← Chapters

တောင်ကြားမှထွက်ခွာခြင်း။

Vol. 162 Ch. 2257

တောင်ကြားမှထွက်ခွာခြင်း။

Vol. 162 Ch. 2257

ဆုစီယာသည် ကောင်းကင် သင်္ချိုင်း၏ ဖိအားကို ခံနိုင်ရည်ရှိသောကြောင့် မေးမိခြင်း ဖြစ်၏။

သူတော်စင် တစ်ပါးပင် အုပ်စိုးရှင် နက္ခတ်ဖိအားကို ခံနိုင်ရည်ရှိရန် မဖြစ်နိုင်ချေ။ ဆုစီယာက ခေါင်းညိတ်ပြပြီး၊

“ ဒါပေမယ့် ငါက သူတပါးရဲ့ အုပ်စိုးရှင် ကြယ်စုကို အမွေဆက်ခံထားတာမို့ လင်းငယ်ကို ယဉ်လို့မရပါဘူး။ ”

“ ငါ ယုံတယ်။ ”

လင်းယွန်က ပြုံးသည်။ ဆုစီယာသည် နှိမ့်ချသော်လည်း မပျော့ညံ့ကြောင်း သူအသိဆုံး ဖြစ်သည်။

နောက်ရက် အနည်းငယ် ထပ်မံ ကုန်ဆုံးသွား၏။ ထိုရက်များအတွင်း တစ်ရက်မျှ မနားခဲ့ချေ။ လေ့ကျင့်မှုများ ဆက်လက် လုပ်ဆောင် နေခဲ့သည်။

နတ်သွေး အရွက်များကြောင့် ကျင့်ကြံမှုမှာ အလွန် တိုးတက်နေသည်။ သို့သော် သူတော်စင် နယ်ပယ်သို့ တက်လှမ်းရန် အရင်းအမြစ် တစ်ခု တည်းဖြင့် မလုံလောက်ချေ။

လက်ရှိတွင် နတ်အလင်းဓားကို ဆုပ်ကိုင်မိပြီး ဓားသုတ္တန်နှစ်ပါးနှင့် အုပ်စိုးရှင် နက္ခတ် ဆင့်ခေါ်နိုင်သည်။

ထို့ကြောင့် ထာဝရတာအို ဖြစ်သော နိဗ္ဗာန်ကို နားလည်မှု ရယူသွားရန် ပြောင်းလဲ လိုက်သည်။

၎င်းကိုသာ အောင်မြင်က ခွန်အားသည် စိတ်ကူး မယဉ်နိုင်သော အသွင်ကူးပြောင်းမှုကို ရရှိမည် ဖြစ်သည်။

ထိုအချိန်၌ ဝှက်ဖဲ သုံးချပ်ထက် ပိုမည် ဖြစ်သည်။ အရာအားလုံးသည် နိဗ္ဗာန်တာအိုသို့ ဦးတည် သွားကြသည်။

ကံကြမ္မာတာအို မပေါ်သရွေ့ နိဗ္ဗာန်သည် အခြားသော ထာဝရတာအို အားလုံးကို နှိမ်နှင်း နိုင်မည်။

လင်းယွန်က နိဗ္ဗာန်ဓားကို စတင်လေ့ကျင့်သည်။ အိုင်ရစ် ဓားသူတော်စင်မှ နိဗ္ဗာန်ကို နားလည်ကြစေရန် သူ့တာအိုကို ထိုစဉ်က ချန်ထားခဲ့သည်။

၎င်းအဆိုအရ သူ့ဓားသည် သရုပ်ဖော်အဆင့်သို့ ရောက်ရှိသော် နိဗ္ဗာန်ကို တွေ့ရှိနိုင်မည်။ အပြည့်အ၀ နားမလည်နိုင် လျှင်ပင် ခွန်အားကို အများကြီး မြှင့်တင် ပေးသည်။

“ ပထမဓား— အလင်း မူလ။ ”

“ ဒုတိယဓား— အကန့်အသတ်မရှိ။ ”

“ တတိယဓား— ဘုန်းအသရေ။ ”

“ စတုတ္ထဓား— ထာဝရ ကာလ။ ”

“ ပဉ္စမဓား —အမှောင်မူလ။ ”

“ ဆဋ္ဌမဓား— နိဗ္ဗာန်။ ”

