ငွေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာ။
Vol. 162 Ch. 2263
“ ဒီကောင်လေး ... ။ ”
ရဲဝံ့ခြင်း သူတော်စင် သခင်၊ ကျီးနက် သူတော်စင် သခင်နှင့် ကောင်းကင် ပညာရှင် သူတော်စင် သခင်တို့က ထိတ်လန့် သွားကြသည်။
အထူးသဖြင့် ကောင်းကင်ဘုံ ပညာရှင် သူတော်စင်သခင်ဖြစ်သည်။ လင်းယွန် ခုန်ဆင်း သွားချိန်၌ သူပင် လိုက်ပါခဲ့ဖူး၏။
ရလဒ် အနေဖြင့် ခုန်ချပါက သူတော်စင် ဘုရင်ပင် အသက် ဆုံးရှုံးမည်ဟု ကောက်ချက်ချ ခဲ့ကြသည်။ သို့သော် လင်းယွန်သည် ကောင်းမွန် နေပြီး ခွန်အား၌ အသွင်ကူးပြောင်းမှု တစ်ခုကို ကြုံတွေ့ခဲ့ရကြောင်း မြင်သာနေ၏။
အခြားလူများ အတွက်မူ ကံကြမ္မာ ကြာနီမီးတောက်သည် လင်းယွန်ကို မည်သည့် အရာမျှ မလုပ်နိုင်သဖြင့် မှင်တတ်နေ၏။
လင်းယွန်သည် အမည်ခံ နတ်အလင်း ဓားပင် မထုတ်ဘဲ ကူရှင်းယွီကို တစ်ချက်တည်း ဖြေရှင်းခဲ့သည်။ ဟွာကျင်းယွီနှင့် လျူယွင်လန် တိုက တုန်လှုပ်နေမိသည်။
“ ငါ သိပါတယ် ... သူ အသက် ရှင်နေတယ်ဆိုတာ သူ့လိုလူက ဘယ်လိုများ လွယ်လွယ် သေနိုင်မှာလဲ ... ။ ”
ကျိကျစ်ရှီက ရေရွတ်လိုက်သည်။ ထိုစဉ်က သူမသည်လည်း ချိုင့်ဝှမ်းအတွင်းသို့ ခုန်ဆင်းရန် ကြိုးစားခဲ့ဖူး၏။
မည်မျှ နာကျင်ခဲ့ရသည်ကို သူမသာ အသိဆုံးဖြစ်သည်။ အဆုံး၌ ဖီးနစ်တောင်သို့ လာလည်မည်ဟု ကတိပေးခဲ့သူ ဖြစ်၏။
လူတိုင်းက အသိစိတ်များ ပြန်ရလာသည်။ အရှေ့ဘက် ပျက်စီးမြေကြီး၌ မည်သူမျှ မရှိဟု မည်သူ ပြောသနည်း။ ပန်းသင်္ချိုင်း ဟူသည့် သန့်ရှင်းသော သမီးတော် သတ်သူ ရှိ၏။
ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင်က လင်းယွန်ကို ကြည့်သည်။ သူတို့ မျက်ဝန်းများ၌ ဒေါသရိပ်များ ထင်ဟပ်လာ၏။
“ မင်းကို မျက်နှာ မူပါရစေ။ ”
ယင်းမြစ်ဘုရင်ဘေးရှိ လူငယ်လေးက လှမ်းတက်လာသည်။ နက္ခတ်ဖွင့်ပြီး လက်ဖဝါး တွန်းထုတ်လာ၏။
တတိယအဆင့် သူတော်စင်သခင်၏ စွမ်းအားများ ချက်ချင်း ပျံ့နှံ့လာတော့သည်။ ကြောက်မက်ဖွယ် ကောင်းသော နတ်ဆိုး မီးလျှံများက လင်းယွန်ကို လွှမ်းခြုံ၏။
