လာတဲ့လူအားလုံး သေရမယ်…!
Vol. 4 Ch. 58
နှင်းဘုရင်၏ အကြည့်များက အနည်းငယ် ရွှင်မြူးနေဟန် ရသည်။
မင်ယွဲ့ရှု၏ အဖြေက သူမခန့်မှန်းချက်အား အနည်းငယ်ကျော်လွန်ရုံမျှသာဖြစ်သည်။
နှင်းဘုရင်၏ အမြင်အရ မင်ယွဲ့ရှု၏ အရည်အချင်းက သူမထက်ပင်မြင့်မား၏။ အဇူရာဒေသတစ်ခုလုံး၌ပင် သူမထက်ကျော်လွန်သူ သိပ်မရှိပေ။
ယခုတွင် မင်ယွဲ့ရှုက သာမန်အဆင့်တွင် သူမ နံပါတ်(၁) မဟုတ်ဟု ပြောခဲ့သည်။
ထိုသို့ဆိုလျှင် အဇူရာအဆင့် ထိပ်ဆုံးမှ ကလေးတွေလည်း ရောက်လာခဲ့ကြသည်လော…?
“ (၅၁)ထပ်.. သာမန်အဆင့်မှာ အဆင့်(၄).. အဓိကအဆင့် မ၀င်နိုင်ခဲ့ပါဘူး….”
သာမန်အဆင့်ထိပ်ဆုံးလေးယောက်မှာ ရွှမ်ယီ ၊ ကုယီယီ ၊ မင်ယွဲ့လန် ၊ မင်းယွဲ့ရှုတို့ဖြစ်သည်။
မင်ယွဲ့လန်နှင့် မင်ယွဲ့ရှုတို့ အထပ်(၅၀) ကျော်အထိရောက်ခဲ့ကြသော်လည်း မင်းယွဲ့လန်က (၅၂)ထပ်အထိရောက်ခဲ့၏။
မင်ယွဲ့ရှုကမူ (၅၁)ထပ်တွင် ကုယီယီအား ရှုံးနိမ့်ခဲ့သည့်အတွက် သာမန်အဆင့်တွင် မင်ယွဲ့လန်အောက် ရောက်နေရခြင်းဖြစ်သည်။
“ အဓိကအဆင့်ကို မ၀င်နိုင်ခဲ့ဘူးလား.. ဘယ်လိုဖြစ်တာလဲ…”
နှင်းဘုရင် မျက်မှောင်ကြုတ်လိုက်မိသည်။
သူမအတွက် မင်ယွဲ့လန်၏ ရလဒ်မှာ ပုံမှန်ဖြစ်သော်လည်း မင်ယွဲ့ရှု၏ ရလဒ်ကမူ ထူးဆန်းနေသည်။
ရှုအာရဲ့ စွမ်းအားနဲ့ (၅၁)ထပ်ကိုတောင် မကျော်နိုင်ခဲ့ဘူးတဲ့လား…?
သာမန်အဆင့်မှာ လန်အာအောက်ရောက်နေတာလား…?
ဒါက လုံး၀မဖြစ်သင့်တဲ့ကိစ္စပဲ…!
မင်ယွဲ့ရှု၏ အဆင့်က သူမရောက်ခဲ့ဖူးသည်ထက်ပင် ကျော်လွန်သွားလိမ့်မည်ဟု နှင်းဘုရင်က ခန့်မှန်းထားခဲ့သည်။ သို့သော် ယခုတွင်မူ….
“ ဘိုးဘေး.. အဲ့တာ ကျွန်မတို့ အသုံးမကျလို့မဟုတ်ပါဘူး.. ဒီတစ်ကြိမ်မှာ ကျွန်မတို့ လုံး၀ကို လူမဆန်တဲ့ (၂)ယောက်နဲ့ တွေ့ခဲ့ရတာ.. မဟုတ်သေးဘူး.. သူတို့က လုံး၀ကို စူပါမွန်းစတားတွေပဲ… ဒီကိစ္စက ဒီလို……………..”
