← Chapters

အထပ်တိုင်းကို ချက်ချင်း ရှင်းလင်းခြင်း

Vol. 4 Ch. 52

အထပ်တိုင်းကို ချက်ချင်း ရှင်းလင်းခြင်း

Vol. 4 Ch. 52

အဆင့်တူ၌ သူမက အခွင့်ပိုသာနေသောအခြေနေတွင်ပင် ပြိုင်ဘက်အား ရှုံးနိမ့်သည်။

ပြည့်စုံအဆင့် ဖြာထွက်ခြင်း မှန်နှလုံးသားပင် ခုခံကာကွယ်နိုင်စွမ်းမရှိခဲ့ပေ။

မင်ယွဲ့ရှု၏ ပုံရိပ် ဖြည်းညှင်းစွာ မှိန်ဖျော့ပျောက်ကွယ်လာခဲ့သည်။

သူမ၏ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ခရီးလမ်းမှာ အဆုံးသတ်သွားခဲ့ချေပြီ။

နောက်ဆုံးရလဒ်မှာ အထပ်(၅၀)ကို အောင်မြင်ပြီး (၅၁)ထပ်တွင် ရှုံးနိမ့်သွားခဲ့သည်။

သူမ၏ ညီမထက်ပင် တစ်ဆင့်နိမ့်သွားခဲ့ရသည်။

သို့သော် ထိုအရာက မင်ယွဲ့ရှု၏ ကန့်သတ်ချက်မဟုတ်ပေ။

အကယ်၍ ကုယီယီနှင့်သာ မဆုံတွေ့ခဲ့ရပါက (၅၁)ထပ် ထက်ပို၍ သွားနိုင်စွမ်းရှိသည်။ ဘိုးဘေး မင်ယွဲ့ချူထက်ပင် ပို၍ သာလွန်နိုင်စွမ်းရှိ၏။

သို့သော် မင်ယွဲ့ရှုတစ်ယောက် ကံဆိုးသွားခဲ့ရသည်။

သူမ (၅၁)ထပ်သို့ရောက်လာချိန်၌ ကုယီယီက (၅၂)ထပ်အား မကျော်ဖြတ်နိုင်သေးချေ။ ထို့ကြောင့် ကုယီယီ၏ စိတ်ဝိညာဉ်ကိုယ်ပွားက (၅၁)ထပ်တွင် ကာကွယ်သူဖြစ်နေခဲ့သည်။

ကုယီယီသာ (၅၂)ထပ်အား အနိုင်ယူပြီးသွားလျှင် အခြေအနေမှာ တစ်မျိူးတစ်ဖုံပြောင်းလဲသွားနိုင်ပေသည်။ သူမကြောင့် အဆင့်ကျသွားသော အဓိကအဆင့်မှ တစ်ယောက်က ထိုအထပ်၏ ကာကွယ်သူဖြစ်သွားမည်ဖြစ်သည်။

မျှော်စင်၏ အပြင်ဘက်မှ လူများက အခြေအနေများအား အသေးစိတ်မသိကြပေ။

သူတို့မြင်လိုက်ရသည်က မင်ယွဲ့ရှု၏အမည် (၅၁)ထပ်သို့ရောက်သွားခဲ့ပြီး မကြာခင် ‌မီးငြိမ်းသွားခြင်းဖြစ်၏။

လူတိုင်း မှင်သက်သွားခဲ့ရသည်။

“ (၅၁)ထပ်ပဲလား… အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ… မင်ယွဲ့ရှုက (၅၁)ထပ်ကိုပဲ ရောက်ခဲ့တာလား….”

“ ဒါ ဘယ်လိုဖြစ်သွားတာလဲ.. သူမက တောက်ပသောလမိသားစုရဲ့ နံပါတ်(၁) ပါရမီရှင်လေ… သူ့ညီမတောင် (၅၂)ထပ်ကိုရောက်ခဲ့သေးတာပဲ….”

လူများစွာက ရလဒ်နှင့် ပတ်သက်၍ မယုံနိုင်ဖြစ်နေခဲ့ကြသည်။

အားလုံးထဲမှ လက်မခံနိုင်ဆုံးမှာ သဘာ၀အတိုင်းပင် မင်ယွဲ့လန်ဖြစ်၏။

မင်ယွဲ့ရှု၏ ခွန်အားနှင့်ပတ်သက်၍ သူမက နားအလည်ဆုံးဖြစ်သောကြောင့် လုံး၀လက်မခံနိုင်ဖြစ်နေခြင်းပင်။

အစ်မကြီး.. သူမက ဘယ်လိုဖြစ်ပြီး (၅၁)ထပ်အထိပဲ ရောက်နိုင်မှာလဲ….?

