ကုယီယီ Vs မင်ယွဲ့ရှု
Vol. 4 Ch. 51
လူအများစု ယခုမှကြားဖူးကြသော နက်နဲဓားဂိုဏ်းက အဘယ်ကြောင့် ထိုကဲ့သို့လုပ်နိုင်စွမ်းရှိနေသနည်း…
“ ပြန်ရောက်တဲ့အခါကျရင် နက်နဲဓားဂိုဏ်းအကြောင်း အသေးစိတ်စုံစမ်းလိုက်…အဲ့ဂိုဏ်းက သာမန်အဆင့်ထိပ်တန်း(၁၀)ထဲ၀င်တဲ့ ပါရမီရှင်(၂)ယောက်တောင် မွေးထုတ်ပေးထားတယ်….”
“ ဘာလဲ.. အခုက ဘယ်လိုအခြေအနေမျိုးလဲ…”
“ ဒါက……..”
သို့သော် သိပ်မကြာမီ ပို့၍ပင် ထိတ်လန့်တုန်လှုပ်စရာဖြစ်သည့် မြင်ကွင်းတစ်ခုက ထွက်ပေါ်လာခဲ့သည်။
မင်ယွဲ့ရှု သာမန်အဆင့်(၄)သို့ရောက်သွားချိန်တွင် ကုယီယီက အဆင့်(၃)သို့ရောက်နေခဲ့လေသည်။ ပြောရမည်ဆိုလျှင် သူမက တောက်ပသောလမိသားစုမှ နံပါတ်(၁)ပါရမီရှင်အား နောက်ကောက်ချထားနိုင်ခဲ့သည်။
“ ဘာကဒီလောက်တောင်ထူးခြားနေလို့လဲ.. မြန်တိုင်း ပိုပြီးအစွမ်းထက်တာမှမဟုတ်တာ….”
မင်ယွဲ့လန်က နှုတ်ခမ်းစူပြီးရေရွတ်လိုက်သည်။
သို့သော် သူမ၏ စကားများက ယုတ္တိမတန်သည်တော့မဟုတ်ပေ။
မကြာသေးခင်က မျှော်စင်ပေါ်သို့တက်ရောက်ခဲ့သော လင်းဇီရင်သည်လည်း မင်ယွဲ့လန်ထက် အလွန်မြန်ဆန်ခဲ့သည်။
သို့သော နောက်ဆုံးတွင် သူမက မင်ယွဲ့လန်အား ရှုံးနိမ့်ခဲ့သည်။
“ မင်ယွဲ့ရှုလည်း (၄၂)ထပ်ကိုရောက်သွားပြီ.. သူမက ကုယီယီနဲ့ အထပ်အတူတူပဲ…..”
“ နေဦး.. မဟုတ်သေးဘူး.. ကုယီယီက (၄၃)ထပ်ကိုရောက်နေပြီ.. အခုထိအပြင်ပြန်ထွက်မလာသေးဘူး..”
နတ်ဘုရားသန့်စင်ခြင်းစေတီအောက်တွင် မင်ယွဲ့လန်က လက်သီးကို တင်းနေအောင်ဆုပ်ထားခဲ့သည်။
သူမက အစ်မဖြစ်သူ မင်ယွဲ့ရှုအား ယုံကြည်နေဆဲဖြစ်သော်လည်း လက်ရှိအခြေအနေက သူမကို ရတက်မအေးအောင်လုပ်နေခဲ့သည်။
ကုယီယီနှင့် မင်ယွဲ့ရှုတို့ကြားမှ ပြိုင်ဆိုင်မှုမှာ ဆက်လက်ပြင်းထန်နေခဲ့သည်။
ကုယီယီ၏ အရှိန်က မင်ယွဲ့ရှုအား ကျော်တက်သွားပြီးနောက်တွင် နှေးသွားခဲ့သည်။
မင်ယွဲ့ရှုကမူ ကုယီယီအား ကျော်ဖြတ်နိုင်ရန်အသာထား မှီအောင်ပင် မလိုက်နိုင်သေးချေ။
“ (၅၁)ထပ်… သူမရဲ့ အကန့်အသတ်ကိုရောက်သွားလောက်ပြီလို့တော့ ထင်တာပဲ….”