ဤသည်မှာ သူတော်စင်၏ ကိုယ်လုံး ကိုယ်ပေါက်သည်ပင် ခံနိုင်ရည် မရှိသည့် မီးလျှံ တစ်မျိုး ဖြစ်သည်။
“ ရွှပ် ... ။ ”
မီးလျှံကျဆင်းလာသည်နှင့် လင်းယွန်က ဓားကို လွှဲလိုက်သည်။ မီးပင်လယ်အတွင်း လမ်း ကြောင်းတစ်ခု ပွင့်သွား၏။
မီးလျှံက လေထုကို ဆက်လက် လောင်ကျွမ်းပြီး အပေါက်အချို့ ဖြစ်ပေါ် သွားစေသည်။
တစ်ချိန်တည်းမှာပင် မြေပြင်သည် အနက်ရောင် မီးလွင်ပြင်အဖြစ် ပြောင်းလဲကာ လောင်မြိုက်သွား၏။
“ ဘယ်လောက်တောင် အစွမ်းထက် လိုက်တဲ့ ဓားရည်ရွယ်ချက်လဲ။ ”
လူငယ်က လင်းယွန်ဓားကို သတိပြုမိပြီး အံ့ဩသွား၏။ သူ့ကို ခြိမ်းခြောက်ရန် အမည်ခံ နတ်အလင်းဓားပင် မလိုခဲ့ချေ။
ယင်းကြောင့် ဒေါင်လိုက် မျက်လုံးကို ဖွင့်လိုက်သည်။ သွေးသားကို လောင်ကျွမ်းလိုက် ချိန်၌ ငွေရောင် အလင်းတန်းများ ထွက်လာ၏။
နိုးထလာသည့် ရှေးဟောင်း သားရဲ တစ်ကောင်၏ ခံစားချက်မျိုး ပေးစွမ်းပြီး မီးနဂါး တောင်ကြား တစ်ခုလုံး တုန်ယင်လာသည်။
“ ငွေမျက်လုံး နတ်မိစ္ဆာ ... ။ ”
“ ဒီလူက တတိယအဆင့် သူတော်စင် သခင်ပဲ ... သူ့ရဲ့ ငွေမျက်လုံးကြောင့် အဆင့်တူ အတွင်း ပြိုင်ဘက်ကင်းလိမ့်မယ်။ ”
ဝိညာဉ်နတ်မိစ္ဆာ မိသားစု၏ သမိုင်း မှတ်တမ်းများကြောင့် လူအများက ၎င်းတို့ကို ကြောက်ရွံ့မုန်းတီးကြသည်။
အမှောင်ခေတ်၏ ဘုရင်များ ဖြစ်ကာ၊ ငွေမျက်လုံးများသည် အထက်တန်းစားများ ဖြစ်ချေ၏။
သို့သော် လင်းယွန်မှ မကြောက်ချေ။ ပြုံးလျက် ၎င်းကို ပြန်လည် တိုက်ခိုက်တော့၏။ လူငယ်၏ ညာလက်တွင် အနက်ရောင် နတ်ဆိုး မီးတောက်တစ်ခု လောင်ကျွမ်းလာသည်။
ထို့နောက် သူ့လက်မောင်းသည် သတ္တုဒြပ်စင်ကဲ့သို့ မာကျောပြီး လက်သည်းများ ရှည်ထွက်လာ၏။
“ ခရစ် ... ။ ”
လက်လှမ်း လိုက်သောအခါတွင် လေဟာနယ်အက်ကွဲကြောင်းများ ပျံ့နှံ့သွား လေသည်။
“ ဝှစ် ... ။ ”
လင်းယွန်က ပန်းသင်္ချိုင်းဖြင့် ထိုလက်သည်းကို ပြန်လည် ခုတ်ပစ်လိုက်၏။ လူငယ်ခမျာ ခြေလှမ်း သုံးလှမ်းခန့် ပြန်ဆုတ် သွားရသည်။
“ ငွေမျက်လုံးတွေက ... သိပ်ပြီး အထင်ကြီးစရာလည်း မရှိပါလား။ ”
