← Chapters

ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်

Vol. 4 Ch. 49

ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်

Vol. 4 Ch. 49

ပတ်၀န်းကျင်မှ လူအချို့၏ ပြောကြားချက်အရ လင်းဇီရင်သည် ကောင်းကင်လေနိုင်ငံမှ ဂိုဏ်းငယ်လေးတစ်ခု၏ တပည့်တစ်‌ယောက်ဖြစ်ကြောင်း လူအများသိခဲ့ရသည်။

“ ဒါ..ဒါက….”

မင်ယွဲ့လန်လည်း အလွန်အံ့ဩနေခဲ့သည်။

အထပ်(၅၀)သို့ရောက်ရန် မည်မျှခက်ခဲကြောင်း သူမသိထားခဲ့သည်။ ဤမတိုင်ခင်က သူမအနေဖြင့် မျှော်စင်၏အထပ်(၅၀) သို့ သူမတို့ ညီအစ်မသာ ရောက်နိုင်မည်ဟု ထင်ထားခဲ့သည်။ သို့သော် သိပ်မကြာမီအချိန်တွင် သူမ၏ မျက်နှာအား ဖြတ်ရိုက်ခြင်းခံလိုက်ရသည်။

“ (၅၁)ထပ်…”

ထိုအချိန်တွင် အထပ်(၅၀)ရှိမီးများမှာ ငြိမ်းသွားခဲ့ပြီး (၅၁)ထပ်၌ လင်းလာခဲ့လေသည်။

(၅၁)ထပ်မြောက်အထပ်က မင်ယွဲ့လန်နှင့် ချိတ်ဆက်ထား၏။

မင်ယွဲ့လန်၏ (၅၂)ထပ်သို့ရောက်ရှိခဲ့သော်လည်း ထိုအထပ်အား အောင်မြင်ခဲ့ခြင်းမရှိချေ။

ထို့ကြောင့်သူမ၏ မှတ်တမ်းမှာ (၅၁)ထပ်သာဖြစ်၏။

အကယ်၍ လင်းဇီရင်သာ (၅၁)ထပ်မှ မျှော်စင်ကဖန်တီးထားသည့် စိတ်ဝိညာဉ်စစ်သည်အား သတ်နိုင်လျှင် မင်ယွဲ့လန်၏ စိတ်ဝိညာဉ်ကိုယ်ပွားနှင့် တိုက်ခိုက်ရမည်ဖြစ်သည်။

ထိုတိုက်ပွဲတွင် လင်းဇီရင်နိုင်သွားခဲ့လျှင် သူမက အဓိကအဆင့်သို့ရောက်သွားမည်ဖြစ်ပြီး မင်ယွဲ့လန်က ပြုတ်သွားမည်ဖြစ်သည်။ သူမရှုံးခဲ့လျှင်မူ အဓိကအဆင့်သို့ ၀င်နိုင်တော့မည်မဟုတ်ပေ။ မင်ယွဲ့လန်၏ အဆင့်ကလည်း မူလအတိုင်းသာဆက်ရှိနေပေလိမ့်မည်။

“ ဒီလို ချောင်ကျတဲ့နေရာလေးမှာ အစစ်အမှန်ပါရမီရှင်တစ်ယောက်ရှိနေလိမ့်မယ်လို့ ဘယ်တုံးကမှ မထင်ထားခဲ့မိဘူး….”

မင်ယွဲ့ရှုလည်း အံ့ဩနေခဲ့သည်။ သူမအနေဖြင့် ညီမဖြစ်သူ၏ အရည်အချင်းကို ဂဂနနသိထားပေသည်။ ထို့ကြောင့် မင်ယွဲ့လန်ထိုအဆင့်သို့ရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သိပ်ပြီးမအံ့ဩခဲ့ချေ။

ပထမအချက်အနေနှင့် လင်းဇီရင်နှင့် မင်ယွဲ့လန်တို့၏ နောက်ခံဇစ်မြစ်မှာ မိုး‌နှင့်မြေအလားကွာခြားပေသည်။

မင်ယွဲ့လန်၏ တစ်ဘ၀လုံး အရင်းအမြစ်များ ဘယ်တော့မှ လစ်လပ်ခဲ့ခြင်းမရှိချေ။ ဤနေရာမှ လူများအတွက် ရတနာများကဲ့သို့ဖြစ်နေသော ဆေးလုံးများမှာ သူမအတွက် အဆာပြေစားစရာအလားဖြစ်ခဲ့သည်။

