← Chapters

မီးနဂါး တောင်ကြား။

Vol. 162 Ch. 2259

မီးနဂါး တောင်ကြား။

Vol. 162 Ch. 2259

“ စိတ်မပူပါနဲ့ ... ငါက နိမ့်ကျတဲ့ ပုံရိပ်ကို ယူထားမှာပါ။ ”

“ နင်က နိမ့်ကျတဲ့ ပုံရိပ်ကို ထိန်းထားတာလား၊ ဒီလို အဝတ်အစားမျိုး နဲ့လား။ ”

လီဖေးပိုင် စကားကြောင့် လင်းယွန်က ကူကယ်ရာမဲ့စွာဖြင့် ပခုံးတွန့်ပြလိုက်မိသည်။ ထို့နောက် မျက်နှာဖုံးတပ်လိုက်၏။

“ ဒါဆို အလုပ်ဖြစ်ပြီလား။ ”

“ နင် ဘယ်သူလဲဆိုတာ လူတိုင်းသိတယ်။ ”

“ ကောင်းပြီ ... ဒီမျက်နှာဖုံးက လူဆိုးတွေအတွက် မဟုတ်ဘူး၊ လူကောင်း တွေကို ရန်စဖို့ပဲ ... ဆက်ပြောပါဦး။ ”

ယဲ့ချင်းရှန်အဖြစ် အသွင်ယူပြီးနောက် သူ့ကိုယ်သူဖုံးကွယ်ရန် ငြီးငွေ့နေပြီ ဖြစ်သည်။ ထပ်မံ ရုပ်ပြောင်းရန် စိတ်မဝင်စားတော့ချေ။

“ နတ်ဘုရား မီးတောက်ကို နတ်ဖီးနစ်တောင်က အရင်တွေ့ပြီး လက်ဝါးကြီး အုပ်လိုခဲ့တယ်၊ ဒါပေမယ့် ကန့်သတ်ချက် တွေကို မချိုးဖျက်နိုင်ဘဲ ကျရှုံးသွားတယ်။ ”

“ ကန့်သတ်ချက် ရှိတာလား။ ”

လင်းယွန်က စိတ်ဝင်စားလာ၏။

“ ဒါက နတ်မီးတောက်တွေမှာ ကန့်သတ်ချက်ရှိတာ မဟုတ်ဘူး၊ သူတို့နေတဲ့ အရပ်မှာ ရှိတာ၊ နတ်မီးတောက်က ဖန်တီးတဲ့ ရုန်းရင်းဆန်ခတ်မှုက နတ်သွေး အသီးထက် အများကြီး ပိုတယ်၊ ...

... နတ်သွေး သစ်သီးနဲ့ နတ်မီးတောက် ဘယ်အရာက ပိုတန်ဖိုးရှိလဲ ဘယ်သူမှ မခွဲခြား နိုင်ကြဘူး၊ နတ်သွေး သစ်သီးက ...

... သက်တမ်းနဲ့ ကျင့်ကြံမှု တိုးစေတယ်၊ နတ်မီးတောက်မှာတော့ ... အဲဒီ နတ်ဘုရားရဲ့ အမွေပါတယ်။ ”

အဆုံးတွင် ခွန်လွန်၌ နတ်ဘုရားများ မရှိတော့သည်မှာ ကာလ အတန်ကြာနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် နတ်မီးတောက်သည် များစွာအဖိုးတန်လှ၏။

၎င်းအပြင် နတ်မီးတောက်များကို အစီရင် ခင်းကျင်းရာ၌ ဗဟိုချက် သို့မဟုတ် ရုပ်သေးရုပ် အမာခံများ အဖြစ် အသုံးပြုနိုင်မည်။

နတ်သွေး သစ်သီးသည် အဖိုးတန်လှ သော်လည်း နတ်မီးတောက်မှာ အမျိုးမျိုးသော အသုံးအဆောင်များ သန့်စင်နိုင်၏။

“ ငါ့ကို အဲဒီကို ခေါ်သွားပေးပါလား။ ”

လင်းယွန်က လီဖေးပိုင်ကို ကြည့်ကာ ပြောလိုက်သည်။

“ ကောင်းပြီ ... ။ ”

