← Chapters

တိုက်ပွဲများ။

Vol. 162 Ch. 2261

တိုက်ပွဲများ။

Vol. 162 Ch. 2261

ကျိကျစ်ရှီ အလှသည် တကယ်ပင် ရင်သပ်ရှုမောစရာ ကောင်း၏။ အမျိုးသမီးများ အားလုံးနှင့် အမျိုးသားများ၏ စိတ်နေ စိတ်ထားတို့ကို ချိုးနှိမ်ထားသည်။

ရထားလုံးမှ လှမ်းထွက်လာသည့် အခိုက်တွင် အာရုံစူးစိုက် ဗဟိုချက် ဖြစ်လာ၏။ ကျိကျစ်ရှီကို မြင်သောအခါ ဟွာကျင်းယွီပင် ခေတ္တမျှ အံ့အားသင့်သွားသည်။

“ နတ်သမီးလေးက အရင်ကထက် အများကြီး ရင်သပ်ရှုမောလာတယ် နောက်ထပ် နှစ်အနည်းငယ်ကြာရင် ခွန်လွန်ရဲ့ ပြိုင်ဘက် အလှတရားနှစ်ပါးကို လွှမ်းမိုးသွားမှာကို ငါကြောက်မိတယ်။ ”

ဟွာကျင်းယွီ စကားကို ကြားပြီးနောက် ကျိကျစ်ရှီတစ်ယောက် အေးစက်သွားလေသည်။ ထို့နောက် ဂရုမစိုက်ဘဲ အစီရင်ထံသို့ လျှောက်လှမ်း သွားတော့၏။

ဤအရာက ဟွာကျင်းယွီကို အဆင်မပြေသော အနေအထားတွင် ထားရှိ ခဲ့သည်။

သူတို့ လှုပ်ရှားလာသည်ကို မြင်ချိန်၌ ပတ်ဝန်းကျင်ရှိ မြင့်မြတ်မြေများနှင့် သူတော်စင် မျိုးနွယ်စုများ အားလုံး မီးနဂါးတောင်ကြား ဗဟိုဆီသို့ ဦးတည် ရွေ့လျားတော့သည်။

မီးနဂါး တောင်ကြား၏ ဗဟိုသည် မီးနဂါးဦးခေါင်းခွံတည်ရှိရာ အရပ်ဖြစ်ပြီး အပျက်အစီးများ ရှိနေ၏။

ဤနေရာတွင် အအေးဓာတ်သည် ကြောက်မက်ဖွယ် ကောင်းပြီး အများအပြားက ထိုအအေးဒဏ်ကို မခံနိုင်ကြချေ။

ယင်းသည် အပျက်အစီးများ ကြားရှိ အနက်ရောင် အထိမ်းအမှတ်ကျောက်တိုင်ထံမှ လာခြင်း ဖြစ်၏။

အစီရင်ကို ကာကွယ်ရန်နှင့် နတ်မီးတောက်ကို ဖိနှိမ်ရန် အားကောင်းသော ယန်စွမ်းအင်များ ထုတ်ပေးသည်။

ယခင်က လူတော်စင် အများအပြားမှ ကြိုးပမ်းခဲ့ကြသော်လည်း မအောင်မြင်ကြောင်း ညွှန်ပြနေသည့် အနေဖြင့် ကျောက်တိုင် အနား တစ်ဝိုက်တွင် မီးတောက်အနည်းငယ် ရှိနေ၏။

ထို့ကြောင့် ကျောက်တုံးကြီးကို အရည်ဖျော်ကာ နတ်မီးတောက်များ ရယူရန် ဖီးနစ်မီးလျှံ အသုံးပြုရပေမည်။ ယင်းက ကျိကျစ်ရှီ၏ အတွေးဖြစ်၏။

လူပေါင်း ရာဂဏန်းခန့် သူမကို ဝိုင်းရံထားသည်။ ၎င်းတို့မှာ ရှေးဟောင်း သူတော်စင် အင်အားစုများ ဖြစ်သည်။

နတ်ဘုရားများသည် ခွန်လွန်မှ ထွက်ခွာသွားကြသောကြောင့် လူတိုင်းအတွက် နတ်ဘုရား အလောင်းသည် စိတ်လှုပ်ရှားဖွယ် ဖြစ်၏။

