← Chapters

ဖီးနစ် မီးတောက်။

Vol. 162 Ch. 2260

ဖီးနစ် မီးတောက်။

Vol. 162 Ch. 2260

ဟွာကျင်းယွီ၊ ကောင်းကင်ဘုံ သူတော်စင် သခင်နှင့် လျူယွင်လန်တို့က လေထုအလယ်၌ ရပ်နေလိုက်၏။

မီးနဂါး တောင်ကြား တစ်ခုလုံး လသုံးစင်းကဲ့သို့ တောက်ပသော သူတော်စင် ရောင်ဝါများ ထွန်းလင်း နေခဲ့သည်။

မီးနဂါး ဦးခေါင်းခွံပေါ်ရှိ စတုတ္ထ အဆင့် သူတော်စင် သခင်သည် ဒုက္ခကို ခံစားမိသဖြင့် မျက်မှောင်ကြုတ် သွားခဲ့သည်။

“ မင်းတို့တွေက အစီရင်ကို ဖြတ်ဖို့ပဲ အာရုံစိုက်ပါ ... ခဏနေ ငါ ပြန်လာမယ်။ ”

ဟွာကျင်းယွီက လျူယွင်လန်နှင့် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်တို့ကို ခေါ်ကာလှမ်းထွက်လာခဲ့သည်။ သို့မှသာ စတုတ္ထအဆင့် သူတော်စင် သခင်များက အစီရင်ထံ အာရုံစိုက်တော့၏။

“ ငါ့မင်ဂိုဏ်းရဲ့ ... သူတော်စင် တပည့်တွေကို ဘယ်သူက နှိပ်စက်တာလဲ။ ”

ဟွာကျင်းယွီက ထိုစကားကို ပြောပြီး မီးနဂါး၏ အရိုးစုပေါ် ဆင်းသက်ကာ လူတိုင်းကို ကြည့်နေခဲ့သည်။

သူ့ရှေ့မှ လူများသည် တန်ခိုးကြီးပြီး ထူးဆန်းသော အရိပ်အယောင်များ ပေးစွမ်း၏။ ၎င်းတို့ အားလုံးသည် နတ်ဆိုး ကျင့်ကြံသူများ ဖြစ်ကာ စတုတ္ထမြောက် သူတော်စင် သခင် (၄)ပါးမှ ဦးဆောင်သည်။

အသွင်အပြင်အရ သက်တမ်း ကုန်လွန် နေသူများ ဖြစ်၏။

“ အဲဒီ ရှေ့ဆုံးက အဖိုးကြီးက ... အစိမ်းရောင်သစ်တော သူတော်စင် သခင်ပဲ၊ သူ့ဘေးက အဖိုးကြီးတွေကို အရိုးတစ္ဆေ သူတော်စင် သခင်နဲ့ ... သွေးမျောက်ဝံ သူတော်စင် သခင်လို့ ခေါ်တယ်၊ ...

... နောက်ဆုံး တစ်ယောက်က ... မြင့်မြတ်သော ဝေလငါး သူတော်စင် သခင်ပဲ၊ သူတို့ အားလုံးက မိစ္ဆာကျင့်ကြံသူ ...

... အဆင့် သတ်မှတ်ချက်မှာ ... အဆင့်မြင့်မြင့် ရထားကြတယ် ... သခင်မလေး ငါတို့ရော လှုပ်ရှားသင့်လား။ ”

နတ်ဖီးနစ်တောင်တန်း၏ အဖွဲ့ဝင်များက မေးမြန်းလိုက်သည်။ ကျိကျစ်ရှစ်က လက်ကို ဝှေ့ယမ်းပြီး၊

“ ဟွာကျင်းယွီက အလင်းထဲမှာ ရပ်တည်ရတာကို နှစ်သက်တဲ့ အတွက် သူ့ကို ခွင့်ပြုလိုက်ပါ ... ။ ”

သူမက ဤလူကို မကြိုက်ချေ။ ထိုလူကြောင့် လင်းယွန်မှ ခုန်ချသွားခြင်းဖြစ်ကြောင်း ကြားသိ ထားသည်။

ရွေးချယ်စရာခွင့်သာ ရှိသော် မင်ဂိုဏ်းကို နတ်မီးတောက် ရယူခြင်း ပွဲ၌ သဘာဝအတိုင်း မောင်းထုတ်မိမည် ဖြစ်သည်။

“ မင်းတို့လို ကောင်လေးတွေက လာဝံ့သလား။ ”

