နောက်ထပ် နက်နဲဓားဂိုဏ်းပဲလား
Vol. 4 Ch. 50
ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းပြီးချိန်တွင် ကုယီယီ၏ ပါရမီအမှတ်က (288)အထိတိုးလာခဲ့၏။ ၎င်းက ရွှမ်ယီ၏ ပါရမီအမှတ်(၂၀၀)ကျော်သော တပည့်တစ်ဦးလက်ခံရမည့် အရံတာ၀န်ကို ပြီးဆုံးသွားစေခဲ့သည်။
ယခင်က ကုယီယီနှင့် ယှဉ်လျှင် ယခုကုယီယီက အဆများစွာ ဖြတ်ကျော်တိုးတက်သွားချေပြီ။
ရေခဲဝိညာဉ်အားအသက်မသွင်းရသေးမီအချိန်တွင် ကုယီယီ၏ ပါရမီအမှတ်က (၁၉၇)ရှိနေခဲ့သော်လည်း ၎င်းက သူမနှင့် မသက်ဆိုင်ပေ။ မနိုးထသေးသည့် စိတ်ဝိညာဉ်ခန္ဓာကိုယ်နှင့် ပတ်သက်သည့်အမှတ်ဖြစ်ပေသည်။ သူမ၏ ပါရမီကမူ ဒါဇင်အနည်းငယ်ခန့်သာရှိပေလိမ့်မည်။
ထိုသို့မဟုတ်လျှင် ယခုအသက်အရွယ်အထိ အဘယ်ကြောင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၄)သာရှိနေမည်နည်း။
ယခုတွင်မူ ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းလိုက်ပြီဖြစ်ရာ ထို(၂၈၈)မှတ်က သူမ၏ ကိုယ်ပိုင်အမှတ်များဖြစ်သွားချေပြီ။
ဆုလာဘ်အား လက်ခံရရှိခဲ့ပြီးနောက် ရွှမ်ယီ၏ ကျင့်ကြံမှုက အခြေတည်ဝိညာဉ်အဆင့်(၄)သို့ရောက်သွားခဲ့သည့်အပြင် ဓားရည်ရွယ်ချက် အဆင့်(၁) အထွတ်အထိပ်မှ အဆင့်(၂)အထွတ်အထိပ်သို့ရောက်သွားခဲ့သည်။
သူ၏ တိုက်ခိုက်နိုင်စွမ်းများ ထပ်မံ၍ တိုးတက်လာပြီဖြစ်၏။
‘ လက်ရှိ ငါ့ ခွန်အား ဘယ်အဆင့်ထိရောက်နေပြီလဲဆိုတာ သိချင်မိတယ်…’
အခြေတည်ဝိညာဉ်အဆင့်(၇)…?
အဲ့တာလည်းမကလောက်သေးဘူး…!
အခြေတည်ဝိညာဉ်အဆင့်(၈)…?
အခြေတည်ဝိညာဉ်အဆင့်(၉) လည်းဖြစ်ကောင်းဖြစ်နိုင်တယ်…!
ရွှမ်ယီလည်း တိတိကျကျမခန့်မှန်းတတ်ချေ။ ထိုအဆင့်မှ လူများနှင့် အမှန်တကယ်တိုက်ခိုက်ကြည့်မှသာ သိပေလိမ့်မည်။
သို့သော် လက်ရှိ သူ၏ ခွန်အားမှာ ကောင်းကင်လေနိုင်ငံ၌ ပြိုင်ဘက်မရှိသည်ကတော့သေချာသည်။
ကောင်းကင်လေနိုင်ငံ၌ အမြင့်ဆုံးအဆင့်မှာ အခြေတည်အဆင့်(၇) အထွတ်အထိပ်တွင်သာရှိသေး၏။
[ ဒင်! အရံတာ၀န်အသစ်တစ်ခု လက်ခံရရှိပါတယ်။
အရံတာ၀န် : ကုယီယီအား အဇူရာဒေသပြိုင်ပွဲတွင် ပါ၀င်ယှဉ်ပြိုင်စေပြီး ထိပ်ဆုံးအဆင့်(၁၀၀၀၀)အတွင်းသို့ ၀င်ရောက်စေပါ။
တာ၀န်ဆုလာဘ် : အဆင့်နှစ်ဆင့်တိုးလာခြင်း ၊ ဟင်းလင်းပြင်ဓားနယ်မြေအား နားလည်သဘောပေါက်မှု ]
အရံတာ၀န်တစ်ခုပြီးသည်နှင့် နောက်တစ်ခု ချက်ချင်းပေါ်ထွက်လာခဲ့သည်။
ထို့ပြင် ဆုလာဘ်နှစ်ခုရှိနေ၏။
ရွှမ်ယီ၏ ပထမဆုလာဘ်အား သာမန်ကာလျှံကာကျော်ဖတ်လိုက်၏။
အဆင့်နှစ်ဆင့်တိုးလာခြင်းအား သိပ်စိတ်မ၀င်စားပေ။
သူ့အာရုံအား အပြင်းအထန်ဆွဲဆောင်သွားသည်မှာ “ ဟင်းလင်ပြင်ဓားနယ်မြေ” ဟူသည့်ဆုလာဘ်ဖြစ်သည်။
ရွှမ်ယီ နှလုံးသား အပြင်းအထန်ခုန်ပေါက်လာခဲ့သည်။
ထိုစကားလုံးသုံးလုံးတွင် “ဟင်လင်းပြင်ဓား” ဟူသည့် စကားလုံးနှစ်လုံးက အဓိကမကျချေ။ သူ့အား စိတ်လှုပ်ရှားသွားစေ အဓိကစကားလုံးမှာ “နယ်မြေ” ဖြစ်၏။
နယ်မြေ…!
