← Chapters

မင်ယွဲ့မိသားမှ ဘုရင်အဆင့်ကျွမ်းကျင်သူ ၊ နှင်းဘုရင်

Vol. 4 Ch. 57

မင်ယွဲ့မိသားမှ ဘုရင်အဆင့်ကျွမ်းကျင်သူ ၊ နှင်းဘုရင်

Vol. 4 Ch. 57

ရွှမ်ယီတို့အဖွဲ့ပေါ်သို့ ကောင်းကင်မှ အလင်းတန်း‌(၆)ခု ကျဆင်းလာ၏။

ထို့နောက် ပတ်၀န်းကျင်မှ မြင်ကွင်းများလည်း ပြောင်းလည်းသွားခဲ့သည်။

ရွှမ်ယီ ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ၀င်ပေါက်တွင် ပြန်ပေါ်လာခဲ့ခြင်းဖြစ်သည်။

တစ်ချိန်တည်းတွင်း ကုယီယီ ၊ ကုချင်းမန် ၊ ကုတျန်းချန် နှင့် ခွန်မြောင်တို့လည်း အသီးသီးပြန်ခေါ်လာခဲ့ကြ၏။

သူတို့အဖွဲ့ မ၀င်မီအချိန်ကထက် လူအရေအတွက် လျော့ကျသွားခဲ့သည်။

ပြန်ထွက်မလာသူများကတော့ ခရမ်းလမင်းလျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားခဲ့ကြခြင်းသာဖြစ်ရပေမည်။

ခွန်မြောင်၏ တပည့်(၃)ယောက်တွင် ကုယီယီအား သဘောကျကာ အရောတ၀င်လုပ်ခဲ့ဖူးသည့် ဖန်ဇုဟူသည့် တပည့်ပြန်ထွက်လာခြင်းမရှိတော့ချေ။

ကုယီယီ၏ ကုမိသားစု၀င်များလည်း အတော်လေး လျော့နည်းနေခဲ့သည်။

“ ယီယီ.. မင်းအဖေတို့ကို သီးသန့်ပြန်ဖို့ပြောလိုက်ပါ.. ငါတို့ နက်နဲဓားဂိုဏ်းကို အရင်ပြန်ကြစို့…”

ရွှမ်ယီအနေဖြင့် လာမည့်ရက်အနည်းငယ်အတွင်း ကုယီယီ၏ ခွန်အားကို စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့်သို့ မြှင့်တင်ရန်လိုအပ်သည်။

သို့မှသာ အဓိကတာ၀န်ပြီးမြောက်ပြီး ထိုမှရသောဆုလာဘ်နှင့် နက်နဲဓားဂိုဏ်း လက်ရှိ အကြပ်အတည်းမှ လွတ်မြောက်နိုင်မည်ဖြစ်သည်။

ရွှမ်ယီသည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတစ်ဦးဖြစ်သော်လည်း အရူးမဟုတ်ပေ။

သူ၏ လက်ရှိခွန်အားနှင့် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူများကို တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ထားသော်လည်း ၎င်းက မလုံလောက်သေးချေ။

ဘုရင်အဆင့်အမွေအနှစ်ဟူသော စကားများကို လုံး၀လျှော့တွက်၍ မရချေ။

ထိုစကားလုံးများက အခြေတည်ဝိညာအဆင့်(၉) ကျင့်ကြံသူများနှင့် ဘုရင်တစ်၀က်အဆင့်များကို ရူးသွပ်သွားစေရန်လုံလောက်သည်။

မရေမတွက်နိုင်သော အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူများအားလုံး အဆုံးတွင် ဘုရင်အဆင့်သို့ချိုးဖျက်နိုင်ခြင်း မရှိခဲ့ကြချေ။

ဘုရင်အဆင့်အောက်တွင် အားလုံးမှာ ပုရွက်ဆိတ်များသာဖြစ်၏။

ဘုရင်အဆင့်သို့ ရောက်ရှိပြီးလျှင် ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များအားလုံး စိတ်ဝိညာဉ်ယွမ်စွမ်းအင်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ ၎င်းမှာ နာမည်သာပြောင်းလဲခြင်းမဟုတ်ဘဲ အရည်အသွေးပိုင်းဆိုင်ရာ တစ်ခုလုံးပြောင်းလဲသွားခြင်းမျိုးဖြစ်သည်။

