သွေးမီးတောက် လွင်ပြင်၏ သတင်းများ။
Vol. 162 Ch. 2258
“ ကောင်းပြီ ... အချိန် မဖြုန်းပါနဲ့ ... နေနတ်ရူရ်နဲ့ နတ်ပိုးစာပင်က တစ်နာရီလောက် အထိပဲ ခံနိုင်တာမို့ နင်မြန်မြန် လုပ်ရမယ်။ ”
လင်းယွန်က အသိအမှတ်ပြုကြောင်း ခေါင်းညိတ်ပြပြီး ဆုစီယာထံ လှည့်ကြည့်ကာ၊
“ စီယာ ... ငါမင်းကို စောင့်နေမယ်။ ”
“ ကောင်းပြီ ... ။ ”
ဆုစီယာက နူးညံ့သော အပြုံးဖြင့် ပြောကြားလာ၏။ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် နှုတ်ဆက် အနမ်းများ ချွေလိုက်တော့သည်။
“ ဝှစ် ... ။ ”
များမကြာခင် အရိုးလက်သည်းကြီး၏ တိုက်ခိုက်မှု များစွာကို ရှောင်တိမ်း ပြီးနောက် လင်းယွန်က ကောင်းကင်ပေါ် ပျံတက် သွားမိသည်။
အမျိုးသမီးနှစ်ဦးက သက်ပြင်းချကာ မော့ကြည့်လိုက်၏။ ခရမ်းငယ် ရေးထွင်းပေး ထားသော နတ်ရူရ်မှာ ထိရောက်မှုရှိသည်။
“ အရိုးလက်သည်းကို နှိမ့်ချရင် ဘယ်လောက် အန္တရာယ်ရှိမယ် ဆိုတာ သူ့ကို မပြောခဲ့ဘူး မဟုတ်လား။ ”
ခရမ်းငယ်မှ ရုတ်တရက် မေးလိုက်သည်။ ဆုစီယာက အေးစက်သော အသွင်အပြင်ဖြင့် ခေါင်းယမ်းပြီး၊
“ အင်း ... ။ ”
-ဟု ပြန်ဖြေ၏။
“ နင် ... လုပ်နိုင်ရင်တောင်မှ အဲဒီအတွက် ကြီးကြီးမားမား ပေးချေရ လိမ့်မယ် ... ပြန်ရမဲ့ အန္တရာယ်တွေနဲ့ ယှဉ်ရင် မထိုက်တန်ပါဘူး။ ”
ဆုစီယာက ခါယမ်းလျက်၊
“ ငါကြိုးစားရမယ် ... လင်းယွန်ရဲ့ အကျင့်စရိုက်အရ ... သက်တံဓား ဒုက္ခခံယူတဲ့ အခါ ... သူ ရှိနေလိမ့်မယ်၊ ငါက ရှေးဟောင်း စစ်မြေပြင်မှာတုန်းက မလာနိုင်သလို၊ ...
... နဝမမြောက် ကောင်းကင်လမ်း တုန်းကလည်း ငါမရှိခဲ့ဘူး ... ဒါကြောင့် အဲဒီ အချိန် ငါသူ့အနားကို သွားရမယ်။ ”
နတ်နဂါးအင်ပါယာ၏ နဝမမြောက် မင်းသမီး ဖြစ်သော်မှ ဧကရီကို ဆန့်ကျင်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ထား၏။
အဘယ်ကြောင့်ဆိုသော် သူမသည် ပန်းသင်္ချိုင်း၏ ဇနီးမယားဖြစ်ပြီး လင်းယွန် ရှိရာ အရပ်သည် သူမ အိမ်ဖြစ်လေသည်။
“ နေနတ်ဘုရား ရူရ်က ထူးဆန်းတယ်။ ”
လင်းယွန်မှ ရေရွတ်သည်။ ဓားကို အသုံးပြုရန် မလိုအပ်ဘဲ ခဏလေးအတွင်း ရေတံခွန်ထိပ်သို့ ရောက်ရှိသွား၏။
ဖိအားများကို ခံနိုင်ရည်ရှိ နေသရွေ့ အရိုးလက်သည်းကြီး၏ တိုက်ခိုက်မှုများကို ကိုင်တွယ် ဖြေရှင်းနိုင်ပေမည်။
“ ဘယ်တော့ ... ပြန်ဆုံနိုင် မလဲလို့ တွေးမိတယ် … ။ ”
လင်းယွန်က လွမ်းဆွတ်စွာဖြင့် ရေတံခွန်အောက် ငုံ့ကြည့်ပြီး ညည်းတွား လိုက်၏။ ခွန်လွန်၌ ဤရက်များသည် သူ့အတွက် အပျော်ဆုံး အချိန်များပေပင်။
