လင်းဇီရင်
Vol. 4 Ch. 48
“ ဒီရလဒ်က တော်တော်လေးကောင်းမွန်နေပါပြီ…”
မင်ယွဲ့ရှုက အနားသို့ပြန်ရောက်လာသည့် မင်ယွဲ့လန်၏ ပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်၏။
“ အဲ့တာ မင်ယွဲ့ရှုဖြစ်မယ်ထင်တယ်…”
“ သူမ ရောက်လာတာလား….”
“ ငါတော့ မင်ယွဲ့ရှု အစွမ်းပြတာကို ကြည့်ဖို့မစောင့်နိုင်တော့ဘူး.. ကောလဟာလတွေအရဆိုရင် သူမရဲ့ ပါရမီက ဘိုးဘေး မင်ယွဲ့ချူထက် သာလွန်တယ်တဲ့….”
“ ဒီနေ့ သမိုင်းအသစ်တစ်ခု ရေးထိုးမှာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်…”
“ ကျောက်ပြားပေါ်မှာ တောင်ပိုင်းတိုက်ကြီးရဲ့ အမြင့်ဆုံးစံချိန်က တောက်ပသောလမိသားစုက မင်ယွဲ့ချူပဲ… ဒီနေ့ မင်ယွဲ့ရှုက အဲ့ဒီစံချိန်ကို ချိုးဖျက်နိုင်မလားဆိုတာ စောင့်ကြည့်ကြတာပေါ့….”
မင်ယွဲ့လန်၏ ရလဒ်များထွက်ပေါ်လာလျှင် လင်းဇီရင်တစ်ယောက် သူမရှေ့ရှိ အလွန်မြင့်မားသော မျှော်စင်ကြီးအားကြည့်ကာ စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။
သူမ ဘယ်အဆင့်အထိရောက်နိုင်မလဲဆိုသည်ကို သိချင်နေခဲ့၏။
အရင်တုံးက လင်းဇီရင်ဆိုလျှင် ဤကဲ့သို့ မျှော်လင့်ရဲမည်မဟုတ်ချေ။
သို့သော် ယခုတွင်မူ သူမက ကနဦးဓားရည်ရွယ်ချက်အား နားလည်ခဲ့ပြီး သူမ၏ ခွန်အားများ ခုန်ပေါက်တိုးတက်သွားခဲ့သည်။ အဓိကအဆင့်သို့ရောက်ရန် အများကြီးမျှော်လင့်မထားခဲ့ဘဲ သူမ၏ ရည်ရွယ်ချက်မှာ သာမန်အဆင့်အား ယှဉ်ပြိုင်ရန်ဖြစ်၏။
“ ဟိုမှာ ကြည့်လိုက်.. တျန်ဖန်းအင်ပါယာအကယ်ဒမီက ချန်းဖန် ပြန်ထွက်လာပြီ…”
လုရင်က ရုတ်တရက်ပြောလိုက်၏။
ယခင်က လူတိုင်း မင်ယွဲ့လန်နှင့် ဖန်ရှင်းမင်တို့အကြောင်းဆွေးနွေးနေကြပြီး ချန်ဖန်းကို ပါရမီရှင်တစ်ယောက်အဖြစ် မေ့လုနီးပါးဖြစ်နေခဲ့သည်။
ထိုအရာက မတူညီပေ။ ချန်ဖန်းက ပါရမီရှင်တစ်ဦးဖြစ်သော်လည်း ထိုနှစ်ယောက်နှင့် ယှဉ်နိုင်ရန်မှာမူ ဝေးကွာနေသေး၏။
ထို့ကြောင့် သူထွက်လာသော်လည်း လူအများက ဂရုပင်မစိုက်ကြချေ။
“ (၃၇)ထပ်.. သာမန်အဆင့်(၃၁).. ရလဒ်က ကောင်းသားပဲ…”
လက်ရှိ သာမန်အဆင့်က လွန်ခဲ့သော တစ်နာရီကနှင့် မတူညီတော့ချေ။
အဆင့်များမှာ အရည်အသွေးလည်းကောင်းမွန်ပေသည်။
ဤနေရာသို့ ရောက်ရှိနေသူများ၏ တစ်၀က်ကျော် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ထဲသို့ ၀င်ရောက်ခဲ့ပြီးဖြစ်၏။
မျှော်စင်ထဲမှ ပြန်ထွက်လာခဲ့သော ချန်ဖန်းတစ်ယောက် သူ၏ ရလဒ်အပေါ် အအလွန်ကျေနပ်နေခဲ့သည်။ သာမန်အဆင့်တွင် (၃၁)ဖြစ်ကြောင်းသိလိုက်ရလျှင် ပို၍ပင် ကျေနပ်သွားခဲ့သည်။ ထို့နောက် ရင်ဘတ်ကော့ကာ ရွှမ်ယီတို့ အဖွဲ့ရှိရာ ပြန်သွားလိုက်၏။
ဒီတစ်ကြိမ်တော့ မင်းနဲ့တွဲဖို့ ထိုက်တန်လောက်ပြီမလား…..
