ဓားတစ်ချက်
Vol. 4 Ch. 55
“အဲ့ဒီလူပဲ…”
ကုယီယီက ပိန်ပိန်ပါးပါးနှင့်အဖိုးကြီးတစ်ဉီးအား လက်ညှိုးထိုးပြလိုက်သည်။
ကုယီယီ၏ လက်ညှိုးထိုးခြင်းကို ခံလိုက်ရသောအဖိုးကြီးက စိတ်အနည်းငယ်မသက်မသာဖြစ်သွားပြီး ရယ်မောလျက် ရှေ့သို့တိုးလိုက်သည်။
“ဟုတ်တယ်…ငါပဲ…မင်းကဘာလိုချင်လို့လဲ…”
“ဘာလဲ…မင်းရဲ့ဂျူနီယာညီမလေးအတွက် လက်စားချေချင်တာလား…”
စကားဆုံးသည်နှင့် သူထံမှအခြေတည်ဝိဉာဉ်အဆင့် အရှိန်အဝါများထွက်ပေါ်လာခဲ့သည်။
အစောပိုင်းတွင် ထိုအဘိုးကြီးက ဝေးကွာသောနေရာတစ်ခုတွင်ရှိနေသောကြောင့် ကုယီယီနှင့်ရွှမ်ယီတို့ ပြောနေသည့်စကားများကို မကြားခဲ့ပေ။
ထို့အပြင် ရွှမ်ယီ၏အသက်ကလည်း ငယ်လွန်းသေး၏။ ထို့ကြောင့် ထိုအဘိုးအိုက ရွမ်ယီအား ကုယီယီတို့၏ဆရာအဖြစ် မထင်ထားမိခဲ့ချေ။
ကုယီယီ၏ စီနီယာအကိုဟုသာ ထင်နေခဲ့၏။
လက်ရှိတွင် ရွမ်ယီ၏အမူအယာက တင်းမာခက်ထန်နေသော်လည်း ထိုအဘိုးအိုကစိတ်ထဲမထားခဲ့ပေ။
ဒီကောင်လေးရဲ့ အရည်အချင်းက အရမ်းအံသြဖို့ကောင်းလွန်းတယ်…
သို့သော် ပါရမီက ခွန်အားနှင့် တိုက်ရိုက်အချိုးမကျပေ။ ထိုကောင်လေးအနေဖြင့် မည်မျှပင်အရည်အချင်းရှိနေပါစေဉီးတော့ ထိုအသက်အရွယ်၌
စိတ်ဝိဉာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်၌သာ ရှိနိုင်သေး၏။
ပိန်ပိန်ပါးပါးအဖိုးကြီးက အခြေတည်ဝိဉာဉ်အ
ဆင့်(၂)တွင်ရှိနေပြီး ရွမ်ယီအားလုံးဝကြောက်
ရွံ့ခြင်းမရှိပေ။
“ဘန်း..!”
ရွမ်ယီက စကားတစ်ခွန်း မျှမပြောပဲကောင်းကင်ထက်သို့ လက်ဆန့်တန်းလိုက်သည်။ သူ၏ဓားအား အသုံးမပြုရခြင်းမှာ မလိုအပ်သောကြောင့်ဖြစ်၏။
သူ့အနေဖြင့် အခြေတည်ဝိဉာဉ်အဆင့်(၂)ကျင့်ကြံသူအားသတ်ရန် အဘယ်ကြောင့်ဓားအား အသုံးပြုရမည်နည်း။
ရွမ်ယီက ဓားအားအသုံးမပြုလျှင်ပင် သူ၏ ကျင့်ကြံခြင်းအခြေခံက ခြေတည်ဝိဉာဉ်အဆင့်(၄)၌ ရှိနေသေးသည်။
ထို့နောက် ထိုအဘိုးအို၏
ခေါင်းထက်တွင် စိတ်ဝိဉာဉ်စွမ်းအားဖြင့်ပြုလုပ်
ထားသည့်လက်ဖဝါးကြီးထွက်ပေါ်လာပြီး ထိုအဘိုးအို အားဖိချလိုက်၏။
“အခြေတည်ဝိဉာဉ်အဆင့်…”
“အဲ့ဒီရွမ်ယီက အခြေတည်ဝိဉာဉ်အဆင့်ပဲ…”
“အဲ့ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…သူ့အသက်
ဘယ်လောက်ရှိသေးလို့လဲ…(၂၃)လား (၂၄)လား..”