ဘုရင်အဆင့်ဆိုသည်မှာ တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးတွင်ပင် ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူဖြစ်၏။

ဘုရင်အဆင့်သို့ရောက်ရှိနေသူများမှာ အလွန်များပြားခြင်းမရှိချေ။ ဒေသတစ်ခုချင်းစီ၌ပင် (၁၀)ယောက်၀န်းကျင်သာရှိနိုင်၏။

သို့သော် အခြေတည်ဝိညာဉ်အဆင့်အထွတ်အထိပ်ကျင့်ကြံသူများမှာမူ ရိုက်သတ်၍ ပင်မကုန်နိုင်လောက်အောင် ပေါများလှသည်။

ချန်နယ်မြေမိသားစု

ထိုမိသားစုမှာ အလွန်ရှေးကျသော မိသားစုတစ်ခု ဖြစ်သည့်အပြင် အဇူရာဒေသ၏ ထိပ်တန်းအင်အားစု(၁၀)ခု အတွင်းမှ တစ်ခုလည်းဖြစ်သည်။ အလားတူ ရှေးကျသော မိသားစုများပင် ၎င်းတို့အောက်၌ ဖိနှိပ်ခြင်းခံခဲ့ရသည်။

ဘာကြောင့်များလဲ…?

လွန်ခဲ့သော နှစ်(၄၀၀)ကျော်က ချန်မိသားစုတွင် ပေါ်ထွက်လာခဲ့သော ထူးခြားသည့် လူတစ်ယောက်ကြောင့်ဖြစ်၏။ ထိုလူမှာ လက်ရှိ ချန်မိသားစု၏ ဘုရင်အဆင့်ကျွမ်းကျင်သူ ချန်ရှင်းကုံ တဖြစ်လဲ ရှင်းကုံဘုရင်ဖြစ်သည်။

လွန်ခဲ့သော နှစ်(၄၀၀) ကျော်က မိသားစုလေးတစ်ခုမှနေ၍ အဇူရာဒေသ ထိပ်ဆုံးအင်အားစု (၁၀)ခု အတွင်းမှ တစ်ခု ဖြစ်လာခဲ့သည်။ ထိုအရာအားလုံး ချန်ရှင်းကုံကြောင့်ဖြစ်၏။

ချန်ရှင်းကုံသာ ဘုရင်အဆင့်သို့ ရောက်ရှိမသွားပါက ချန်မိသားစုအနေဖြင့် သမိုင်းကြောင်းထဲတွင် ပျောက်ကွယ်မသွားလျှင်ပင် မိသားစုငယ်လေးတစ်ခုသာဖြစ်နေပေလိမ့်မည်။

ချန်ရှင်းကုံကဲ့သို့ တူညီသည့် ဇာတ်လမ်းများလည်းရှိခဲ့ဖူးသည်။

ချန်ရှင်းကုံကိုအားကျပြီး ထိုလူကဲ့သို့ ဖြစ်ချင်သူ အများအပြားလဲရှိကြသည်။

မိသားစု၀င်တစ်ယောက်ကြောင့် မိသားစုတစ်ခုလုံး အဇူရာဒေသ ထိပ်ဆုံးအင်အားစု(၁၀)ခုအတွင်း ပါ၀င်သွားခဲ့သည်။

ထိုသို့သော သာဓကများနှင့်တကွ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ် ကျင့်ကြံသူများနှင့် ဘုရင်တစ်၀က်အဆင့် ကျင့်ကြံသူများ၏ ဘုရင်အဆင့်ရောက်လိုသော ဆန္ဒမှာ မည်သူမျှနားမလည်နိုင်လောက်အောင် ပြင်းထန်လွန်းလှသည်။

ဘုရင်အဆင့်သို့ရောက်သည်နှင့် သူတို့လိုချင်တာ အကုန်ရနိုင်မည်ဖြစ်သည်။

တစ်ဖက်တွင်မူ ရွှမ်ယီရင်ဆိုင်ရမည့် ပြသနာမှာ လုံး၀သေးငယ်ခြင်းမရှိပေ။

ထိုပြသနာကို ဖြေရှင်းရန် ဘုရင်အဆင့်အထွတ်အထိပ်ကျွမ်းကျင်သူ ပင်းယု၏ အကူအညီယူမှရပေလိမ့်မည်။

