← Chapters

မကောင်းမှုများ ... ။

Vol. 162 Ch. 2262

မကောင်းမှုများ ... ။

Vol. 162 Ch. 2262

ကောင်းကင် ဂီတ သူတော်စင် သခင်က ကောင်းကင်ပေါ်ပျံတက်လာ၏။ အသက်တစ်ရာ မျှသာ ရှိသေးပြီး အနန္တ လျှပ်စီးဂိုဏ်း၏ အပြင်းထန်ဆုံး ပါရမီရှင် ဖြစ်သည်။

ကျင့်ကြံမှုအရ ဒုတိယအဆင့် ဖြစ်၏။ ခရမ်းရောင်အဆင်း သဏ္ဍာန်ဖြင့် သူ့ခန္ဓာပေါ် ရစ်သိုင်းထားသည်။

ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်က မီးနဂါးဦးခေါင်းပေါ်တွင် ရပ်လျက် ပြုံးကြည့်၏။

“ မင်းက ... အဲဒီ အဘိုးကြီးထက် ပိုသန်မာတယ်။ ”

ကူရှင်းယွီက နှုတ်ခမ်းများကို လျှာဖြင့် သပ်ကာ ပြောကြား လိုက်သည်။ မာနကြီးသော် ငြားလည်း လူမိုက်မဟုတ်ချေ။ ထို့ကြောင့် အထင်သေးမှု ပျောက်ကွယ်သွား၏။

ကောင်းကင် ဂီတ သူတော်စင် သခင်က၊

“ စတုတ္ထအဆင့် သူတော်စင် သခင်ကို ရင်ဆိုင်ရရင်တောင် ငါမကြောက်ဘူး၊ ဒါကြောင့် မင်းလို ပထမအဆင့် သူတော်စင် သခင်အတွက် အခွင့်အရေး မရှိဘူး။ ”

“ ဟား ဟား ဟား ... ။ ”

ကူရှင်းယွီက ရယ်သည်။ ဤနေရာ၌ ဉာဏ်ကြီးရှင် မဟုတ်သော မည်သူ ရှိသနည်း။

“ ဟာသတွေကို တကယ်သိတာပဲ၊ နဂါးပြာမှတ်တမ်းမှာ လင်းယွန်နဲ့သာ မတွေ့ရင် ငါဟာ ကောင်းကင် နဂါးသခင် ဖြစ်လိမ့်မယ် ဒါဆို မင်းက ကိုယ်ကိုယ်ကို ဘယ်သူလို့ထင်လဲ။ ”

ကူရှင်းယွီမှ မျက်နှာ နီရဲလာပြီး ကြက်သွေးရောင် မီးတောက်များ မျက်ဝန်း၌ တောက်လောင်လာသည်။

များကြာမီ ထိုကြက်သွေးရောင် မီးတောက်များက သူ့ခန္ဓာကိုယ်အနှံ့ ဖုံးလွှမ်း သွားတော့၏။

“ ကံကြမ္မာ ကြာနီ မီးတောက်- အပြာအဖြစ် လောင်မြိုက်ခြင်း။ ”

ကံကြမ္မာကြာနီမီးလျှံက မီးတောက်များ ထုတ်လွှတ်ပြီး ကြက်သွေးရောင် အလင်းများ ထုတ်လွှတ်လာသည်။

သူ့လက်သည် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်၏ ရင်ဘတ်နှင့် ထိတွေ့သော အခါ၌ လေထုထဲ ကြာနီတစ်ပွင့် ပွင့်လာ တော့၏။

အရာအားလုံး လျင်မြန်စွာ ဖြစ်ပျက် သွားခြင်း ဖြစ်သည်။ ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်က မျက်နှာပြောင်းကာ ရှောင်တိမ်းဖို့ ကြိုးစားလိုက်သည်။

“ ဝှစ် ... ။ ”

အနည်းငယ် နှေးပါက မီးရှို့ခံရမည်ဟု ယုံကြည်၏။ ပြိုင်ဘက်ကို လျှော့တွက်ခဲ့မိမှန်း ချက်ချင်း သိလိုက်သည်။