မင်ယွဲ့လန်က အဓိကအချက်များကို ဆွဲထုတ်ပြီး ပြောပြလိုက်သည်။ သူမ၏ ဇာတ်လမ်းက တောင်ရောက်မြောက်ရောက်ဖြစ်နေသော်လည်း ရွှမ်ယီအား မွန်းစတား ၊ လူမဆန်တဲ့သူ ၊ ထူးခြားသောလူ စသည်ဖြင့် ခေါင်းစဉ်မျိုးစုံတပ်ခဲ့သည်။ သို့တိုင် နှင်းဘုရင်က ဇာတ်လမ်းအား နားလည်နေနိုင်ဆဲပင်။
“ ရွှမ်ယီ.. အခြေတည်ဝိညာဉ်အဆင့်(၄).. ဓားရည်ရွယ်ချက်.. (၉၉)ထပ်…..”
အသက်(၂၀)၀န်းကျင် အခြေတည်ဝိညာဉ်အဆင့်(၄)က သိပ်အံ့ဩစရာမဟုတ်ပေ။ နှစ်ပေါင်း(၃၀၀) ကျော်နေထိုင်ခဲ့သည့် ဘုရင်အဆင့်တစ်ယောက်အနေနှင့် အဇူရာဒေသ၏ သမိုင်းတွင် ထိုကဲ့သို့လူများ အနည်းငယ်ရှိဖူးကြောင်း သူမသိထားသည်။
နှင်းဘုရင်အား အဓိက တုန်လှုပ်စေသည့်အရာမှာ အခြေတည်ဝိညာဉ်အဆင့်မျှနှင့် ဘုရင်အဆင့် ဓားတာအိုလမ်းကြောင်းကျင့်ကြံသူများပင်နားမလည်နိုင်သော ဓားရည်ရွယ်ချက်အား နားလည်ထားခြင်းဖြစ်သည်။
ဒါက နည်းနည်းတော့ ကြောက်ဖို့ကောင်းတယ်…!
ဓာတာအိုကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အားလျော်စွာ ဓားရည်ရွယ်ချက်အား နားလည်ရန် မည်မျှခက်ကြောင်း သူမ ကောင်းစွာနားလည်ထားသည်။
“ ဒီတိုင်းဆို မင်းတို့အမှားတော့မဟုတ်ပါဘူး.. ဒီကောင်လေးရဲ့ ပါရမီကိုက အရမ်းထူးခြားနေတာ.. အဇူရာဒေသ အပြင်ဘက်မှာတောင် အဲ့ဒီရွှမ်ယီကို ပါရမီရှင်တစ်ယောက်လို့ သတ်မှတ်ရလိမ့်မယ်….”
“ စိတ်၀င်စားစရာဘဲ.. မွန်းစတားပါရမီရှင်တွေက ဒီလို သေးငယ်တဲ့ ကောင်းကင်လေနိုင်ငံလို နေရာမျိုးမှာရှိနေတယ်.. တစ်ယောက်က အခြေတည်ဝိညာဉ်အဆင့်နဲ့ ဓားရည်ရွယ်ချက်ကိုနားလည်ထားပြီး နောက်တစ်ယောက်က ရေခဲဝိညာဉ်ခန္ဓာကိုယ်ရှိတယ်….”
‘ အဲ့တာတင်မဟုတ်သေးဘူး.. ရွှမ်ယီအသုံးပြုတဲ့ ဓားရည်ရွယ်ချက်က ဘိုးဘေးအသုံးပြုတာပိုပြီး အစွမ်းထက်တယ်.. နည်းနည်းလေးအစွမ်းထက်တာတောင် မဟုတ်ဘူးနော်…….’