ထို စွမ်းအားကြီးမားသော စစ်ကူကို ခေါ်ထုတ်နိုင်ရန်အတွက် ကုယီယီ၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပြီး အဓိကတာ၀န်ကိုပြီးမြောက်အောင် လုပ်ရပေမည်။

ယင်းမှာ လုံး၀မခက်ခဲချေ။

ရွှမ်ယီသာဆန္ဒရှိလျှင် ချက်ချင်းပြီးမြောက်သွားအောင် လုပ်နိုင်စွမ်းရှိသည်။

သို့သော် ရွှမ်ယီက ထိုသို့ လုပ်လိုခြင်းမရှိပေ။

ကုယီယီအား အတင်းအကြပ်မြှင့်တင်ပေးမည်ဆိုပါက သူမ၏ အခြေခံအုတ်မြစ် ထိခိုက်သွားပေလိမ့်မည်။

ကုယီယီအနေနှင့် ထိုသို့လုပ်ရန်ဆန္ဒရှိလျှင်ပင် ရွှမ်ယီက သဘောတူမည်မဟုတ်ချေ။

လျှို့ဝှက်နယ်မြေထဲမှ သတင်းက ပြင်ပကမ္ဘာတွင်ပျံ့နှံ့ပြီး ထိုလူများ နက်နဲဓားဂိုဏ်းသို့ ရောက်ရှိလာရန် အချိန် (၂)ရက် (၃)ရက်ခန့်ကြာဦးမည်ဖြစ်သည်။

တစ်ဖက်တွင်မူ ရွှမ်ယီက ထို(၂)ရက် (၃)ရက်အတွင်း ကုယီယီ၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးရပေလိမ့်မည်။

(၂)ရက် (၃)ရက် ခန့်အချိန်ရလျှင် လုံလောက်ပြီဖြစ်၏။

………………….

ခရမ်းလမင်း‌တောအုပ်အတွင်းမှ ၀င်ပေါက်တစ်ခုတွင်

အလင်းတန်းနှစ်ခု ထွက်ပေါ်လာခဲ့ပြီး လှပသော ပုံရိပ်လေးနှစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအလှလေးနှစ်ယောက်က မင်ယွဲ့လန် နှင့် မင်ယွဲ့ရှုတို့ဖြစ်၏။

“ ဆွစ်ရှ်…”

ထိုနှစ်ယောက် ပေါ်လာသည့်နှင့်တစ်ပြိုင်နက် ခရမ်းရောင်၀တ်စုံနှင့် အမျိုးသမီးတစ်ဦး သူတို့ရှေ့၌ ချက်ချင်းပေါ်လာခဲ့သည်။

“ ဘိုးဘေး…”

ရောက်ရှိလာသူမှာ သူမတို့အတွက် သူစိမ်းမဟုတ်ချေ။

ထို အမျိုးသမီးမှာ မင်ယွဲ့မိသားစု၏ ဘုရင်အဆင့်ကျွမ်းကျင်သူ နှစ်ယောက်အနက်မှ တစ်ယောက်ဖြစ်သော နှင်းဘုရင် တစ်ဖြစ်လဲ မင်ယွဲ့ချူဖြစ်၏။ မင်ယွဲ့ရှု နှင့် မင်ယွဲ့လန်တို့၏ ဘိုးဘေးလည်းဖြစ်သည်။

သူမ၏ အသွင်အပြင်မှာ အသက်(၃၀) ၀န်းကျင်ခန့်သာရှိဟန်ရသော်လည်း အမှန်တွင် အသက်(၃၀၀) ကျော်နေပြီဖြစ်၏။

သို့သော် ဘုရင်အဆင့်ကျင့်ကြံသူများ၏ သက်တမ်းမှာ ရှည်လျားသောကြောင့် အသက်(၃၀၀) ဆိုသည်မှာ သိပ်မကြီးသေးချေ။ အဇူရာဒေသ မှ ဘုရင်အဆင့် ကျင့်ကြံသူများအကြားတွင် သူမက အတော်လေးငယ်ရွယ်သူတစ်ယောက် ဖြစ်၏။

နှင်းဘုရင်၏ ထွက်ပေါ်လာမှုက ပတ်၀န်းကျင်မှ လူများ၏ အာရုံကို မဆွဲဆောင်မိခဲ့ပေ။

ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်ယွမ်စွမ်းအင်များနှင့် ပတ်သက်၍ သူမ၏ ထိန်းချုပ်နိုင်စွမ်းမှာ ကြောက်စရာကောင်းသောအဆင့်ကို ရောက်နေပြီဖြစ်သည်။

