← Chapters

ကျက်သရေ။

Vol. 162 Ch. 2264

ကျက်သရေ။

Vol. 162 Ch. 2264

မောက်မာလွန်းသော လင်းယွန်ကြောင့် ယင်းမြစ်ဘုရင်၏ သတ်ရန် ရည်ရွယ်ချက်များ ပွင့်ထွက်လာတော့သည်။

ကျောက်တျန်းယွီက လက်ရှိ ရလာဒ်များ အပေါ် တွက်ချက်မှုများ ပြုလုပ်ပြီး၊

“ ငါ တာဝန်ယူပါရစေ။ ”

-ဟု ပြောကြားလိုက်သည်။

“ မင်း ဘယ်သူ့ကို ငုံ့ကြည့်နေတာလဲ ငါလုပ်ပါရစေ ... ဘယ်လိုပဲ ဖြစ်ဖြစ် သူ့လိုလူက မသုတ်သင်ရင် ခြိမ်းခြောက် ခံရလိမ့်မယ်။ ”

ယင်းမြစ် ဘုရင်က လက်မခံချေ။ ပြုံးပြီး ပြော၏။ သို့သော် ထိုအပြုံးမှာ အေးစက်မှုများ ပေးစွမ်းနေသည်။

သူ့လက်ထဲ၌ အနက်ရောင် အငွေ့အသက်များ ဖြာထွက်နေသည့် လှပသော ဓားတစ်လက် ပေါ်လာ၏။

“ ဒီဓားကို ကောင်းကင် လမင်း ဓားမော့လို့ ခေါ်တယ်၊ ငါ မသုံးတာ ကြာပြီ ... မင်းခေါင်းကို ဖြတ်ဖို့ ထိုက်တန်တယ်။ ”

ထိုစကားကြောင့် လူအချို့က မျက်နှာ ပျက်သွားသည်။ ယင်းသည် အုပ်စိုးရှင် လက်ရာ အပေါ် တုပထားသည့် ဓားဖြစ်၏။

၎င်းတွင် လမင်းကို ဖန်ဆင်းနိုင်သော နတ်ဆိုး ဝိညာဉ် တစ်ကောင်နှင့် ဘုန်းဝိညာဉ် လေးပါး ပါရှိသည်။

ဓားရောင်ဝါများက ကောင်းကင်ပေါ် ပျံတက်သွားပြီး လမင်းတစ်စင်း အဖြစ် ဖွဲတည် လာ၏။ လရောင်အောက်တွင် ဓားမော့က အလင်းများ ထုတ်လွှတ်တော့သည်။

ယင်းမြစ် ဘုရင်သည် မရိုးရှင်းချေ။ နတ်ဆိုးရောင်ဝါများ အသုံးပြုခြင်း မရှိသေး သော်မှ ကြီးစိုးနေသေး၏။

ဝိညာဉ် နတ်မိစ္ဆာ မိသားစုဝင်မှန်း သိထား၍သာ မဟုတ်သော် လူကြီးလူကောင်း အဖြစ် ထင်မှားမိပေမည်။

“ တတိယ ဦးလေး … ဒီလူက မရိုးရှင်းဘူး။ ”

ကျိကျစ်ရှီက မျက်နှာ ပြောင်းသွားပြီး လင်းယွန်အတွက် စိုးရိမ်လာသည်။

“ ဘယ်လိုတောင် လှလိုက်တဲ့ ဓားတစ်လက်လဲ … အဲဒီနတ်ဆိုးကို လူမိုက် တားဆီး နိုင်ပါ့မလား။ ”

လီဖေးပိုင် သည်လည်း စိတ်လှုပ်ရှား လာသည်။ ဟွာကျင်းယွီနှင့် လျူယွင်လန်သည် လေးနက်သော အမူအရာဖြင့် ပြန်ဆုတ်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

“ ငါတို့ ကူညီရမှာလား ... အဲဒီလူရဲ့ ဓားမော့ရည်ရွယ်ချက်က ... ငါတို့အထက်မှာ ရှိတယ် ... ။ ”

လျူယွင်လန်မှ မေးသည်။ မည်သို့ပင် ဆိုစေကာမူ လင်းယွန်သည် မြင့်မြတ်မြေ၏ တပည့်ဖြစ်သည်။

ကောင်းကင် နဂါးသခင် ရာထူးနှင့် ဖြောင့်မတ်ခြင်း အတွက် ဆိုသော် ကူညီသင့်၏။ သူတို့ အားလုံးတွင် မြင့်မြတ်မြေ၏ လျှို့ဝှက် ရတနာများ ကိုယ်စီ ပိုင်ဆိုင်ထားသဖြင့် ရန်သူကို ခြိမ်းခြောက်နိုင်မည်။