ထို့အပြင် ဘုရင်အဆင့်ကျင့်ကြံသူများ၏ လမ်းညွှန်ပြသမှုများကိုလည်း လက်ခံရရှိခဲ့၏။

ဤကဲ့သို့ ဖြစ်စဥ်များအားလုံးပေါင်းစည်းကာ ယနေ့မင်ယွဲ့လန်ဟူ၍ ဖြစ်လာခဲ့ခြင်းဖြစ်သည်။

သို့သော် တခြားတစ်ဖက်မှ လင်းဇီရင်မှာမူ………..

“ လန်အာ…ဒီတစ်ကြိမ် နိမ့်ပါးတဲ့နေရာတွေမှာလည်း ပါရမီရှင်တွေရှိတယ်ဆိုတာ နားလည်လက်ခံပြီမလား….”

မင်ယွဲ့ရှုက သူမကိုယ်တိုင်လည်း အံ့ဩနေသည့်အပြင် တစ်ဖက်တွင် မင်ယွဲ့လန်အား ဆုံးမစကားပြောရန်လည်းမမေ့ခဲ့ပေ။

ထိုအချိန်တွင် လူအုပ်ကြီးထံမှ နောက်တစ်ကြိမ် အုတ်အော်သောင်းတင်းဖြစ်လာပြန်သည်။

(၅၁)ထပ်မှ မီးများ ငြိမ်းသွားခဲ့ချေပြီ။

သို့သော် (၅၂)ထပ်တွင်မူ မီးမလင်းလာခဲ့ပေ။

ယင်းမှာ လင်းဇီရင်က မင်ယွဲ့လန်အား အနိုင်မရခဲ့ဟူသော အဓိပ္ပါယ်ဖြစ်၏။

“ ဟူးးး တော်ပါသေးရဲ့….”

မင်ယွဲ့လန်က သူမရင်ဘတ်ကိုပုတ်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် မင်ယွဲ့ရှုအား လျှာထုတ်ပြလိုက်သည်။

လင်းဇီရင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ပြန်ထွက်လာခဲ့၏။

လူတိုင်း၏ အကြည့်များက သူမအပေါ်သို့ စုရုံးရောက်ရှိနေသည်။

တချို့သော သူများက သူမအား ဂိုဏ်းတွင်းသို့ဖိတ်ခေါ်ရန် စီစဉ်နေကြသည်။

“ ကျုပ်က အစစ်အမှန်သိုင်းပညာဂိုဏ်းက အကြီးအကဲပါ.. မိန်းကလေး ကျုပ်တို့ဂိုဏ်းကို ၀င်ဖို့စိတ်၀င်စားလား….”

အခြေတည်ဝိညာဉ်အဆင့်(၃) အကြီးအကဲတစ်ယောက်ကပြောလိုက်သည်။

ထိုဂိုဏ်းမှာ ကောင်းကင်လေနိုင်ငံ၏ ထိပ်တန်း(၁၀)ဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်၏။

“ ကလေးမ.. သူ့စကားကိုနားထောင်နေစရာမလိုဘူး.. အစစ်အမှန်သိုင်းပညာဂိုဏ်းက ဘာမှမဟုတ်ဘူး.. ငါတို့ ပန်းနန်းတော်ကိုလာခဲ့ပါ.. ငါတို့ဂိုဏ်းက မိန်းကလေးကျင့်ကြံသူတွေအတွက် ပိုပြီသင့်တော်တယ်… မင်းသာဆန္ဒရှိရင် ဟောဒီက အဘွားကြီးရဲ့ကိုယ်ပိုင်တပည့်အဖြစ် ချက်ချင်းလက်ခံလိုက်မယ်….”