အင်အားစုတိုင်းသည် နတ်သွေး အနည်းငယ်ခန့် သိုလှောင်ထား နိုင်သော်လည်း နတ်မီးတောက်များ မရှိကြချေ။

“ ငါတို့လည်း သွားသင့်တယ်။ ”

လင်းယွန်နှင့် လီဖေးပိုင်က အပျက်အစီးများထံသို့ စတင် ဝင်ရောက်လာ ခဲ့သည်။ လူတိုင်းက အစီရင်ထံသာ အာရုံစိုက် နေကြသဖြင့် လွယ်ကူနေ၏။

“ နတ်မီးတောက်ကို ဘယ်လိုလုပ် လွယ်လွယ် ရနိုင်မှာလဲ။ ”

လီဖေးပိုင်မှ ရေရွတ်သည်။ သူမသည် ဧကရာဇ်မျိုးနွယ်စု ရှစ်စုမှ ဆင်းသက်လာပြီး နတ်မီးတောက်များနှင့် ပတ်သက်သော လျှို့ဝှက်ချက် များစွာကို သိရှိသည်။

“ နတ်ဘုရားတွေ သေဆုံးပြီးတဲ့နောက် နတ်မီးတောက်က စကြာဝဠာ အနှံ့ ပျံ့သွားကြ လိမ့်မယ်၊ ဒီဖျက်ဆီးခြင်း နတ်ဘုရားသခင်က နတ်မီးလျှံကို သူ့အနားမှာပဲ ... ဆက်ပြီး ရှိစေတာက အကြောင်းရင်း ရှိရမယ်။ ”

ထိုနတ်ဘုရား၏ လက်အရိုးသည် ကြွေလွင့်နတ်ဘုရားချိုင့်ဝှမ်းတွင် ရှိနေခဲ့သည်။ ထိုစကားကြောင့် လင်းယွန်က ခေါင်းညိမ့်ပြီး၊

“ ဒီနတ်ဘုရားမှာ ကြီးမားတဲ့ မူလဇစ်မြစ် ရှိသလား။ ”

-ဟုမေးမိသည်။

“ သူက မရေမတွက်နိုင်တဲ့ ကျူးကျော်သူတွေကို သတ်ပြီး ခွန်လွန်မြေရဲ့ ကျော်ကြားလှတဲ့ နတ်ဘုရားပဲ ဖျက်ဆီးခြင်း တာအိုကို ဆုပ်ကိုင်ပြီး၊ ...

... အမျိုးမျိုးသော နတ်မီးတောက်တွေကို ကျွမ်းကျွမ်းကျင်ကျင် တတ်မြောက် ထားတယ်၊ ဒီမီးနဂါးက သူ့ရဲ့အစေခံပါ။ ”

လီဖေးပိုင်က ရှင်းပြသည်။ နှစ်ယောက်သား လူအုပ်ကြားတွင် ရောနှောကာ အပျက်အစီးများ အနီးသို့ ရောက်ရှိလာ၏။

“ မင်းသမီးလေး ... ကျေးဇူးပြုပြီး လှုပ်ရှားပါ။ ”

ကျိကျစ်ရှီသည် အစောပိုင်းက သူ့ကို လျစ်လျူရှုခဲ့သောကြောင့် စိတ်မချမ်းသာ ဖြစ်မိ သော်လည်း ဟွာကျင်းယွီမှ ယဉ်ယဉ်ကျေးကျေး ပြောနေမိသေးသည်။

နတ်ဖီးနစ်တောင်သည် ဤနတ်မီးတောက်နှင့် ပတ်သတ်၍ ကြိုးတင် ပြင်ဆင်မှုများ ရှိခဲ့သည်။

ထို့ကြောင့် ကျိကျစ်ရှီမှ ဖီးနစ်မီးလျှံ အသုံးပြုတော့မည့် အချိန်တွင် ပတ်ဝန်းကျင်ကို ကန့်သတ်ရန် မြင့်မြတ်မြေ ငါးပါးက တာဝန် ယူလိုက်ကြသည်။