မင်ယွဲ့ရှုက စိတ်ထဲမှပြောလိုက်မိသည်။
အပြင်တွင်တော့ထုတ်မပြောခဲ့ပေ။ မဟုတ်လျှင် နှင်းဘုရင်ထိတ်လန့်သွားမည့်အပြင် ယုံကြည်လိမ့်မည်လည်းမဟုတ်ချေ။
“ ရှုအာ မိသားစုဆီကို ပြန်ကြစို့.. ငါ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီက ရထားတဲ့ ကောင်းကင်အဆင့်၏ ဇီသာနည်းစနစ်တစ်ခုရှိတယ်.. အဲ့တာ မင်းကိုသင်ပေးမယ်….”
“ နောက်ထပ်အနေနဲ့ အဇူရာဒေသ ပြိုင်ပွဲအတွက် မင်းပြင်ဆင်ရလိမ့်မယ်.. ပြိုင်ပွဲမစခင် အခြေတည်ဝိညာဉ်အဆင့်(၂)ကို ချိုးဖျက်ပြီး ကောင်းကင်အဆင့်ဇီသာ နည်းစနစ်အသစ်ကိုလည်း ကျွမ်းကျင်တဲ့အထိ လေ့ကျင့်ရမယ်… မင်းက ငါတို့ မင်ယွဲ့မိသားစုအတွက် အဆင့်ကောင်းတစ်ခုယူပေးဖို့ မျှော်လင့်တယ်.. ရှေ့နှစ်တွေမှာ ငါတို့မိသားစု ထိပ်ဆုံး(၁၀)ယောက်ထဲ မပါခဲ့တာကြာပြီ….”
“ လန်အာ မင်းလည်းအတူတူပဲ.. သောင်းကျန်းဖို့မစဉ်းစားနဲ့တော့.. ကောင်းကောင်းလေ့ကျင့်…..”
ရုတ်တရက် နှင်းဘုရင်က တင်းမာသောလေသံဖြင့် မင်ယွဲ့လန်အားပြောလိုက်သည်။
မင်ယွဲ့လန် ခပ်မြန်မြန်ခေါင်းညိတ်လိုက်၏။
သူမ၏ ဘိုးဘေးအား ကလန်ကဆန်မလုပ်ရဲချေ။
“ မပြန်ခင် နက်နဲဓားဂိုဏ်းကို အရင်သွားကြည့်ရအောင်…”
နှင်းဘုရင်က ဘုရင်အမွေအနှစ်အား စိတ်မ၀င်စားသော်လည်း ရွှမ်ယီ၏ စွမ်းအားက မင်ယွဲ့ရှု နှင့် မင်ယွဲ့လန်တို့ပြောသလို အမှန်တကယ် အံ့ဩစရာကောင်းသလား သိချင်နေခဲ့သည်။
မင်ယွဲ့ရှု၏ မျက်၀န်းကလေးများတွင် ပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းလားခဲ့သည်။
သူမအနေဖြင့် ထိုသို့လုပ်လိုသော်ဆန္ဒရှိခဲ့သော်လည်း ဘိုးဘေးအား အကြံမပေးရဲခဲ့ချေ။
မင်ယွဲ့ရှုက ရွှမ်ယီအား ကြိုက်နှစ်သက်သည်မဟုတ်သော်လည်း ထိုသူ၏ အစွမ်းကို လေးစားမိသည်ကအမှန်ပင်ဖြစ်သည်။ ရွှမ်ယီက မရေမတွက်နိုင်သော လူများကို ဓားတစ်ချောင်းဖြင့် တားဆီးခဲ့သည့် ပုံရိပ်က အလွန်အထင်ကြီးစရာဖြစ်ခဲ့လေသည်။
သူမအနေဖြင့် ထိုကဲ့သို့ ပါရမီရှင်တစ်ဦးအား စောစောစီးစီးသေဆုံးမသွားစေချင်သည်က အမှန်ပင်ဖြစ်၏။
“ ဟေး.. ဟေး.. ဇာတ်လမ်းကောင်းတစ်ပုဒ် သွားကြည့်ရတော့မယ်ကွ…”
မင်ယွဲ့ရှု နှင့်ယှဉ်လျှင် မင်ယွဲ့လန်က အများကြီးမစဉ်းစားခဲ့ပေ။ သူမအနေဖြင့် ယခုကဲ့သို့ ဇာတ်လမ်းကောင်းတစ်ပုဒ်အား သွားကြည့်ရမည်ဟု ကြားလျှင် ပျော်ရွှင်စွာ ထခုန်လိုက်သည်။
……………..