ကနဦး အလင်းရှိ ပုံစံများကို ကျွမ်းကျင်နေပြီဖြစ်ရာ သရုပ်ဖော် အဆင့်ထိ ဆက်တိုက် ထုတ်ဖော်ခဲ့သည်။

ပန်းသင်္ချိုင် လွှဲလိုက်သည့် အခိုက်တွင် စကြာဝဠာ ပေါက်ကွဲမှု ဖြစ်စဉ် ပေါ်လာခဲ့သည်။ ဦးစွာ အလင်းများ ဖြစ်ပြီး ဒုတိယဓားသည် တောင်များ မြစ်များ ဖြစ်၏။

ထို့နောက် အသီးအရွက်များနှင့်အတူ ကမ္ဘာကြီးကောက်ကြောင်း ဖြစ်ပေါ်လာခဲ့သည်။ ဤဓားသည် အဆုံးမရှိသော စွမ်းအင်ဖြစ်၏။ နေနှင့်လ ဖြစ်စေပြီး ကောင်းကင် နဂါးနှင့် နတ်ဖီးနစ် ထွက်ပေါ်လာသည်။

စတုတ္ထအကြိမ်တွင် ကောင်းကင်နှင့် မြေကြီးကြား လက်တွေ့ဆန်ပြီး အနာအဆာ ကင်းသည့် ဓားပေါ်လာသည်။

ထာဝရ တည်နေသော ဒဏ္ဍာရီ တစ်ပုဒ် ကဲ့သို့ဖြစ်ကာ ကောင်းကင်နှင့်မြေကြီးက ချီးမွမ်း လာချေပြီ။

ပဉ္စမဓားကြောင့် ကမ္ဘာကြီး မှောင်မိုက် သွားသည်။ နေ၊လနှင့်အတူ လူ့ယဉ်ကျေးမှု ပျောက်ကွယ်သွား၏။

“ နိဗ္ဗာန် … ။ ”

ဤသည်မှာ ဆဌမမြောက် နောက်ဆုံး ဓားပုံစံဖြစ်သည်။ နတ်အလင်းဓားကို ဆုပ်ကိုင် လိုက်ခြင်းဖြင့် ပို၍ လွယ်ကူလာ၏။

ပထမဓားပုံစံ ငါးခုကို သရုပ်ဖော် အဆင့်အထိ အလွယ်တကူ အကောင်အထည် ဖော်နိုင်ခဲ့သော်လည်း နောက်ဆုံးဓားတွင် ပြီးပြည့်စုံမှု၌ ရပ်တန့်သွား၏။

ဤနည်းဖြင့် ခုနစ်ရက် ထပ်မံ ကုန်လွန် လာသည်။ ကျင့်ကြံမှုသည် အမည်ခံ သူတော်စင် နယ်ပယ် အထွတ်အထိပ် ရောက်ရှိလာ၏။ သို့တိုင် နိဗ္ဗာန်ဓားသည် ပြီးပြည့်စုံသော ကျွမ်းကျင်မှု၌ တွယ်ကပ်နေခဲ့သည်။

“ ဒါက အရမ်းခက်တယ် ... ။ ”

တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သို့သော် ပန်းသင်္ချိုင်က သူ့ကို နှစ်သိမ့်ပေးရန် ကြိုးစားနေ သကဲ့သို့ တုန်ခါသွား၏။

“ အရမ်းကြီး စိတ်ဓာတ်မကျပါနဲ့ ... ငါတို့ပြောနေတာက နိဗ္ဗာန်တာအို အကြောင်းပဲ၊ ကောင်းကင်ကြီး ပြိုကျသွား ရင်တောင် သူက ဆက်လက် တည်ရှိနေမယ့် တာအိုပါ၊ ...