ပန်းနန်းတော်သည်လည်း ကောင်းကင်လေနိုင်ငံ၏ ထိပ်ဆုံး(၁၀)ဂိုဏ်းထဲမှဖြစ်ပြီး နံပါတ်(၃)နေရာတွင်ရှိနေကာ အစစ်အမှန်သိုင်းပညာဂိုဏ်းက ဟိုးအောက်ဆုံးမှဖြစ်၏။

“ နှင်းတစ်သောင်းနန်းတော်………”

ထိုအချိန်တွင် ကောင်းကင်လေနိုင်ငံမှ ဂိုဏ်းများသာမဟုတ်ပေ ပြင်ပဂိုဏ်းများကလည်း အပြိုင်အဆိုင်ဖိတ်ခေါ်ခဲ့ကြသည်။

“ ဟောဒီက ဂျူ‌နီယာကို ဂရုတစိုက်ဖိတ်ခေါ်ကြတဲ့အတွက် စီနီယာတို့ကို ကျေးဇူးအများကြီးတင်ပါတယ်… ဒါပေမယ့်.. စိတ်မကောင်းစွာနဲ့ ဒီဂျူနီယာမှာ ဆရာတစ်ယောက်ရှိနေပြီးပါပြီ.. အဲ့တာအပြင် တခြားဂိုဏ်းကို ပြောင်းဖို့လည်းအစီအစဉ်မရှိပါဘူးရှင်….”

လင်းဇီရင်က ရိုးရိုးသားသားငြင်းပယ်လိုက်၏။

ထို့နောက် ရွှမ်ယီ၏ နံဘေးသို့ ချက်ချင်းပြန်သွားလိုက်သည်။ ထိုလူများ မည်သို့ပင်ကမ်းလှမ်းပါစေ သူမအနေဖြင့် လက်ခံမည်မဟုတ်ချေ။

လူတိုင်းက ရွှမ်ယီအား လင်းဇီရင်၏ ဆရာအဖြစ် မဆက်စပ်မိခဲ့ကြချေ။ သူမနှင့် ဂိုဏ်းတူတပည့်တစ်ဦးသာဖြစ်မည်ဟု ထင်မှတ်ခဲ့ကြ၏။

ထိုသို့ထင်ရလောက်အောင် ရွှမ်ယီက အသက်က ငယ်လွန်းနေသေးသည်။

ထိုအချင်းအရာအား ပန်းနန်းတော်မှ မဟာအကြီးအကဲကမြင်လျှင်

“ ဟင်း.. မင်းရဲ့အရည်အချင်းတွေနဲ့ နက်နဲဓားဂိုဏ်းလို ဂိုဏ်းလေးမှာ နေနေတာက သက်သက်မဲ့ဖြုန်းတီးရာကျတယ်…”

“ ဟောဒီက အဘွားကြီးက မင်းကိုအတင်းအကြပ်မတိုက်တွန်းတော့ပါဘူး.. ဒါပေမယ့် မင်းစိတ်ပြောင်းသွားလို့ လာမယ်ဆိုရင်လည်း ပန်းနန်တော်က အမြဲကြိုဆိုနေမယ်ဆိုတာ မှတ်ထားပါ….”

ထိုအဘွားကြီးက ဆက်ဆံရေးကောင်းမွန်ပေသည်။ လင်းဇီရင် ဆန္ဒမရှိသည်ကိုမြင်လျှင် အတင်းအကြပ် ဆက်လက်တိုက်တွန်းခဲ့ခြင်းမရှိချေ။

“ ဆရာ.. သူက ဘယ်သူများလဲ…”

လင်းဇီရင် ပြန်ရောက်လာပြီးနောက် ရွှမ်ယီ၏ နံဘေးရှိ မိန်းကလေးတစ်ဦးအားမြင်လျှင် ချက်ချင်းမေးလိုက်၏။ ထိုမိန်းကလေးမှာ သူမထက် ငယ်သေးဟန်ရပြီး လှပသိမ်မွေ့သည့် ပုံစံဖြစ်သည်။ ထို့ပြင် သူမက နက်နဲဓားဂိုဏ်း ၀တ်စုံအား ၀တ်ဆင်ထားပေသည်။

လင်းဇီရင်က ထိုမိန်းကလေးအား တစ်ခါမှမမြင်ဖူးခဲ့ပေ။

“ ကုယီယီက စီနီယာအစ်မ လင်းဇီရင်ကို နှုတ်ဆက်ပါတယ်…”

ထိုမိန်းကလေးမှာ ကုယီယီပင်ဖြစ်၏။

လင်းဇီရင် မျှော်စင်ထဲ၀င်သွားပြီး မကြာမီတွင် သူမရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