သို့သော် ကောင်းကင်မှ လရောင်များ ရုတ်တရက် ဖြာကျလာသဖြင့် လူတိုင်းမျက်နှာ ပြောင်းလဲသွားကာ ခေါင်းမော့ကြည့်လိုက် ကြ၏။

“ ဝှစ် ... ။ ”

လူလေးဦး ကောင်းကင်မှ ဆင်းလာခြင်း ဖြစ်သည်။ ဦးဆောင်လာသူမှာ သွေးလနတ်သား ကျောက်တျန်းယွီ ဖြစ်၏။

သူ့ဘေး၌ ကူရှင်းယွီ လိုက်ပါလာသည်။ ကျန်နှစ်ယောက်သည် ယင်းမြစ်ဘုရင်နှင့် သူ့ အဖော်ဖြစ်သည်။

ကူရှင်းယွီသည် နဂါးပြာ မှတ်တမ်းတွင် ချန်ပီယံဖြစ် လုနီးပါး အစွမ်းကို ပြသထားနိုင်သူ တစ်ဦးပေပင်။

(၉)ရက်နေ့၌ ဝမ်မူယန်သည် ကောင်းကင်စက်ဝန်း ဘုံကျောင်းဖြင့် ၎င်းတို့ကို ကယ်တင်သွားခဲ့သည်။

ယခုပြန်ပေါ်လာသည့် အချိန်တွင် သူတော်စင်တစ်ဦး ဖြစ်လာကြောင်း သတိပြုမိ ခဲ့သည်။

ဆိုလိုသည်မှာ သူသည် ကောင်းကင်ဘုံ နိဗ္ဗာန် နယ်မြေ၌ ကျောက်တျန်းယွီ နှင့်အတူ အခွင့်အရေးများ ရရှိခဲ့ပေမည်။

ယခင်ကဲ့သို့ စုတ်ပြတ်နေသည့်ပုံမျိုး မပေါ်တော့ဘဲ မာနကြီးပြီး လွှမ်းမိုးလိုသော အသွင်ကို ပြသထားသည်။

“ သွေးလဂိုဏ်း ... ။ ”

“ ဒီလူတွေက ဘယ်အချိန် စွန့်စားရမှန်း တကယ်မသိဘူး။ ”

တစ်စုံတစ်ယောက်က ကျောက်တျန်းယွီ အထောက်အထားကို အသိအမှတ် ပြုခဲ့သည်။ ၎င်းတွင် ဖော်ရွေသော အပြုံးတစ်ပွင့် ရှိပြီး နတ်ဆိုးတစ်ပါးနှင့် မတူချေ။

သို့သော် သူသည် ပြင်းထန်သော ဖိအားကို ပေးစွမ်းသည်။ သူ့အနားရှိ ယင်းမြစ် ဘုရင်မှာမူ ပို၍ပင် နားမလည်နိုင်ချေ။

မြင့်မြတ်မြေများက ကန့်သတ်ချက်ကို ရုတ်သိမ်းတော့မည် ဖြစ်သောကြောင့် သူတို့ အသွင်အပြင်သည် ရုတ်ရုတ်သဲသဲ ဖြစ်သွား စေသည်။

ဝမ်မူယန် မပါသဖြင့် လင်းယွန်က အတွေးနက်သွားသည်။ သူမသာ ဘုံကျောင်းကို ထိန်းချုပ်ပြီး ရောက်ရှိလာပါက၊ ဒုက္ခဖြစ်လာ ပေလိမ့်မည်။

“ ကျောက်တျန်းယွီ ... မင်းက ဘယ်လို သတ္တိရှိလဲ။ ”

ဟွာကျင်းယွီမှ အော်ငေါက်လိုက်၏။ အစောပိုင်း မိစ္ဆာကျင့်ကြံသူများကို မောင်းထုတ် နိုင်ခဲ့သဖြင့် ဤလေးယောက်အပေါ် မျက်လုံးထဲ မထားတော့ချေ။

“ နတ်မီးတောက် အပိုင်းအစတွေ ပေါ်လာတော့ ကြည့်ရှုဖို့ သဘာဝအတိုင်း ငါတို့ ရောက်လာတာပါ ... တကယ်တော့ ဒီနေရာကို နတ်သားတော်က ပထမဆုံး ရှာတွေ့ခဲ့တာလို့ မင်းကိုပြောရင် ယုံမလား။ ”