“ အခု ... ငါလူပျို မဟုတ်တော့ဘူး။ ”
လင်းယွန်က ပြုံးလိုက်သည်။
“ ထွက်ဖို့ အချိန်ကျပြီ။ ”
ခေါင်းမော့လျက် မြေပြင်ပေါ် ခြေဖျားကို ပုတ်လိုက်ကာ ကြွေလွင့် ကမ်းပါးသို့ ပျံသန်း လိုက်တော့၏။
နေနတ်ရူရ်၏ အလင်းရောင်သည် လင်းလက်တောက်ပနေသော မိုးကြိုးကဲ့သို့ လိုက်ပါလာသည်။
နေနတ်ရူရ် လောင်ကျွမ်းလာသည်နှင့် နတ်ပိုးစာပင်၏ အကိုင်းအခက်များမှာလည်း တောက်ပလာ၏။
အဝေးမှ ကြည့်သော် ကြွေလွင့် ချိုင့်ဝှမ်းအောက်ခြေက နေထွက်လာခြင်းနှင့် တူ၏။ သို့သော် တစ်နာရီကြာပြီးနောက် အလင်းရောင် မှိန်ဖျော့သွားသည်။
“ ဘာလဲ ... ။ ”
နေနတ်ရူရ်နှင့် နတ်ပိုးစာပင်တို့၏ စွမ်းအားများ ကုန်ဆုံးသွားခြင်း ဖြစ်လေသည် ။ ခရမ်းငယ်၏ တွက်ချက်မှု မှားယွင်းသွား၏။ ချပ်ဝတ်သည် တစ်နာရီ မခံခဲ့ချေ။
သို့သော် ကမ်းပါးထိပ်ကို မြင်နေရပြီမို့ အဆင်ပြေနိုင်မည်။ တိုက်ခတ်လာခဲ့သော လေ သည်ပင် ဓားများလို နာကျင်စေ၏။
မိနစ်အနည်းငယ် အကြာတွင် ကမ်းပါးထိပ်နှင့် မီတာ နှစ်ထောင်ခန့်သာ လိုတော့သည်။ ထိုအချိန်တွင် တစ်စုံတစ်ရာ ပြုတ်ကျလာသည်ကို မြင်လိုက်ရ၏။
“ လီဖေးပိုင် ... ။ ”
“ ချွင် ချွင် ချွင် ... ။ ”
ဤသည်မှာ လီဖေးပိုင်ဖြစ်ပြီး သူ့ဘေးမှ ပြုတ်ကျသွားသည်။ ယင်းကြောင် ညာလက်ဖြင့် လိပ်နက် သံကြိုး ကိုးချောင်းကို ဆန့်ထုတ် လိုက်ရသည်။
လျှပ်စီးများ လက်သဖြင့် လီဖေးပိုင်က ပြန်မော့ကြည့်လိုက်ရာ ကြွေလွင့် ကမ်းပါးပေါ် ပျံတက်နေသော လင်းယွန်ကို မြင်လိုက်၏။ အံ့ဩသွားမိသည်။
“ လင်း ယွန် ... ။ ”
“ အပေါ် တက်လာခဲ့ ... ။ ”
သံကြိုး ကိုးချောင်းဖြင့် သူမကို ရစ်ပတ် ဆွဲတင်လိုက်၏။ နတ်ခန္ဓာသည် ဖိအားကိုခုခံရန် နဂါး အငွေ့အသက်များ ထုတ်ပေးတော့သည်။
“ ဘာလို့ ဆင်းတာလဲ။ ”
“ နင် ... ဘယ်လို တက်လာတာလဲ။ ”
ကမ်းပါးပေါ် ခြေချနိုင်သည်နှင့် မေးခွန်းများ တပြိုင်နက်တည်း ထွက်လာ၏။
“ မင်း အရင်ပြော။ ”
“ နင် အရင်ပြော ။ ”
“ ကောင်းပြီ ... မင်း အရင်ပြောပါ။ ”
လင်းယွန်က လီဖေးပိုင်ကို ကြည့်သည်။ သူမသည် ယောက်ျားလေးအဖြစ် ရုပ်ဖျက်ထား မြဲဖြစ်၏။ သူမက ရှုပ်ထွေးသော အကြည့်ဖြင့်၊
“ နင်ပြုတ်ကျသွားတဲ့ သတင်း သွေးမီးတောက်လွင်ပြင် တစ်လျှောက် ပျံ့နှံ့ လာခဲ့တယ်၊ ဒါကြောင့် ငါနင့်ကို ကမ်းပါးပေါ် ကနေ လာစောင့်နေတာ (၇)ရက် ရှိနေပြီ၊ နောက်ဆုံးတော့ ခုန်ဆင်းတုန်း ... နင်ပြန်တက်လာတာပဲ။ ”
“ မင်းက သူငယ်ချင်းကောင်းပဲ။ ”