မင်ယွဲ့လန်တစ်ယောက် အနည်းငယ်စိုးရိမ်နေခဲ့၏။ ကြောက်လန့်နေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
အဘယ်ကြောင့်ဆိုသော် သူမက (၅၁)ထပ်မှ ကာကွယ်သူဖြစ်သောကြောင့်ပင်။
ကုယီယီသာ ထိုအဆင့်အား ဖြတ်ကျော်သွားနိုင်လျှင် သူမ ရှုံးနိမ့်သွားပြီဟု ဆိုလိုခြင်းလည်းဖြစ်သည်။
ထိုသို့ဆိုလျှင် ကုယီယီက သူမထက်သာလွန်သည်ဟု ကောက်ချက်ချ၍ရနိုင်သည်။
ထို့အခြေအနေအား သူမ လုံး၀လက်ခံနိုင်စွမ်းမရှိချေ။
သူမက ဘယ်သူမို့လဲ…?
တောက်ပသောလမိသားစုမှ မင်းသမီးလေးဖြစ်ပြီး သူမ၏ အရည်အချင်းမှာ မင်ယွဲ့ရှုတစ်ယောက်တည်းထက်သာ နိမ့်ကျ၏။
အခြားတစ်ဖက်ကမူ ချောင်ကျသောနေရာသေးသေးလေးမှ လူရိုင်းသာသာဖြစ်လေသည်။။
မျှော်စင်အားကြည့်နေသော သူမ၏ မျက်နှာလေးမှာ ဖျော့တော့နေပြီး လက်ဖဝါးတွင်လည်း ချွေးစေးများထွက်နေခဲ့သည်။
“ (၅၂)ထပ်….”
တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
မင်ယွဲ့လန်၏ အမည်မှာ မှိန်ဖျော့ပျောက်ကွယ်သွားပြီး ကုယီယီ၏ အမည်နှင့် အစားထိုးသွားခဲ့လေသည်။
မင်ယွဲ့လန်၏ မျက်နှာမှာ ဖြူဖျော့သွားခဲ့ပြီး ကမ္ဘာကြီးက ပန်ကာသဖွယ်လည်နေသကဲ့သို့ ခံစားလိုက်ရသည်။
ငါ..ငါ….
ရှုံးသွားတာလား…….
တောက်ပသောလမိသားစုမှ နံပါတ်(၂) ပါရမီရှင်က ချောင်ကျသောနေရာလေးမှ လူတစ်ယောက်ကို ရှုံးသွားတယ်တဲ့လား…..
“ ဒါ.. ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ.. လုံး၀မဖြစ်နိုင်ဘူး…..”
မင်ယွဲ့လန်တစ်ယောက် ရလဒ်အား လက်ခံရန် အလွန်ခဲယဉ်းနေခဲ့သည်။
ပတ်၀န်းကျင်တစ်ခုလုံးမှ လူများလည်း အံ့အားသင့်သွားခဲ့ကြသည်။
ကုယီယီက တောက်ပသောလမိသားစုက ပါရမီရှင်ကို အနိုင်ယူပြီး အဓိကအဆင့်မှာ ပေါ်လာတယ်တဲ့လား……
သူတို့၏ မျက်စိဖြင့် ကိုယ်တိုင်မမြင်ရလျှင် လုံး၀ယုံနိုင်မည်မဟုတ်ပေ။
“ (၅၂)ထပ်….”