နယ်မြေဆိုသည်မှာ ဘုရင်အဆင့်ကျင့်ကြံသူများသာ နားလည်နိုင်သည့် ကြောက်မက်ဖွယ်စွမ်းရည်တစ်ခုဖြစ်သည်။
ထို့အပြင် ထိုနယ်မြေဆိုသည့် စွမ်းအားကို ဘုရင်အဆင့်ကျင့်ကြံသူတိုင်းနားလည်နိုင်ခြင်းမရှိချေ။
ဘုရင်များထဲတွင်ပင် အနည်းစုသာနားလည်ကြ၏။
ကိုယ်ပိုင် နယ်မြေတစ်ခုအား နားလည်ထားသည့် ဘုရင်အဆင့် ကျင့်ကြံသူတစ်ယောက်က နယ်မြေအား နားမလည်ထားသည့် ဘုရင်အဆင့်ကျင့်ကြံသူများထက် များစွာပို၍အစွမ်းထက်ပေသည်။
နယ်မြေအား ထုတ်ဖော်လိုက်သည်နှင့် သာမန်ဘုရင်အဆင့်ကျင့်ကြံသူများက ၎င်းတို့၏ လက်တစ်ချောင်းပင်မြှောက်နိုင်မည်မဟုတ်ချေ။
“ ဒီအရံတာ၀န်ကို ပြီးအောင်လုပ်မှဖြစ်မယ်….”
ယခုတစ်ခေါက် အရံတာ၀န်က တော်တော်လည်းခက်ခဲသည်ဟု ဆ
ဆိုရပေမည်။
အဇူရာဒေသပြိုင်ပွဲဆိုသည်မှာ အဇူရာဒေသကြီးတစ်ခုလုံးမှ မရေမတွက်နိုင်သော ပါရမီရှင်များ ၀င်ရောက်ယှဉ်ပြိုင်သည့်ပြိုင်ပွဲကြီးတစ်ခုဖြစ်ကြောင်း ရွှမ်ယီကောင်းစွာသိရှိထားသည်။
ထိုပြိုင်ပွဲကြီး၏ ဆုလာဘ်များမှလည်း အလွန်ရက်ရောလှသည်။ ထိုအချိန်တွင် ကြောင်လက်သည်းဝှက်ထားသော ပညာရှင်များလည်း ထွက်ပေါ်လာပေလိမ့်မည်။ ဤပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုက အဇူရာအဆင့်ထက် ပို၍ ခက်ခဲပေသည်။
အဇူရာအဆင့်က သာမန် လူနာမည်စာရင်းအဆင့်တစ်ခုသာဖြစ်၏။ တချို့သော ပါရမီရှင်များမှာ ဂုဏ်းသတင်းကို စိတ်မ၀င်စားသဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်းမရှိကြချေ။
သို့သော် ဤပြိုင်ပွဲကြီးကမူခြားနား၏။ အလွန်ရက်ရောသောဆုလာဘ်များက လူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိသည်။
ထို့ကြောင့် ရွှမ်ယီက ဤတာ၀န်အား ခက်ခဲသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ကုယီယီက ရေခဲဝိညာဉ်ခန္ဓာကိုယ်အား အသက်သွင်းပြီးဖြစ်သော်လည်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်မြင့်အဆင့်နှင့်သာ ယှဉ်နိုင်စွမ်းရှိသေးသည်။
သူမအနေဖြင့် အဇူရာဒေသပြိုင်ပွဲတွင် ထိပ်ဆုံးအဆင့်(၁၀၀၀၀)အတွင်းသို့ ၀င်ရန်မှာ အတော်လေးခက်ခဲသောကိစ္စဖြစ်၏။
သို့သော် ထိုကိစ္စမှာ လုံး၀မဖြစ်နိုင်သည်တော့လည်း မဟုတ်ချေ။
ဟင်းလင်းပြင်ဓားနယ်မြေ….