အရိုးတစ္ဆေ သူတော်စင် သခင်က အထင်အမြင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက် လေသည်။

“ ဟမ့် ... ငါသူတော်စင် ဖြစ်တုန်းက ... မင်းကို မွေးတောင် မမွေးသေးဘူး ... ငါ့ရှေ့က ထွက်သွားစမ်း။ ”

အစိမ်းရောင် သစ်တော သူတော်စင် သခင်မှ အေးစက်စွာ ပြောသည်၊

“ မင်းတို့က နတ်မီးတောက်အတွက် ပြိုင်ချင်တာလား။ ”

ဟွာကျင်းယွီမှ မေးသည်။ ဤလူများသည် ပျော့ညံ့ခြင်း မရှိသော်လည်း မြင့်မြတ်မြေများကို ထိပ်တိုက် ရင်ဆိုင်ဝံ့မည် မဟုတ်ဟု ခံစားမိ၏။

ဆိုလိုသည်မှာ ဝေစုလိုချင်သောကြောင့် ခြိမ်းခြောက်ခြင်းမျှသာ ဖြစ်ပေမည်။ မည်သို့ပင် ဆိုစေကာမူ မိစ္ဆာ ကျင့်ကြံသူများနှင့် ညှိနှိုင်းရန် ဆန္ဒမရှိချေ။

အရိုးတစ္ဆေ သူတော်စင် သခင်က ပြုံးပြီး၊

“ မင်းသိတည်းက ငါတို့ကို ဝင်ခွင့်ပြုပါ ... ။ ”

-ဟု ပြန်ဖြေ၏။

အစိမ်းရောင် သစ်တော သူတော်စင်သခင်က၊

“ နတ်မီးတောက် အပိုင်းအစတွေ တစ်ခုထက်မက ရှိပါတယ် ... ဒါကြောင့် ငါတို့က တစ်ချက် ကြည့်ချင်တယ် ... ပြီးတာနဲ့ မင်းတို့ကို ပြန်ပေးမယ်။ ”

“ အဲဒါက မင်းတို့ အရည်အချင်းပေါ် မူတည်တယ်။ ”

ဟွာကျင်းယွီအစား ကောင်းကင် ဂီတ သူတော်စင် သခင်က လှောင်ပြောင် ပြောဆို လိုက်လေသည်။

“ မင်းလို ကောင်လေးက ငါ့ကို ဒီလို စကားပြောဖို့ ဘယ်က သတ္တိရလာတာလဲ ... ဟမ့် ... ။ ”

အစိမ်းရောင် သစ်တော သူတော်စင် သခင်က အေးစက်စွာဖြင့် လက်ကို ဆန့်ထုတ် လိုက်သည်။

လေထုအတွင်း အဆိပ် စွမ်းအင်များ ပျံ့နှံ့လာ၏။ ဤအဆိပ်သည် ကြမ်းကြုတ်လှရာ မိစ္ဆာ ကျင့်ကြံသူများ အတွက်ပင် တားမြစ်ချက် ဖြစ်သည်။

ယင်းကြောင့် လူတိုင်း မျက်မှောင်ကြုတ် သွားကြ၏။

“ မင်းဘယ်လို သတ္တိရှိလဲ။ ”

ဟွာကျင်းယွီက လက်ညှိုးကို ညွှန်လျက် အော်ငေါက် လိုက်သည်။ သူတော်စင် စွမ်းအင် များက လက်ညှိုးထိပ်မှ အလင်းတန်း အဖြစ် ပြေးထွက်သွားကာ လက်ဖဝါးကို ဖြိုခွဲပစ် လိုက်သည်။

“ ရွှပ် ... ။ ”

“ ဝုန်း ... ။ ”

အကြွင်းအကျန် စွမ်းအင်များ မြေပြင်ပေါ် ကျရောက်လာသောအခါတွင် ပေါက်ကွဲသွားပြီး လူတိုင်း၏ ကျောရိုးများကို ချမ်းစိမ့်စိမ့် ခံစား သွားရစေ၏။

“ အဆိပ်နဲ့ကစားရတာကြိုက်လား။ ”

ဟွာကျင်းယွီက သူ့လက် ဝှေ့ယမ်းပြီး အဆိပ်ရှိသော အငွေ့အသက်များ အားလုံးကို ပုတီးစေ့အဖြစ် စုစည်းလိုက်သည်။