“ ဪ ဒါဆို ညီမလေးက မကြာသေးခင်ကမှ ဆရာ့တပည့်အသစ်ဖြစ်လာတဲ့ ဂျူနီယာ ညီမလေး ယီယီပေါ့……”

လင်းဇီရင်က ကုယီယီအား ယခုမှမြင်ဖူးခြင်းဖြစ်သော်လည်း အမည်ကိုမူကြားဖူးပေသည်။

သူမ နက်နဲဓားဂိုဏ်းသို့ ပြန်လာချိန်၌ ရွှမ်ယီက ကုယီယီဟုခေါ်သည့် တပည့်အသစ်တစ်ယောက် လက်ခံခဲ့ကြောင်း ကြားသိခဲ့ရသည်။

ဓားရည်ရွယ်ချက်တောင်ထိပ်မှ နတ်ဘုရားသန့်စင်စေတီသို့ လာရာလမ်းတွင်လည်း ရွှမ်ယီက သူမအား ရှင်းပြထားခဲ့သေးသည်။

ကုယီယီနှင့် နှစ်ယောက်သား အချင်းချင်းမိတ်ဆက်စကားများ အတန်ကြာအောင်ပြောခဲ့ကြပြီးနောက် လင်းဇီရင် ရုတ်တရက် တစ်စုံတစ်ခုအားသတိရသွားခဲ့သည်။

သူမ၏ ရင်ဘတ်ကြားမှ ရေပြာရောင် ဆေးပင်တစ်ပင်အားထုတ်ပြီး ကုယီယီလက်တွင်းသို့ထည့်ပေးလိုက်သည်။

“ ဂျုနီယာညီမလေး.. ဒါက မျှော်စင်ရဲ့ အထပ်(၄၁)ကို နိုင်လို့ရခဲ့တဲ့ ဆုလာဘ်ပဲ... ဒီဆေးပင်ကို ညီမလေး အရေးတကြီးလိုနေတယ်လို့ ဆရာပြောတာကြားဖူးတယ်.. ဒါကို ညီမ‌ရဲ့ စီနီယာအမဆီက နှုတ်ဆက်ခြင်းလက်‌ဆောင်လို့ သဘောထားလိုက်ပါ….”

ထို အအေးဓာတ်များထုတ်လွှတ်နေသည့် ရေပြာရောင်ဆေးပင်အား ကြည့်ပြီး ရွှမ်ယီ၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

“ ရေခဲဝိညာဉ်မြက်…”

ထိုအရာကား သူရှာဖွေနေခဲ့သည့် ရေခဲဝိညာဉ်မြက်ဖြစ်ချေသည်။

ရေခဲဝိညာဉ်မြက်သည် အဆင့်(၄)ဆေးပင်တစ်မျိုးဖြစ်၏။ ၎င်းမှာ အလွန်အဖိုးမတန်လှသော်လည်း အလွန်ရှားပါးပေသည်။

ထိုရေခဲဝိညာဉ်မြက်နှင့်ဆိုလျှင် ကုယီယီ၏ ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းနိုင်တော့မည်ဖြစ်သည်။

“ယူလိုက်ပါ…”

“ ဒါဆိုလည်း ကျေးဇူးတင်ပါတယ် စီနီယာအစ်မ…”

ရွှမ်ယီ၏ စကားတစ်ခွန်းက ကုယီယီ၏ တွန့်ဆုတ်နေမှုများကို ပျောက်သွားစေခဲ့သည်။

သူမ အလွန်စိတ်လှုပ်ရှားသွားခဲ့ပြီး စီနီယာအစ်မဖြစ်သူ၏ ကြင်နာမှုအား နှလုံးသားထဲတွင် လေးနက်စွာ မှတ်ထားလိုက်သည်။

“ အဲ့တာ စားလိုက်…”

ထိုစကားအားကြားလျှင် တွန့်ဆုတ်မနေဘဲ လက်တွင်းမှ ရေခဲဝိညာဉ်မြက်အား ချက်ချင်းမျိုချလိုက်သည်။

ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းလိုလျှင် ထိုဆေးပင်အား မျိုချလိုက်ရုံနှင့် မပြီးချေ။