... မလွယ်ဘူး ... ငါသာ မမှားရင် ဒါကို အိုင်းရစ်ဓား သူတော်စင်တောင် သူတော်စင် ဖြစ်လာပြီးမှ ဆုပ်ကိုင်နိုင်ခဲ့တာ။ ”

ခရမ်းငယ်မှ ပြောကြားသည်။

“ ကံကြမ္မာတာအို မပေါ်သရွေ့ နိဗ္ဗာန်ဟာ အမြင့်မြတ်ဆုံးပဲ၊ နတ်နဂါးခေတ်မှာ လူနည်းစု လောက်သာ နိဗ္ဗာန်ကို နားလည်ကြတယ်။ ”

ဆုစီယာ ကလည်း ဝင်ရောက် နှစ်သိမ့်ပေး၏။

“ ထပ်စမ်းကြည့်မယ်။ ”

လင်းယွန်က ဆက်ပြီး လေ့ကျင့်ပြန်၏။ ဆုစီယာနှင့် ခရမ်းငယ်မှ နောက်သို့တစ်လှမ်း ပြန်ဆုတ်ပေးလိုက်သည်။

“ သူ ထွက်သွားသင့်ပြီ။ ”

ဆုစီယာက ဆိုသည်။ ဤကျွန်းသည် လေ့ကျင့်ရန် ကောင်းသောကြောင့် လင်းယွန်၏ ခွန်အားကို အချိန်တိုအတွင်း မြှင့်တင်နိုင်ခဲ့၏။

သို့သော် ဆက်နေခြင်းဖြင့် အဓိပ္ပါယ် မရှိတော့ချေ။

“ နင် ... ခွဲနိုင်လို့လား။ ”

ခရမ်းငယ်မှ မေးသည်။

“ မင်းရော ... ။ ”

ဆုစီယာက ပြုံးလျက် မေးခွန်းဖြင့် ပြန်ဖြေ၏။ ခရမ်းငယ် မျက်နှာ နီရဲသွားပြီး၊

“ ဒီလူယုတ်မာကို ငါဂရုမစိုက်ဘူး။ ”

-ဟု ပြန်ဖြေ၏။

“ ကောင်းပြီ သူ့ကို ပြန်ပြောပြ လိုက်မယ်။ ”

ဆုစီယာကပြုံးကာ လင်းယွန်ကို ငေးကြည့်သည်။ တစ်ဖက်လူသည် မည်သည့် အရာများ ကြိုက်သည်ကို သူမ မသိချေ။

ဤသို့ ငေးကြည့် နေရသည်ကိုပင် ကျေနပ်ချေ၏။ ကမ္ဘာကြီး တစ်ခုလုံး ငြိမ်းချမ်း သွားချေပြီ။

“ ဧကရာဇ် နှလုံးသား သုတ္တန်ကို ... ကျင့်ကြံတဲ့ လူတွေက ... ကောင်းကင်တာအိုနဲ့ ပေါင်းပြီး ဧကရာဇ်အဆင့် တက်လှမ်းရတယ်၊ ချစ်ခြင်းမေတ္တာကို စိတ်၀င်စားလို့ မရဘူး၊ ဒါပေမယ့် ငါမယုံဘူး ...

... လူတစ်ယောက်က ခံစားချက် မရှိတော့ရင် ဧကရာဇ်ဖြစ်တော့ရော ဘာလုပ် ရမှာလဲ၊ ဘာလို့ ကောင်းကင် တာအိုနဲ့ ပေါင်းပြီး တစ်ယောက်တည်း နေရမှာလဲ။ ”

ဤသည်မှာ လင်းယွန်ကို မြင်ပြီးနောက် သူမတိုင် နားလည်လာသည့် သဘောတရားများ ဖြစ်သည်။

ကောင်းကင်တာအိုကို နားလည်လိုက စိတ်ခံစားမှုများ ဖယ်ထုတ်ရပေမည်။ ယင်းသည် အဓိပ္ပါယ် မရှိဟု ယုံကြည်ကာ နာကျင်နေ သော်လည်း ဆက်၍ ချစ်နေခဲ့၏။

သုံးရက်ထပ်မံ ကုန်လွန်ပြီးနောက် ကျွန်းပေါ်တွင် လမ်းလျှောက် ထွက်နေရာမှ ရေတံခွန်ထံ မော့ကြည့် လိုက်မိကြသည်။

“ နတ်ဘုရားရဲ့ အရိုးက အဲဒီအောက်မှာ ထင်တယ်။ ”

လင်းယွန်က မေးပြော ပြောသည်။

“ ဟုတ်တယ် ... ဒါက အစွမ်း ထက်လွန်းတယ် ... ကြီးမားတဲ့ မူလဇစ်မြစ် ရှိတယ်၊ နတ်နဂါးအင်ပါယာရဲ့ ရှေးဟောင်း မှတ်တမ်းတွေအရ ဆိုရင် ...