သူက အဆင့်(၃၁) ဖြစ်ပြီး ထိုအဆင့်မှာ သူဤကဲ့သို့ မာနကြီးသွားရန်လုံလောက်၏။
ယခုရောက်ရှိနေကြသူများတွင် ကောင်းကင်လေနိုင်ငံမှလူများသာမက သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများမှ လူများစွာလည်းပါ၀င်သည်။
ထိုမျှ များပြားသော ပါရမီရှင်များအနက် အဆင့်(၅၀) အတွင်းရောက်နေခြင်းမှာ အတော်လေးထူးချွန်နေပြီဖြစ်၏။
သို့သော် ချန်ဖန်း စိတ်ပျက်သွားခဲ့ရသည်။
အဘယ်ကြောင့်ဆိုသော် မျှော်စင်ထဲမှ ထွက်လာသည့်အချိန်မှစ၍ ယခု အနားသို့ရောက်လာသည့်တိုင် လင်းဇီရင်က သူ့အား လှည့်ပင်မကြည့်ခဲ့ချေ။
ချန်ဖန်း စိတ်ကသိကအောက်ဖြစ်သွားခဲ့ရပြီး အနည်းငယ်ဒေါသထွက်သွားခဲ့လေသည်။
ဒီမိန်းမက မသိတတ်လိုက်တာ…
သူက တျန်ဖန်းအင်ပါယာအကယ်ဒမီမှ အဓိက တပည့်တစ်ယောက်ဖြစ်သည့်အပြင် သာမန်အဆင့်(၃၁)သို့ရောက်ခဲ့သေးသည်။
ဒါတောင်မှ လင်းဇီရင်ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်သေးဘူးလား….?
“ မင်း သွားချင်နေတယ်မို့လား.. ဒါဆိုလည်း သွားလေ….”
