်မြန်လွန်းသည်ဖြစ်ရာ လူတိုင်းသတိပြုမိလာကြသည်။
“ အဲ့တာ ဘယ်သူလဲ…”
“ မင်ယွဲ့လန်ဆိုတာ ဘယ်သူများလဲ…”
“ သူက ဘယ်သူကြီးလဲ… ဒါ.. သူမက မသမာတဲ့နည်းတစ်ခုခုသုံးနေတာများလား… အရမ်းမြန်လွန်းတယ်….”
“ သောက်ရူး.. နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ကို လှည့်စားလို့ရမယ်လို့ ထင်နေတာလား….”
မရေမတွက်နိုင်သောလူများ ကြက်သေသေသွားခဲ့ကြသည်။
မူလတွင် သူတို့က ဖန်ရှင်းမန်၏ အရှိန်အား လျင်မြန်လှပြီထင်နေခဲ့ကြသည်။
သို့သော် မင်ယွဲ့လန်က အဆများစွာ ပို၍ မြန်ပေသည်။
လိမ်လည်နေသကဲ့သို့ပင်ဖြစ်၏။
“ မင်ယွဲ့လန်….?”
“ တောက်ပသောလ…? အဲ့တာ တောက်ပသောလမိသားစုက တစ်ယောက်ယောက်များလား….”
[ TL: မင်ယွဲ့ဆိုတာ တောက်ပသောလလို့ အဓိပါယ်ရပါတယ်…]
လူအချို့က လျင်မြန်စွာ တုံ့ပြန်လိုက်ကြ၏။
သူတို့အနေဖြင့် မင်ယွဲ့လန်အားမသိကြသော်လည်း အဇူရာဒေသမှ တောက်ပသောလမိသားစု၏ အမည်ကိုမူ သိထားကြပေသည်။
အဓိကစာရင်းတွင် သူတို့ တောင်ပိုင်းတိုက်ကြီးမှ အဆင့်အမြင့်ဆုံးလူမှာ တောက်ပသောလမိသားစုမှ မင်ယွဲချူဖြစ်သည်။
“ သူမသာ တောက်ပသောလမိသားစုကဆိုရင် သိပ်တော့အံ့ဩစရာမရှိပါဘူး…”
လူအများ ထိတ်လန့်သွားခဲ့ကြသော်လည်း အားလုံး မင်ယွဲ့လန်၏ အမည်အားအာရုံစိုက်နေကြသည်။ သူမ ဘယ်အဆင့်ထိရောက်နိုင်မလဲ လူတိုင်းသိချင်နေကြ၏။
(၃၇)ထပ်..
(၃၈)ထပ်..
(၃၉)ထပ်…
သူမက (၃၉)ထပ်တွင်သာရှိနေသေးသော ဖန်ရှင်းမန်အား အလျင်အမြန်ဖြတ်ကျော်သွားခဲ့သည်။
(၄၃)ထပ်..
(၄၄)ထပ်..
(၄၅)ထပ်…
လူတိုင်း သူတို့၏ နှလုံးသားတစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရသည်။
တောက်ပသောလမိသားစုမှ ပါရမီရှင်တစ်ယောက်ဖြစ်ထိုက်ပေသည်။
ကောင်ကင်လေနိုင်ငံ၏ ဦးသျှောင်ဘုရင်ရောက်ခဲ့သော (၄၆)ထပ် စံချိန်အား အသာအယာပင်ဖြတ်ကျော်သွားခဲ့သည်။
(၄၆)ထပ်…
မင်ယွဲ့လန်၏ အရှိန်မှာလည်း တဖြည်းဖြည်းလျော့ကျလာခဲ့သည်။
“ (၅)ထပ်ပဲလိုတော့တယ်…”
“ သူ အဓိကအဆင့်ကို၀င်နိုင်လိမ့်မယ်လို့ ငါထင်တယ်…”
“ ခရမ်းလ လျှို့ဝှက်နယ်မြေကို လာတဲ့ခရီးက ဒီမှာတင်တန်သွားပြီ.. တစ်ယောက်ယောက် သမိုင်းရေးထိုးတာကို မြင်ရတော့မယ်….”