ကူရှင်းယွီက ဟွာကျင်းယွီ စကားကို တုန့်ပြန်သည်။ ဟွာကျင်းယွီ မျက်နှာအေးစက် သွားပြီး၊

“ မင်းတို့ လေးယောက်က ... ငါတို့ မြင့်မြတ်မြေ ငါးပါးကို ရင်ဆိုင်ချင်နေတာလား။ ”

ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်က အကြည့်ချင်း ဖလှယ်ကြပြီး မထီမဲ့မြင်ပြုကာ ပြုံးလိုက်ကြသည်။ ကျောက်တျန်းယွီက၊

“ ကူရှင်းယွီ ... သူ့ကို သွားရိုက်လိုက်။ ”

-ဟု အမိန့်ပေးလိုက်၏။

“ အဲဒီ စကားကို စောင့်နေတာ။ ”

ကူရှင်းယွီက မီးနဂါး၏ ဦးခေါင်းပေါ် ဆင်းသက်ကာ ပြောကြား လိုက်လေသည်။ ဟွာကျင်းယွီ လှုပ်ရှားတော့မည့် အချိန်တွင် အဖိုးကြီး တစ်ယောက် ရောက်လာ၏။

၎င်းအမည်မှာ ကောင်းကင်ငှက်မွှေး သူတော်စင်သခင် ဖြစ်ပြီး တတိယအဆင့် သူတော်စင်သခင် ဖြစ်သည်။

“ သခင်လေး ... သူ့ကို တာဝန်ယူပါရစေ။ ”

သူသည် စတုတ္ထအဆင့့် မရောက်သေး သော်လည်း နေလ သူတော်စင်ကျမ်း လေ့ကျင့် ထားသည်။ အစောပိုင်း မိစ္ဆာ ကျင့်ကြံသူ အဖိုးကြီး (၄)ဦးထက် ခိုင်မာသော အခြေခံအုတ်မြစ်ရှိ၏။

လက်လှိုင်းဖြင့် ပြိုးပြိုးပြက်ပြက် လင်းလက်နေသော သူတော်စင် ချပ်ဝတ်ကို ဖန်တီးကာ ‘မင်’ဟူသော စကားလုံးဖွဲ့ပြီး သူ့ကြယ်စု ခေါ်လိုက်သည်။

ချပ်ဝတ်ပေါ်တွင် နေနှင့်လ လှည့်ပတ် လာနေစဉ် လေထုထဲသို့ လှိုင်းလုံးများ ပို့လွှတ် တော့၏။

ဤမြင်ကွင်းက လူတိုင်းကို မျက်လုံးများ တောက်ပလာ စေသော်လည်း ယင်းမြစ်ဘုရင်မှ လှောင်ပြုံး ပြုံးသည်။

“ ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်တဲ့ လှည့်ကွက်တွေလဲ။ ”

ကူရှင်းယွီက ရယ်သည်။ သူသည် ပထမအဆင့် သူတော်စင် သခင်သာ ဖြစ်သော် ငြားလည်း မကြောက်ချေ။

“ ဝုန်း ... ။ ”

လက်သီးတစ်ချက် ပစ်လွှတ်လိုက်သော အခါတွင် ကောင်းကင် ငှက်မွှေး သူတော်စင် သခင် ခမျာ အဝေးသို့ လွင့်စဉ်သွားခဲ့သည်။

“ ဟား ဟား ဟား ... နေလ သူတော်စင် ကျမ်းက သွေးလနတ်ကျမ်းကို ယှဉ်နိုင်မယ်လို့ တကယ် ထင်နေတာလား။ ”

ကူရှင်းယွီက ကြက်သွေးရောင် လရောင်ခြည်များ ခြုံလျက် ရယ်မောလေသည်။ ကြက်သွေးရောင် လမင်း၏ ဖိနှိပ်မှုအောက်တွင်၊ ကောင်းကင်ငှက်မွှေး သူတော်စင်သခင်၏ လရောင်များ မှိန်ဖျော့သွားခဲ့သည်။