လင်းဇီရင်၏ စိတ်အားထက်သန်နေသည့် အမူအရာအားကြည့်ကာ ရွှမ်ယီက ပြောလိုက်၏။
“ ဟုတ်…”
ရွှမ်ယီထံမှ သဘောတူညီချက်ရပြီးနောက် လင်းဇီရင် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး မျှော်စင်၀င်ပေါက်ရှိရာ သွားလိုက်သည်။
“ ဟမ့်.. မင်းဘယ်လောက် အရည်အချင်းရှိလဲ စောင့်ကြည့်ရသေးတာပေါ့…”
ချန်ဖန်း၏ အမူအရာက အလွန်အရုပ်ဆိုးနေခဲ့သည်။
သို့သော် ချန်ဖန်း၏ မကျေမနပ်ဖြစ်မှုများ ချက်ချင်းပျောက်ကွယ်သွားပြီး တုန်လှုပ်မှုများ အစားထိုး၀င်ရောက်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အတွင်းသို့ သူမ၀င်ရောက်ပြီးသည်နှင့် သာမန်အဆင့်စာရင်းတွင်ချက်ချင်းပေါ်လာသောကြောင့်ဖြစ်၏။
ထိုအပြင် အလွန်အမင်းမြန်ဆန်လှသောအရှိန်နှင့် ဆက်လက်၍ မြင့်တက်နေခဲ့သည်။ သူမ၏ အမြန်နှုန်းက မင်ယွဲ့လန်ထက်ပင် သာလွန်နေ၏။
သို့သော် ရွှမ်ယီ၏ အမြင်ကထိုကဲ့သို့မဟုတ်ပေ။
လင်းဇီရင်က မင်ယွဲ့လန်ထက် ပိုကြောက်မက်ဖွယ်ကောင်းနေခြင်းမဟုတ်ပေ။
သူမက ဓားသမားတစ်ယောက်ဖြစ်နေသောကြောင့်ဖြစ်၏။
ဓားသမားများသည် ၎င်းတို့၏ ပြင်းထန်လှသော တိုက်ခိုက်ချက်များဖြင့် ကျော်ကြားသည်။
ထို့ပြင် လင်းဇီရင်သာ သာမန် ဓားကျင့်ကြံသူတစ်ယောက်မဟုတ်ပေ။ ဓားလမ်းကြောင်းအား သေချာကျင့်ကြံနေသူတစ်ယောက်ဖြစ်ပြီး ကနဦးဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးသည်။ သူမ၏ မျှော်စင်ကိုတက်သော အရှိန်မှာသာမန်သာဖြစ်၏။
“ သူမက အရမ်းမြန်တာပဲ.. တောက်ပသောလမိသားစုက မွန်းစတားထက်တောင် မြန်နေသေးတယ်…”
“ ဒီမိန်းကလေးက ဘယ်သူများလဲ.. လင်းဇီရင်တဲ့ ငါတော့တစ်ခါမှမကြားဖူးဘူး…”
“ နက်နဲဓားဂိုဏ်းတဲ့.. အဲ့တာ ဘယ်နေရာကဂိုဏ်းလဲ.. ကောင်းကင်လေနိုင်ငံမှာ အဲ့လိုနာမည်နဲ့ ဂိုဏ်းမျိုးရှိလို့လား…”
“ မင်း မသိဘူးလား…” ကောင်းကင်လေနိုင်ငံမှာ အဲ့ဂိုဏ်းရှိတယ်လေ.. အဲ့ဂိုဏ်းက သိပ်တော့နာမည်မကြီးဘူး.. ကျန်းနန်ပြည်နယ်က ဒုတိယအဆင့်ဂိုဏ်းလေးတစ်ခုပဲ.. ဂိုဏ်းချုပ်တောင်မှ အခြေတည်ဝိညာဉ်အဆင့်(၂)ပဲရှိသေးတယ်…..”
“ ကျွတ်..ကျွတ်..ကျွတ်.. ဂိုဏ်းငယ်လေးတစ်ခုက ဒီလိုပါရမီရှင်မျိုးကို ဘယ်လိုပျိုးထောင်ထားပါလိမ့်.. သာမန်အဆင့် (၁၀) ထဲတောင် ၀င်သွားနိုင်ချေရှိတယ်…”
“ သူမက ပါရမီရှင်တစ်ယောက်ပဲ.. ငါတို့ နတ်ဆိုးမုခ်၀ဂိုဏ်းကို ၀င်ဖို့ ဖိတ်ခေါ်ကြည့်ရမယ်… သူမရဲ့ အရည်အချင်းနဲ့ ကျန်းနန်ပြည်နယ်လိုနေရာမှာ နေတာက ဖြုန်းတီးမှုတစ်ခုသက်သက်ပဲ….”