“ သူမ (၅၂)ထပ်ကိုရောက်နေပြီ…”
တစ်ယောက်ယောက်က ကွဲအက်နေသော လေသံဖြင့်အော်ဟစ်လိုက်၏။
ကုယီယီက (၅၁)ထပ်အား ကျော်ဖြတ်ရုံဖြင့် မပြီးဆုံးသေးချေ။ သူမက လက်ရှိ(၅၂)ထပ်သို့ရောက်နေပြီး မီးလည်းမငြိမ်းသေးပေ။
မင်ယွဲ့လန် (၅၂)ထပ်သို့ရောက်တုံးက ချက်ချင်းမီးငြိမ်းသွားခဲ့သည်။
(၅၂)ထပ်မှ ကာကွယ်သူထံ မင်ယွဲ့လန်က တစ်ကွက်မျှပင် ခံနိုင်ရည်မရှိဟု ဆိုလိုခြင်းဖြစ်သည်။
တစ်ဖက်တွင် ကုယီယီက (၅၂)ထပ်သို့ ရောက်သွားသော်လည်း မီးငြိမ်းမသွားသေးခြင်းမှာ ထိုအထပ်မှ ကာကွယ်သူနှင့် အပြန်အလှန်တိုက်ခိုက်နေသောကြောင့်ဖြစ်နိုင်သည်။
ထိုအချိန်တွင် မင်ယွဲ့လန်က သူမ၏ နှုတ်ခမ်းအား ပြတ်ထွက်တော့မတတ်ကိုက်ထားခဲ့သည်။
သူမလည်း ထိုအထပ်သို့ရောက်ခဲ့ဖူးသည်ဖြစ်ရာ ထိုအထပ်မှ ကာကွယ်သူမှာ မည်မျှကြောက်စရာကောင်းကြောင်း ကိုယ်တွေ့ပင်ဖြစ်၏။
ကုယီယီက လက်ရှိ(၅၂)ထပ်တွင်ရှိနေပြီး ထိုအထပ်အားမဖြတ်ကျော်နိုင်သေးချေ။
ထို့ကြောင့် သူမက မင်ယွဲ့လန်၏ အဆင့်အားအစားထိုးသွားခဲ့သည်အပြင် သူမက (၅၁)ထပ်၏ ကာကွယ်သူလည်းဖြစ်လာခဲ့သည်။
မျှော်စင်၏ (၅၁)ထပ်မြောက်တွင်
မင်ယွဲ့ရှုက မျှော်စင်မှာ ဖန်တီးထားသည့် စိတ်ဝိညာဉ်ကိုယ်ပွားအား အလွယ်တကူအနိုင်ယူနိုင်ခဲ့သည်။
တောက်ပသောမိသားစု၏ နံပါတ်(၁)ပါရမီရှင်ဖြစ်သည့်အလျောက် သူမအနေဖြင့် ယခုအချိန်ထိ ဖိအားများခံစားရခြင်းမရှိသေးချေ။
ယခုအချိန်ထိ သူမ၏ ခွန်အားကို အဆုံးထိ အသုံးမပြုခဲ့ရသေးပေ။
“ ညီမလေးနဲ့ တိုက်ခိုက်ရတော့မယ်…”
စကားပြောနေရင်းပင် မင်ယွဲ့ရှု၏ အမူအရာက ထူးဆန်းသွားခဲ့သည်။
သူမသည် မျှော်စင်တွင်း၌ သာရှိနေခဲ့သည်ဖြစ်ရာ ကုယီယီက မင်ယွဲ့လန်အား အနိုင်ယူပြီး သူမ၏ နေရာအား အစားထိုးသွားပြီဖြစ်ကြောင်း မသိသေးချေ။
“ ဆွစ်ရှ်…”
မျှော်စင်မှ ဖန်တီးထားသည့် ကာကွယ်သူအား အနိုင်ယူပြီးသည့်နောက်တွင် သူမသိထားသကဲ့သို့ပင် (၅၂)ထပ်သို့ ၀င်ပေါက်ပေါ်မလာသေးချေ။
ထိုအစား မင်ယွဲ့ရှုနှင့် မလှမ်းမကမ်းနေရာတွင် စိတ်ဝိညာဉ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာ၏။
“ ဟင်…”
သူမသည် (၅၁)ထပ်၌ တိုက်ပွဲနှစ်ခု ရင်ဆိုင်ရမည်ကိုသိရှိထားခဲ့၏။
ပထမတိုက်ပွဲမှာ မျှော်စင်မှ ဖန်တီးထားသည့် ကာကွယ်သူ…
