ဓားနှင့်လူ ပေါင်းစည်းခြင်း။
Vol. 162 Ch. 2255
ဤဖြစ်စဉ်သည် အချိန်အတော်ကြာနေ သဖြင့် ခရမ်းငယ်က ပျင်းရိစွာ အိပ်ပျော်သွား ခဲ့သည်။
သူမ နိုးလာချိန်၌ သုံးရက် ကုန်လွန် သွားပြီဖြစ်သည်။ သို့သော် ငလျင်မှာ လှုပ်နေဆဲ ဖြစ်၏။
“ မပြီးကြသေးဘူးလား။ ”
စိတ်ရှုပ်ထွေးစွာဖြင့် နှုတ်ခမ်းစူမိ၏။ ဤကိစ္စသည် ဤမျှ ကြာတတ် သည်လော။ နောက်ထပ် တစ်ရက်နှင့် နေ့တပိုင်းကြာ ပြီးနောက် ငလျင်ရပ်သွား၏။
“ ခါးနာလိုက်တာ ... ။ ”
“ ယောကျ်ား ဘာဖြစ်လို့လဲ။ ”
“ ငါ့ခါး ... ။ ”
“ ကူညီပါရစေ ... ။ ”
ခိုးနားထောင်နေသော ခရမ်းငယ် မျက်နှာနီရဲသွားသည်။ ကိစ္စများ ပြီးသွားပြီဟု ထင်ခဲ့သော်လည်း နောက်ထပ်တစ်ရက် ထပ်မံကုန်လွန်သွားပြန်၏။
နှစ်ဦးသား ထွက်လာသော အခါတွင် လင်းယွန်နဖူး၌ ချွေးများ ရွဲနစ်နေ၏။ တစ်ဖက်၌ ဆုစီယာသည် နှင်းဆီရောင် သမ်းနေခဲ့သည်။
“ လင်းယွန် ... နင်ပင်ပန်းနေတာလား ... နင့်မှာ မိုးပြာနဂါး နတ်ခန္ဓာရှိတယ် မဟုတ်လား၊ ဘာလို့ ဒီလောက် ပင်ပန်းနေရတာလဲ၊ စောစောက နင့်ခါးနာတယ်လို့ ပြောနေသံ ငါကြားတယ်။ ”
လင်းယွန်က ရှက်ရွံ့စွာဖြင့် မည်သို့ ရှင်းပြရမည်ကို မသိ ဖြစ်သွားသည်။ ဆုစီယာက ပြုံးပြီး၊
“ နတ်ခန္ဓာက အထင်ကြီးစရာမှ မရှိတာ။ ”
-ဟု ပြန်လည် ပြောကြားလိုက်၏။ ခရမ်းငယ်တစ်ယောက် ချက်ခြင်း နားလည်ကာ လင်းယွန်ထံ ပြန်ကြည့်သည်။
“ နင် တကယ် အားနည်းတာပဲ။ ”
ဆုစီယာက ပြုံးလျက် လင်းယွန် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြုပြင်ပေးလိုက်၏။
နောက်ထပ် ရက်အနည်းငယ် အတူတူ အချိန်ဖြုန်းကြသည်။ နေ့ဘက်တွင် ကျင့်ကြံကာ ညဘက်တွင် သတို့သမီးခန်း ဝင်၏။
လင်းယွန်က နတ်သွေး သစ်သီး၏ အရွက်များ ထုတ်ယူပြီး နဂါးလေး၊ ခရမ်းငယ်၊ ဆုစီယာနှင့် မျှဝေသုံးရန် ကြိုးစားသည်။ ဆုစီယာက ငြင်း၏။ သူမအတွက် ထိုသို့သော ရတနာများ မချို့တဲ့ချေ။
ခုနစ်ရက်အကြာတွင် နဂါး-ဖီးနစ် ကမ္ဘာဖျက်ဓားကျမ်းကို နဝမအဆင့်သို့ ရောက်ရှိ လာခဲ့သည်။ မျက်လုံးဖွင့်လိုက်သော အခါတွင် သူ့ကိုယ်သူ နှစ်ပိုင်းခွဲလိုက်၏။