နောက်ဆုံး အဓိကအဆင့်သို့၀င်ရောက်နိုင်ခဲ့သည်မှာ နှစ်ပေါင်းမည်မျှကြာသွားပြီဖြစ်ကြောင်း အတိအကျ မသိတော့ချေ။
ဤမတိုင်ခင် ခရမ်းလမင်းလျှို့ဝှက်နယ်မြေဖွင့်ခဲ့သော အကြိမ်အနည်းငယ်တွင် တစ်ယောက်မှ အဓိကအဆင့်ကိုမ၀င်ရောက်နိုင်ခဲ့ပေ။ အနီးစပ်ဆုံးမှာ (၄၇)ထပ်ဖြစ်၏။
ယခု မင်ယွဲ့လန်၏ အရှိန်အရ အဓိကအဆင့်ကို၀င်ရန် ပြသနာမရှိနိုင်ပေ။
“ မင်ယွဲ့လန်က တောက်ပသောလမိသားစုမှာ နံပါတ်(၁) ပါရမီရှင်မဟုတ်ဘူးဆို.. နံပါတ်(၁)က သူ့အစ်မလား.. ဒါနဲ့ ဒီနေ့ သူ့အစ်မလည်း ဒီရောက်နေနိုင်လောက်လား….”
“ မင်ယွဲ့ရှုလား.. အဲ့ဒီ ပြိုင်ဘက်ကင်းပါရမီရှင်က အဇူရာအဆင့်မှာလည်း နံပါတ်(၇)လေ….”
“ အများစုက သူမရဲ့ ပါရမီက မင်ယွဲ့ချူထက်တောင် သာတယ်လို့ပြောကြတယ်…”
မင်ယွဲ့ရှုအား မမြင်ဖူးကြသော်လည်း သူမ၏ အမည်ကိုမူ ကြားဖူးကြလေသည်။
မင်ယွဲ့ရှုက ပတ်၀န်ကျင်းမှ ဆွေးနွေးမှုများအား ဂရုစိုက်ခြင်းအလျင်းမရှိချေ။ သူမ မျက်လုံးများက မင်ယွဲ့လန်၏ အမည်ပေါ်တွင်သာရှိနေ၏။
သူမထက် အများကြီးနိမ့်ကျသော ပါရမီရှင်ညီမလေးက ဘယ်လောက်ထိရောက်နိုင်မလဲဆိုတာ သိချင်နေခဲ့သည်။
(၅၀)ထပ်..
ထိုနေရာသို့ အရောက်တွင် သူမ၏ အရှိန်မှု လျင်မြန်ခြင်းအလျင်းမရှိတော့ချေ။
ယခုအချိန်တွင် သူမအနေဖြင့် အဓိကအဆင့်အား၀င်လိုလျှင် တိုက်ပွဲနှစ်ခုတိုက်ခိုက်ရမည်ဖြစ်သည်။
ပထမတိုက်ပွဲမှာ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ဖန်တီးထားသည့်ပြိုင်ဘက်ဖြစ်ပြီး ဒုတိယတိုက်ပွဲမှာမူ ဤအဆင့်အား နောက်ဆုံးအနိုင်ယူခဲ့သည့် အဓိကအဆင့်နောက်ဆုံးမှလူ၏ စိတ်ဝိညာဉ်ပုံရိပ်ကို တိုက်ခိုက်ရမည်ဖြစ်သည်။
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က ယှဉ်ပြိုင်သူ၏ အဆင့်များနှင့် ညီသွားအောင်လုပ်ပေးပေလိမ့်မည်။ အကယ်၍ ယှဉ်ပြိုင်သူက အဆင့်မြင့်နေလျှင် သူ၏ အဆင့်ကိုဖိနှိပ်လိုက်ပြီး ယှဉ်ပြိုင်သူက အဆင့်နိမ့်နေလျှင် နတ်ဘုရားသန့်စင်မျှော်စင်ထဲမှ ပြိုင်ဘက်၏ အဆင့်ကို လျှော့ချပေးပေလိမ့်မည်။
ထိုတိုက်ပွဲအားအနိုင်ရလျှင် အနိုင်ရသွားသူ၏ စိတ်ဝိညာဉ်ပုံရိပ်က ထိုအထပ်တွင်ကျန်ခဲ့ပေလိမ့်မည်။
“(၅၁)ထပ်….”