နက်နဲဓားဂိုဏ်းသို့ပြန်ရောက်သည်နှင့် ဂိုဏ်းချုပ် ကျန်းနန်ထျန်က ရွှမ်ယီထံသို့ ချက်ချင်းရောက်ချလာ၏။
“ အကြီးအကဲရွှမ်.. အပြင်မှာ ပြန့်နေတဲ့ကောလဟာလတွေက အမှန်ပဲလား.. မင်း ဘုရင်အမွေအနှစ်ကို တကယ်ရလာတာလား…”
ကျန်းနန်ထျန်က အံ့ဩနေသော လေသံဖြင့်မေးလိုက်သည်။
အခြေတည်ဝိညာဉ်အဆင့်…
ဓားရည်ရွယ်ချက်…
အဆုံးမဲ့တံခါးဂိုဏ်းမှ အကြီးအကဲရန် နှင့် ယုလောင်နန်းတောင်မှ မဟာအကြီးအကဲဖန်တို့ကို အနိုင်ယူခဲ့တယ်…
နတ်ဘုရားသန့်စင်စေတီမှာ ထိပ်ဆုံးထိရောက်ခဲ့ပြီး ဘုရင်အမွေအနှစ်ကို ရခဲ့တယ်….
ထိုစကားများအား ကြားလျှင် ကျန်းနန်ထျန်တစ်ယောက် စကားပင်မပြောနိုင်လောက်အောင် အံ့ဩသွားခဲ့ရသည်။
ယုလောင်နန်းတော်က ဖန်တိုင်ရှန်းက ဘယ်လိုလူစားမျိုးလဲ…?
ကောင်းကင်လေနိုင်ငံရဲ့ ထိပ်ဆုံးအတန်းမှာ ရှိနေတဲ့က ပုဂ္ဂိုလ်မဟုတ်ပေလော…
သူက ရွှမ်ယီကို ရှုံးနိမ့်ခဲ့တာလား…..
သို့သော် လူတိုင်းက ထိုအကြောင်းအား အတည်ပြုပြောကြားနေကြသောအခါ မယုံ၍လည်းမရတော့ချေ။
ယခင်က ကျန်းနန်ထျန်တစ်ယောက် ရွှမ်ယီ၏ ပါရမီက အလွန်ထူးခြားကြောင်း နားလည်ထားခဲ့သည်။
ကောင်းကင်လေနိုင်ငံ၏ သမိုင်းတွင်ပင် ထိုကဲ့သို့လူမျိုးမရှိခဲ့ပေ။
သို့သော် ယခုတွင်မူ သူ့အနေဖြင့် ရွှမ်ယီအား လျှော့တွက်ခဲ့မိသေးကြောင်း နားလည်သွားခဲ့သည်။
“ အမှန်ပဲ.. ဘုရင်အဆင့်အမွေအနှစ်လည်းပါတယ်….”