“ စောင့်ကြည့်ကြရအောင် ... ။ ”

ယင်းမြစ်ဘုရင်က လင်းယွန်ကို သတ်နိုင်မည်လောဟု ဟွာကျင်းယွီက သိချင်၏။ ထို့ကြောင့် နောက်ဆုတ်နေရန် ကြံရွယ် ထားသည်။

လျူယွင်လန်က သက်ပြင်း ချကာ ဆက်မပြောတော့ချေ။ သူတို့ မြင့်မြတ်မြေ (၃) ပါးသည် တျန်ရွှမ်ဇီထံမှ ကမ်းလှမ်းမှုကို ရရှိထားသည်။

၎င်းတို့၏ အကျိုးဆောင်မှုများ အရ မင်ဂိုဏ်းသည် အရှေ့ဘက် ပျက်စီးမြေ၌ အကြီးအကဲ ဖြစ်လာမည်ဟု ကတိပြု ပေးခဲ့သည်။

လင်းယွန်နှင့် ယင်းမြစ်ဘုရင်က ရောင်ဝါများထုတ်ကာ အချင်းချင်း စစ်ဆေးနေ တော့၏။

ပတ်ဝန်းကျင် နေရာလွတ်များတွင် ပုံပျက်နေသော လေဟာနယ်ကို မြင်လာရပြီး အလင်းပင် ပယ်ရှားခံနေရသည်။

“ မင်းရဲ့ ဓားမော့ ရည်ရွယ်ချက်က စိတ်ဝင်စားစရာပဲ။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်၏။ ပြိုင်ဘက်တွင် အထွတ်အထိပ် ကြယ်ဓားမော့ရှိ ချေပြီ။

တိတိပပ ခန့်မှန်းရသော် အမည်ခံ နတ်အလင်းဓားမော့ ဖြစ်နိုင်၏။ သို့သော် ယင်းမြစ် ဘုရင်သည် ဓားမော့ဒိုမိန်းကို နားလည်ပုံမရသေးချေ။

သို့တိုင် ဖိအား အချို့ ခံစားရသဖြင့် စိတ်လှုပ်ရှား လာမိသည်။ အစောပိုင်း ပြိုင်ဘက် နှစ်ယောက်သည် လင်းယွန်အတွက် သွေးပူ အဖြစ်သာ ယူဆနိုင်၏။

“ မင်းနဲ့ယှဉ်ရင် ငါ့ဓားမော့က ဘာမှ မဟုတ်သေးပါဘူး ... မင်းဓားကို ငါ့ဓားမော့က ပြိုင်နိုင်မှာ မဟုတ်ဘူး။ ”

ယင်းမြစ်ဘုရင်က ပြုံးပြီး ပြောသည်။ သူပြုံးနေသော်လည်း လင်းယွန်ထံမှ ဖိအားကို ခံစားရသောကြောင့် ထိတ်လန့် နေမိ၏။

ဤသည်မှာ အမည်ခံ သူတော်စင် တစ်ပါးထံမှလာခြင်း ဖြစ်ရာ စိတ်ဝင်စားမှုဖြင့် ကြည့်နေမိသည်။ သည်လို ဓားသမားမျိုး ကမ္ဘာကြီး၌ တကယ် ရှိသည်လော။

ထိုစဉ် မီးနဂါး တောက်ကြား တစ်ခုလုံး တုန်ခါလာပြီး အက်ကြောင်းများ မြေပြင်ပေါ်၌ ပျံ့ကျဲသွားသည်။

ဆုတ်ခွာသွားသော လူအများအပြား သည်ပင် အငိုက်မိသွားပြီး သွေးတစ်လုတ် အန်ချ လိုက်ရ၏။

၎င်းတို့၏ ရေမှုန်ရောင်ဝါသည် လုံးဝ အသုံး မဝင်တော့ချေ။ ဤသည်မှာ ယင်းမြစ် ဘုရင်မှ ဓားကို ထိုးချိန်လိုက်ခြင်းကြောင့် ဖြစ်၏။

ဦးတည်ရာမှာ လင်းယွန် လည်ပင်းထံ ဖြစ်သည်။ ရိုးရှင်းသော ထိုးသွင်းချက် တစ်ချက် သည်ပင် လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေ၏။

“ စတုတ္ထအဆင့် သူတော်စင်သခင် ... ။ ”

၎င်းသည် စတုတ္ထ အဆင့် သူတော်စင် သခင်ဖြစ်၏။ ဓားမော့မှ စွမ်းအားများ တိုးထွက် လာတော့သည်။