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ (၅၁)ထပ်တွင် မီးလင်းလာသောအခါ မရေမတွက်နိုင်သည့်လူများ အသက်ပြင်းပြင်းရှိုက်လိုက်မိကြသည်။
သမိုင်းတစ်ခုရေးထိုသည်လို သူတို့မြင်လိုကြသည်။ မင်ယွဲ့လန်အား အဓိကအဆင့်ကို၀င်ရောက်စေချင်ကြသည်။ ထို့အပြင် သူမ၏ဘိုးဘေး မင်းယွဲ့ချူအားလည်း ကျော်တက်သွားစေချင်နေကြ၏။
စောင့်ဆိုင်းချိန်က အလွန်ရှည်လျားပေသည်။
မိနှစ်(၂၀)ကြာပြီးလျှင်..
ဖန်ရှင်းမင် မျှော်စင်ထဲမှ ထွက်ပေါ်လာခဲ့သည်။
မျှော်စင်သို့မ၀င်ခင် သူ့အနေဖြင့် ကောင်းကင်လေနိုင်ငံ ဦးသျှောင်ဘုရင်၏ မှတ်တမ်းအား စိန်ခေါ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။ သို့သော် သူအတွေးလွန်နေကြောင်း နားလည်သွားခဲ့၏။
သူ၏ နောက်ဆုံးရလဒ်မှာ အဆင့်(၄၁)ဖြစ်၏။
ကောင်းကင်လေနိုင်ငံ ဦးသျှောင်ဘုရင်၏ အဆင့်(၄၆) နှင့် (၅)ဆင့်ကွာနေသေးသည်။
သူသာ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ထဲသို့ ကိုယ်တိုင်မ၀င်ဖူးလျှင် အဆင့်(၃၀)ကျော်သွားပြီးနောက် နောက်တစ်ဆင့်တက်ရန် မည်မျှခက်ခဲသည်ကို နားလည်မည်မဟုတ်ပေ။
အဆင့်(၄၀)အား သူကောင်းစွာ ဖြေရှင်းနိုင်သေးသည်။
သို့သော် (၄၁)ထပ်သို့ရောက်လျှင်မူ ချက်ချင်းအသတ်ခံလိုက်ရ၏။ တုံ့ပြန်ရန်ပင်အချိန်မရခဲ့ချေ။
မျှော်စင်ထဲမှ စစ်သည်က အစွမ်းထက်လွန်းလှသည်။
သူတစ်ချက်မျှပင် မခံနိုင်ခဲ့ချေ။
သူ့အတွက် (၄၁)ထပ်ကပင် မယုံနိုင်စရာကောင်းအောင် ခက်ခဲလွန်းသည်။
အထပ်(၅၀).. (၆၀).. (၇၀)… ဘယ်လိုမွန်းစတားမျိုးတွေက အဲ့အဆင့်တွေရောက်နိုင်ခဲ့တာလဲ…….
မျှော်စင်ထဲသို့ မ၀င်ရသေးခင် ဖန်ရှင်းမင် တစ်ယောက် ကောင်းကင်လေနိုင်ငံ ဦးသျှောင်ဘုရင်အား အထင်သေးမိခဲ့သည်။
သို့သော် ယခုတွင် အထင်မသေးရဲတော့ချေ။ လေးပင်လေးစားမိနေခဲ့၏။
သူထွက်လာလျှင် သူ့အား မည်သူမျှ ဂရုစိုက်မနေကြောင်း မြင်လိုက်ရသည်။
လူတိုင်း၏ မျက်လုံးများက နတ်ဘုရားသန့်စင်စေတီပေါ်တွင်ရှိနေကြသည်။
သူလည်း မနေနိုင်လဲ လိုက်ကြည့်မိလိုက်သည်။
ထို့နောက် မြင်လိုက်ရသည့် မြင်ကွင်းက သူ့အား အလွန်ထိတ်လန့်သွားစေခဲ့၏။
(၅၁)ထပ်က တကယ်ကြီး မီးလင်းနေတာလား….
ဖန်ရှင်းမင် မျက်မှောင်ကြုတ်လိုက်၏။
ထို့နောက် သာမန်အဆင့်စာရင်းအား ကြည့်လိုက်လျှင် မျှော်လင့်ထားသည့်အတိုင်း သူက နံပါတ်(၁)မဟုတ်ချေ။
မင်ယွဲ့လန်…. အမျိုးသမီးတစ်ယောက်လား……?