တစ်ယောက်သည် ကောင်းကင်နဂါး ဖြစ်ကာ၊ ကျန်တစ်ယောက်သည် နတ်ဖီးနစ် ဖြစ်သည်။
အမျိုးမျိုးသော ကြောက်စရာ ကောင်းသည့် ဖြစ်စဉ်များ ပွင့်လန်းလာပြီး အဝေးမှကြည့်သော် ထိတ်လန့်ဖွယ် ကောင်း၏။
နဂါး-ဖီးနစ် စွမ်းအားသည် နဝမမြောက် အဆင့်သို့ ရောက်ရှိချိန်၌ အဖျက်စွမ်းအင် အဖြစ် ပြောင်းလဲသွားပေသည်။
ဤအရာက ကောင်းကင် နဂါးနှင့် နတ်ဖီးနစ်၏ အုတ်မြစ် ဖြစ်လာ၏။ သူ့ကိုယ်သူ နှစ်ပိုင်း ခွဲခြင်းဖြင့် အလုပ်များစွာ လုပ်ဆောင် နိုင်ပေမည်။
လူနှစ်ယောက် ထပ်လာသော အခါ နဂါးဟောက်သံနှင့် ဖီးနစ် အော်ဟစ်သံများ ပဲ့တင်ထပ်နေသည်။
နောက်အခိုက်အတန့်တွင် ဓားမိုးများ ရွာကျလာ၏။ အပြစ်ကင်းပြီး ကြောက်မက်ဖွယ် ကောင်းသော ဓားရည်ရွယ်ချက် ဖြစ်သည်။
ကျွန်းပေါ်ရှိ အပင်များအားလုံး ရှင်သန်လာကာ မြက်ပင်တိုင်းသည် ငွေရောင် စက်ကွင်းကို ခြုံထား၏။
ဤအခိုက်အတန့်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် ဓားဖြစ်သည်။ ဤသည်မှာ နတ်အလင်းဓား ရည်ရွယ်ချက် ဖြစ်လာသည့် လက္ခဏာ ဖြစ်၏။
ဆုစီယာက မျက်လုံးဖွင့် ကြည့်လိုက်သည်။
“ နောက်ဆုံးတော့ ဒီလူယုတ်မာက နတ်အလင်းဓား ရည်ရွယ်ချက်ကို နားလည် သွားပြီ။ ”
ခရမ်းငယ်နှင့် နဂါးလေးက ရွှင်မြူးစွာ ပြေးလာကြ၏။ သတို့သမီးအခန်း ဝင်ပြီးနောက် လင်းယွန်၏ စိတ်အခြေအနေမှာ တိုးတက် လာပုံရသည်။
ခရမ်းငယ်က ဆုစီယာ ဘေးတွင် ရပ်လိုက်ပြီးနောက် လက်ဖဝါးကို ဆုပ်ကိုင်ထား သဖြင့် သမီးတစ်ယောက်ကဲ့သို့ ထင်မှားစေ၏။
“ နတ်အလင်းဓား ရတာနဲ့ ... ဓားဒိုမိန်းကို ပုံဖော်နိုင်ပြီ။ ”
ဆုစီယာမှ ပြောကြားခဲ့သည်။ နတ်အလင်းဓားနှင့် ဓားဒိုမိန်း ဖွဲစည်းခြင်းသည် အခြား လူများအတွက် ခက်ခဲသော်လည်း လင်းယွန်အတွက် လွယ်ကူနေ၏။
နတ်အလင်းဓားကို မရခင်တည်းကပင် ဓားဒိုမိန်းကောက်ကြောင်းကို ဓားနှလုံးသားဖြင့် ဖွဲ့စည်းထားနိုင်ခဲ့သည်။
၎င်းကို အမည်ခံ ဓားဒိုမိန်းအဖြစ် ယူဆနိုင်၏။ ယခုမူ စစ်မှန်သော ဒိုမိန်းတစ်ရပ် ဖြစ်လာပေမည်။
