← Chapters

တောင်ပိုင်းတိုက်ကြီးတွင် သမိုင်းသစ်တစ်ခု ဖန်တီးခြင်း

Vol. 4 Ch. 53

တောင်ပိုင်းတိုက်ကြီးတွင် သမိုင်းသစ်တစ်ခု ဖန်တီးခြင်း

Vol. 4 Ch. 53

ကုယီယီက သူမတို့ဘိုးဘေး မင်ယွဲ့ချူ၏ မှတ်တမ်းအထိရောက်လာသောအခါ သူမ အနည်းငယ်သာအံ့ဩသွားခဲ့၏။

သို့သော် ယခုတွင် အလွန်အံ့ဩသွားခဲ့ရသည်။

အမှန်ပင်ဖြစ်၏။

အဆင့်(၅၀) ရောက်လာသည့်တိုင် ထိုလူက ပြိုင်ဘက်ကို ဆက်တိုက်သတ်ဖြတ်နေနိုင်သေးသည်။

အဲ့တာက ဘယ်လိုဖြစ်နိုင်မှာလဲ…?

မင်ယွဲ့ရှုကိုယ်တိုင်လည်း အထပ်(၅၀)မှ ကာကွယ်သူနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ အလွယ်တကူပင်အနိုင်ရခဲ့သော်လည်း တစ်ချက်တည်းသတ်နိုင်ခြင်းမရှိချေ။

“ (၅၁)ထပ်…”

“ (၅၂)ထပ်…”

“ (၅၃)ထပ်…”

“ သူ တစ်ချက်တည်းသတ်နိုင်နေတုံးပဲ…”

“ ဘုရားရေ.. ဒီကောင်က ဘယ်လို မွန်စတားမျိုးလဲ….”

နတ်ဘုရားသန့်စင်ခြင်းစေတီ ပတ်၀န်းကျင်တစ်ခုလုံး ပွတ်လောက်ရိုက်သွားခဲ့သည်။

မင်ယွဲ့ရှု နှင့် မင်ယွဲ့လန်တို့၏ အံ့ဩမှုကသူတို့ထက်ပိုပေသည်။

မင်ယွဲ့လန်သည် (၅၂)ထပ်မြောက်သို့ရောက်ခဲ့ပြီး ထိုအထပ်မှ ကာကွယ်သူထံတွင် တစ်ချက်တည်းနှင့် အသတ်ခံခဲ့ရ၏။ သို့သော် ယခုတွင် တစ်ယောက်ယောက်က ထိုအထပ်မှ ကာကွယ်သူကို တစ်ချက်တည်းနဲ့ သတ်ဖြတ်ခဲ့တာလား….?

ထိုမိန်းကလေးနှစ်ယောက်က သူမတို့အနေဖြင့် ယခင်က ကမ္ဘာကြီး မည်မျှကျယ်ပြောကြောင်း သိသည်ဟု ယုံကြည်နေခဲ့ကြသော်လည်း ယခုတွင် အလွန်အမင်း ထိတ်လန့်သွားခဲ့၏။

ယခုဖြစ်ပျက်နေသော အရာများမှာ သူမတို့ နားလည်နိုင်စွမ်းထက်ကျော်လွန်နေခဲ့သည်။

အထပါ(၅၀)ကျော်သွားသည့်တိုင် တစ်ချက်တည်းနှင့် ဆက်လက်သတ်ဖြတ်နေသေး၏။

အဇူရာအဆင့်မှ နံပါတ်(၁)တောင် ထိုသို့လုပ်နိုင်စွမ်းမရှိကြောင်း မင်ယွဲ့ရှု သေချာနေခဲ့သည်။

“(၅၅)ထပ်…”

“(၅၆)ထပ်”

ကုယီယီက (၅၅)ထပ်တွင်ရှိနေဆဲဖြစ်ပြီး ရွှမ်ယီက သူမကို ကျော်သွားခဲ့ချေပြီ။

…… ……

လူတိုင်း ပြောစရာစကားများ ပျောက်ဆုံးသွားခဲ့သည်။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က တစ်ခုခုမှားယွင်းနေခြင်းဖြစ်နိုင်သလော….?

(၅၅)ထပ် (၅၆)ထပ် သို့ရောက်နေသည့်တိုင်အောင် ထိုလူက ချက်ချင်းသတ်ဖြတ်နေနိုင်သေးသည်။

ဒါက လူသားတစ်ဦး လုပ်နိုင်တဲ့ကိစ္စလား…..?

သူက ဘယ်လိုလူစားမျိုးလဲ…..?