ဆယ်ကြိမ်တိုင်တိုင် ထိပ်တိုက် ရင်ဆိုင် ပြီးနောက် ကောင်းကင်ဘုံ ဂီတ သူတော်စင် သခင်မှာ ခက်ခဲသော အနေအထားသို့ ကျရောက်သွားသည်။

“ လျှပ်စီး သူတော်စင် သံကြိုးများ။ ”

ဂီတသံများကဲ့သို့ သာယာ နာပေျာ်ဖွယ် ကောင်းသော အသံများနှင့်အတူ ဘုန်းဝိညာဉ် သူတော်စင် လက်ရာ ထွက်လာ၏။

မိုးကြိုးတိမ်များ ကောင်းကင်၌ ဖုံးလွှမ်းလာပြီး သူ့လက်၌ လျှပ်စီးသံကြိုးများ ပြေးထွက်လာ တော့သည်။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ကူရှင်းယွီက ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်လိုက်ရ၏။ ရောင်ဝါများပင် ကျဆင်းသွားသည်။

ဤသည်မှာ အနန္တ လျှပ်စီး ဂိုဏ်း၏ မိုးကြိုးအနန္တလျှပ်စီး ပညာရပ်ဖြစ်၏။ လျှပ်စီး ရည်ရွယ်ချက်ကို မြင့်မြင့်မားမား နားလည် ရပေမည်။

“ အနန္တလျှပ်စီးဂိုဏ်း … စိတ်ဝင်စားစရာပဲ။ ”

ဤနည်းစနစ်သည် သေွးလနတ်ကျမ်း၏ အားနည်းချက်ကို ထိပါးသွားကြောင်း ကူရှင်းယွီ သိလိုက်၏။ ထို့ကြောင့် စိတ်လှုပ်ရှားလာသည်။

ကြောက်မက်ဖွယ် ကောင်းသော သူတော်စင် စွမ်းအင်များ တိုက်ပွဲအတွင်းမှ လွင့်ထွက်လာပြီး လူတိုင်းကို တွန်းထုတ်တော့၏။

နောက်ထပ် ဆယ်ကြိမ်ခန့် လှုပ်ရှားစဉ် ကံကြမ္မာကြာနီ မီးလျှံက သူနှင့် ပေါင်းစည်းသွား လေသည်။

ကောင်းကင်ဘုံ ဂီတ သူတော်စင် ခမျာ ဂီတသံများ လျော့ပါးလျက် ညည်းတွားသံများ ပြုလိုက်ရတော့၏။

သူ့ဝိညာဉ်ကို တစ္ဆေသရဲများက အနှောင့်အယှက် ပေးနေသည်ဟု ခံစားလာ ရသည်။ သူ့ခန္ဓာကိုယ်မှ အပြစ်များ ဖြာထွက် လာတော့၏။

“ ဟား ဟား ဟား ... မြင့်မြတ်မြေရဲ့ ဖြောင့်မတ်သော ပါရမီရှင်တစ်ပါးက တကယ်ပဲ အပြစ်တွေနဲ့ ပြည့်နေတာလား။ ”

ကူရှင်းယွီက လှောင်ပြောင် ရယ်မော လိုက်သည်။ ခန္ဓာကိုယ်သာမက စိတ်ဝိညာဉ်ကို နှိပ်စက် ညှဉ်းပန်းနေခြင်း ဖြစ်၏။

ကောင်းကင်ဘုံ ဂီတ သူတော်စင် ခမျာ ကြောက်ရွံ့စွာဖြင့် စိတ်ဓာတ်များ ပြိုကျလာကာ နှလုံးသား၌ အပြစ်များ ဖုံးလွှမ်းလာသည်။

“ ကံကြမ္မာ ကြာနီမီးလျှံ- အပြာအဖြစ်သို့ လောင်မြိုက်ခြင်း။ ”

ကူရှင်းယွီက ကြင်နာမှု မရှိဘဲ လက်ကို ဝှေ့ယမ်းပြီး အပြစ်ရှိသူများ အပေါ် တရားစီရင် နေသည့် နတ်ဘုရားကဲ့သို့ ပြုမူလိုက်၏။