လင်းယွန်က ပြုံးပြီး ပြောလိုက်၏။
“ မင်း သေချင်နေတာပဲ။ ”
လူငယ်က ဒေါသထွက်သွားကာ တဖန်ပြေးဝင် တိုက်ခိုက်ပြန်၏။ မျက်စိတစ်မှိတ် အတွင်း ဆယ်ကြိမ်တိုင် အလဲအလှယ် လုပ်မိကုန်သည်။
လင်းယွန်က သူရှိရာ အရပ်တွင်နေပြီး ဝင်လာသော တိုက်ခိုက်မှု အားလုံးကို ခုခံရန် ပန်းသင်္ချိုင်းသာ သုံးနေ၏။
ပန်းသင်္ချိုင်းသည် အဆုံးမရှိသော စွမ်းအားများ ရရှိနေသကဲ့သို့ ပြိုင်ဘက်၏ လက်သည်းကို ဟန့်တားထားသည်။
အဆုံးတွင် စူးရှ တောက်ပသော ဓားရောင်ခြည် ထိမှန်ပြီး ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ လူငယ်ခမျာ အဝေးသို့ လွင့်စဉ်သွားရ၏။
လူတိုင်း အံသြစွာ ငေးမောမိသည်။ လင်းယွန်သည် အမည်ခံ သူတော်စင် မျှသာ ဖြစ်သည် မဟုတ်လော။
“ သူက ဘယ်လောက်တောင် သန်မာနေတာလဲ။ ”
“ တကယ်ပဲ အမည်ခံ သူတော်စင်လား။ ”
“ တတိယအဆင့် သူတော်စင် သခင် ... ငွေမျက်လုံး ဝိညာဉ်နတ်မိစ္ဆာ တစ်ပါးကတောင် သူ့အတွက် ဘာမှ မဟုတ်တော့ဘူး။ ”
သူတော်စင် အကြီးအကဲများပင် ဤလင်းယွန်သည် အနည်းငယ် အစွမ်းထက် လွန်းကြောင်း ဝန်ခံမိ၏။
“ ရွှပ် ... ။ ”
ထိုစဉ်ဓားကို နောက်ထပ် လွှဲလိုက်သဖြင့်၊ ငွေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ လူငယ်၏ နား၌ လှိုင်းပုတ်သံများ ကြားလိုက်ရသည်။
“ ဝုန်း ... ။ ”
“ အား ... ။ ”
ဤတစ်ကြိမ်၌ သူ့ရင်ဘတ်တွင် ကြောက်စရာ ကောင်းသော ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာစေသည်။
နာကျင်စွာ အော်ဟစ်လျက် သူ့လက်နှစ်ဖက်ကို ဆန့်ထုတ် လိုက်လေသည်။ ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင် မီးလျှံများ ပေါ်လာပြီး နတ်ဆိုးအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
“ ထန် ... ထန် ... ။ ”
အသွင်ပြောင်း ပြီးနောက် ပန်းသင်္ချိုင်းက သူ့အရေပြားကို မဖြတ်နိုင်တော့ချေ။ ထိမှန်ရာ နေရာ၌ မီးပွားများသာ ပွင့်ထွက်သွား၏။
“ ဒါက ဝိညာဉ် နတ်မိစ္ဆာ မိသားစုရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်သန့်စင်မှု ပညာရပ် တစ်ခု မဟုတ်လား။ ”