ထိုအကြောင်းအား လူများက ဆက်လက်ဆွေးနွေနေခဲ့ကြသည်။ နက်နဲဓားဂိုဏ်းဟူသောအမည်က လူကြားထဲ ဤမျှနာမည်ကြီးလာခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်၏။
ရွှမ်ယီတို့ အဖွဲ့နှင့် မနီးမဝေးရှိ ချန်ဖန်း၏ မျက်နှာမှာ နီရဲနေချေပြီ။
အဘယ်ကြောင့်ဆိုသော် သာမန်အဆင့်မှ လင်းဇီရင်၏ အမည်မှာ သူ့ထက်သာလွန်သွားပြီး အဆင့်(၂၁)သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ထို့ပြင် ဆက်လက်၍ မြင့်တက်လာနေဆဲဖြစ်၏။
လက်ရှိနေရာတွင် ဆက်မနေတော့ပဲ လှည့်ထွက်လာခဲ့လိုက်တော့သည်။
အစက လင်းဇီရင်အား ဂိုဏ်းငယ်လေးတစ်ခုမှ သာမန်တပည့်တစ်ဦးမျှသာဟူ၍ ထင်မှတ်ထားခဲ့သည်။ သူ၏ အရည်အချင်းများကို ထုတ်ပြလိုက်ပါက သူမအား အလွယ်တကူဆွဲဆောင်နိုင်မည်ဟု ယုံကြည်ထားခဲ့သည်။
သို့သော်…..
မှန်းချက်နှင့် နှမ်းထွက်မကိုက်ဖြစ်ခဲ့ရချေပြီ။
ရွှမ်ယီက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား ကြည့်နေခဲ့သည်။
သူက လင်းဇီရင်အနေဖြင့် အဓိကအဆင့်ကို ၀င်ရန်မဖြစ်နိုင်လောက်ဟု ထင်ထားသော်လည်း သူ၏ တပည့်က သူ့အား ထူးခြားဆန်းပြားသောကိစ္စများ လုပ်ပြရန် မျှော်လင့်မိနေဆဲဖြစ်၏။
ဓားတာအိုအပေါ် လင်းဇီရင်၏ သဘောပေါက် နားလည်နိုင်စွမ်းက ရွှမ်ယီ၏ မျှော်လင့်ချက်ကိုကျော်လွန်နေခဲ့ပေသည်။
သူမက ဓားတာအိုနှင့်ပတ်သက်၍ ပျိုးပင်ကောင်းတစ်ပင်ဖြစ်ပြီး ပါရမီအရဆိုလျှင် ကုယီယီနှင့် မယှဉ်သာသော်လည်း ဓားတာအိုလမ်းကြောင်းအား တစိုက်မတ်မတ်အာရုံစိုက်ကာ ကြိုးစားလျှောက်လမ်းလျှင် သူမ၏ အနာဂါတ်အောင်မြင်မှုများက ကုယီယီထက် နိမ့်ကျမည်မဟုတ်ပေ။
အထပ်(၄၀)…
ထိုအခိုက်တန့်တွင် လင်းဇီရင်က သာမန်အဆင့်တွင် အဆင့်(၃)သို့ရောက်ရှိနေပြီဖြစ်၏။
လူတိုင်း အသက်ရှုကြပ်လာသလိုပင်ခံစားလာခဲ့ရသည်။
အနှီလင်းဇီရင်ဟူသော မိန်းကလေးက မျှော်စင်ထဲသို့ ၀င်ရောက်ပြီးကတည်းက သူတို့အား ဆက်တိုက်အံ့ဩထိတ်လန့်စေခဲ့သည်။
လူတိုင်း အစပိုင်းတွင် ထိပ်ဆုံး(၁၀)နေရာက သူမအတွက် ကန့်သတ်ချက်ဖြစ်မည်ဟု ခန့်မှန်းထားခဲ့ကြသည်။
သို့သော် ယခုတွင် အဆင့်(၃)သို့ပင်ရောက်နေခဲ့ပြီဖြစ်၏။
ဖန်ရှင်းမင်၏ အောက်ကပ်လျက်တွင်ဖြစ်သည်။
ဖန်ရှင်းမင်ဆိုသည်မှာမည်သူနည်း…
ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံး(၃)ယောက်ဝင် ပါရမီရှင်တစ်ဦးဖြစ်သည်။
သူ့အနေဖြင့် အထပ်(၄၀)သို့ ရောက်သည်မှာ သိပ်ပြီးမထူးဆန်းချေ။။
သို့သော် ထို လင်းဇီရင်…
သူမအား ယခုမတိုင်မီ မည်သူမှမကြားဖူးခဲ့ကြချေ။
သို့သော် သူတို့တစ်ခါမျှ မကြားဖူးခဲ့သည့် မိန်းကလေးက အထပ်(၄၀)သို့ပင် ရောက်ရှိနေပြီဖြစ်၏။
“ သူမ အဆင့်ပြောင်းတော့မယ်…”
“ (၄၁)ထပ်….”