လီဖေးပိုင်မှ ခေါင်းညိမ့်၏။ နတ်သွေး သစ်သီးအတွက် ယှဉ်ပြိုင်စဉ် သူမ ပြသခဲ့သော အုပ်စိုးရှင် နက္ခတ်ကြောင့် ယခုအခါတွင် ကျော်ကြားနေပြီ ဖြစ်သည်။

“ သွားကြရအောင်။ ”

လီဖေးပိုင်က လမ်းကို ဦးဆောင်တော့၏။

“ ငါတို့ ဘယ်သွား ရမှာလဲ။ ”

“ မီးနဂါးတောင် ... မီးနဂါးမြစ်ကို မှတ်မိသေးလား ... နတ်မီးတောက်က အဲဒီမြစ် အဆုံးမှာ ရှိတယ်။ ”

သူတို့ နှစ်ဦးစလုံးသည် အလွန် ထက်မြက်သော ဉာဏ်ကြီးရှင်များ ဖြစ်သဖြင့် အမြန်နှုန်းမှာ နိမ့်ကျခြင်း မရှိချေ။

အရှိန်အပြည့်ဖြင့် ခရီးနှင်လာစဉ် နေ့တစ်ဝက် အကြာ၌ မီးနဂါးတောင်သို့ ဆိုက်ရောက် လာ၏။

မီးနဂါးတောင်တန်းသည် ကြီးမားပြီး အာကာသ အက်ကွဲကြောင်းများအပြင် မီးသားရဲ များစွာနှင့် အပူလှိုင်းများ ပျံ့ကျဲနေသည်။

အန္တရာယ်ရှိ ချေ၏။ မီးနဂါးမြစ်သည် ချောက်ကမ်းပါး အောက်ခြေ၌ မြစ်ဖျားခံသည်။ ပြင်ပတွင် မြင်နေရသည့် မြစ်ပြင်ထက် ပို၍ အပူရှိန်ပြင်း၏။

ကမ်းစပ်အနားတွင် ရှေးဟောင်း ဒဏ္ဍာရီများကို မှတ်တမ်း တင်ထားသော ကျောက်ပန်းချီကား အချို့ ရှိနေသည်။

တောင်ကြားအတွင်း အင်္ဂါ အပြည့်အစုံပါရှိသော နဂါးအရိုးစုကြီး တစ်ခုရှိ သည်။ အရိုးစုများသည် ချောမွေ့ပြီး သတ္တုကဲ့သို့ တောက်ပမှုများ ပေးစွမ်း၏။ လူအများအပြားက ထိုအရိုးစု အနားတွင် ရပ်နေကြသည်။

အတားအဆီးကြောင့် မည်သူမျှ မဝင်နိုင် သေးချေ။ မင်ဂိုဏ်း ဦးဆောင်သော မြင့်မြတ်မြေ (၃)ပါးသည် ထိုအရိုးစု အနားကို သိမ်းပိုက် ထားသည်။

“ ကောင်းကင် တာအိုဂိုဏ်း ဘယ်လို အဆုံးသတ်သွားလဲ ... သူတို့ မသိကြဘူးလား၊ မြင့်မြတ်မြေလေး (၃)ခုက မာနထောင်လွှား ဝံ့ကြတယ်။ ”

“ မှန်တယ် ... ကောင်းကင်တာအို ဂိုဏ်းသာဆိုရင်တော့ မြင့်မြတ်မြေ (၆)ပါးလုံးကို တွဲနိုင်လို့ မျက်နှာသာပေးရမယ်။ ”

အရှေ့ဘက် ပျက်စီးမြေ ပြင်ပမှ အင်အားစုများက ဝေဖန်သုံးသပ်လိုက်ကြသည်။ ကောင်းကင် တာအိုဂိုဏ်း ကျရှုံးပြီးနောက် မိစ္ဆာကျင့်ကြံသူများပင် မြင့်မြတ်မြေများကို ဂရုမစိုက် ဖြစ်လာ၏။

“ ဘယ်လောက် စည်ကားနေလဲ။ ”