“ ကျုပ် ဖြစ်နိုင်ချေတစ်ခု တွေးမိထားတယ်….”

“ စောနက မင်ယွဲ့ရှု (၅၁)ထပ်ကိုရောက်တဲ့အချိန် ကုယီယီ(၅၂)ထပ်မှာ တိုက်ခိုက်နေတုံးပဲ…”

“ အဲ့တာကြောင့် မင်ယွဲ့ရှုက ကုယီယီရဲ့ ကိုယ်ပွားနဲ့ တိုက်ခိုက်ပြီး ရှုံးသွားတာပဲဖြစ်ရမယ်…..”

ထိုနေရာ‌တွင်ရှိနေသောလူအားလုံး အရူးများမဟုတ်သောကြောင့် အလျင်အမြန်နားလည်သွားခဲ့ကြသည်။

“ မင်းပြောချင်တာ မင်ယွဲ့ရှုက (၅၁)ထပ်က မျှော်စင်ဖန်တီးထားတဲ့ ကာကွယ်သူကို ရှုံးနိမ့်တာမဟုတ်ဘဲ ကုယီယီရဲ့ စိတ်ဝိညာဉ်ကိုယ်ပွားကို ရှုံးသွားတယ်လို့လား…..”

“ ဟုတ်တယ်….”

“ အဲ့တာဖြစ်နိုင်ခြေအရှိဆုံးပဲ.. မဟုတ်ရင် မင်ယွဲ့ရှုရဲ့အစွမ်းနဲ့ (၅၁)ထပ်က ဘယ်လိုလုပ်ပြီး ကန့်သတ်ချက်ဖြစ်နိုင်မှာလဲ….”

လူအုပ်ကြီး မနားတမ်းဆွေးနွေးနေကြလေသည်။ သူတို့က မင်ယွဲ့ရှုအား လှမ်းကြည့်မိကြသော်လည်း မည်သူမျှ သွားမမေးရဲကြချေ။

“ အစ်မကြီး.. သူတို့ပြောတာ အမှန်ပဲလား…”

မင်ယွဲ့လန်တစ်ယောက် မျက်ရည်များ ဝိုင်းနေခဲ့သည်။ ယနေ့ ဖြစ်ခဲ့သော ကိစ္စများက သူမအတွက် အတော်လေးကြီးမားသော ထိုးနှက်ချက်များဖြစ်ခဲ့လေသည်။

“ ဟုတ်တယ်….”

ဖြူဖျော့နေသော မျက်နှာကလေးနှင့် မင်ယွဲ့ရှုက ခေါင်းညိတ်လိုက်၏။

ရှုံးတာက ရှုံးတာပင်ဖြစ်သည်။

စောနက သူမအား အနိုင်ယူသွားခဲ့သော မိန်းကလေး၏ ဇစ်မြစ်အား မသိခဲ့သော်လည်း ပတ်၀န်းကျင်မှ စကားများကြောင့် သူမ သိသွားခဲ့သည်။

သူမ၏ အမည်က ကုယီယီဖြစ်ပြီး နက်နဲဓားဂိုဏ်းမှ တပည့်တစ်‌ယောက်ဖြစ်သည်။

နက်နဲဓားဂိုဏ်းအပေါ် မင်ယွဲ့ရှု၏ စိတ်၀င်စားမှုက ပို၍ မြင့်တက်လာခဲ့သည်။

“ မျှော်လင့်ထားတဲ့အတိုင်းပဲ…”

“ ရှူး….”

ပတ်၀န်းကျင်မှလူတိုင်း လေးအေးများရှုရှိုက်မိလိုက်ကြသည်။

“ ကုယီယီက ဘယ်လိုတောင် ကြောက်စရာကောင်းလိုက်လဲ…တောက်ပသောလမိသားစုက နံပါတ်(၁) ပါရမီရှင်ကိုတောင် အနိုင်ယူခဲ့တယ်…..”