အနာဂတ်တွင် နိဗ္ဗာန် ရည်ရွယ်ချက်ကို ဆုပ်ကိုင်နိုင်သော် ပို၍ အစွမ်းထက်လာပေမည်။ လင်းယွန်တစ်ယောက် ကျွန်းတစ်ခုလုံးကို အတွေးတစ်ချက်ဖြင့် မြင်လာနိုင်၏။
နောက်ဆုံးတွင် မြင့်မြတ်သော ပိုးစာပင်ကြီး၏ ထူးခြားမှု တစ်စုံတစ်ရာကို သတိပြုမိ လိုက်သည်။
သစ်ပင်၌ ရွှေမီးတောက်များ တောက်လောင်နေကာ စူးရှတောက်ပသည့် ရောင်ခြည်များ ထွက်ပေါ်နေ၏။
ဓားရည်ရွယ်ချက်သည် အတွေး တစ်ချက်တည်းဖြင့် ကြောက်မက်ဖွယ် အမြင့်သို့ ရောက်ရှိသွားသည်။
ဤနယ်မြေအတွင်း ပန်းသင်္ချိုင်းကို ကိုင်လျက် အရာအားလုံး သူ့နှလုံးသားနှင့် ဆက်စပ်နေသည်ဟု ခံစားလာရ၏။
“ ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်ခြင်း … ။ ”
လင်းယွန်က သူ့ဓားကို ဆွဲထုတ်ပြီး ဓားနှလုံးသား လွှတ်တင်လိုက်သော အခါတွင် ပဲ့တင်ထပ်သံများ မြည်လာ၏။
ယခင်က မိုးပြာနဂါး ဓားနှလုံးသားသည် ငွေရောင်နယ်မြေဖြစ်သည်။ ငွေရောင်နယ်မြေ၏ ပေတစ်ရာ အတွင်း၌ ဓားရည်ရွယ်ချက်မှာ ပို၍ ကြောက်စရာ ကောင်းလာ၏။
၎င်းသည် သူ့ကို နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်စေပြီး မည်သူ့ကိုမဆို တစ်ချက်ကြည့်ရုံဖြင့် ထိတ်လန့်သွားစေမည် ဖြစ်သည်။
“ ရွှပ် ... ။ ”
ပိုးစုန်းကြူး နတ်ဓားကို ထုတ်ဖော် လိုက်သောအခါတွင် ဘုန်းဝိညာဉ် လေးပါးက အသက် ဝင်လာပြီး အစွမ်းထက်သော ရောင်ဝါများ ထွက်လာ၏။
“ မိုးပြာနဂါး ဓားဒိုမိန်းနဲ့ ... ဘုန်းဝိညာဉ် လေးပါးကို အလွယ်တကူ အသက်သွင်း နိုင်ပြီ၊ ပြီးတော့ ပန်းသင်္ချိုင်းကို ဓားဒိုမိန်းနဲ့ ပေါင်းစပ် နိုင်တယ်။ ”
လက်ထဲက ပန်းသင်္ချိုင်းကို စိုက်ကြည့်ကာ မျက်ဝန်းများ တောက်ပနေခဲ့၏။ ပန်းသင်္ချိုင်းကို ရွေ့လျားလိုက်ချိန်တိုင်း ဓားနယ်မြေတစ်ခုလုံး လိုက်ပါ နေသလို ပေပင်။
တတိယအဆင့် သူတော်စင် သခင်ကို အလွယ်တကူ နှိမ်နင်းနိုင်၏။ အကယ်၍ စတုတ္ထ အဆင့် သူတော်စင်သခင် သုံးပါးနှင့် ထပ်မံ ရင်ဆိုင် ရပါက ဖိအားရှိတော့မည် မဟုတ်ချေ။