ဤတာ၀န်အား ပြီးကိုပြီးအောင်လုပ်ရမည်။
ထို ဟင်းလင်ပြင်ဓားနယ်မြေအား ပိုင်ဆိုင်သွားပါက ဘုရင်အဆင့်သို့မရောက်သေးတောင် ဘုရင်အဆင့်ကျင့်ကြံသူတစ်ဦးနှင့် တိုက်ခိုက်နိုင်မည်ဖြစ်သည်။
ရွှမ်ယီ၏ လက်ရှိ ဓားရည်ရွယ်ချက်အဆင့်(၂) အထွတ်အထိပ်က အလွန်အစွမ်းထက်သည်။
သို့သော် သူ အခြေတည်ဝိညာဉ်အဆင့်(၉)သို့ရောက်နေလျှင်ပင် ၎င်းကို အားကိုး၍ ဘုရင်အဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်နိုင်မည်မဟုတ်ပေ။
အခြေတည်ဝိညာဉ်အဆင့် နှင့် ဘုရင်အဆင့်ကျင့်ကြံသူကြားမှ ကွာခြားချက်မှာ တိုင်းတာ၍ပင်မရချေ။
သို့ရာတွင် ဟင်းလင်ပြင်ဓားနယ်မြေအား ကျွမ်းကျင်စွာတတ်မြောက်ထားလျှင် ထိုခြားနက်ချက်ကို ဖာထေးရန်ဖြစ်နိုင်ချေရှိသည်။
ထို့ကြောင့် ဤဆုလာဘ်အား လုံးဝလက်လွှတ်ခံ၍မရချေ။
“ မင်ယွဲ့ရှု သွားနေပြီ…”
“ နောက်ဆုံးတော့ ဒီနေ့အတွက် အဓိကအချိန်ကိုရောက်လာပြီ…”
လူအုပ်ကြီး တစ်ဖန်စည်ကားလာခဲ့ပြန်သည်။
“ အဇူရာအဆင့်(၇) မင်ယွဲ့ရှု… သူ ဘယ်အဆင့်ထိရောက်မယ်လို့ထင်လဲ…”
“ သူမက အဓိက အဆင့်ကိုရောက်မှာတော့ သေချာတယ်…”
မင်ယွဲ့ရှု အဓိကအဆင့်သို့ တက်နိုင်မည်လားဟူသည့် မေးခွန်းအတွက်မူ မည်သူမှ သံသယမရှိကြချေ။ သူမ၏ ညီမပင်လုပ်နိုင်သည့်နောက် ပို၍ ပါရမီကောင်းသည့် မင်ယွဲ့ရှုက မလုပ်နိုင်စရာအကြောင်းမရှိချေ။
ယခုအချိန်တွင် လူတိုင်းက မင်ယွဲ့ရှု အဓိကအဆင့်တွင် ဘယ်အဆင့်ထိရောက်နိုင်မလဲ ဆိုသည်ကိုသာ သိချင်နေကြ၏။
တောက်ပသောလမိသားစုမှ ဘိုးဘေးမင်ယွဲ့ချူ၏ စံချိန်ကို ကျော်ဖြတ်ပြီး တောင်းပိုင်းတိုက်ကြီးအတွက် စံချိန်အသစ်တစ်ခု တင်နိုင်မလားဆိုတာကိုလည်း သိချင်နေခဲ့ကြသည်။
“ ယီယီ မင်းလည်း သွားတော့…”
ရွှမ်ယီက ဖြည်းညှင်းစွာပြောလိုက်၏။
အကယ်၍ ယခင်က ကုယီယီဆိုပါက ရွှမ်ယီမျှော်လင့်ချက်သိပ်ထားမည်မဟုတ်ချေ။
ကုယီယီ၏ ပါရမီက လင်းဇီရင်ထက် သာလွန်သော်လည်း ရေခဲဝိညာဉ်ခန္ဓာကိုယ် အသက်မ၀င်သေးချိန်၌ လင်းဇီရင်ထက် အထပ်မြင့်မြင့်သို့ရောက်နိုင်လိမ့်မည်မဟုတ်ချေ။
အခြားတစ်ဖက်တွင် လင်းဇီရင်ကပင် ပို၍ အားသာချက်ရှိနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကနဦးဓားရည်ရွယ်ချက်အား နားလည်ထားတာချင်းတူနေလျှင်တောင် လင်းဇီရင်၏ နားလည်မှုက ကုယီယီထက်ပိုမြင့်နေသောကြောင့်ဖြစ်သည်။