လင်းယွန်က မေးသည်။
“ မင်းကို သတ်ဖို့ လုံလောက်တယ်။ ”
ငွေမျက်လုံး လူငယ်မှ ဒေါသဖြင့် ပြန်ဖြေ၏။
“ မဟုတ်လောက်ဘူးလို့ ငါထင်တယ် ... နောက်ဆုံးတော့ ငါက ပန်းသင်္ချိုင်းပဲ။ ”
လင်းယွန်က သူတော်စင် ရောင်ဝါများ ဖြန့်ကျက်ပြီး ဓား၏ ဘုန်းဝိညာဉ်လေးပါးကို လှုံ့ဆော်ပေး လိုက်သည်။
“ ဘရူး ... ။ ”
တုန်ခါသော အသံများ ထွက်လာပြီး ငွေမျက်လုံး လူငယ်ကို အဝေးသို့ တွန်းထုတ်ပစ် တော့၏။ တစ်ဆက်တည်းမှာပင် ဓားဖျားကို တတိယ မျက်လုံးထံ ချိန်ရွယ်ကာ ပစ်ပေါက် လိုက်သည်။
“ ဝှစ် ... ။ ”
ငွေမျက်လုံး လူငယ်မှ လှည့်ပြေးတော့၏။ သို့သော် လင်းယွန်က လေးညှို့မှ ပစ်လွှတ်သော မျှားတံကဲ့သို့ သူ့လမ်း၌ ပေါ်လာပြီး ဓားကို လက်ဖြန့် ခံယူကာ ခုတ်ချပစ်လေသည်။
“ ရွှပ် ... ။ ”
ငွေမျက်လုံး လူငယ်၏ ဦးခေါင်း ပြတ်ထွက်သွားသည်။ ထိုဦးခေါင်းပြတ်ကြီးက ယင်းမြစ်ဘုရင်ထံ လှည့်ကာ၊
“ ယင်းမြစ်ဘုရင် ... ကယ်ပါဦး။ ”
-ဟု အော်ဟစ်တော့၏။
ခွန်လွန် နယ်မြေ၏ တိရိစ္ဆာန်မ တစ်ကောင်ကြောင့် အသက် မသေချင်မိချေ။ အဆုံးတွင် သူဟူသည် အထက်တန်းစား တစ်ယောက် ဖြစ်၏။
ယင်းမြစ် ဘုရင်က အရေးကြီးသော အခိုက်တွင် လှုပ်ရှားလာသည်။ ထိုလူငယ်၏ ဦးခေါင်းကို လက်လှိုင်းဖြင့် ဆွဲယူပေး၏။
“ မင်း ဘယ်လို သတ္တိရှိလဲ။ ”
လူသတ်ရန် ရည်ရွယ်ချက်များ ပျံ့နှံ့လာသောအခါ ပတ်ဝန်းကျင်ရှိ သူတော်စင် သခင်များ အေးခဲကုန်သည်။
“ နောက်ဆုတ် ... ဒါ အုပ်စိုးရှင် တာအိုပဲ။ ”
အများအပြားက အဝေးသို့ ထပ်မံ ဆုတ်ခွာသွား ကြသည်။ ထိတ်လန့်တုန်လှုပ်မှုက အဆုံးမရှိချေ။ နောက်ကျ သွားသော လူ(၁၀) ဦးမှာ ရေခဲရုပ်ထုများ ဖြစ်ကုန်၏။
“ မင်း ငါ့ကို လျှော့မတွက်နဲ့ ... သူ့ကို သတ်ဖို့ဆုံးဖြတ်လိုက်ပြီးတည်းက ဘယ်သူမှ မကူညီနိုင်ဘူး။ ”
လင်းယွန်က ပြုံးလျက် ဓားကို ခုတ်ပိုင်းချ လိုက်လေသည်။ ဓားအလင်းကြောင့် ခဲနေသော ရေခဲလွှာများ ချက်ချင်း အက်ကွဲကုန်၏။
“ ခရစ် ... ။ ”
သို့မှာသာ လူ(၁၀)ဦးက ရုန်းထွက်လျက် အဝေးသို့ ထွက်ပြေးတော့သည်။ သေဘေးနှင့် နီးကပ်ခဲ့ချေ၏။