ဒုတိယတိုက်ပွဲမှာ အဓိကအဆင့်(၁၀၀၀၀၀)မှလူ၏ စိတ်ဝိညာဉ်ပုံရိပ် ဖြစ်သည်။
[ Note : စိတ်ဝိညာဉ်ပုံရပ်ဖြစ်စေ စိတ်ဝိညာဉ်ကိုယ်ပွားဖြစ်စေ အတူတူပါပဲခင်ဗျာ မျှော်စင်က ကော်ပီယူပြီး ဖန်တီးထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ခန္ဓာတွေမို့ပါ]
သို့သော်…
မင်ယွဲ့ရှုအား အံ့ဩသွားစေသည့်အရာမှာ ပေါ်လာသည့်သူက သူမ၏ ညီမ မဟုတ်ဘဲ နောက်တစ်ယောက်ဖြစ်နေခဲ့သည်။
“ ဘာတွေဖြစ်နေတာလဲ…”
မင်ယွဲ့ရှုတစ်ယောက် စိတ်ရှုပ်သွားခဲ့ရ၏။
ထိုအချိန်တွင် လေထုထံမှ စိတ်ဝိညာဉ်စွမ်းအားများမှာ လှုပ်ရှားလာခဲ့ပြီး မင်ယွဲ့လန်၏ ကျင့်ကြံဆင့်က ကုယီယီ၏ အဆင့်နှင့်တူညီအောင်ထိ ဖိနှိပ်ခံလိုက်ရသည်။
“ ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်လား…”
မင်ယွဲ့ရှုတစ်ယောက် ပို၍ပင် စိတ်ရှုပ်ထွေးသွားခဲ့ရ၏။
ဒီ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က တစ်ခုခုလွဲနေတာများလား…..
သူမရှေ့မှ မိန်းကလေးက ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာရှိနေသေး၏။
မင်ယွဲ့လန်က သူမ၏အဆင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)သို့ ဖိနှိပ်ခံလိုက်ရသော်လည်း ကြောက်လန့်ဟန်မရှိပေ။
ထိုအရာက မောက်မာကာ မာနကြီးနေခြင်းမဟုတ်ပေ။ တောက်ပသောလမိသားစုမှ နံပါတ်(၁)ပါရမီရှင်တစ်ယောက်အနေနှင့် ရှိသင့်ရှိထိုက်သော ယုံကြည်မှုဖြစ်၏။
ထို့ပြင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ စည်းမျဉ်းများမှာ တရားမျှတနေဟန်ရသော်လည်း ယိုပေါက်များရှိနေသေးသည်။
သူမသည် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်(၅)သို့ကျရောက်သွားခဲ့သော်လည်း အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ခု၏ ဝိညာဉ်စွမ်းအား ၊ တိုက်ပွဲအတွေ့အကြုံ နှင့် သိုင်းပညာအပေါ် နားလည်ထားနိုင်စွမ်းတို့မှာ မူလအတိုင်းသာရှိနေပြီး ဖိနှိပ်လိုက်၍မရချေ။
ဤသို့ဖြင့် အဆင့်မြင့် ကျင့်ကြံဆင့်ရှိသူများက ပို၍ အသာစီးရနေပေလိမ့်မည်။
ထို့ကြောင့် မင်ယွဲ့ရှုက သူမအနေဖြင့် ရှုံးနိမ့်မည်မဟုတ်ဟု ယုံကြည်နေခဲ့ခြင်းလည်းဖြစ်သည်။
ဤအခြေအနေ၌ နိုင်အောင်မတိုက်ခိုက်နိုင်ပါက အရှက်ရစရာကိစ္စများ ဖြစ်သွားပေလိမ့်မည်။
“ ရေခဲ ခန္ဓာကိုယ်….”