ကောင်းကင် ငှက်မွှေး သူတော်စင် သခင်ခမျာ ရပ်ခြေငြိမ်အောင်ထိန်းလျက် တဖန် အားယူလိုက်၏။

“ ငါ လာမယ်။ ”

သို့သော် ကူရှင်းယွီက သူ့ထံ ဦးစွာ ရောက်လာပြီး တိုက်ခိုက်သည်။ လေထုအလယ် မှုန်ဝါးဝါး ရုပ်ပုံများသာ ကျန်ရစ်ခဲ့တော့၏။

ဤအခိုက်အတန့်တွင် ဖြစ်စဉ်မျိုးစုံဖြင့် လှုပ်ရှားမှု(၁၀)ကြိမ်ခန့် ဖလှယ်လိုက်ကြသည်။ သည့်နောက် ကောင်းကင် ငှက်မွှေး သူတော်စင် သခင်မှာ သွေးတစ်လုတ် အန်ကာ သူတော်စင် ရောင်ဝါများ ငြိမ်းသွားခဲ့၏။

အဆုံးတွင် မေ့လဲသွားတော့သည်။ တစ်ဖက်တွင် ကူရှင်းယွီက လေထဲတွင် ပျံဝဲကာ လှည့်ပတ်ကြည့်နေခဲ့သည်။

သူသည် ပထမအဆင့် သူတော်စင် သခင်မျှသာ ဖြစ်သော်ငြားလည်း ရောင်ဝါအရ တတိယ အဆင့်ထက် ပိုမို အားကောင်းသည်။

“ ဒါက သွေးအရိပ်လက်ဝါး။ ”

“ ကာလကြာရှည် ပျောက်ဆုံးနေတဲ့ ကိုယ်ခံပညာတစ်ရပ်ကို လေ့ကျင့်ဖို့ သူဘယ်လို လုပ်ခဲ့တာလဲ။ ”

“ ကောင်းကင် ငှက်မွှေး သူတော်စင် သခင် ရှုံးသွားတာ အံ့သြစရာ မရှိတော့ပါဘူး။ ”

သူတို့ နှစ်ယောက်ကြား ရန်ပွဲသည် မြန်ဆန်ချေ၏။ သို့သော် အများစုသည် တိုက်ပွဲ အပေါ် ရှင်းရှင်းလင်းလင်း မြင်နိုင်သေးသည်။

ကူရှင်းယွီ သုံးခဲ့သည်မှာ နဂါးဝိညာဉ် ပညာရပ် ဖြစ်လေသည်။ ဒဏ်ရာကို အခြေခံ၍ ပြန်လည် ကောင်းမွန်ရန် ကောင်းကင် ငှက်မွှေး သူတော်စင် သခင်အတွက် အနည်းဆုံး (၆)လကြာမည် ဖြစ်၏။

“ ဒါက မင်ဂိုဏ်းရဲ့ အကောင်းဆုံးလား၊ တကယ်လို့ မင်းတို့ လုပ်နိုင်တာ အကောင်းဆုံးပဲ ဆိုရင် ... နတ်မီးတောက်ကို စွန့်လွှတ်လိုက်ပါ။ ”

လူအများအပြားက သူ့စကားကြောင့် ခေါင်းငုံ့သွား၏။ မြင့်မြတ်မြေ (၅)ပါး သည်ပင် ငြိမ်သက် သွားလေသည်။

“ ဘယ်လောက် အစွမ်းထက်လဲ … ။ ”

လီဖေးပိုင်က မှတ်ချက်ပေး၏။ သူမသည် အုပ်စိုးရှင်ကြယ်စု မထုတ်သော် တစ်ဖက်လူကို အနိုင်ယူရန် ပြဿနာ ဖြစ်နိုင်သည်။

“ ဒါဆို မင်းနဲ့ ကစားခွင့်ပေးပါ ... ။ ”

ရုတ်တရက် ကောင်းကင်ဘုံ ဂီတ သူတော်စင်သခင် မျက်လုံးတွင် ခရမ်းရောင် အလင်းများ တောက်ပလျက် ပြောကြား လိုက်တော့သည်။

***

All Chapters