လူတိုင်းက မျှော်စင်နှင့်ပတ်သက်၍ ပြသနာရှိနေသလောဟုပင် သိချင်လာခဲ့၏။ ရွှမ်ယီက အရှိန်က အထပ်(၆၀)ကျော်သွားချိန်တွင် အနည်းငယ်‌နှေးကွေးသွားခဲ့သည်။

ဟုတ်ပေသည်။ အနည်းငယ်လေးသာဖြစ်၏။

ထိုအခိုက်တန့်တွင် လူတိုင်း၏ အာရုံများက ကုယီယီဆီမှ ရွှမ်ယီထံသို့ ကူးပြောင်းသွားချေပြီ။

အဓိကအဆင့်တွင် ရွှမ်ယီ၏ အဆင့်က (၇၃၆၆၁)သို့ ရောက်ရှိနေပြီဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)က မင်ယွဲ့ချူ၏ စံချိန်အား ချိုးဖျက်သွားခဲ့ချေပြီ။

ရွှမ်ယီ၏ အချိန်မှာ ဆက်လက်၍ လျင်မြန်နေဆဲဖြစ်၏။ ကုယီယီ (၅၅)ထပ်မှ (၅၆)ထပ်သို့ ရောက်ရှိသွားသည်ကိုပင် သတိထားမိသူ မရှိချေ။

“ (၇၆၀၀၀)…”

“ (၅၃၀၀၀)…”

“ (၂၀၀၀၀)…”

“ (၉၀၀၀)…”

“ (၃၀၀၀)…”

“ (၁၀၀၀)…”

“ (၃၇၆)…”

ရွှမ်ယီတက်လာသော အထပ်များတိုးလာသည့်အားလျော်စွာ အဓိကအဆင့်ရှိ သူ၏ အဆင့်မှာလည်း ဆက်တိုက်တက်လာခဲ့လေသည်။

ရွှမ်ယီ (၇၂)ထပ်သို့ရောက်ချိန်တွင် အဓိကအဆင့်၌ အဆင့်(၃၇၆)သို့ရောက်နေပြီဖြစ်၏။

မင်ယွဲ့ညီအစ်မ အပါအ၀င် လူတိုင်း ဆွံ့အနေခဲ့ကြချေပြီ။

“ သူက ဘယ်လို မွန်းစတားမျိုးလဲ…”

ထိုမျှ ပါရမီကောင်းမွန်သော သူတစ်ယောက် အဇူရာဒေသမှ ကောင်‌ကင်လေနိုင်ငံလို နေရာသေးသေးလေးတွင် ပေါ်မလာသင့်ပေ။

အဇူရာဒေသမှာ ကြီးမားသည်မှန်သော်လည်း တောင်ပိုင်းတိုက်ကြီးနှင့်ယှဉ်လျှင် အလွန်သေးငယ်လှသည်။

အဇူရာ‌အဆင့်၏ နံပါတ်(၁)ပါရမီရှင် ကျန်းချန်သည်ပင် နတ်ဘုရားသန့်စင်မျှော်စင်သို့ ၀င်ရောက်ခဲ့လျှင် သူမတို့ဘိုးဘေး မင်ယွဲ့ချူထက် များစွာမြင့်မားလိမ့်မည်မဟုတ်ချေ။

မင်ယွဲ့ရှု တစ်ယောက် သတိပြန်၀င်လာချိန်၌ မျှော်စင်သို့ကြည့်လိုက်ရာ ရွှမ်ယီက (၇၁)ထပ်တွင်မဟုတ်တော့ဘဲ (၇၉)ထပ်သို့ရောက်နေကြောင်းတွေ့လိုက်ရသည်။

အဓိကစာရင်း၏ နံပါတ်(၁)ပုဂ္ဂိုလ်မှာ တျန်ဝူဂျီ (ထာ၀ရကောင်းကင်) ဖြစ်ပြီး မှတ်တမ်းက (၇၉)ထပ်ဖြစ်ကာ မပြောင်းလဲသေးချေ။

နောက်ဆုံးတွင် တောင်ပိုင်းတိုက်ကြီးက ထိပ်ဆုံး(၁၀)ယောက်အတွင်းသို့ ရောက်ရှိသွားပြီဖြစ်သည့်အပြင် ရွှမ်ယီက အဆင့်(၂)တွင်ရှိနေခဲ့သည်။

အကယ်၍ ရွှမ်ယီသာ ဤအဆင့်အား ကျော်ဖြတ်နိုင်ပါက တောင်ပိုင်းတိုက်ကြီးက ‌နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ ထိပ်ဆုံးစံချိန်ကို ချိုးသွားပေလိမ့်မည်။

တစ်နေ့နေ့တွင် တစ်ယောက်ယောက်က အရှေ့ပိုင်းတိုက်ကြီးမှ တျန်ဝူဂျီ၏ စံချိန်ကို ချိူးဖျက်နိုင်မည်ဟု တွေးထားမိကြသော်လည်း သူတို့၏ မျက်စိရှေ့၌ မြင်ရလိမ့်မည်ဟု အိမ်မက်ပင်မမက်မိကြချေ။