လင်းယွန်မှ ရေရွတ်လိုက်သည်။ လီဖေးပိုင် ပြောသည်မှာ မမှားချေ။ နတ်မီးတောက်ကြောင့် ဖြစ်ပေါ်လာသော ဆွဲဆောင်မှုသည် နတ်သွေး သစ်သီးထက်ပင် ကြီးမားသည်။

ကောင်းကင်နိဗ္ဗာန် နယ်မြေအတွင်း ဝင်ရောက်သည့် လူတိုင်း ဤအရပ်၌ ရှိနေသည်။ စတုတ္ထအဆင့် သူတော်စင် သခင်များပင် ပါရှိနေ၏။

၎င်းတို့သည် မြင့်မြတ်မြေ၏ စတုတ္ထအဆင့် သူတော်စင် သခင်များနှင့် မယှဉ်နိုင်သော်လည်း ရောင်ဝါမှာ အားနည်းခြင်း မရှိချေ။

“ ငါတို့ ဒီထက်ပိုပြီး တိုးသွားဖို့ မဖြစ်နိုင်တော့ဘူး ... မဟုတ်ရင် မြင့်မြတ်မြေ တွေနဲ့ တိုက်ရလိမ့်မယ်။ ”

မြင့်မြတ်မြေအတွက် စောင့်ကြပ် နေသူများကို ကြည့်ကာ လီဖေးပိုင်က ပြောကြား လိုက်သည်။

အရှေ့ဘက် ပျက်စီးမြေသည် ဂုဏ်သိက္ခာကြီးမားသော မျိုးနွယ်စုများမှ လွဲ၍ နောက်ထပ် မည်သူမျှ ချဉ်းကပ်ခြင်း မပြုစေရန် တားမြစ်ထားသည်။

“ ငါမှာ နည်းလမ်းရှိတယ်။ ”

လင်းယွန်က ပြုံးပြီး လီဖေးပိုင် လက်ကိုကောက်ကိုင်ကာ နတ်လိပ် အသွင် ပြောင်းနည်း ထုတ်ဖော်သည်။

ရောင်ဝါများ လျော့ကျသွားပြီး စတုတ္ထ အဆင့် သူတော်စင်သခင်မှ တိုက်ရိုက်မကြည့်ဘဲ ထောက်လှမ်းနိုင်မည် မဟုတ်တော့ချေ။

သူတို့ ဝင်ရောက်လာစဉ် အစွမ်းထက်သော နဂါးရောင်ဝါကို ခံစားနိုင်ကြသည်။ ဤဖိအားမှာ ကြောက်စရာကောင်းပြီး မီးနဂါး၏ ဦးခေါင်းခွံမှ ထွက်လာခြင်း ဖြစ်၏။

မီးနဂါးသည် အရိုးစုတစ်ခုမျှသာ ကျန်ရှိတော့သော်လည်း အားကောင်းသည့် ဖိအားများ ပေးစွမ်းနိုင်ဆဲ ဖြစ်သည်။

“ နင် ဘယ်လို လုပ်လိုက်တာလဲ။ ”

လီဖေးပိုင်က နတ်လိပ် အသွင် ပြောင်းခြင်းကြောင့် မျက်လုံးပြူး သွားခဲ့၏။

“ တိတ်တိတ်နေ ... မင်းစကားသံ မထွက်စေနဲ့၊ ဒါက ဘာမှ မဟုတ်ဘူး တိုက်ပွဲဝင် စွမ်းအားအပေါ် သက်ရောက်မှု မပေးဘူး။ ”

လင်းယွန်က ပတ်ဝန်းကျင်ရှိ ရင်းနှီးသော မျက်နှာများစွာကို သတိထားမိ၏။ ဟွာကျင်းယွီ၊ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်နှင့် လျူယွင်လန် ဖြစ်သည်။

၎င်းတို့သုံးဦးသည် ပိုမို အားကောင်းလာခဲ့သည်။ နက်နဲပြီး နားမလည် နိုင်သော ခံစားချက်များ ပေးဆောင်၏။