စတုတ္ထအဆင့် သူတော်စင် သခင်၏ သူတော်စင်စွမ်းအင်သည် ပင်လယ်နှင့်တူသည်။ နောက်ဆုံးတွင် သူတော်စင် စွမ်းအင်နှင့် သူတော်စင် ရောင်ဝါကြား အရည်အသွေး ကွာခြားချက်ကြီးမားသည်။
“ ဓားရည်ရွယ်ချက် ... ။ ”
ရုတ်တရက် တစ်ခုခုကို တွေးမိပြီး မျက်လုံးများ တောက်ပလာသည်။
“ ဟား ဟား ဟား ... ။ ”
“ အား ... မလုပ်နဲ့ ... ။ ”
ကျယ်လောင်စွာ ရယ်မောလျက် လင်းယွန်က ပန်းသင်္ချိုင်းကို သူ့ရင်ဘတ်ထဲ ထိုးသွင်း လိုက်သဖြင့် ခရမ်းငယ်နှင့် ဆုစီယာ ခမျာ အာမေဋိတ်သံများ ထွက်သွား၏။
သို့သော် သူတို့ မျှော်လင့်ထားသကဲ့သို့ သွေးများ ပန်းထွက်လာခြင်း မရှိဘဲ အလင်းများ တောက်ပလျက် မြုပ်ဝင်သွားသည်။
ဓားတစ်လက်လုံး ရင်ဘတ်ထဲ ပျောက်ကွယ်သွားပြီးနောက် ဓားနယ်မြေ ပျောက်ကွယ်သွား၏။
“ ဒါက ... ။ ”
ခရမ်းငယ်က ဤမြင်ကွင်းကို ရင်းနှီးနေသည်ဟု ခံစားမိကာ အတွေးထဲ နစ်မျောသွားသည်။
“ အဲဒါကို စိတ်မပူပါနဲ့ ... ဂိုဏ်းဆရာ မူရွှမ်ကောင်ရဲ့ လျှို့ဝှက်ချက်ကို ငါအခုနားလည် သွားပြီ။ ”
လင်းယွန်မှ ပြုံးလိုက်သည်။ သူသည် ဓားနယ်မြေကို ပထမဆုံးအကြိမ် မြင်ဖူးစဉ်က မူရွှမ်ကောင် လုပ်ရပ်ထံ ရည်ရွယ်ခြင်း ဖြစ်၏။ ထိုစဉ်က သူသည်လည်း သူမတို့ ကဲ့သို့ မျက်လုံးပြူး ခဲ့ဖူးသည်။
ဂိုဏ်ချုပ်သည် သူ့ဓားကို သုံးနှစ်တိုင်တိုင် နှလုံးသားထဲ ဝှက်ထားပြီး သူတော်စင်သွေးနှင့် အရောင်တင်ခြင်း ဖြစ်၏။
အံ့သြနေဆဲ ဖြစ်သော ဆုစီယာထံ ကြည့်လျက် ပန်းသင်္ချိုင်းကို လင်းယွန်မှ ပြန်၍ ဆွဲထုတ်ပြလိုက်သည်။ ဓားရောင်ဝါ ဖွေးခနဲ တောက်ပလာ၏။
“ ဓားနဲ့လူ ပြီးပြည့်စုံသော ပေါင်းစပ်မှု မယုံနိုင်စရာပဲ ငါကြားဖူးတယ် မူရွှမ်ကောင်က နှစ်ပေါင်း သုံးရာလုံးလုံး သူ့ဓားကို ဒီနည်းနဲ့ ဝှက်ထားခဲ့တယ်၊ ဒါကို နင်က လွယ်လွယ် နားလည်သွားတာလား။ ”
ပန်းသင်္ချိုင်းဓား ဆွဲထုတ်သည်ကို မြင်ပြီးနောက် ဆုစီယာက ပြောကြားလိုက်၏။ လင်းယွန်မှ ပြုံးပြီး၊
“ ဆုစီယာ ... မင်းယောက်ျားက ဘယ်သူမို့လဲ ... ကောင်းကင်နဂါး သခင် ပန်းသင်္ချိုင်းပဲ မဟုတ်လား။ ”
-ဟု ဝံ့ကြွားစွာ တုန့်ပြန် လိုက်တော့သည်။
***