နတ်ဘုရားသန့်စင်စေတီဖွင့်ချိန်တိုင်း အဓိကအဆင့်စာရင်းအား သွားကြည့်လိုက်လျှင် အမြဲတမ်းအရှက်ကွဲသလို ခံစားခဲ့ရ၏။

တိုက်ကြီးလေးခုရှိသည့်အနက် တောင်ပိုင်းတိုက်ကြီးအနေဖြင့် ထိပ်တန်း(၁၀)ယောက်မပြောနှင့် အယောက်(၁၀၀၀၀)အတွင်းပင် ၀င်နိုင်ခြင်းမရှိခဲ့ချေ။

တောင်ပိုင်းတိုက်ကြီးအတွက် အမြင့်ဆုံးမှာ အဆင့်(၉၇၂၃၀)မှ မင်ယွဲ့ချူ၏ စံချိန်ဖြစ်ခဲ့၏။

ယခုတွင်မူ တောင်ပိုင်းတိုက်ကြီးမှ တစ်ယောက်က ထိပ်ဆုံး(၁၀)ယောက်အတွင်း ၀င်သွားခဲ့ချေပြီ။

ရွှမ်ယီ…..!

ထို့အပြင် ထိုလူက အဆင့်(၂)မှာရှိနေတယ်…!

မဟုတ်သေးဘူး…

သူက နံပါတ်(၁)ဖြစ်နေပြီ….!

အဓိကအဆင့်၏ နံပါတ်(၁)နေရာတွင် တျန်ဝူဂျီအစား ရွှမ်ယီဖြစ်နေပြီဖြစ်၏။

တျန်ဝူဂျီက နံပါတ်(၂)သို့ ကျဆင်းသွားခဲ့သည်။

‌နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အားကြည့်လိုက်လျှင် (၇၉)ထပ်မှ မီးမှာ ငြိမ်းသွားခဲ့ပြီး အထပ်(၈၀)တွင် မီးလင်းလာခဲ့သည်။

“ ၁။ ရွှမ်ယီ [ တောင်ပိုင်းတိုက်ကြီး ] ၊ (၈၀)ထပ် ၊ နက်နဲဓားဂိုဏ်း…”

“ ၂။ တျန်ဝူဂျီ (ထာ၀ရကောင်းကင်) [ အရှေ့ပိုင်းတိုက်ကြီး ] ၊ (၇၉)ထပ် ၊ သွေးလကမ္ဘာ…”

“ ၃။ တာအိုချန်း [ အရှေ့ပိုင်းတိုက်ကြီး] ၊ (၇၇)ထပ် ၊ ကောင်းကင်ခွဲနန်းတော်…”

“ ၄။ ဟွမ်ဂျီယု [ အနောက်ပိုင်းတိုက်ကြီး] ၊ (၇၇)ထပ် ၊ အောက်ကမ္ဘာမိသားစု…”

“ ၅။ နှင်းရေခဲ [ အရှေ့ပိုင်းတိုက်ကြီး] ၊ (၇၆)ထပ် ၊ ရေခဲနှင်းမင်းဆက်…”

“ ၆။ ချူရှန်ခွန်း [ မြောက်ပိုင်းတိုက်ကြီး] ၊ (၇၅)ထပ် ၊ ကောင်းကင်ချူမိသားစု…”

ထိုလူတွေအားလုံး အရှေ့ပိုင်း ၊ အနောက်ပိုင်း ၊ မြောက်ပိုင်းတိုက်ကြီးများမှဖြစ်ပြီး ၎င်းတို့၏ ထိပ်ဆုံးတွင် ရွှမ်ယီ ပေါ်လာခဲ့သည်။

“ ကြည့်လိုက်ဦး.. ကုယီယီလည်း (၆၁)ထပ်ကိုရောက်နေပြီ…”

မည်သူအော်လိုက်သည်မသိ အသံတစ်သံထွက်ပေါ်လာခဲ့သည်။ ထို့နောက် လူတိုင်း၏ အကြည့်များက ရွှမ်ယီထံမှ ကုယီယီ ရှိရာ အထပ်ဆီသို့ ပြန်လည်ရွေ့လျားသွားခဲ့သည်။

ရွှမ်ယီ ထွက်ပေါ်လာကတည်းက လူတိုင်း၏ အာရုံက သူ့ထံသို့ရောက်နေခဲ့ပြီး ကုယီယီအား မေ့သွားခဲ့ကြသည်။

အကယ်၍ တစ်ယောက်ယောက်က ယခုကဲ့သို့ သတိမပေးလိုက်လျှင် ကုယီယီအား ဆက်လက်၍ မေ့နေကြပေလိမ့်မည်။