သွေးမီးတောက် ဘုရင်ထံမှ ရတနာများစွာကို ရိတ်သိမ်း နိုင်ပုံရလေသည်။ ဝူရှောင်နှင့် ကျိကျစ်ရှီကိုလည်း လူအုပ်အတွင်း မြင်နေရ၏။

ထို့ကြောင့် နတ်ဖီးနစ်တောင် အနီးသို့ ဖြည့်းညှင်းစွာ ချည်းကပ်မိသည်။ ဤအရပ်တွင် နတ်မီးလျှံသည် တစ်ခုထက်မက ရှိနေနိုင်၏။

ဆုစီယာသည် သွေးလဂိုဏ်းကို နတ်မီးတောက်မရစေရန် တားဆီးလိုခဲ့သည်။ ထို့ကြောင့် သူ့စိတ်ထဲ အစီအစဉ်တချို့ ချမှတ်ထားသည်။

သူ့အင်အားဖြင့် မရလျှင်ပင် ဆက်ဆံရေးကောင်း ရှိသည့် ကျိကျစ်ရှီ၏ နတ်ဖီးနစ်တောင်ကို ကူညီပေးရပေမည်။

မီးနဂါးတောင်ကြား အလယ်ဗဟိုသည် နဂါးဦးခေါင်းအောက်တွင် ရှိပြီး ရှုပ်ထွေးသော ခင်းကျင်းမှု တစ်ခုဖြစ်သည်။

ထိုကန့်သတ်ချက်ကို ချိုးဖျက်ရန်အတွက် အမျိုးမျိုးသော မြင့်မြတ်မြေများက ကောင်းကင် အဆင့် ဝိညာဉ်ရေးရာ ဆရာသခင်ကို စတုတ္ထ အဆင့် သူတော်စင် သခင်နှင့် တွဲလွှတ်ကြ၏။

“ နင်ဘာလို့ ... နတ်ဖီးနစ်တောင်ကို ရွေးတာလဲ ... နတ်ဖီးနစ်တောင်ရဲ့ မင်းသမီး ကျိကျစ်ရှီနဲ့ ပတ်သတ်မှု ရှိတယ်လို့ မပြောနဲ့။ ”

လီဖေးပိုင်မှ သူ့ရည်ရွယ်ချက်ကို သတိထားမိသွား၏။

“ မဟုတ်ဘူး။ ”

လင်းယွန်မှ ချက်ချင်း ငြင်းလိုက်သည်။

“ ဟား ... ဟား ... ဟား ... ဟန်ဆောင် နေတာကို ဆက်လုပ်ပါ ... နင် ပြုတ်ကျတာကို ကြားချိန်မှာ နတ်ဖီးနစ်တောင်ရဲ့ မင်းသမီး အပါအဝင် လူတော်တော် များများက အဲဒီ ချောက်ကမ်းပါးကို ရောက်လာကြတယ်၊ ...

... သူက စိုးရိမ်ပြီး ... ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်း အောက်ခြေကို စူးစမ်းဖို့ ရတနာတစ်ခု ကိုတောင် အသုံးပြုချင်နေတယ်၊ အကြီးအကဲ တွေက တားဆီးထားလို့သာပဲ...

... ဒါကြောင့် ဆုတ်ခွာသွားချိန်မှာ အသည်းကွဲ နေပုံရတယ်၊ ကြည့်ပါဦး သူ့မျက်နှာ ဘယ်လောက်တောင် အေးစက်နေလဲ။ ”

လီဖေးပိုင် စကားကို ကြားသောအခါ ထိတ်လန့်စွာဖြင့် ကျိကျစ်ရှီထံ ပြန်ကြည့်လိုက်မိ လေသည်။

“ ပန်းသင်္ချိုင်း ... အခု နင့်ကိုယ်နင် သန့်ရှင်းသော သမီးတော် သတ်သူ မဟုတ် ပါဘူးလို့ ငြင်းဝံ့သလား။ ”

လီဖေးပိုင်က ပြုံးလျက် ကြည်စား လေသည်။ လင်းယွန်က ခေါင်းယမ်းပြကာ၊

“ ငါတို့မှာ ရင်းနှီးမှု တစ်ချို့ရှိတယ် ... နတ်ဖီးနစ်တောင်ကို လာလည်မယ်လို့ ကတိ ပေးခဲ့ဖူးတယ်၊ မင်းထင်သလို မဟုတ်ဘူး။ ”