ရွှမ်ယီက ကျန်းနန်ထျန်းကို ဖုံးကွယ်ထားရန် စိတ်ကူးမရှိချေ။
ကျန်းနန်ထျန်းအနေဖြင့် ပျော်ရွှင်သင့်သော်လည်း ပျော်ရွှင်သလိုမခံစားခဲ့ရပေ။
ဘုရင်အဆင့်အမွေအနှစ်ဆိုသည်မှာ အလွန်တန်ဖိုးကြီးမားသည်မှန်သော်လည်း အာလူးပူပူကြီးတစ်လုံးသာဖြစ်၏။
ဘယ်သူရရှိထားသလဲ ဟူသည့်မေးခွန်းအပေါ်တွင်လည်း မူတည်သည်။
ရွှမ်ယီက အနှိုင်းမဲ့ ပါရမီရှင် တစ်ယောက်ဖြစ်ကောင်းဖြစ်နိုင်သည်။ ဖန်တိုင်ရှန်းအား အနိုင်ယူခဲ့သည်မှာ မှန်သော်လည်း ထိုရတနာအား ကာကွယ်နိုင်ရန်မှာမူ အဝေးကြီးလိုနေသေးသည်။
“ ဂိုဏ်းချုပ်… ခင်ဗျား ကျုပ်ကိုယုံလား…”
အလွန်စိတ်လှုပ်ရှားနေသော ကျန်းနန်ထျန်အား ကြည့်ကာ ရွှမ်ယီက မေးလိုက်သည်။
“ ငါမင်းကို ယုံပါတယ်.. ဒါပေမယ့် ငါတို့ပြောနေတာ အဲ့အကြောင်းမဟုတ်ဘူးလေ….”
“ ခင်ဗျား ကျုပ်ကိုယုံတယ်ဆိုရင်.. စိတ်အေးအေးထားပြီး ဒီကိစ္စမှာလည်း ဆက်ယုံထားလိုက်.. ကျုပ်က ဘုရင်အမွေအနှစ်ကို သိပ်ပြီး စိတ်မ၀င်စားဘူး.. ဒါပေမယ့် ကျုပ်လက်ထဲမှာ ရှိနေတဲ့အရာကိုလည်း ဘယ်သူမှ လုယူလို့မရဘူး.. လုချင်တဲ့လူတွေအတွက်ကတော့ သေလမ်းပဲရှိလိမ့်မယ်….”
ရွှမ်ယီက ဆေဘာဘုရင်၏ အမွေအနှစ်အား အမှန်တကယ်စိတ်မ၀င်စားချေ။
ဘုရင်အဆင့်လား…?
ချိုးဖျက်ဖို့ခက်တာလား…?
တခြားလူတွေ အတွက်ပဲ ဖြစ်လိမ့်မယ်….!
ငါ့အတွက်ကတော့ ဘုရင်အဆင့်ဆိုတာ အစပဲရှိသေးတယ်….!
“ မကြာခင်မှာ မင်း ဘယ်လိုရန်သူတွေနဲ့ရင်ဆိုင်ရမယ်ဆိုတာ သိရောသိရဲ့လား…”
ကျန်းနန်ထျန်က ရွှမ်ယီ၏ မျက်လုံးများအား စိုက်ကြည့်ကာမေးလိုက်သည်။
“ ကျုပ်သိပါတယ်…”
“ ဒါဆို ဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် ယုံကြည်မှုဘယ်လောက်ရှိလဲ…”
“ (၁၀)ရာခိုင်နှုန်း…”
ရွှမ်ယီက ကျန်းနန်ထျန်အား အပြုသဘောဆောင်သည့်အဖြေတစ်ခုပေးခဲ့လိုက်သည်။
အန္တရာယ်ကို ကျော်ဖြတ်ရမှာလား…!
မဟုတ်ဘူး.. ဒါက သတ်ဖြတ်မှုတစ်ခုပဲဖြစ်လိမ့်မယ်…!
အားလုံးကို သတ်မှာ…
ဘယ်သူတွေလာကြမလဲ.. လာသမျှ သေရလိမ့်မယ်…!
အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်လား.. သေလိုက်..
ဘုရင်အဆင့်တစ်၀က်လား..? လာရဲတာနဲ့ သေရမယ်…
ဘုရင်အဆင့် ဖြစ်နေရင်တောင် အသက်ရှင်ဖို့ အခွင့်အရေးမရှိဘူး….
သူပိုင်သော အရာကို ဘယ်သူမှ လုယူ၍ မရကြောင်း လူတိုင်းကို ဤတိုက်ပွဲနှင့် သတိပေးရပေလိမ့်မည်။