“ ဒါတော့ သေချာပါတယ် ... ပြောပါဦး ဘယ်လို တက်လာတာလဲ။ ”
လင်းယွန်က အရေးကြီးသော အသေးစိတ် အချက်အလက်အချို့ကို ဖုံးကွယ်ပြီး၊
“ ငါရဲ့နတ်ခန္ဓာကို အောင်မြင်မှု တစ်ခု ထပ်ရခဲ့တယ်၊ ဒါကြောင့် တက်လာနိုင်ခဲ့တာ။ ”
“ မိုးပြာ နဂါး နတ်ခန္ဓာက ကောလာဟလအတိုင်းပဲ တကယ် အစွမ်း ထက်ပုံရတယ်။ ”
လီဖေးပိုင်က ချီးကျူးစကားဆိုသည်။
“ ဟမ့် ... ဒါက ဘာလဲ ... အရင်က နင် ဒီလိုမဝတ်ပါဘူး ... ဒါပေမယ့် ဝတ်တော့လည်း ကြည့်ကောင်းသားပဲ။ ”
သူရဲကောင်း စစ်သူကြီး တစ်ယောက်ကဲ့သို့ ခံစားရစေသည်။
“ ဒါက အသူရာ သူတော်စင် ချပ်ဝတ်ပဲ၊ ငါဇနီးက ကိုယ်တိုင် ချုပ်ပေးထားတာ ... ကြည့် ကောင်းတယ် မဟုတ်လား။ ”
လင်းယွန်မှ ပြုံးကာ ပြန်မေး၏။
“ မဆိုးပါဘူး … ။ ”
လီဖေးပိုင်က ပြုံးပြီး ပြန်ဖြေသည်။ သို့သော် တစ်စုံတစ်ရာကို သတိထားမိလာပြီး၊
“ နင်က လက်ထပ်လိုက်ပြီလား ... ဘယ်တုန်းကလဲ။ ”
-ဟု မျက်လုံးပြူးကာ မေး၏။
“ ဒါက လျှို့ဝှက်ချက်ပဲ။ ”
လင်းယွန်က ပြုံးပြီး မဖြေချေ။
“ နင် တကယ်ပြောနေတာလား။ ”
လီဖေးပိုင်က မစွန့်လွှတ်လိုဟန်ဖြင့် ထပ်မေးသည်။
“ ဟုတ်တယ် ... ။ ”
လင်းယွန်က ခေါင်းညိမ့်ပြ၏။
“ တောင်းပန်ပါတယ် ... ပါရမီရှင် တစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင် ပြုလိမ့်မယ်လို့ မထင်ထားတော့ အံ့သြသွားမိတာ။ ”
လင်းယွန်ကဲ့သို့သော ပါရမီရှင်များသည် ရှည်လျားသော သက်တမ်းတစ်ခု ပိုင်ဆိုင်သဖြင့် သူမ ပြောသည့်စကားမှာ မမှားချေ။
“ ငါ့ကို ... သန့်ရှင်းသော သမီးတော် သတ်သူလို့ ခေါ်ကြတာ ... ကောလဟာလ မဟုတ်ပါဘူး။ ”
“ ဒါဆို ... ငါနားလည်မှု လွဲသွားပုံပဲ။ ”
“ ဒီနေရာမှာ ကြာကြာ မနေသင့်ဘူး ... သွားကြရအောင် ... အုပ်စိုးရှင် နက္ခတ်နဲ့တောင် သေနိုင်တယ် ... ခုန်ချဖို့ လုံးဝ မစဉ်းစားနဲ့။ ”
နှစ်ယောက် အမြန် ထွက်ခွာလာစဉ် သွေးမီးတောက်လွင်ပြင်၌ ဖြစ်ပျက်နေသည့် အရာများကို မေးမြန်းခဲ့သည်။
ကြွေလွင့် ချိုင့်ဝှမ်းသို့ ခုန်ချပြီးနောက် သွေးမီးတောက်လွင်ပြင်တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားခဲ့၏။
ထိုအရပ်တွင် ရတနာများစွာ ရှိခဲ့သောကြောင့် တိုက်ပွဲများ ပျံ့ကျဲနေသည်။ ထို့ကြောင့် တစ်စုံတစ်ယောက် သေခြင်းမှာ သာမာန်ဖြစ်၏။
သို့သော် ပန်းသင်္ချိုင်း အမည်သည် ထိုတစ်စုံတစ်ယောက် ဟူသည်ထက် ပိုသည်။ ၎င်းလက်တွင် နတ်သွေးသစ်သီး ရှိနေသဖြင့် လူအများစုက စိတ်မကောင်း ဖြစ်ကြ၏။