“ ငါ့မှာ အပြစ်ရှိပါတယ် ... ငါ့မှာ အပြစ်ရှိပါတယ် ... ခွင့်လွှတ်ကြပါ တောင်းပန် ပါတယ်။ ”

ဤအရာက ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာ မရရှိခဲ့သော်လည်း ဝိညာဉ်ကို များစွာ နာကျင် စေသည်။ သိပ်ကြာကြာ မထိန်းနိုင်ဘဲ သူ့၌ အပြစ်ရှိကြောင်း ဝန်ခံလိုက်မိ၏။

“ ဟား ဟား ဟား ... ။ ”

ကူရှင်းယွီက အရှက်ခွဲရသည်ကို ကျေနပ်စွာ ရယ်မောသည်။ မည်သူသည် မိစ္ဆာ ကျင့်ကြံသူ ဖြစ်သနည်း။ မြင့်မြတ်မြေ၏ တပည့်များ ပင်လော။ သွေးလဂိုဏ်း ပင်လော။

“ အား ... အနားမလာနဲ့။ ”

ကံကြမ္မာကြာနီ မီးလျှံ အောက်တွင် ပြိုင်ဘက်၏ အငွေ့အသက်မှာ မှိန်ဖျော့လျက် သနားစရာ အော်ဟစ်နေခဲ့သည်။

ဤကံကြမ္မာ ကြာနီ မီးလျှံသည် တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ် အတွင်းရှိ အပြစ်များကို နှိုးဆွစားသုံးနိုင်၏။ ထူးထူး ဆန်းဆန်း ပေပင်။

ကူရှင်းယွီက မျက်ဝန်းများ ဝေ့ကြည့်ရာ လူတိုင်း နောက်ဆုတ် သွားကြ၏။ အဆုံးတွင် သူ့အကြည့်က ဟွာကျင်းယွီထံ ကျဆင်း သွားသည်။

ဟွာကျင်းယွီ တစ်ယောက် မျက်နှာ ပျက်ယွင်းစွာ ခြေလှမ်း အနည်းငယ် ပြန်ဆုတ် လိုက်မိ၏။

“ ဟား ဟား ဟား ... ဒီအရည်အချင်းနဲ့ မင်းတို့က နတ်မီးတောက်ကို လက်ဝါးကြီးအုပ် မလို့လား။ ”

တစ်စုံတစ်ယောက်သည် ကိုယ်ကျင့်တရား မကောင်းသော် အားနည်းချက်ဖြစ်ကာ မီးလျှံ၏ ခြိမ်းခြောက်မှု ခံရမည် ဖြစ်သည်။

လင်းယွန်သည် ဆုစီယာနှင့် ပတ်သတ်ပြီး အပြစ်အချို့ ရှိနေခဲ့သော်လည်း ကံကြမ္မာ ကြာနီ မီးလျှံကို မကြောက်ချေ။ အားနည်းချက် ရှိရ မည်ဟု ယုံကြည်၏။

အဆုံးတွင် သူ့ကို မကြောက်မရွံ့ ပြန်ကြည့်နေသော လျူယွင်လန်ထံ၌ အကြည့် ရပ်လိုက်သည်။ သို့သော် သူ့ဘေးရှိ သူတော်စင် အကြီးအကဲများက ကြောက်လန့်ပြီး ၎င်းကို ဆွဲထုတ်သွား၏။

“ ဟား ဟား ဟား ... ။ ”

ကူရှင်းယွီက လှောင်ပြောင်သည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူတိုင်းက သူ့ထံမှ အကြည့်ကို ရှောင်ကုန်ကြ၏။

“ ဒါက အရမ်း ထူးဆန်းနေတယ် ... ကျင့်ကြံမှုလောကမှာ ဘယ်သူက မသတ်ဖူးတာ ရှိလဲ ... ဒီလိုသာဆိုရင် လူတိုင်းရဲ့ နှလုံးသားမှာ အပြစ် မရှိတဲ့လူဆိုတာ မရှိပါဘူး။ ”

လီဖေးပိုင် စကားကို လင်းယွန်က ခေါင်းခါလိုက်သည်။ တုန့်ပြန် စကားမဆို မိချေ။ သူသည် ကံကြမ္မာ ကြာနီ မီးလျှံကို မြင်ဖူးသဖြင့် ထင်သလောက် မဟုတ်ကြောင်း သိ၏။