... သူက ဖျက်ဆီးခြင်း နတ်ဘုရားရဲ့ လက်ဖဝါး ဖြစ်နိုင်တယ် ... အဲဒီ နတ်ဘုရား သခင်က သူ့လက်ဖဝါး နည်းပညာကြောင့် ကျော်ကြားပြီး အလွန် သန်မာတယ်။ ”

ဆုစီယာက သူမ နားလည်သလောက် ရှင်းပြသည်။

“ နားလည်ပြီ ... အုပ်စိုးရှင် နက္ခတ်နဲ့တောင် ငါတို့ထွက်သွားဖို့ ခက်တယ်။ ”

အရိုးလက်သည်း၏ ဖိအားကို ခံနိုင်ရန် အုပ်စိုးရှင် နက္ခတ်ဖြင့် ကာကွယ်လို သော်လည်း မလုံလောက်ဟု ပြောနေခြင်း ဖြစ်၏။

ဤနတ်ဘုရား အရိုးလက်သည်းတွင် ပြီးပြည့်စုံသော ဖျက်ဆီးခြင်း နတ်ရူရ်တစ်လုံး ရှိရပေမည်။

“ ကောင်းပြီ ... အဲဒါက ဖျက်ဆီးခြင်း နတ်ဘုရားသခင်ရဲ့ လက်ပဲ ... ငါတို့ နည်းလမ်း ရှာရမယ်။ ”

လင်းယွန်မှ ယုံကြည်ချက်များ ပြန်လည် ရရှိလာသည်။ အဆုံးတွင် နတ်ဘုရား တစ်ပါး ကျန်ခဲ့သည့် အရိုးစုတစ်ခုမျှသာ ဖြစ်၏။

“ ငါ့မှာ နည်းလမ်းရှိတယ်။ ”

ဆုစီယာ စကားကြောင့် လင်းယန်မှ အံ့ဩသွား၏။

“ သေချာလား ... ။ ”

ဆုစီယာအတွက် စိုးရိမ်သွားသည်။ လက်ရှိသူ့နည်းလမ်းများနှင့် ဝှက်ဖဲများပင်လျှင် ထိုအရိုးလက်သည်းမှ ထွက်လာသော ဖိအားကို လွတ်မြောက်ရန် ခက်နေ၏။

“ စိတ်မပူပါနဲ့ ... ဒါကို အရင်တည်းက ငါရှာတွေ့ထားတာ ... အခု ခရမ်းငယ်ပါ ရှိနေပြီ ဆိုတော့ အောင်မြင်ဖို့ သေချာပြီ။ ”

“ လ နတ်ရူရ် ... ။ ”

ရုတ်တရက် လနတ်ရူရ်သည် ဆုစီယာတွင် ရှိနေကြောင်း လင်းယွန်မှ သတိရလာ၏။ သူမ နည်းလမ်းသည် ၎င်းဖြင့် ပတ်သတ်ရပေမည်။

“ မှန်တယ် ... ။ ”

ဆုစီယာက ခေါင်းညိတ်သည်။

“ ငါ့နည်းလမ်းက လနတ်ရူရ်နဲ့ ... တခြားအုပ်စိုးရှင် နတ်ရူရ်တစ်လုံး အပါအဝင် ဓားသေတ္တာလိုတယ်။ ”

“ ကောင်းပြီ ... ငါတို့က ဇနီးမောင်နှံတွေပဲ ငါပိုင်သမျှ မင်းသုံးနိုင်တယ်။ ”

ဆုစီယာ လက်များကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။ သူမက ပြုံးပြီး၊

“ ငါ့ရဲ့ နည်းလမ်းက ခရမ်း-ရွှေရောင် နဂါးသရဖူ ဖြစ်လို့ အဆင်ပြေပါတယ်၊ ဒါပေမယ့် အချိန် နည်းနည်းလိုတယ်။ ”

“ ကိစ္စမရှိပါဘူး ... ဘာပဲဖြစ်ဖြစ် ဒီမှာ နိဗ္ဗာန်ဓားကို အောင်မြင်မှု မရနိုင်တော့လို့ ငါမင်းကို ကူညီပေးနိုင်တယ်။ ”

“ မဟုတ်ဘူး ... ခရမ်းငယ်က လင်းငယ်အတွက် နတ်ပိုးစာပင်ကနေ ထွက်ခွာဖို့ နည်းလမ်း ရှာတွေ့ပြီ။ ”