မင်ယွဲ့ရှုက ပတ်၀န်းကျင်မှ စကားများအား လျစ်လျူရှုကာ မျှော်စင်သို့သာ ကြည့်နေလိုက်သည်။

ယခုတွင်မူ ကုယီယီက (၅၄)ထပ်သို့ ရရောက်ရှိနေပြီဖြစ်သည်။

(၅၅)ထပ်သို့ရောက်လျှင် သူမတို့ဘိုးဘေး၏ တောင်းပိုင်းတိုက်ကြီးစံချိန်ကို မှီသွားပေလိမ့်မည်။

မင်ယွဲ့ရှုလည်း အလွန်စိတ်၀င်စားနေခဲ့သည်။

ဒီကောင်မလေး နောက်ဆုံး ဘယ်အထပ်ထိရောက်နိုင်မလဲ…..

“ ဆရာ.. ဒီ ဂျူနီယာညီမ အသစ်ကလေး ကျွန်မကိုပေးပါ.. သူမက တကယ်ကို မွန်းစတားဆန်လွန်းတယ်….”

လင်းဇီရင်လည်းပဲ အလွန်တုန်လှုပ်နေခဲ့သည်။

“ မင်းလည်း မဆိုးပါဘူး… ဓာတာအိုလမ်းကြောင်းကိုပဲ အကောင်းဆုံးဆက်လျှောက်မယ်ဆိုရင် မင်းရဲ့ အနာဂါတ်အောင်မြင်မှုတွေကလည်း ကုယီယီထက် နိမ့်ကျမှာမဟုတ်ဘူး…”

ရွှမ်ယီ ပြုံးလိုက်၏။ ကုယီယီက သူ့အား အလွန်ကျေနပ်စေခဲ့သည်။

လင်းဇီရင်လည်း အလားတူပင်ဖြစ်၏။

၀မ်ဟူအတွက်ကတော့……….

သူဂိုဏ်းသို့ပြန်ရောက်လျှင် ထိုသူအား အကောင်းဆုံးသင်ကြားပေးရမည်။

၀မ်ဟူသာ သူ့အနားတွင်ရှိနေသ၍ သာမန်လူတစ်ယောက်ဖြစ်ချင်လျှင်တောင် ဖြစ်နိုင်မည်မဟုတ်ပေ။

တခါတရံတွင် ပါရမီက သိပ်ပြီး အရေးမပါလှပေ။

“ နောက်ကျနေပြီပဲ.. ငါ မျှော်စင်ထဲ ၀င်ကြည့်လိုက်ဦးမယ်….”

ရွှမ်ယီ၏ စကားများက လင်းဇီရင်၏ နှလုံးသားကို လှုပ်ခတ်သွားစေခဲ့သည်။

“ ဆရာ.. ဆရာက ထိပ်ဆုံးကို ရောက်မှာ….”

ရွှမ်ယီအပေါ် လင်းဇီရင်၏ ယုံကြည်မှုက ဟာသတစ်ခုမဟုတ်ပေ။ မျက်ကန်းယုံကြည်မှုမျိုးဖြစ်၏။

ရွှမ်ယီက ပြုံးရုံပြုံးလိုက်ပြီး ဘာမှပြန်မပြောခဲ့ချေ။ ထို့နောက် မျှော်စင်ရှိရာသို့ လျှောက်သွားလိုက်သည်။

“ (၅၅)ထပ်…”

“ တောက်ပသောလမိသားစုက ဘိုးဘေး မင်ယွဲ့ချူနဲ့ တူသွားပြီ….”

ရွှမ်ယီ၏ တပည့်များမှလွဲ၍ သူမျှော်စင်အတွင်းသို့ ၀င်ရောက်သွားခြင်းကို သတိထားမိလိုက်သူမရှိချေ။

ထိုအချိန်တွင် လူတိုင်း၏ အာရုံက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ (၅၅)ထပ်တွင်ရှိနေခဲ့သည်။

မျှော်စင်အောက်မှ လူအုပ်ကြီးတစ်ခုလုံး စိတ်လှုပ်ရှားနေကြလေသည်။ (၅၅)ထပ်သို့ရောက်နေသည်မှာ ကုယီယီမဟုတ်ဘဲ သူတို့ကိုယ်တိုင်ရောက်နေသကဲ့သို့ပင်။

မည်သူမျှ သတိမထားမိသည့်အချိန်တွင် ရွှမ်ယီ၏အမည်က သာမန်အဆင့်တွင်ပေါ်လာခဲ့လေသည်။

သူ၏ အရှိန်က လျင်မြန်ခြင်းလည်းမရှိသလို နှေးကွေးခြင်းလည်းမရှိချေ။

“ ဆရာ သာမန်အဆင့်မှာ ပေါ်လာပြီ….”