မည်သို့ပင်ဖြစ်စေကာမူ ကုယီယီအနေဖြင့် ထိုဆေးပင်အား မျိုချရန်သာလိုအပ်၏။

ကျန်သည့်ကိစ္စများအား ရွှမ်ယီဆက်လုပ်သွားပေလိမ့်မည်။

“ ပျစ်ခဲစေခြင်း…”

ရွှမ်ယီက စကားတစ်ခွန်းပြောလိုက်ပြီး မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။ ထို့နောက် နူညံ့သိမ်မွေ့သောစွမ်းအားတစ်ခု ကုယီယီ၏ မျက်ခုံးနှစ်ခုကြားတွင် စုသည်းသွားပြီး သူမ၏ ခန္ဓာကိုထဲသို့ ဖြည်းညှင်းစွာ စီးဆင်းသွားလေသည်။

ထို့နောက် ရွှမ်ယီက ထိုစွမ်းအားကိုထိန်းချုပ်ပြီး ကုယီယီ၏ ကိုယ်တွင်း၌ရှိနေသည့် ရေခဲဝိညာဉ်မြက်၏ စွမ်းအားများကို ချေဖျက်သန့်စင်ပေးလိုက်သည်။

နှစ်မိနစ်ကြာသွားပြီးနောက် ရွှမ်ယီက အသက်ပြင်းပြင်းတစ်ချက်ရှုလျက် မျက်လုံးများ ဖြည်းညှင်းစွာပြန်ဖွင့်လိုက်သည်။

အချိန်နှစ်မိနစ်ဆိုသည်မှာ အမှန်တကယ်တွင် တိုတောင်းလွန်းလှသော်လည်း လုပ်ဆောင်ရသည်များမှာ အလွန်အမင်းခက်ခဲခဲ့သည်။ အကယ်၍ တစ်ခုခုမှားသွားလျှင် ကြိုးစားခဲ့သမျှအလဟသ ဖြစ်သွားရုံမက ကုယီယီလည်း ဒုက္ခရောက်သွားနိုင်၏။

ရေခဲဝိညာဉ်ခန္ဓာကိုယ် နိုးထလာသော်လည်း ကုယီယီ၏ အဆင့်ကမူ ပြောင်းလဲသွားခြင်းမရှိချေ။ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)၌သာ ရှိ‌နေသည်။

သို့သော် ထိုအရာက အပေါ်ယံသာဖြစ်၏။

ယခင်က ကုယီယီသည် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)နှင့် ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂)ကို အနိုင်ယူနိုင်ပေသည်။ အဆင့်မြင့် ချီအခြေခံတည်ဆောက်ခြင်း အဆင့်အား ယှဉ်ပြိုင်နိုင်စွမ်းမရှိချေ။

သို့သော် ယခု‌တွင်မူ ရေခဲဝိညာဉ်ခန္ဓာကိုယ်၏ အကူအညီဖြင့် အဆင့်မြင့်ချီအခြေခံတည်ဆောက်ခြင်း အဆင့်ကျင့်ကြံသူများနှင့်ပင် တိုက်ခိုက်နိုင်မည်ဟု ခံစားနေရသည်။

ထိုအရာက လုံး၀ ချဲ့ကားနေခြင်းမဟုတ်ပေ။ ရေခဲဝိညာဉ်ခန္ဓာကိုယ်က အစွန်းထက်လွန်းသောကြောင့်ဖြစ်၏။

စိတ်ဝိညာဉ်ခန္ဓာကိုယ်များတွင်လည်း ခြားနားချက်များရှိပေသည်။

ကုယီယီ၏ရေခဲဝိညာဉ်ခန္ဓာကိုယ်က တတိယမင်းသား၏ ကြယ်ဝိညာဉ်ခန္ဓာက်ုထက် များစွာသန်မာပေသည်။

[ ဒင်! အရံတာ၀န်ကို ပြီးမြောက်သွားပါပြီ။

ပိုင်ရှင်သည် ဆုလာဘ်လက်ခံရရှိခဲ့၏။

ပိုင်ရှင်၏ ကျင့်ကြံဆင့်တစ်ဆင့်တက်သွားကာ ဓားရည်ရွယ်ချက် အဆင့်(၂) အထွတ်အထိပ်ကို နားလည်သဘောပေါက်သွားပါပြီ…]

All Chapters