ဤအချင်းအရာကြောင့် သူတို့အား အပြစ်မဆိုသာချေ။ အဘယ်ကြောင့်ဆိုလျှင် ရွှမ်ယီပေးသော အံ့အားသင့်စရာများက ပို၍ကြီးမားနေသောကြောင့်ဖြစ်၏။

ရွှမ်ယီ၏ အထပ်(၈၀)ဟူသော ကြောက်မက်ဖွယ် စံချိန်အောက်တွင် ကုယီယီ၏ (၆၁)ထပ်မှာ အလွန်မှေးမှိန်နေခဲ့သည်။

အမှန်တိုင်းဆိုလျှင် ကုယီယီ၏ လက်ရှိအခြေအနေက အလွန်အံ့ဩစရာကောင်းနေသေးသည်။

(၆၁)ထပ်သို့ရောက်နေပြီး ၊ အဓိကအဆင့်တွင် (၅၃၆၂၁) ဖြစ်ပေသည်။

အကယ်၍ ရွှမ်ယီကဲ့သို့ လူမဆန်သည့် မွန်းစတားတစ်ကောင်သာထွက်ပေါ်မလာပါက ကုယီယီက ဤနေ့၏ ဇာတ်လိုက်ဖြစ်နေပေလိမ့်မည်။

ကြောက်မက်ဖွယ် အမှန်တရားတစ်ခုက ထိုနှစ်ယောက်လုံး ဂိုဏ်းတစ်ခုထဲမှ ဖြစ်နေခြင်းဖြစ်သည်။

(၆၂)ထပ်တွင် နာရီ၀က်ကြာ တိုက်ခိုက်ခဲ့ပြီး ကုယီယီက ထိုအထပ်မှ ကာကွယ်သူအား ရှုံးနိမ့်သွားခဲ့သည်။

ထို့ကြောင့် သူမ၏ မှတ်တမ်းမှာ (၆၁)ထပ်ဖြစ်ပြီး အဓိကအဆင့်တွင်(၅၃၆၂၁) ဖြစ်၏။

“ ဟူးးးး…”

နတ်ဘုရားသန့်စင်ခြင်း မျှော်စင်မှ ထွက်လာပြီးနောက် ကုယီယီ သက်ပြင်းချလိုက်သည်။

“ ငါ့ရဲ့ ရေခဲဝိညာဉ်ခန္ဓာ စောနလေးကမှ အသက်၀င်လာတာ နှမျောစရာပဲ…သေချာမထိန်းချုပ်နိုင်သေးဘူး.. မဟုတ်ရင် နည်းနည်းထပ်တက်နိုင်ဦးမှာ….”

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား ပြန်လှည့်ကြည့်လိုက်လျှင် (၈၅)ထပ်၌ မီးလင်းနေသည်အား တွေ့လိုက်ရသည်။

တစ်ယောက်ယောက် (၈၅)ထပ်ကို ရောက်နေတာများလား….?

ကျောက်ပြားပေါ်မှ ပင်မအဆင့်အားကြည့်လိုက်လျှင် (၈၅)ထပ်၌ ရှိနေပြီး အဆင့်(၁)တွင်ရှိနေသော သူမ၏ ဆရာအားတွေ့လျှင် အံ့ဩသွားခဲ့ရသည်။

ဒါဆို အဲ့တာ ဆရာပေါ့…

မဟုတ်သေးဘူး.. ဆရာပဲ ဖြစ်သင့်တာလို့ ပြောရမှာ….

သူမ၏ နှလုံးသားထဲ၌ ရွှမ်ယီက ဤကမ္ဘာကြီးတစ်ခုလုံးတွင် တုနှိုင်းမဲ့ ပါရမီရှင်ဖြစ်၏။

ကုယီယီက ရွှမ်ယီအား ဘာမှမမြင်နိုင်လောက်အောင် ယုံကြည်လေးစားပေသည်။

(၈၅)ထပ်အား ထားပေဦးတော့ ရွှမ်ယီအနေဖြင့် မျှော်စင်၏ ထိပ်ဆုံးသို့ရောက်သွားမည်ဆိုလျှင်ပင် ကုယီယီအတွက် ၎င်းမှာ ဖြစ်သင့်သောကိစ္စကဲ့သို့ပင်ဖြစ်၏။

ထိုအချိန်တွင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင် တစ်ဝိုက်မှ လူများက ရွှမ်ယီ မည်သည့်အဆင့်ထိရောက်မည်ကို တွေးတောခန့်မှန်းလိုခြင်းမရှိတော့ချေ။

သူတို့ထံတွင် ရှိနေသည့် တစ်ခုတည်းသောမေးခွန်းမှာ ရွှမ်ယီ ထိပ်ဆုံးထပ်သို့ ရောက်နိုင်မည်လော…..?

All Chapters