သူတို့သည်သာ လင်းယွန်၏ အနေအထားတွင် ရှိနေပါက ဤဓားမှလွဲ၍ ကျန်အရာများကို မြင်နိုင်မည် မဟုတ်ချေ။

“ ဝှစ် ... ။ ”

အသက် ပြင်းပြင်းရှူလျက် လင်းယွန်က ပန်းသင်္ချိုင်းကို ယင်းမြစ်ဘုရင်၏ ရင်ဘတ်ထံ ဦးတည် ပျံသန်းလိုက်၏။

သူ့ဘဝနှင့် ရင်းပြီး တိုက်ပွဲဝင်လိုသော ပုံစံမျိုးပေပင်။ မည်သူ့ဓား ပိုမြန်မည်ကို မြင်ခွင့် ရမည်ဖြစ်၏။ သည့်ပြင် မည်သူသည် ဓားသမား ဖြစ်သည်ကို ပြသရာလည်း ရောက်နိုင်မည်။

“ စွပ် ... ။ ”

“ ရွှပ် ... ။ ”

ပန်းသင်္ချိုင်းက ရင်ဘတ်ထဲ တိုးဝင်သွား သကဲ့သို့ ပြိုင်ဘက်၏ ဓားမော့ဖျား သည်လည်း သူ့လည်ပင်းအပေါ် ကျရောက်လာသည်။

ထိုမြင်ကွင်းကြောင့် လူတိုင်း၏ နှလုံးသားများ ခုန်ထွက်လုနီးပါး ဖြစ်သွား တော့၏။

“ သူတို့ ရူးနေကြပြီ။ ”

ပတ်ဝန်းကျင်မှ အာမေဋိတ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး လူများစွာက တုန်လှုပ်နေသည်။

“ ဟိတ် ... ။ ”

တစ်ချိန်တည်းမှာပင် ယင်းမြစ်ဘုရင်က ဓားမော့ပြန်သိမ်းပြီး အရပ်မျက်နှာ အသီးသီးမှ ထိုးသွင်းလိုက်သည်။

“ ဝှစ် ... ။ ”

လင်းယွန်သည်လည်း မနှေးချေ။ ဝင်လာသော ဓားမော့ကို ချေဖျက်နေခဲ့သည်။ တိုက်ခိုက်မှုတိုင်းက အရေးကြီးသော အင်္ဂါများထံ ဦးတည်နေ၏။

အလွန် လျင်မြန်လွန်း သောကြောင့် ပုံရိပ်များမှုန်ဝါးလာသည်။ သာမန် သူတော်စင် များက သူတို့ကို မမြင်နိုင်ချေ။ ကျောက်တျန်းယွီ ကင်တင်ခြင်း ခံလိုက်ရသော ကူရှင်းယွီက အံသြသွားသည်။

“ ဒါ ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

ယင်းမြစ်ဘုရင်သည် စတုတ္ထအဆင့် သူတော်စင်သခင် ဖြစ်ရာ အလွယ်တကူ နှိမ်နင်း နိုင်ရပေမည်။

သို့သော် များမကြာခင် ယင်းမြစ်ဘုရင် တစ်ယောက် ဒဏ်ရာများဖြင့် သွေးချင်းချင်းရဲ လာတော့၏။

“ ပိုးစုန်းကြူး နတ်ဓား ... ။ ”

ယင်းမြစ် ဘုရင်က အံ့ဩလာသည်။

“ ထက်မြက်တယ် ... ဒါက တကယ်ပဲ ပိုးစုန်းကြူးနတ်ဓားပါ ... ဒါဆို မင်းဟာ စတုတ္ထ အဆင့် သူတော်စင်သခင် ဖြစ်နေရင်ရော ဘာဖြစ်လဲ ... ပိုးစုန်းကြူးတွေရဲ့ အလင်းက လမင်းကို ယှဉ်နိုင်ပါတယ်။ ”

လင်းယွန်က ပြန်ဖြေ၏။ ဤသည်မှာ သူသိသော ပိုင်းစုန်းကြူး နတ်ဓား မဟုတ်သဖြင့် ယင်းမြစ်ဘုရင်မှ စကား မပြောနိုင်ချေ။ နားမလည်နိုင်လောက်အောင် ဓားက ဦးတည်ချက် ပြောင်းနေ၏။

မြင့်မြတ်မြေ ငါးပါးနှင့် သူတော်စင် မျိုးနွယ်စု အသီးသီးတို့က အံသြသွား ကြသည်။

“ ဘာလဲဟ ... ။ ”

“ ဒီလို အစွမ်းထက်တဲ့ ဓားသမားမျိုး ဒီကမ္ဘာမှာ တကယ်ရှိတာလား။ ”