သွေးမီးတောက်လွင်ပြင်သည် အခွင့်အလမ်းများ၊ သူတော်စင် အသီးအနှံများ ပေါလျှံလှသည်။
အရှေ့ဘက် ပျက်စီးမြေ၏ မြင့်မြတ်မြေ သုံးခုပါးဖြစ်သည့် မင်ဂိုဏ်း၊ ကောင်းကင် မီးလျှံ ဂိုဏ်းနှင့် အနန္တ လျှပ်စီးဂိုဏ်းတို့က အထွန်း တောက်ဆုံး ဖြစ်၏။
၎င်းတို့က သွေးမီးတောက်ဘုရင်ကို ဦးဆောင်ချေမှုန်းကြပြီး ရတနာများ သိမ်းပိုက် ထားသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …။ ”
လင်းယွန်က ထိုစကားကို ကြားလိုက် ရသောအခါ အံ့အားသင့် သွားသည်။ အသူရာ ကျီးဘုရင်၏ စကားအရ သွေးမီးတောက် ဘုရင်သည် ကြောက်မက်ဖွယ် ကောင်း၏။
“ ဒါက ပုံမှန်ပါပဲ ... သူတို့က ရှေးဦးခေတ်ထဲက တည်မြဲနေတဲ့ မြင့်မြတ်မြေ တွေပဲ ... သွေးမီးတောက် ဘုရင်ထက် အုတ်မြစ်ခိုင်မာတယ်၊ ...
... သူတို့ အားလုံးမှာ စတုတ္ထအဆင့် သူတော်စင်သခင်နဲ့ ဘုန်းဝိညာဉ် လေးပါး သူတော်စင် လက်ရာတွေ ရှိကြတယ်၊ ...
... လျူယွင်လန်၊ ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင်နဲ့ ဟွာကျင်းယွီက ... ဒုတိယ အဆင့် သူတော်စင်သခင် ဖြစ်နေပြီ၊ အသီးအနှံ များနဲ့ နတ်သွေးတွေလည်း ရရှိထားတယ်လို့ သတင်းကြားတယ် ...
... ဒီအရင်းအမြစ်တွေကြောင့် မကြာခင် တတိယအဆင့် သူတော်စင် သခင်တွေ ဖြစ်လာ နိုင်လိမ့်မယ်။ ”
ထိုစကားကိုကြားသောအခါ လင်းယွန်မှ ပြုံး၏။ ဆူဖြိုးသော သားကောင်ကို မြင်သော မုဆိုးတစ်ယောက်လို ပေပင်။
“ လက်စားချေဖို့ ... စဉ်စားနေတယ်လို့ ... ငါ့ကို မပြောနဲ့ ... နည်းနည်း သည်းခံလိုက်ပါဦး၊ သူတို့ ခွန်အားက အသွင်ကူးပြောင်းနေပြီ၊ ...
... အရေးအကြီးဆုံးက နင့်ရဲ့ နယ်ပယ် အရမ်းနိမ့်ကျနေတာပဲ ... ပြီးတော့ သူတို့မှာ လူတွေ ပိုများတယ်၊ နင့်ကို မြင်တာနဲ့ အလွတ်ပေးမှာ မဟုတ်ဘူး။ ”
လီဖေးပိုင်က ပွင့်ပွင့်လင်းလင်း ပြော၏။ လင်းယွန်က အတွေးနက်သွားသည်။ ကလဲ့စား ချေရန် အလျင်စလို မဖြစ်မိချေ။
အဆုံးတွင် သူသည် နတ်သွေး သစ်သီးကို ရရှိပြီး၊ ဆုစီယာဖြင့် တွေ့ဆုံကာ ရည်ရွယ်ချက် နှစ်ခု ပြီးမြောက်ထားခဲ့သည်။
ထို့ကြောင့် ကောင်းကင် နိမ္ဗာန်နယ်မြေမှ ထွက်ခွာခြင်းသည် နစ်နာစေသော ရွေးချယ်မှု မဟုတ်ချေ။ သို့သော် ဆုစီယာ စကားကို သတိရလာပြီး၊
“ နတ်မီးတောက်တွေ ပေါ်လာပြီလား။ ”
-ဟု မေးမြန်းလိုက်သည်။
“ ဒီအရှုပ်အထွေးမှာ နင် ပါဝင်ချင်တာ သေချာလား ... ။ ”
လီဖေးပိုင်မှ အလေးအနက် မေးမြန်း လာခဲ့၏။ လင်းယွန်က ရိုးရှင်းစွာ ခေါင်းညိတ်ပြ လိုက်လေသည်။
***