သို့သော် ကူရှင်းယွီသည် သူတော်စင် ဖြစ်လာပြီးနောက် ပို၍အားကောင်း လာပုံရ လေသည်။

ကူရှင်းယွီက ဝူရှောင်ထံ အကြည့် ရောက်သွားသည်။ ဝူရှောင်က ပါးနပ်စွာဖြင့် သူ့အကြည့်ကို ရှောင်၏။

“ ဟား ဟား ဟား ... ။ ”

မြင့်မြတ်မြေ ငါးပါးမှ လေးပါးသည် ပြန်ဆုတ်သွားသဖြင့် လူတိုင်းကို မျှော်လင့်ချက် မဲ့စေသည်။ ကံကြမ္မာ ကြာနီ မီးလျှံသည် ထူးဆန်းလှ၏။

အဆုံးတွင် ကူရှင်းယွီ၏ အကြည့်သည် ကျိကျစ်ရှီထံ ရောက်ရှိသွားသည်။ သူမသည်သာ ဆုတ်ခွာခဲ့ပါက ပွဲပြီးပြီ ဖြစ်၏။

“ ကျိကျစ်ရှီ ... မင်းငါနဲ့ တိုက်ဝံ့လား။ ”

“ မင့်လို လူပြက်တစ်ယောက်က မင်းသမီးလေးကို လှုပ်ရှားစေချင်တာလား။ ”

ရုတ်တရက် အသံတစ်သံက ကျိကျစ်ရှီ ပြန်မဖြေခင် လူအုပ်အတွင်းမှ ထွက်ပေါ်လာ၏။ ဤအရာသည် လူတိုင်းကို သိချင်စိတ်ဖြင့် လှည့်ကြည့်မိစေသည်။

ဝါးခမောက် ဆောင်းထားသော လူငယ် တစ်ယောက်ကို တွေ့လိုက်ရသဖြင့် ကူရှင်းယွီက မျက်မှောင်ကြုတ် သွား၏။

“ မင်း ဘယ်သူလဲ။ ”

သူ့ခြေဖျား အောက်ရှိ ကြာနီထံမှ ကောင်းကင်ကို လွှမ်းခြုံနိုင်သည့် အဆင်းများ ထွက်လာကာ ထိုဝါးခမောက်နှင့် လူထံ ဦးတည်သွားလေသည်။

ဤလူကို ရင်းနှီးနေသည်ဟု ခံစားရသဖြင့် ကျိကျစ်ရှီက တွေဝေသွား၏။ ကြာနီ မီးတောက် ရောင်ဝါအောက်တွင် ထိုလူ၏ ခန္ဓာကိုယ်မှ အနက်ရောင် အငွေ့များ ထွက်လာသည်။

ဤသည်မှာ အပြစ်များ ဖြစ်၏။ အဆုံးတွင် ထိုလူရပ်နေရာ မြေပြင်၌ သွေးအိုင်ကြီး ဖြစ်ပေါ် လာသည်။ လူမည်မျှ သတ်ခဲ့သည်ကို ထိုသွေးက သက်သေပေပင်။

ထို့ကြောင့် ကူရှင်းယွီက လှောင်ပြောင်ရန် စောင့်ဆိုင်းနေမိသည်။ သို့သော် အော်ဟစ်သံမျိုး ထွက်မလာဘဲ သွေးမြစ်က သွေးပင်လယ် အဖြစ် ဆက်၍ ပြောင်းလဲနေခဲ့၏။

ဤအပြစ်များသည် ကောင်းကင်ဘုံ ဂီတသူတော်စင် သခင်ထက် အဆများစွာ ပိုနေ ချေပြီ။ လူတိုင်း ထိတ်လန့် လာကြ၏။

ကူရှင်းယွီ သည်ပင် သူ့ကိုယ်သူ တည်ငြိမ်စေရန် အသက်ပြင်းပြင်း ရှူလိုက် ရသည်။

“ အပြစ်များလေ ... မင်းသေဖို့ ပိုနီးစပ်လာလေပဲ ... မင်း ဘယ်သူလဲ ဆိုတာ ငါ ကြည့်ရအောင် ... ကံကြမ္မာ ကြာနီမီးတောက်- အပြာအဖြစ်သို့ လောင်မြိုက်ခြင်း။ ”