ရွမ်ယီလှုပ်ရှားလိုက်သည်နှင့် လူတိုင်းထိတ်လန့်
သွားခဲ့လေသည်။
အခြေတည်ဝိဉာဉ်အဆင့် စိတ်ဝိညာဥ်စွမ်းအားအတက်အကျများ ပေါ်ထွက်လာသောကြောင့်ဖြစ်၏။
“သူကအခြေတည်ဝိတ်ဉာဉ်အဆင့်မှာပဲ..”
မင်ယွဲ့ရှုလည်း အံ့သြသွားခဲ့၏။
ထိုရွမ်ယီက သူမနှင့် အသက်အတူတူခန့်လောက်
သာရှိသေးပြီး အခြေတည်ဝိဉာဉ်အဆင့်သို့ရောက်ရှိနေခဲ့သည်။
မင်ယွဲ့ရှုအနေဖြင့် ယခုအသက်အရွယ်တွင် အခြေတည်ဝိဉာဉ်အဆင့်သို့ရောက်ရှိနေရခြင်းမှာ မင်ယွဲ့မိသားစု၏ ထောက်ပံ့မှုများကြောင့်ဖြစ်သည်။
အကယ်၍ မင်ယွဲ့မိသားစု၏ ထောက်ပံ့မှုများမရှိပါက ထိုသို့ဖြစ်နိုင်စရာအကြောင်းမရှိပေ။
မင်ယွဲ့ရှုအနေဖြင့် မည်မျှပင်ပါရမီရှိသည်ဆိုစေဉီးတော့ အသက်(၂၀)၀န်းကျင်ဖြင့် အခြေတည်ဝိဉာဉ်အဆင့်သို့ရောက်ရန် အလွန်အမင်းခက်ခဲပေလိမ့်မည်။
ဒါပေမဲ့ ရွမ်ယီ……
“ နောက်ထပ် ဒွန်ရှန်းကုံတစ်ယောက်ပဲ…မဟုတ်သေးဘူး..ဒီလူကဒွန်ရှန်းကုံထက် ပိုကြောက်ဖို့ကောင်းတယ်…”
သူမစကားပြောနေစဉ် ထိုပိန်ပိန်ပါးပါးနှင့်အဘိုးအိုက ရွမ်ယီ၏လက်ကြီးအတွင်း၌ ဖမ်းဆီးခြင်းကိုခံထားရသည်။
ဤဖြစ်စဉ်တွင် ထိုပိန်ပါးသောအဘိုးအိုအနေဖြင့် တုံ့ပြန်ရန်ပင်အခွင့်အရေးမရလိုက်ချေ။
သူမလှုပ်ရှားခဲ့ခြင်း မဟုတ်ပေ။ မလှုပ်ရှားနိုင်ခဲ့ခြင်းသာဖြစ်၏။
“တောင်းပန်ပါတယ်…ငါ့ကိုလွှတ်ပေးပါ..”
ရွှမ်ယီက ထိုအဘိုးကြီး၏ တောင်းပန်စကားအား လျစ်လျူရှုပြီး မေးလိုက်သည်။
“မင်းကဘယ်သူမို့လို့လဲ…”
“ ငါ…ငါက ကောင်းကင်ဘုံယင်ဂိုဏ်းကပဲ…”
“ဘုန်း..”