လက်ရှိကုယီယီမှာ အစစ်အမှန်မဟုတ်ချေ။ မျှော်စင်က ကုယီယီ၏ တိုက်ခိုက်မှုများအား မှတ်တမ်းယူကာ ဖန်တီးထားသည့် စိတ်ဝိညာဉ်ကိုယ်ပွားတစ်ခုမျှသာဖြစ်၏။
ထို ကိုယ်ပွားတွင် ခံစားချက် လုံး၀မပါရှိချေ။
ထို့ကြောင့် တိုက်ပွဲစသည်နှင့် ၎င်း၏ အားအကောင်းဆုံးသော တိုက်ခိုက်မှုအား ထုတ်ဖော်တိုက်ခိုက်လိုက်သည်။
ထိုတိုက်ခိုက်မှု ထွက်ပေါ်လာသည်နှင့် ပတ်၀န်းကျင်တစ်ခုလုံးမှ အပူချိန်များ ကျဆင်းသွားကာ ကုယီယီ၏ အရေပြားပေါ်၌ ရေခဲလွှာပါးပါးလေးများ ဖြစ်ပေါ်လာခဲ့သည်။
လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် ပတ်၀န်းကျင်လေထုထဲတွင် ချွန်ထက်သော ရေခဲစူးချွန်များပေါ်ထွက်လာ၏။
“ စိတ်ဝိညာဉ်ခန္ဓာကိုယ်တစ်ခုလား…”
“ ပြီးတော့ အဲ့တာက ရေခဲဝိညာဉ်ခန္ဓာကိုယ်ပဲ…..”
မင်ယွဲ့ရှု အံ့ဩသွားခဲ့ပြီး ပြိုင်ဘက်ကိုလည်း လျှော့မတွက်ဝံ့တော့ချေ။ သူမ၏ လက်ဖဝါးကို ပင့်မြှောက်လိုက်ပြီး သိုင်းကွက်ထုတ်ဖော်လိုက်သည်။
“ ဖြာထွက်ခြင်း နှလုံးသားမှန်…”
ထိုသိုင်းကွက်မှာ တောက်ပသောလမိသားစုမှ အဆင့်မြင့် မြေကြီးအဆင့် ခုခံခြင်းသိုင်းပညာရပ်တစ်ခုဖြစ်လေသည်။
ထို့အပြင် ထိုသိုင်းကွက်အား မင်ယွဲ့ရှုက ပြည့်စုံခြင်းအဆင့်ထိ နားလည်ထားခဲ့သေးသည်။
သူမက ပထမအကွက်တွင်ပင် ထိပ်တန်း သိုင်းပညာတစ်ခုအား ထုတ်သုံးလိုက်သည်။
သူမအနေဖြင့် ဤတိုက်ပွဲအပေါ် အလွန်အရေးကြီးသည်ဟု သတ်မှတ်ထားကြောင်း ပေါ်လွင်နေသည်။
ကောင်းကင်နှင့် မြေကြီး၏ ချစ်ခင်ခြင်းခံရသော စိတ်ဝိညာဉ်ခန္ဓာကိုယ် ပိုင်ရှင်နှင့် တိုက်ခိုက်ခြင်းကို အကောင်းဆုံးလုပ်ဆောင်လိုပေသည်။
“ ဘုန်း…”
ရေခဲစူးချွန်နှင့် မှန်ချပ် ထိပ်တိုက်တွေ့ဆုံသွားခဲ့သည်။
“ ခရက်….”
မင်ယွဲ့ရှု နောက်သို့လွင့်စင်ထွက်သွားခဲ့၏။
သူမ ရှုံးနိမ့်သွားချေပြီ….
အငြင်းပွားစရာမရှိအောင်ပင် ပြတ်သားစွာရှုံးနိမ့်ခဲ့လေသည်။
သိုင်းတစ်ကွက်တည်းဖြင့် ရလဒ်ထွက်ပေါ်သွားချေပြီ။
မင်ယွဲ့ရှုက နတ်သူငယ်နှင့်တူသော ကောင်မလေးအား ထိတ်လန့်စွာ ငေးကြည့်နေမိခဲ့သည်။