ဖန်ရှင်းမင်သည် အထပ်(၄၀) သာရရှိခဲ့သော်လည်း သာမန်အဆင့်တွင် ပထမဖြစ်လိမ့်မည်ဟု ယုံကြည်ထားခဲ့သည်။
[ ဒီနေရာမှာပြောချင်တာက ရောက်တဲ့အထပ်နဲ့ အောင်မြင်ခဲ့တဲ့အထပ်မတူဘူးနော်.. (၄၀)ကို နိုင်ခဲ့ပြီး (၄၁)ကိုရောက်ပဲရောက်ခဲ့တာ နိုင်ခဲ့တာက အဆင့်အတည် ]
ဖန်ရှင်းမင် တကယ်တမ်းထိတ်လန့်သွားသည်မှာ မင်ယွဲ့လန်၏ သာမန်အဆင့်စာရင်းကြောင့်မဟုတ်ပေ…
မင်ယွဲ့လန်၏ အထပ်အရေအတွက်တိုးလာသောကြောင့်ဖြစ်၏။
မင်ယွဲ့လန် [ တောင်ပိုင်းတိုက်ကြီး] ၊ (၅၁)ထပ် ၊ တောက်ပသောလမိသားစု
“ (၅၁)ထပ်လား.. ဘယ်လိုဖြစ်နိုင်မှာလဲ…”
သူကိုယ်တိုင်လည်း (၄၁)ထပ်တွင် တစ်ချက်မှ မခံနိုင်ခဲ့သည်ဖြစ်ရာ အလွန်ထိတ်လန့်သွားခဲ့လေသည်။
“ တောက်ပသောလမိသားစု….”
နာမည်နောက်ဆက်တွဲအား မြင်လိုက်ကာမှ လက်ခံနိုင်သွားခဲ့၏။
တောက်ပသောလမိသားစုအား သူသိပေသည်။
ဘုရင်အဆင့်တွေရှိနေတဲ့မိသားစု.. အဓိကစာရင်းပေါ်က တောင်ပိုင်းတိုက်ကြီးရဲ့ နံပါတ်(၁) မင်ယွဲ့ရှု…….
“ သူမ တက်သွားပြီ.. (၅၂) ထပ်မှာ မီးလင်းလာပြီ….”
“ နေဦး.. မီးက ချက်ချင်းပြန်ပျောက်သွားတယ်….”
လူတိုင်း၏ အာရုံစိုက်မှုများအောက်တွင် (၅၁)ထပ်မှ မီးမှာ ငြိမ်းသွားခဲ့ပြီး (၅၂)ထပ်တွင် မီးလင်းလာခဲ့သည်။
သို့သော် ချက်ချင်းပြန်လည်ပျောက်ကွယ်သွားခဲ့၏။
“ ကြည့်လိုက်.. အဓိကစာရင်းပြောင်းသွားပြီ…”
လူတိုင်းလှမ်းကြည့်လိုက်ကြ၏။
ယခင်က အဓိကအဆင့်နောက်ဆုံးမှ လူသည် မြောက်ပိုင်းတိုက်ကြီးမှဖြစ်၏။ သို့သော် ယခုတွင် မင်ယွဲ့လန်၏ အမည်နှင့် အစားထိုးသွားခဲ့ချေပြီ။
အဆင့်(၁)သိန်း..
သူမက အဓိက အဆင့်ကို၀င်နိုင်ခဲ့တာလား…
သူမ (၅၂)ထပ်သို့ ရောက်ချိန်တွင် မီးအလင်းရောင်က ချက်ချင်းငြိမ်းသွားခဲ့သည်။
ဖန်ရှင်းမင် (၄၁)ထပ်သို့ ရောက်သွားချိန်နှင့် တူညီပေသည်။
သူမလည်း တစ်ချက်တည်းအသတ်ခံလိုက်ရခြင်း ဖြစ်ဟန်တူသည်။
“ ဘာလဲ.. ဒါကြီးက တစ်ခုခုမှားနေတာပဲ….”
မျက်နှာထက်တွင် မကျေနပ်မှုများ ပြည့်နှက်နေသည့် ကောင်မလေးတစ်ယောက် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အတွင်းမှ ပွစိပွစိရွတ်ရင်း ထွက်ခွာလာသည်။ သူမအနေဖြင့် ရလဒ်နှင့်ပတ်သက်ပြီး မကျေနပ်သည်မှာ ထင်ရှားပေသည်။