“ ဒါက ဘယ်လောက် အဆိပ်ပြင်းလဲ ကြည့်ရအောင် … အိုး ... ကျွတ် ... ကျွတ် ... ဘယ်လောက်တောင် အစွမ်းထက်လိုက်လဲ ... ထိတွေ့မိရင် အန္တရာယ်ရှိမယ်။ ”

အဆိပ်ပုတီးစေ့ကို စစ်ဆေးပြီး ပြုံးလျက် လက်ညှိုးဖြင့် တောက်ထုတ်ခဲ့၏။ အစိမ်းရောင် သစ်တော သူတော်စင် သခင်က ချက်ချင်း ရှောင်တိမ်းရတော့သည်။

“ ဝုန်း ... ။ ”

ရလဒ်အနေဖြင့် အဆိပ် ပုတီးစေ့ ပေါက်ကွဲသောအခါတွင် နာကျင်စွာအော်ဟစ်ပြီး အဆိပ်သင့်ကုန်၏။

မျက်နှာပေါ်တွင် အဖုများ ထွက်လျက် မြေပြင်ပေါ် လူးလိမ့်ကုန်ကြသည်။ ဤအရာက ဟွာကျင်းယွီသည် လွယ်ကူသော ပြိုင်ဘက် မဟုတ်ကြောင်း ချက်ခြင်း သဘောပေါက် သွားစေ၏။

အရိုးတစ္ဆေ သူတော်စင် သခင်က၊

“ မင်းကို ... ငါတို့ လျှော့တွက် ထားမိပုံရတယ် ... စိတ်ကောင်း ဝင်နေတုန်း ဝင်ခွင့်ပြုသင့်တယ် ... မဟုတ်ရင် … ။ ”

“ မဟုတ်ရင် ဘာဖြစ်လဲ ... အမှောင်ထဲက ကြွက်တွေက ဒီလောက် မာနကြီးဖို့ သတ္တိရှိလား ထွက်သွားစမ်း ... ။ ”

ဟွာကျင်းယွီက အော်ငေါက် လိုက်သည်။ အရိုးတစ္ဆေ သူတော်စင်သခင်၏ ကျင့်ကြံမှုသည် စတုတ္ထ အဆင့် ဖြစ်၏။

ထို့ကြောင့် မျိုးဆက် တစ်ဆက် နိမ့်သော ဟွာကျင်းယွီအပေါ် မျက်လုံးထဲ မထားတော့ဘဲ လက်ဖဝါးနှင့် ရိုက်ချလိုက်၏။

“ ဒါက မင်းလုပ်နိုင်တာ အကောင်းဆုံးပဲလား။ ”

ဟွာကျင်းယွီက လှောင်ပြောင်လိုက်၏။ ဤသို့ လှောင်ပြောင် အရှက်ခွဲခြင်းမျိုး တစ်ခါမျှ မခံစားဖူး သောကြောင့် အရိုးတစ္ဆေ သူတော်စင် သခင်က ကြယ်စုကို ခေါ်ထုတ်မိသည်။

သူတော်စင် စွမ်းအင်များ တဟုန်ထိုး မြင့်တက်လာပြီး နဂါးနှင့် ဆင်တစ်ကောင်က ခန္ဓာကိုယ်နောက်တွင် ပေါ်လာ၏။

ဤသည်မှာ အစွမ်းထက်သော နဂါး ဝိညာဉ် သိုင်းပညာဖြစ်သည်။ စတုတ္ထအဆင့် သူတော်စင် သခင်လက်၌ ကြောက်မက်ဖွယ် ကောင်း၏။

ဟွာကျင်းယွီ၌လည်း နေနှင့်လများ လင်းလက် တောက်ပလျက် ကောင်းကင်ပေါ်သို့ သူ့လက်ကို မြှောက်လိုက်သည်။

‘မင်’ဟူသော စကားလုံး ဖြစ်ပေါ် လာသောအခါ၊ အရိုးတစ္ဆေ သူတော်စင်သခင်နှင့် ထိပ်တိုက် တွေ့တော့၏။

“ ဝုန်း ... ။ ”

ရလာဒ်အနေဖြင့် အရိုးတစ္ဆေမှာ နှုတ်ခမ်းထောင်မှ သွေးများ စီးကျလာပြီး ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွားရသည်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ။ ”