သို့သော် လီဖေးပိုင်မှ သဘာဝအတိုင်း မယုံချေ။ သူမသည် ဤလူနှင့် နက်ရှိုင်းသော ဆက်ဆံရေးမျိုး မရှိသော်လည်း အနည်းငယ် သိချင်စိတ် ရှိနေခဲ့သေးသည်။

“ ပန်းသင်္ချိုင်း အမည်က သန့်ရှင်းသော သမီးတော်တွေတင် မဟုတ်ဘူး၊ သန့်ရှင်းသော သားတော်တွေကိုပါ ဆွဲဆောင်မှုရှိတယ်၊ သခင်ငယ် ဝူရှောင်လည်း ...

... အဲဒီနေ့က ချောက်ကမ်းပါးဆီ ရောက်လာခဲ့တယ်၊ သူက ချောက်ကမ်းပါးကို ဝမ်းနည်းတဲ့ အသွင်တဲ့ ငုံ့ကြည့်ပြီး ဂုဏ်ပြု သီချင်း တစ်ပုဒ်တောင် တီးခဲ့တယ်။ ”

လီဖေးပိုင်က လှောင်ပြုံးဖြင့် ပြောကြားလာပြန်၏။ ဤတစ်ကြိမ်၌ အမှန်ပင် လင်းယွန် တစ်ယောက် အံ့အားသင့်မိသည်။

“ ငါ သူနဲ့ ရင်းနှီးမှု မရှိပါဘူး ... အဲဒီအစား အရင်က သူ့ကို ရိုက်နှက်ခဲ့မိသေးတယ်။ ”

“ ကောင်းပြီ ... နာကျင်ခြင်းက တချို့ လူတွေအတွက် မမေ့နိုင်အောင် အမှတ်ရစေတာ ဖြစ်နိုင်တယ်။ ”

“ ဧကရာဇ် မျိုးနွယ်စု ရှစ်စုက တစ်စုံတစ်ယောက်က ဒီလိုအကြောင်းအရာ တွေကိုလည်း သိတာလား။ ”

လင်းယွန်က ပြန်မေးမိသည်။

“ ဟုတ်တယ် ငါသိတယ် ... မယုံရင် စမ်းကြည့်မလား ... ငါ နင့်ကို ရိုက်နှက်ပေး နိုင်တယ်။ ”

လီဖေးပိုင်က ဒေါသဖြင့် ပြန်ဖြေ၏။ စာအုပ်တစ်အုပ်ကို မျက်နှာဖုံးဖြင့် အကဲမဖြတ် နိုင်မှန်း သိထားလေရာ လင်းယွန်မှ ချက်ချင်း ပါးစပ် ပိတ်လိုက်ရသည်။

ထိုစဉ် ရန်လိုသော ရောင်ဝါများကြောင့် လူတိုင်းက တောင်ကြားအပြင်သို့ လှည့်ကြည့် လိုက်ကြသည်။၏

“ ဖယ် စမ်း ... ။ ”

အတွင်းဒေသအပေါ် စောင့်ရှောက်ရန် တာဝန်ရှိသော မြင့်မြတ်မြေ၏ တပည့်များကို ထိုရောင်ဝါက ချက်ချင်း တွန်းထုတ်ပစ်၏။

“ ဒုက္ခတော့ ရောက်ပြီ။ ”

လင်းယွန်က ခေါင်းမော့ကြည့် လိုက်ရာ နတ်ဆိုးကျင့်ကြံသူများ ဝင်ရောက်လာသည်ကို မြင်လိုက်ရ လေသည်။ ဦးဆောင်သူများသည် စတုတ္ထအဆင့် သူတော်စင် သခင်များ ဖြစ်၏။

“ မင်းတို့ သေချင်နေကြတာလား။ ”

ဟွာကျင်းယွီက အော်ငေါက်လျက် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်နှင့် လျူယွင်လန်ကို ခြံရံကာ လေပေါ် ပျံတက် သွားလေသည်။

***

All Chapters