“ အခြေအနေဘယ်လိုလဲ.. လန်အာ ဘယ်နှစ်ထပ်အထိရောက်ခဲ့လဲ… သာမန်အဆင့်မှာကော ဘယ်လောက်ရခဲ့လဲ… အဓိကအဆင့်ရော ၀င်ခဲ့သေးလား…”

နှင်းဘုရင်က သူမ၏ နာမည်အတိုင်း အလွန်အေးစက်သူတစ်ယောက်ဖြစ်၏။ စကားပြောလိုက်သည်နှင့် သူမ၏ လေသံမှာ အေးစက်စက်ဖြစ်နေပြီး ပတ်၀န်းကျင်တစ်ခုလုံး အေးစိမ့်သွားခဲ့သည်။

သူမ အတမင်လုပ်ခဲ့ခြင်းမဟုတ်ပေ။ သူမ၏ ပင်ကိုယ်စရိုက်လက္ခဏာသာဖြစ်၏။

ဤလျှိုဝှက်နယ်မြေမှ နတ်ဘုရားသန့်စင်စေတီနှင့် ပတ်သက်၍ အလွန်ထူး‌ခြားနေသည်ဟု သူမ အမြဲတမ်းခံစားနေခဲ့ရသည်။

ထို့ကြောင့် ဘုရင်အဆင့်သို့ ချိုးဖျက်ပြီးနောက် ဤနေရာသို့လာကာ လျှို့ဝှက်နယ်မြေအတွင်းသို့ အတင်း၀င်ရန်ကြိုးစားခဲ့သော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားတစ်ခု၏ တားဆီးခြင်းကိုခံခဲ့ရသည်။

ဤလျှို့ဝှက်နယ်မြေအား ဖန်တီးခဲ့သူမှာ ဘုရင်အဆင့်တွင်မှ အဆင့်မြင့်မြင့်တည်ရှိမှုမျိုးဖြစ်နိုင်သည်။

မင်ယွဲ့လန်က လျှာထုတ်လိုက်ပြီး ရှက်ရွံ့နေသော အမူအရာဖြင့်ပြောလိုက်သည်။

“ (၅၁)ထပ် ၊ သာမန်အဆင့်မှာ အဆင့်(၃) ၊ အဓိကအဆင့်ကတော့… မ၀င်နိုင်ခဲ့ဘူး…”

“ အင်း..မှန်တယ်.. အဓိကအဆင့်ကို ၀င်နိုင်ဖို့က မင်းအတွက်မလွယ်ဘူး.. ဒါပေမယ့် (၁)ထပ်လောက်ပဲ လိုခဲ့တယ်.. ငါမျှော်လင့်ထားသလိုပါပဲ.. သာမန်အဆင့်(၃)လား.. မဆိုးဘူး.. အဆင်ပြေပါတယ်….”

နှင်းဘုရင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။

လန်အာရဲ့ အရည်အချင်းက ရှုအာနဲ့ယှဉ်ရင် နည်းနည်းနိမ့်ကျတယ်…..

“ ဒါတို ရှုအာကရော ဘယ်လိုလဲ.. သာမန်အဆင့်မှာ အဆင့်(၁)မလား.. အဓိကအဆင့်ကရော ဘယ်လောက်ရခဲ့လဲ….”

“ မဟုတ်.. မဟုတ်ဘူး…”

မင်ယွဲ့ရှုက သူမအား အမေးခံလိုက်ရလျှင် ရှက်ရွံ့သွားခဲ့သည်။ ဘိုးဘေးများ၏ မျှော်လင့်ချက်ကို မဖြည့်ဆည်းနိုင်ခဲ့သောကြောင့် သူမ ရှက်ရွံနေခဲ့၏။

“ အိုး.. မင်းမဟုတ်ဘူးလား.. ဒါဆို အဇူရာအဆင့်ရဲ့ ထိပ်ပိုင်းက ကလေးတွေလည်း ရောက်လာတာလား.. မင်း ဘယ်အဆင့်ထိရောက်ခဲ့သေးလဲ.. သာမန်အဆင့်မှာရော ဘယ်လိုလဲ.. အဆင့်(၁) ကရော ဘယ်သူများလဲ….”

All Chapters