တုန်လှုပ်သွား၏။

“ စတုတ္ထ အဆင့် သူတော်စင်သခင် တစ်ပါးက ငါ့ရှေ့မှာ မောက်မာမှုဖို့ သတ္တိ ရှိလား၊ မင်းကသာ ပါးနပ်သူဆိုရင် ထွက်သွားပါ၊ မဟုတ်ရင် ငါသတ်မိမယ်။ ”

ဟွာကျင်းယွီက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး လက်နှစ်ဖက် နောက်ပို့လျက် ငေါက်ငမ်းလိုက် လေသည်။

သွေးမျောက်ဝံ သူတော်စင် သခင်မှ လှုပ်ရှားမှု ပြုလုပ်လိုသော်လည်း သူ့လက်ကို ဓါးရောင်ခြည် တစ်စင်း ထိမှန်သွားသည်။

“ ရွှပ် ... ။ ”

သွေးများစီးကျလျက် နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့လာ၏။

“ အဘိုးကြီး ... မင်းရှိတဲ့ အရပ်မှာနေ ... မနှောင့်ယှက်နဲ့။ ”

လျူယွင်လန်က ပြုံးပြီး သတိပေးသည်။ ကြယ်ဓားမော့ ရည်ရွယ်ချက်များ သူ့အပေါ် သိုင်းခြုံကာ ပေတစ်ရာကျော်ရှည်သော နဂါးငွေ့တန်း ဆယ်ခု ရှိနေ၏။

“ ထွက် သွား ကြ စမ်း ... ။ ”

ကောင်းကင် ဂီတ သူတော်စင် သခင်က လျှပ်စီးလက်ဖဝါးဖြင့် မြင့်မြတ်သော ဝေလငါး သူတော်စင် သခင်ကို တွန်းထုတ်လိုက်သည်။

စတုတ္ထအဆင့် သူတော်စင်သခင် လေးယောက်ခမျာ အလွန် အရှက်ရဖွယ် ရလာဒ်ဖြင့် အဆုံးသတ်သွား၏။

စကားပင် မပြောဝံ့တော့ဘဲ လှည့်ပြန်ကုန်ကြသည်။ ထိုမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။

“ ခေတ်တွေ ပြောင်းသွားပြီ ... ဒီကမ္ဘာကြီးက မျိုးဆက်သစ် လူငယ်တွေ အတွက်ပဲ။ ”

“ အဆင့် နှစ်ဆင့်မြင့်တဲ့ မိစ္ဆာ ကျင့်ကြံသူတွေက တစ်ဖက်သတ် ရိုက်နှက်ခြင်း ခံလိုက်ရတယ် ... ဒါကမှ ပါရမီရှင်။ ”

“ ကြွေလွင့်တောင်ကြားမှာ ပန်းသင်္ချိုင်း သေဆုံးသွားတာမို့ ... အနာဂတ်မှာ အရှေ့ဘက် ပျက်စီးမြေကို သူတို့ပိုင်သွားလိမ့်မယ်။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ညံလာကာ၊ လူတိုင်း စိတ်လှုပ်ရှား နေ၏။

“ မင်းတို့ ဘာတွေတွေးနေလဲ ငါသိတယ် ... ဒါပေမယ့် ကန့်သတ်ချက်က ပတ်ပတ်လည်မှာ ရှိနေတုန်းပဲ၊ ငါတို့ရဲ့ မြင့်မြတ်မြေ ငါးခုက အဲဒါကို ချိုးဖျက်ဖို့ ကြိုးစားနေတယ် ...

... ဒါကြောင့် အမှားအယွင်းတွေ မလုပ်မိအောင် ငါတို့က တားမြစ်ထားရတာပဲ၊ နတ်မီးတောက် အပိုင်းအစတွေ များရင် ... မင်းတို့ ကြည့်ခွင့်ရမှာပါ၊ ငါတို့ လက်ဝါးကြီး အုပ်ထားမှာ မဟုတ်ဘူး။ ”

ဟွာကျင်းယွီက လူအုပ်ကြီးထံ ဝေ့ကြည့်ကာ သူရဲကောင်းဆန်ဆန် ကြေငြာ၏။ လီဖေးပိုင်က ‘ငါပြောတာ မှန်တယ် မဟုတ်လား’ -ဟူသော အဓိပ္ပါယ်ဖြင့် လင်းယွန်ထံ ကြည့်သည်။

“ ဒီသုံးယောက်ဟာ သွေးမီးတောက် ကျီးဘုရင်ဆီက အကျိုးအမြတ် အများကြီး ရခဲ့တာ သေချာနေပြီ ... ဟွာကျင်းယွီဆိုရင် နတ်လရောင် လက်စွပ်ကိုတောင် အသုံး မပြုခဲ့ဘူး၊ ...