ရွှမ်ယီကို အာရုံစိုက်နေသည်မှာ လင်းဇီရင်တစ်ယောက်သာရှိ၏။ သူမက ကုယီယီကို အာရုံစိုက်နေစဉ် တစ်ဖက်တွင် ရွှမ်ယီကိုလည်း မေ့မထားခဲ့ပေ။

(၃၇)ထပ်…

(၃၈)ထပ်…

(၃၉)ထပ်…

(၄၀)……..

ရွှမ်ယီ၏ အမည်က သာမန်အဆင့်(၁၀)အတွင်းသို့ ရောက်လာသောအချိန်တွင် လူများသတိထားမိလာခဲ့ကြသည်။

“ အမ်.. တစ်ယောက်ယောက် သာမန်အဆင့်ရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲကို ရောက်လာတာပဲ…”

“ သွား.. ဘယ်ကောင်က အခုချိန်မှ သာမန်အဆင့်ကို အာရုံစိုက်နေတာလဲ…”

“ မဟုတ်.. သူက နက်နဲဓားဂိုဏ်းကပဲ….”

“ ဟမ်…”

ထိုစကားအားကြားလိုက်ပြီးနောက် လူတိုင်း သာမန်အဆင့်ကိုကြည့်မိလိုက်ကြသည်။

ယခုအချိန်တွင် ရွှမ်ယီက သာမန်အဆင့်(၅)သို့ရောက်နေပြီဖြစ်သည်။

ထိပ်ဆုံးလေးယောက်မှာ ကုယီယီ ၊ မင်ယွဲ့လန် ၊ လင်းဇီရင် ၊ မင်ယွဲ့ရှု တို့ဖြစ်ကြသည်။

ရွှမ်ယီ၏ နာမည်နောက်မှ နက်နဲဓားဂိုဏ်းဟူသော စကားလုံးအားမြင်လျှင် လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြသည်။

လွန်ခဲ့သော တစ်ရက်ကျော်လောက်ကဆိုလျှင် နက်နဲဓားဂိုဏ်းအား လူအနည်းငယ်လောက်သာသိရှိခဲ့ကြသည်။

ယခုတွင်မူ နက်နဲဓားဂိုဏ်းအား မသိသူ မရှိတော့သလောက်ပင်။

ထိုဂိုဏ်းမှ လူများက တစ်ယောက်ထက် တစ်ယောက် ပိုကြမ်းနေကြသည်။

ပထမတစ်ယောက်ဖြစ်သော လင်းဇီရင်က တောက်ပသောလမိသားစုမှ နံပါတ်(၂)ပါရမီရှင် မင်ယွဲ့လန်အား အဓိကအဆင့်တွင်ခြိမ်းခြောက်နိုင်ခဲ့သည်။

ဒုတိယတစ်ယောက် ကုယီယီကမူ လက်ရှိ (၅၅)ထပ်တွင် ရောက်နေရုံသာမက တောက်ပသောလမိသားစု နံပါတ်(၁)ပါရမီရှင် မင်ယွဲ့ရှုအား အဆင့်တူတွင် အနိုင်ရခဲ့သည်။

အခု နက်နဲဓားဂိုဏ်းက နောက်ထပ် တစ်ယောက်ထပ်ပေါ်လာတာလား…..?

လက်ရှိ လူတိုင်းက အံ့ဩမှုများနှင့် အသားကျနေပြီဖြစ်၍ သိပ်တော့ မခံစားရတော့ချေ။

‌နက်နဲဓားဂိုဏ်းက မည်ကဲ့သို့ဂိုဏ်းနည်း…?

ပါရမီရှင်များ အဘယ်ကြောင့် ဤမျှပေါများနေရသနည်း….?