ထိုအဘိုးကြီး၏စကားမဆုံးမီ ရွှမ်ယီက ၄င်းအား ညှစ်သတ်လိုက်၏။
ရွမ်ယီ ချက်ချင်းမသတ်ဖြတ်ရခြင်းမှာ ထိုလူဘယ်ဂိုဏ်းမှလာသည်ဖြစ်ကြောင်း သိချင်သောကြောင့်ဖြစ်သည်။
“ကောင်းကင်ဘုံယင်ဂိုဏ်းမှာ မင်းလိုအမှိုက်မျိုးရှိနေဖို့ မလိုဘူး…”
အစကတည်းက ရွမ်ယီက ထိုအဘိုးကြီးအားလွှတ်ပေးရန်အစီအစဉ်မရှိချေ။
“ဘုန်း…”
ထိုအဘိုးကြီးအား သတ်လိုက်ပြီးနောက် ရွမ်ယီက လေထဲသို့လက်မြှောက်လိုက်ပြီး လက်ထဲတွင်ဓားတစ်ချောင်းပေါ်လာခဲ့သည်။
ထို့နောက် ချက်ချင်းပင် ကောင်းကင်ထက်သို့ အလွန်ကြောက်မက်ဖွယ်ကောင်းသော ဓားတစ်ချက်ခုတ်ချလိုက်သည်။
“ ဒီနေရာကလူတော်တော်များများ ကျုပ်ဆီကရတနာတွေကို လိုချင်နေတယ်ဆိုတာ ကျုပ်သိတယ်…။ ခင်ဗျားတို့ထဲက လုယူချင်တဲ့လူရှိရင် ရှေ့ထွက်လာခဲ့လို့ရတယ်.. ဒါပေမယ့် ထွက်လာတာနဲ့ခင်ဗျားတို့အတွက် သေလမ်းပဲရှိလိမ့်မယ်..”
ရွမ်ယီ၏အသံက နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့သည်။
“ဒါက နေဦးဓားရည်ရွယ်ချက်…မဟုတ်သေးဘူးဓားရည်ရွယ်ချက်ပဲ…”
“ဓားရည်ရွယ်ချက်..ဟုတ်တယ်..ဒါ ဓားရည်ရွယ်ချက်ပဲ…”
မင်ယွဲ့ရှု၏ပါးစပ်ကလေး အနည်းငယ်ပွင့်ဟသွားခဲ့သည်။
ယနေ့တွင် ရွမ်ယီကသူမအား အံ့သြစရာများတစ်ခုပြီးတစ်ခု ပေးစွမ်းနိုင်ခဲ့သည်။
မင်ယွဲ့ရှု ကိုယ်တိုင်က ဓားကျင့်ကြံသူမဟုတ်သော်လည်း သူမမိသားစုတွင် ဓားကျင့်ကြံသူတစ်ဦး ရှိ၏။
ထို့အပြင် ထိုဓားသမားက သူမတို့မိသားစုတွင်
သာမာန်ဖြစ်တည်မှုမျိုး မဟုတ်ချေ။ မင်ယွဲ့မိသားစု၏ ဘုရင်အဆင့်ကျွမ်းကျင်သူနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် နှင်းဘုရင်တစ်ဖြစ်လဲ မင်ယွဲ့ချူဖြစ်ပေသည်။
မင်ယွဲ့ချူက ဓားသမားတစ်ဦးဖြစ်ရုံသာမက ဓားရည်ရွယ်ချက်ကိုလည်း နားလည်ထားသေးသည်။ ထို့ကြောင့် မင်ယွဲ့ချူဘုရင်အဆင့်သို့ ရောက်ရှိသွားသောအခါ သူမ၏ခွန်အားက မင်ယွဲ့ဘုရင်ထက် ပို၍အားကောင်းနေခဲ့ခြင်း ဖြစ်၏။
မင်ယွဲ့မိသားစု အဇူရာဒေသမှ ထိပ်တန်းအင်အားစု(၁၀)ခုအတွင်း ရှိနေရခြင်းမှာ မင်ယွဲ့ချူက လုံလောက်အောင် အစွမ်းထက်သောကြောင့်ဖြစ်သည်။
သူမ ဘုရင်အဆင့်သို့ရောက်ရှိသွားသောအခါ အဇူရာဒေသမှ စီနီယာဘုရင်အဆင့်ကျင့်ကြံသူများထက် အားနည်းခြင်းမရှိချေ။
မင်ယွဲ့ရှုက သူ့ရှေ့မှလူငယ်အား ကြည့်လိုက်မိသည်။