... ကျန်နှစ်ယောက်လည်း အတူတူပဲ၊ သူတို့မှာ လျှို့ဝှက် ရတနာတွေ ရှိနေရမယ် လျှော့တွက်လို့ မရဘူး။ ”

သူမ စကားကြောင့် လင်းယွန်က ပြုံးပြီး၊

“ ဒါပေမယ့် ... မင်းက သူတို့ကို အလေးအနက် မထားဖူးလို့ ငါခံစားနေရတယ်။ ”

-ဟု မှတ်ချက်ပေး လိုက်သည်။

“ ငါက အုပ်စိုးရှင် နက္ခတ်ရှိတဲ့ လူ တစ်ယောက်ပဲ၊ နင့်မှာရှိလား ... ပြီးတော့ ငါက ဧကရာဇ် မိသားစုရှစ်ခုက တပည့်ဖြစ်တဲ့ အတွက် ... မြင့်မြတ်မြေ ဖြစ်ရင်တောင် ငါ့ကို မျက်နှာပေးရမယ်။ ”

“ အုပ်စိုးရှင် နက္ခတ်လား ... ငါ့မှာလည်း ရှိပါတယ်။ ”

လင်းယွန်က ပြန်ပြောသည်။

“ ကြွားမနေနဲ့ ... ။ ”

လီဖေးပိုင်မှ နှာခေါင်းရှုံ့၏။ မယုံချေ။ လင်းယွန်က ဆက်မပြောတော့ဘဲ ပြုံးရုံသာ ပြုံးလိုက်သည်။

“ သူတို့ လာနေပြီ။ ”

ရုတ်တရက် လီဖေးပိုင်က တိုးတိုးလေး သတိပေး၏။ ဟွာကျင်းယွီတို့ သုံးယောက်က ကျိကျစ်ရှီထံ လျှောက်လှမ်းလာခြင်း ဖြစ်သည်။

ဝူရှောင် သည်ပင် ဆက်၍ မကြည့်နိုင်တော့ဘဲ နတ်တာအို ခန်းမနှင့်အတူ အမြန် လှမ်းလာ၏။

“ မင်းသမီးလေး ... ငါတို့မှာ နောက်ဆုံး ကန့်သတ်ချက်ပဲ ကျန်တော့တယ် ... လှုပ်ရှားဖို့ အချိန်ကျပါပြီ။ ”

ဟွာကျင်းယွီက ယဉ်ကျေးစွာ ပြုံးပြီး ပြောလိုက်သည်။ နောက်ဆုံး ကန့်သတ်ချက်မှာ ဖီးနစ်မီးတောက် လိုအပ်၏။

ကျိကျစ်ရှီတွင် အသန့်ရှင်းဆုံး ဖီးနစ် သွေးလိုင်းရှိ၏။ ထို့ကြောင့် သူမ သည်သာ အသင့်လျော်ဆုံး ဖြစ်သည်။

“ လူတိုင်းကို ... နတ်မီးတောက် အပိုင်းအစတွေ ကြည့်ခွင့်ပြုတဲ့ ဆုံးဖြတ်ချက်မျိုး နင်ပေးခဲ့တယ် မဟုတ်လား၊ ဒါဆို ငါ့ကို ဘာလို့ အကူအညီ တောင်းနေရတာလဲ။ ”

“ တကယ်တော့ ဒီလူတွေကို မျှော်လင့်ချက်ပေးဖို့ လိုတယ် မဟုတ်လား ... မဟုတ်ရင် မငြိမ်မသက် ဖြစ်လာနိုင်တယ်။ ”

ဟွာကျင်းယွီက ပြုံးပြီး ရှင်းပြလိုက်သည်။

“ မင်းသမီးက ... ဒီအဆင့်အထိ ကိုယ့်ကိုယ်ကို နှိမ့်ချနေမယ်လို့ မထင်ပါဘူး။ ”

-ဟု ဆက်၍ နှစ်သိမ့်လာ၏။

ကျိကျစ်ရှီက ဟွာကျင်းယွီကို မကြိုက်သော်လည်း နောက်ဆုံး ကန့်သတ်ချက် ချိုးဖျက်ရန် သူမ ရွေ့ရမည် ဖြစ်သည်။

***

All Chapters