တစ်ဖက်လူမှာ နာကျင်သံ မပြုသဖြင့် အံကြိတ်ကာ မီးလျှံများကို နောက်တစ်ဆင့် မြှင့်တင်လိုက်သည်။

ကံကြမ္မာ ကြာနီ မီးလျှံများက သွေးပင်လယ်ကို လောင်မြိုက်၏။ သွေးများက လောင်စာဆီများကဲ့သို့ မီးအဟုန်ကို ပို၍ မြင့်တက်လာစေသည်။

ဤမြင်ကွင်းက ကြောက်စရာ ကောင်းသောကြောင့် လူတိုင်းက လွတ်ရာသို့ ချက်ချင်း ဆုတ်ခွာလိုက်၏။ မဟုတ်သော် မီးကူးစက် ခံရပါက အရှက်ရပေမည်။

“ ရပ် ... ။ ”

ကျိကျစ်ရှီ မျက်နှာ ပြောင်းသွားသည်။ မီးတောက်များက ခန္ဓာကိုယ်ပေါ် တက်လာစဉ် ဤလူ မည်သူ ဖြစ်သည်ကို သူမ မြင်လိုက်၏။

ဝါးခမောက်အောက်မှ မျက်နှာသည် ကြွေလွင့်နတ်ဘုရား ချိုင့်ဝှမ်းအတွင်း ခုန်ချသွား သည်ဟူသော လင်းယွန် ဖြစ်နေသည်။

“ သူ ဘယ်လိုလုပ် အသက်ရှင်ခဲ့တာလဲ။ ”

“ ဒါက အဓိပ္ပါယ် မရှိဘူး။ ”

လူတိုင်း လှမ်းကြည့်နေစဉ် ကံကြမ္မာ ကြာနီမီးလျှံက လင်းယွန်၏ ဦးခေါင်းအပေါ် သိုင်းခြုံ လောင်ကျွမ်းနေပြီ ဖြစ်သည်။

“ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ... မင်းမှာ အပြစ်တွေနဲ့ ပြည့်နေတာ မဟုတ်လား။ ”

ကူရှင်းယွီ သည်ပင် အံ့ဩသွား၏။ သွေးပင်လယ်နှင့် လူသေများ တောင်လိုပုံနေ သည်ကို မြင်နေရသည်။ သို့တိုင် တစ်ဖက်လူက နာကျင်မှု မပြချေ။

“ ငါ လူတွေသတ်ဖူးတယ် ... နောင်တ မရဘူး၊ ငါသတ်လိုက်တဲ့ လူတွေကလည်း သေထိုက်တဲ့ လူတွေ ... ဒါဆို သူတို့ကို သတ်တာ ...

... ငါက ဘာလို့ အပြစ် ဖြစ်ရမှာလဲ ... ဒီလောကမှာ သတ်ခြင်းကို ရှောင်လွှဲလို့ မရဘူး၊ ငါက ပန်းတွေနဲ့ လူတွေကို မြှုပ်နှံပေးတယ်။ ”

လင်းယွန်က ပြုံးလျက် သူ့ဓားကို လွှဲယမ်းလိုက်တော့သည်။ မီးနဂါးတောင်ကြား အနှံ့ ဓားရောင်ခြည်များ တောက်ပသွားပြီး ကံကြမ္မာ ကြာနီ မီးတောက် ပေါက်ကွဲ သွားသည်။

“ ဘောင်း ... ။ ”

ဓားရောင်ခြည်သည် ကူရှင်းယွီအပေါ် ထိမှန်ကာ မြေပြင်ပေါ် လဲကျသွားစေသည်။ လူတိုင်း အသက်ရှူ ရပ်သွား၏။

ဓားတစ်ချက်တည်း သည်လော။ ဤမြင်ကွင်းသည် ဟွာကျင်းယွီကို အသက်မဲ့ သွားစေ၏။ ယုံနိုင်စရာ မရှိချေ။

***

All Chapters