တစ်စုံတစ်ယောက်၏ ဓားရေးသည် ဤမျှ ကြောက်စရာ ကောင်းသော အမြင့်ထိ မည်သို့ ရောက်ရှိနေသည်ကို နားမလည်နိုင်ချေ။

ထို့ကြောင့် ကွဲပြားနေသော ပိုးစုန်းကြူး နတ်ဓားကို ကြည့်ကာ လူတိုင်းက ဦးရေပြားများ ထုံကျင်ကုန်သည်။

“ ယင်းမြစ် ဘုရင်က သာမန် နတ်မိစ္ဆာ တစ်ကောင် မဟုတ်ဘူး။ ”

ကျောက်တျန်းယွီမှ ပြောသည်။ သူ့စကား ဆုံးသည်နှင့် ယ်းမြစ်ဘုရင်၏ အငွေ့အသက်များ မြင့်တက်လာ၏။

ဤသည်မှာ နောက်ထပ် အုပ်စိုးရှင် မဟာယင်တာအို ဖြစ်သည်။ သူသည် အုပ်စိုးရှင် တာအို နှစ်ခုကို ဆုပ်ကိုင်ထား၏။

“ ထန် ... ထန် ... ။ ”

လင်းယွန်က ဓားကို ရင်ဘတ်အထိ မြှောက်တင်ကာ မီတာ ရာဂဏန်းအကွာသို့ ဆုတ်ခွာ လိုက်ရသည်။

“ အုပ်စိုးရှင် တာအို ရှေ့မှာ ... အရာအားလုံးက အားနည်းလွန်းပါတယ်။ ”

ဤမြင်ကွင်းကြောင့် ကောင်းကင်တခွင် ယင်းမြစ်ဘုရင်၏ အသံက ပဲ့တင်ထပ်လာသည်။ သူ့လက်ထဲ၌ ကမ္ဘာကြီး ရှိနေသလို ပေပင်။

“ ဟုတ်လား ... ။ ”

လူတိုင်းက မျက်နှာများ ပြောင်းကုန်ကာ လင်းယွန်အတွက် စိတ်ပူကုန်ကြသည်။ သို့သော် လင်းယွန်က အပြုံးဖြင့် ကောင်းကင်ပေါ် တက်သွား၏။

လေထဲ လင်းယွန် နှစ်ယောက် ခွဲထွက်သွားပြီး ထူးထူးဆန်းဆန်း တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့သည်။

လင်းယွန် တစ်ယောက်က ကောင်းကင် သို့တိုင် ခုန်တက်နေပြီး ကျန်တစ်ယောက်က မြေပြင်ပေါ် ပြန်ဆင်းလာ၏။

အဖြစ်အပျက်များကို မည်သူမျှ နားမလည်နိုင်ခင် ကောင်းကင်နှင့် မြေကြီး ပြောင်းပြန် ဖြစ်သွားတော့သည်။

“ ဘာကြီးလဲ ... ။ ”

ယင်းမြစ်ဘုရင်ခမျာ မျက်လုံးပြူးလျက် မယုံနိုင်ဖြစ်သွား၏။ အရာအားလုံး ကွဲလွဲချေပြီ။ ကောင်းကင် နဂါးဓားကို ကောင်းကင်မှ လင်းယွန်က ပုံဖော်၏။

မြေပြင်မှ တစ်ယောက်က ဖီးနစ်ဓားကို ဖန်တီးသည်။ သည့်နောက် အော်ဟစ်ကြုံးဝါး လိုက်၏။

“ ကောင်းကင်ဓားနဲ့ မြေကြီးဓား ... ။ ”

ကောင်းကင်နှင့် မြေပြင်နှစ်ခုလုံးက ဆွဲငင်အားများ ထွက်နေသဖြင့် ယင်းမြစ်ဘုရင် တစ်ယောက် အခက်ကြုံသွားသည်။

လင်းယွန်နှစ်ယောက် ထပ်ကုန်ပြီး ကောင်းကင်နှင့် မြေကြီး ရောယှက်ကုန်ကာ အာကာပြင် ပေါက်ကွဲသွားတော့၏။

“ ဘောင်း ... ။ ”

“ ဝေါ့ ... ။ ”

ယင်းမြစ် ဘုရင်ခမျာ သွေးတစ်လုတ် အန်လျက် မီတာတစ်ထောင် အကွာသို့ ပြုတ်ကျ သွားသည်။ မျက်နှာတစ်ပြင်လုံး ဖြူဖျော့လျက် မြေပြင်ပေါ် ဒူးထောက် ကျသွားတော့၏။

***

All Chapters