“ ကျေးဇူးတင်ပါတယ် ပန်းသင်္ချိုင်း။ ”
လွတ်ရာသို့ ရောက်ချိန်၌ ကြောက်ရွံ့ တုန်လှုပ်မှုများနှင့် ပြည့်နှက်နေသော်လည်း ကျေးဇူးတင်စကား ဆိုလိုက်ကြသေးသည်။
ယင်းမြစ်ဘုရင်က ခေါင်းပြတ်လူငယ် မည်မျှသန်မာသည်ကို သူသိ၏။ ထို့ကြောင့် ဦးခေါင်းဆွဲယူကာ သိမ်းလိုခြင်း ဖြစ်သည်။
ထိုအချိန်၌ အန္တရာယ် အငွေ့အသက်ကို ခံစားမိကာ ရုတ်တရက် ခေါင်းငုံ့ ရှောင်တိမ်းပစ် လိုက်သည်။
“ ရွှပ် ... ။ ”
သူ့လက်ဖဝါးပြင်တွင် ပြတ်ရှရာ ဓားအလင်းတန်း တစ်ခုနှင့် ဦးခေါင်းပြတ်၌ ပြတ်ရာတစ်ခု ထွက်ပေါ်လာ၏။
“ ဘောင်း ... ။ ”
ချက်ချင်းပင် ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး ဦးနှောက်အပိုင်းအစနှင့် အရည်များ မျက်နှာပေါ် ပြန့်ကျဲ ပေကျံကုန်သည်။
ငွေမျက်လုံးမှာ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာသည်။ လူတိုင်း အသက်ပြင်းပြင်း ရှူလျက် ထိုမြင်ကွင်းကို ငေးမောနေမိ၏။
ဝိညာဉ် နတ်မိစ္ဆာ မိသားစုသည် သတ်ရန် မလွယ်ကူချေ။ မျက်လုံးတစ်လုံး ကျန်နေသရွေ့ အသက် ပြန်ရှင်နိုင်၏။
သို့သော် လင်းယွန် ဓားအောက်၌ ထိုမျက်လုံးသည်ပင် နာကျင်စွာ သေဆုံးသွား ခဲ့ရသည်။
“ ဒါက ဓားသမားရဲ့ ကျက်သရေလား။ ”
ယင်းမြစ်ဘုရင်က သူ့မျက်နှာပေါ်ရှိ အပိုင်းအစများကို သုတ်လိုက်ပြီး ကြောက်စရာ ကောင်းသည့် အသံဖြင့် ရေရွတ်လိုက်သည်။
“ အရင် ပြန်ဆုတ်ကြရအောင် ... ။ ”
မင်ဂိုဏ်းမှ အကြီးအကဲအချို့က တစ်ခုခု မမှန်ကြောင်း ခံစားလာရသဖြင့် ဟွာကျင်းယွီကို ခေါ်ကာ ပြန်ဆုတ်သွားကြသည်။ ဤယင်းမြစ် ဘုရင်သည် အားနည်းသူ မဟုတ်ချေ။
“ ဒီလို မာနကြီးတဲ့ ဓားသမား တစ်ယောက်ကို ငါမတွေ့ရတာ ကြာပြီ။ ”
ယင်းမြစ်ဘုရင်က လက်ကို ခါလျက် သန့်ရှင်းရေး ပြုလုပ်ကာ ပြုံးပြလာ၏။
“ မင်း သေပြီးရင် ... ပိုပြီး နားလည် လာလိမ့်မယ်။ ”
လင်းယွန်က မကြောက်မရွံ့ ပြန်ပြော၏။ ဤပြိုင်ဘက်သည် အုပ်စိုးရှင်တာအို ဆုပ်ကိုင် ထားနိုင် သော်လည်း သူ့ကျေးကျွန် အပေါ်ပင် ကာကွယ်နိုင်ခြင်း မရှိခဲ့ချေ။
***