သို့သော် ယခုတွင် ကွဲပြားသွားချေပြီ။
ကုယီယီ၏ ရေခဲ၀ိညာဉ်ခန္ဓာကိုယ် အသက်၀င်သွားပြီဖြစ်ရာ အဓိကအဆင့်သို့ ရောက်ရှိနိုင်တော့မည်ဖြစ်သည်။ သို့သော် ရောက်ရုံမျှနှင့် ပြီးသွားလိမ့်မည်မဟုတ်ချေ။
“ ဟုတ်ကဲ့ပါ ဆရာ…”
ကုယီယီ ခေါင်းတစ်ချက်ညိတ်ပြလိုက်ပြီး နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ဆီသို့ လမ်းလျှောက်သွားလိုက်သည်။
ကုယီယီ မျှော်စင်အတွင်းသို့ ၀င်သွားချိန်၌ မင်ယွဲ့ရှုကဲ့သို့ အာရုံစိုက်ခြင်းမခံခဲ့ရဘဲ မည်သူမျှပင် သတိမထားမိလိုက်ကြပေ။
ကုယီယီဆိုသည်မှာ လူမသိသူမသိ တစ်ယောက်သာဖြစ်ပြီး အဇူရာအဆင့်(၇) ၊ တောက်ပသောလမိသားစု၏ ပါရမီရှင်နှင့် နှိုင်းယှဉ်နိုင်ခြင်းမရှိချေ။
သို့သော်
၀င်သွားပြီး ခဏအကြာတွင် ကုယီယီ၏ အမည်က သာမန်အဆင့်စာရင်းတွင် ထွက်ပေါ်လာခဲ့သည်။
သို့သော် ထိုမျှလောက်နှင့် လူအုပ်ကြီး၏ အာရုံစိုက်မှု ခံရမည်မဟုတ်ချေ။
လူအများအာရုံစိုက်လာခဲ့ကြခြင်းမှာ ကုယီယီ၏ နာမည်က မင်ယွဲ့ရှု၏ နာမည်နှင့် ကပ်လျက်လိုက်ပါနေခဲ့သောကြောင့်ဖြစ်သည်။
သာမန်အဆင့် (၈၀၀) ကျော်လောက်တွင် မင်ယွဲ့ရှု နှင့် ကုယီယီကပ်လျက်ပေါ်လာချိန်၌ လူများ သိပ်ပြီးသတိမထားမိခဲ့ကြသေးချေ။
သို့သော် မင်ယွဲ့ရှု ထိပ်ဆုံး(၁၀)ယောက်အတွင်းသို့ ရောက်လာသည့်အချိန်ထိ ကုယီယီနာမည်က ကပ်လျက်ပါလာသောအခါ လူတိုင်းသတိထားမိသွားခဲ့ကြသည်။
အထူးသဖြင့် ကုယီယီ၏ အမည်နောက်မှ နက်နဲဓားဂိုဏ်းဟူသော အမည်အားမြင်လျှင် လူအုပ်ကြီးမှာ ပို၍ ထိတ်လန့်သွားခဲ့ကြသည်။
“ နက်နဲဓားဂိုဏ်း….”
“ ငါမှတ်မိသလောက်ဆိုရင် အစောနက အဓိကအဆင့်ကိုရောက်လုနီးပါးဖြစ်သွားတဲ့ လင်းဇီရင်ဆိုတဲ့တစ်ယောက်ကလည်း အဲ့ဂိုဏ်းကပဲမဟုတ်လား….”
“ ဘာ… နက်နဲဓားဂိုဏ်းဖြစ်ပြန်ပြီလား…’
“ ဒီနက်နဲဓားဂိုဏ်းက ပုံမှန်တော့မဟုတ်ဘူး.. ဒီလို ပါရမီရှင်နှစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်….”
တစ်ကြိမ်ဆိုလျှင် တိုက်ဆိုင်မှုဟု ခေါ်နိုင်သော်လည်း နှစ်ကြိမ်ဆိုလျှင် ထိုမျှ ရိုးရှင်းတော့မည်မဟုတ်ချေ။
ထိပ်တန်းပါရမီရှင် နှစ်ယောက် ဆက်တိုက်ထွက်ပေါ်လာခဲ့တယ်….!
ထိုအရာက ကောင်းကင်လေနိုင်ငံမှ ထိပ်တန်းဂိုဏ်းများပင် လုပ်နိုင်စွမ်းမရှိသောအရာဖြစ်၏။