“ ရှုး…”
လူတိုင်း သက်ပြင်းရှုက်လိုက်မိကြသည်။
ဖန်ချင်းမင်လည်း ဆွံ့အသွားခဲ့ရသည်။
ယခုတွင် သူသည် သာမန်အဆင့်၏ တတိယနေရာသို့ကျသွားခဲ့ချေပြီ။
မင်ယွဲ့လန်က သူ့အထက်တွင်ရှိနေခြင်းကို သူ့အနေဖြင့်လက်ခံနိုင်သေးသည်။ တစ်ဖက်လူမှာ အဇူရာဒေသ၏ ထိပ်တန်းအင်အားစု(၁၀)ခုထဲမှတစ်ခုဖြစ်သည့် တောက်ပသောလမိသားစုမှ ပါရမီရှင်ဖြစ်လေသည်။ သူ့အနေဖြင့် သူမထက်နိမ့်ကျကြောင်း လိုလိုလားလားလက်ခံနိုင်သည်။
ဒါပေမယ့် အဲ့ဒီ လင်းဇီရင်….
သူမက ဘယ်ကပေါ်လာတာလဲ…?
“ အခုထိ မပြီးသေးဘူး…”
“ (၄၂)ထပ်…”
“ (၄၃)ထပ်…”
“ (၄၄)ထပ်…”
“ (၄၅)ထပ်…”
“ ဒါက ဦးသျှောင်ဘုရင်နဲ့ မှတ်တမ်းနဲ့ညီသွားပြီမလား…”
“ ဒီလောက်ဆို သူမအတွက် ကန့်သတ်ချက်ဖြစ်သင့်ပြီ…” ရွှမ်ယီက တီးတိုးရေရွတ်လိုက်၏။
(၄၈)ထပ်…
(၄၉)ထပ်….
(၅၀)ထပ်…
“ အထပ်(၅၀) ရောက်သွားပြီ….”
နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ ပတ်၀န်းကျင်တစ်ခုလုံး ပွတ်လောရိုက်သွားခဲ့သည်။
ဤအရာက ကောင်းကင်လေနိုင်ငံ၏ ဦးသျှောင်ဘုရင်ပင် မလုပ်နိုင်သောအရာဖြစ်ပေသည်။
၎င်းကို တခါမှ နာမလည်မကြားဖူးတဲ့ တစ်ယောက်က လုပ်ဆောင်ခဲ့တာလား….?
လင်းဇီရင်…?
သူမက ဘယ်လိုမျိုးလဲ…?
မင်ယွဲ့လန် အထပ်(၅၀)သို့ ရောက်ရှိသွားချိန်တွင် လူအများ ထိတ်လန့်သွားသည်မှာ မှန်သော်လည်း ထိုအရာကို လက်ခံ၍ရသေးပေသည်။
သူမက အဇူရာဒေသ၏ ထိပ်တန်းအင်အားစုတစ်ခုမှ ပါရမီရှင်ဖြစ်သည်။
ထိတ်လန့်သွားခဲ့ကြသည် မှန်သော်လည်း လက်ခံနိုင်သည့် ဘောင်အတွင်း၌ ရှိသေး၏။
ဒါပေမယ့် ဤ လင်းဇီရင်က မည်သူနည်း….?
သူ့မ နောက်မှရှိနေတဲ့ နက်နဲဓားဂိုဏ်းကရော ဘယ်လိုဂိုဏ်းမျိုးလဲ….?