“ ဒါဆို မင်းနေခဲ့မို့လား။ ”

လင်းယွန်က မျက်မှောင်ကြုတ်လိုက်သည်။

“ မဟုတ်ဘူး... အဲဒီကောင်မလေးက ငါနဲ့အတူ နေခဲ့လိမ့်မယ် ... ငါတို့မှာ နည်းလမ်း ရှိပြီးသားမို့ ... စိတ်ပူမနေနဲ့။ ”

“ နင်က ဘယ်သူ့ကို ကောင်မလေးလို့ ခေါ်နေတာလဲ။ ”

ခရမ်းငယ်က မကျေမနပ် ဝင်မေးလာသည်။

“ တောင်းပန်ပါတယ် ... သခင်ဖီးနစ်က ငါနဲ့အတူ နေခဲ့လိမ့်မယ်။ ”

“ ဟမ့် ... ။ ”

သို့မှသာ ခရမ်းငယ် တစ်ယောက် ကျေနပ်သွားလေသည်။

“ ဒါဆို မင်းတို့ နှစ်ယောက် ဆွေးနွေးပြီးပြီပေါ့။ ”

“ သေချာတယ် ... နင်က နတ်သွေးအသီးအနှံနဲ့ နတ်မီးတောက်ကို ရအောင်ယူပါ။ ”

ခရမ်းငယ်မှ ဝင်ရောက်ပြောကြားလာ၏။

“ မှန်တယ် ... လင်းငယ် နတ်ဘုရား မီးတောက်အတွက် မင်းကြိုးစားပြီး ပြိုင်ရမယ် မတတ်နိုင်ရင်တောင် သွေးလဂိုဏ်း မရအောင် တားပါ ...

... နတ်မီးတောက် ရသွားရင် လနတ်ရူရ် အကူအညီ မပါရင်တောင် တံဆိပ်ကို ချိုးဖျက်ဖို့ နည်းလမ်း ရှာနိုင်တယ်၊ ဒါက ခွန်လွန်အတွက် ကပ်ဘေးပဲ။ ”

ဆုစီယာက အရေးကြီးသည်ကို သတိပေး ပြောကြားလာသည်။ လင်းယွန်မှ ခေါင်းညိတ် မိ၏။

သို့သော် အိမ်ထောင်ပြုထား သည်မှာ တစ်လမျှသာ ရှိသေးသဖြင့် လမ်းခွဲရန် ဆန္ဒမရှိ ဖြစ်နေမိသည်။

ခရမ်းငယ် နည်းလမ်းမှာ ရိုးရှင်း၏။ နတ်ပိုးစာပင်မှ သစ်ရွက်များနှင့် သန့်ရှင်းသော အရည်ကို ထုတ်ယူကာ လင်းယွန်ပေါ်တွင် နေနတ်ရူရ်ဖြင့် ချပ်ဝတ်တစ်ထည် ပြုလုပ်ပေးခြင်း ဖြစ်သည်။

ထိုချပ်ဝတ်သည် ဖိအားနှင့် ဖျက်ဆီးခြင်း နတ်ဘုရား၏ အရိုးလက်သည်း တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပေမည်။

အန္တရာယ် အချို့ ရှိနိုင်သော်လည်း လင်းယွန်သည် မိုးပြာနဂါး နတ်ခန္ဓာကို ပိုင်ဆိုင် ထားသောကြောင့် ကြီးကြီးမားမား ပြဿနာ ဖြစ်မည် မဟုတ်ချေ။

“ အလုပ်ဖြစ်မယ် မဟုတ်လား။ ”

နတ်ပိုးစာပင်၏ အကိုင်းအခက်များဖြင့် ထုပ်ပိုးပြီးသည့်တိုင် ခရမ်းငယ်က လင်းယွန်ကို စိုးရိမ်နေခဲ့သည်။

အဆုံးတွင် ဆုစီယာသည် နတ်ဘုရား ခန္ဓာအပေါ် အထင်ကြီးစရာ မရှိဟု ပြောကြား ခဲ့သည် မဟုတ်ပါလော။

“ အဆင်ပြေမှာပါ ... ။ ”

ဆုစီယာက ပြုံးလျက် ဖြေကြားလာတော့၏။

***

All Chapters