ရွမ်ယီ၏ ဓားရည်ရွယ်ချက်ကသူမတို့ မင်ယွဲ့မိသားစု၏ ဘိုးဘေး မင်ယွဲ့ချူထက် ပို၍အားကောင်းနေဟန်ရသည်။
အခြေတည်ဝိဉာဉ်အဆင့်ကျင့်ကြံသူ နားလည်ထားသော ဓားရည်ရွယ်ချက်က ဘုရင်အဆင့်
ကျင့်ကြံသူနားလည်ထားသော ဓားရည်ရွယ်ချက်ထက်ပို၍ သာလွန်နေခဲ့သည်။
လက်ရှိအချိန်တွင် နတ်ဘုရားသန့်စင်ခြင်းမျှော် စင်ပတ်ဝန်းကျင်တစ်ခုလုံး အပ်ကျသံပင်မကြားရလောက်အောင်တိတ်ဆိတ်နေ၏။
လူအများအပြားက ရွမ်ယီ၏ရတနာများလိုချင် နေကြသော်လည်း အခြေတည်ဝိဉာဉ်အဆင့်(၄) ဖြစ်သည့်အပြင် ဓားရည်ရွယ်ချက်အား နားလည်ထားသည်ကိုတွေ့လျှင် သူတို့ အလောတကြီးမလုပ်ဝံ့ကြတော့ချေ။
ထို့အပြင် ကောင်းကင်သို့ခုတ်ချလိုက်သည့် ဓားချက်မှ စွမ်းအားများက အခြေတည်ဝိဉာဉ်အဆင့်(၆) ကျွမ်းကျင်သူများအတွက်ပင် ခြိမ်းခြောက်မှု တစ်ခုကဲ့သို့ခံစားနေရ၏။
ရွှမ်ယီ၏ ခွန်အားကို တိတိကျကျမသိရသေးမီ မည်သူမျှရှေ့သို့ထွက်ရန် စိတ်ကူးမရှိကြချေ။
“ဆရာ…”
ထိုအခိုက်အတန့်တွင် လင်းဇီရင်နှင့် ကုယီယီတို့ နှလုံးသားထဲတွင် ရွမ်ယီ၏လက်ရှိပုံရိပ်က ပို၍ ကြီးမားလာခဲ့သည်။
လူတစ်ယောက်က လူ(၁၀၀၀၀) နှင့် မျက်နှာ ချင်းဆိုင်လျက် ရပ်နေခဲ့၏။
ထို့အပြင် ထိုလူများထဲတွင် အခြေတည်ဝိဉာဉ်အ ဆင့်ကျင့်ကြံသူများလည်း ရှိနေသည်။ သို့သော် သူမတို့ဆရာနှင့် ရင်ဆိုင်ရချိန်တွင် မည်သူတစ်ဉီးတစ်ယောက်မှ စိတ်လွတ်ကိုယ်လွတ် ပြုမူဝံ့ခြင်းမရှိကြချေ။
မည်မျှ ကြီးစိုးနိုင်စွမ်းရှိလိုက်လေသနည်း။
“ ဟောဒီကအဘိုးကြီး ပင်းယွမ်က အကြံဉာဏ် လေးတစ်ခုနှစ်ခုလောက် တောင်းပါရစေ..”
တိတ်ဆိတ်နေသောအခြေအနေအား အသံတစ် သံကလှုပ်နှိုးလိုက်သည်။
အခြေတည်ဝိဉာဉ်အဆင့် (၆)အကြီးအကဲတစ်ဉီး ရှေ့ထွက်လာခဲ့၏။
လူတိုင်းက ရွှမ်ယီအား စိုက်ကြည့်နေကြသည်။
နောက်လာမည့်တိုက်ပွဲတွင် ရွမ်ယီက ချက်ချင်း အနိုင်မရပဲ ကြန့်ကြာနေလျှင် သူတို့ကလူအုပ်နှင့် ဝိုင်းဝန်းတိုက်ခိုက်ကြပေလိမ့်မည်။
“ရွပ်..”
ဓားတစ်ချက်ခုတ်လိုက်သံနှင့်အတူ ဓားအလင်းတစ်ခုက ပြေးထွက်သွားပြီး ထိုအဘိုးအို၏ တိုက်ခိုက်မှုနှင့် ထိတွေ့သွားခဲ့သည်။
“ရှီး..”
ဓားရည်ရွယ်ချက်ဖြင့် အားဖြည့်ထားသည့် စွမ်းအားကြီးမားသောဓားအလင်းအောက်တွင် ထိုအဘိုးကြီးက အပိုင်းပိုင်းပြတ်ထွက်သွားခဲ့သည်။
အခြေတည်ဝိဉာဉ်အဆင့် (၆)ကျင့်ကြံသူတစ်ဉီး သေဆုံးသွားခဲ့၏။
ဓားတစ်ချက်တည်းဖြင့်………