လက်ရှိတွင် သာမန်အဆင့်ထိပ်ဆုံး(၅)ယောက်တွင် နက်နဲဓားဂိုဏ်းမှ (၃)ယောက်ပါ၀င်နေ၏။

အနှီ နက်နဲဓားဂိုဏ်းက ကောင်းကင်အား အံတုနေဟန်ရသည်။

“ သူတို့အားလုံး နက်နဲဓားဂိုဏ်းက လူတွေလား.. တစ်ယောက်ပြီးတစ်ယောက် တော်တော်လေး ထူးခြားကြတာပဲ…”

“ ကြည့်ဦး.. အဲ့နက်ဓားဂိုဏ်းကတစ်ယောက်ရဲ့ ဘယ်အထပ်ရောက်နေပြီလဲဆိုတာ….”

မျက်တောင်တစ်ခတ်အတွင်း ရွှမ်ယီက (၄၅)ထပ်သို့ရောက်သွားခဲ့သည်။ အရှိန်ကလည်း လုံး၀ နှေးကွေးသွားခြင်းမရှိချေ။

“ အဲဒီ ရွှမ်ယီက ကုယီယီထက်ပိုပြီး မွန်စတား မဆန်နိုင်လောက်တော့ပါဘူး…”

တစ်ယောက်ယောက်က မနေနိုင်ဘဲ ပြောလိုက်မိ၏။

“ အဲ့တာက မဖြစ်နိုင်တာတော့မဟုတ်ဘူး.. မင်းတို့ သတိထားမိကြလား… ရွှမ်ယီရဲ့ အမြန်နှုန်းက အထပ်(၄၀)ကျော်လာကတည်းက လျော့ကျသွားတာမျိုးမရှိသေးဘူး…”

ကုယီယီနှင့် မင်ယွဲ့လန်တို့ပင် အထပ်(၄၀)ကျော်လာသော အချိန်၌ သူမတို့၏ အရှိန်များ လျော့ကျသွားခဲ့သည်။ သူမတို့မနေဖြင့် မျှော်စင်မှ ဖန်တီးထားသည့် ကာကွယ်သူများအား တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်ခြင်းမရှိတော့ဟု ဆိုလိုနေခြင်းပင်။

သို့သော် ရွှမ်ယီက အထပ်(၄၀)ကျော်လာသော်လည်း အထပ်(၃၀)ကျော်မှ အရှိန်အတိုင်းရှိနေသည်။ ၎င်းက ဘာကိုဆိုလိုသနည်း….?

အထပ်(၄၀)ကျော်လာသော်လည်း ကာကွယ်သူများအား ရွှမ်ယီက တစ်ချက်တည်းနှင့် သတ်ဖြတ်နိုင်သေးသည်ဟု ဆိုလိုခြင်းမဟုတ်ပေလော။

ဒါကြီးက နည်းနည်းတော့ ကြောက်ဖို့ကောင်းလွန်းတယ်…..

ကုယီယီနှင့် မင်ယွဲ့ရှုတို့ပင် ထိုကဲ့သို့ အစွမ်းမျိုးမရှိခဲ့ပေ။

“ အထပ်(၅၀)ကျော်ရင်တော့ နှေးသွားမှာပါ… ဟုတ်တယ်…”

တစ်စုံတစ်ယောက်က တံတွေးမြိုချရင်းပြောလိုက်သည်။

သို့သော် စကားဆုံးပြီးမကြာသေးခင်မှာပင် မျက်နှာတစ်ခုလုံး ပူထူသွားခဲ့၏။

အထပ်(၅၀)သို့ရောက်သွားသော်လည်း ရွှမ်ယီ၏ အရှိန်မှာ ပုံမှန်အတိုင်းပင်ဖြစ်လေသည်။

ထိုအခိုက်တန့်တွင် ကုယီယီကမူ (၅၅)ထပ်၌ ရှိနေပြီး ရှေ့ဆက်မတိုးနိုင်သေးပေ။ သူမအနေဖြင့် ထိုအထပ်၌ တိုက်ပွဲပြင်းထန်နေမှန်း လူတိုင်း သိနိုင်ပေသည်။

မကြာမီ ရွှမ်ယီ၏ ကုယီယီအား မှီသွားပေတော့မည်။

“ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ….”

မင်ယွဲ့ရှု၏ လှပသောမျက်နှာလေး၌ ထိတ်လန့်နေဟန်များ အထင်းသားပေါ်လွင်နေခဲ့သည်။

All Chapters