← Chapters

မင်းလုပ်နိုင်မှာ မဟုတ်ဘူး။

Vol. 162 Ch. 2265

မင်းလုပ်နိုင်မှာ မဟုတ်ဘူး။

Vol. 162 Ch. 2265

ဤအချိန်တွင် လင်းယွန်ဟူသည် အဘယ့်ကြောင့် ပန်းသင်္ချိုင်း ဖြစ်လာရသည်ကို လူတိုင်း နားလည်လာ၏။

ယင်းမြစ်ဘုရင်ခမျာ သနားစရာ ကောင်းသည့် အခြေအနေ၌ ခုတ်ဖြတ် ခံနေ ရသည်။ အဖြူရောင် ဝတ်ရုံ တစ်ခုလုံး အနီရောင် ပြောင်းသွား၏။

မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်လျက် ကောင်းကင်နှင့် မြေကြီး ပြန်၍ နေရာပြောင်းလဲ သွားသည့်အပေါ် ကြည့်နေမိသည်။

အုပ်စိုးရှင် တာအို နှစ်ပါးမှ လင်းယွန်ကို ဖိနှိမ်နိုင်ပုံမရချေ။ လင်းယွန်က လေထုအလယ် ရပ်လျက် သတိကြီးစွာ ကြည့်နေဆဲ ဖြစ်၏။

သူ့ပြိုင်ဘက်သည် ရွှေမျက်လုံး ပိုင်ဆိုင် ထားကြောင်း သိ၏။ ကိုယ်လုံးကိုယ်ပေါက်မှာ နတ်ခန္ဓာနှင့် ယှဉ်နိုင်သည်။

ထို့ကြောင့် လူအများ အမြင်၌ ပြင်းထန် နေခဲ့သော ဤဒဏ်ရာများသည် ၎င်းအတွက် အပေါ်ယံသာ ဖြစ်၏။

“ ဒီကမ္ဘာပေါ်မှာ မင်းထက်သာတဲ့ လူ အမြဲရှိနေတယ် ဆိုတဲ့ ... စကားရဲ့ အဓိပ္ပါယ်ကို ငါတကယ် သိသွားပြီ။ ”

ယင်းမြစ်ဘုရင်က ရေရွတ်လျက် မတ်တပ်ထရပ်သည်။ ၎င်းကပင် ဆက်လက်၍၊

“ မင်း ... တကယ် မလိမ်ခဲ့ဘူးပဲ ... ၊ ဂရုမစိုက်ရင် ငါ သေသွားနိုင်တယ်။ ”

-ဟု ဝန်ခံလိုက်၏။

“ မှန်တယ် ... ငါဘယ်တော့မှ မလိမ်ဘူး၊ မင်းအသက်ကို ငါယူနိုင်တယ်။ ”

လင်းယွန်က ခေါင်းညိမ့်ကာ ပြုံးလျက် ထပ်ပြောလိုက်သည်။

“ ဒါပေမယ့် မင်းငါ့ကို အနိုင်ယူ နိုင်ပြီလို့ မထင်နဲ့ ... မင်းမှာ ကောင်းကင်ကို အံတုနိုင်တဲ့ ဓားပညာ ရှိ-မရှိ ... ငါကြည့်ပါရစေ။”

ယင်းမြစ်ဘုရင်က အထင်သေးသော အပြုံးဖြင့် လင်းယွန် လည်ပင်းကို ဦးတည်သည့် ဓါးမော့ဖြင့် ပြေးဝင်လိုက်သည်။

ဓားမော့သွားရာ လမ်းကြောင်းတွင် အာကာပြင် ကန့်သတ်ခံရကာ ဆန်းကြယ်သော စွမ်းအားများ ဖျစ်ဖျစ်မြည်လာ၏။

“ ရွှပ် ... ။ ”

ဤဓားမော့သည် အားနည်းချက်ထံ ရည်ရွယ်သည်။ ထို့ကြောင့် ပန်းသင်္ချိုင်းဖြင့် ပစ်ပေါက်ကာ တားလိုက်ရ၏။

“ ထန် ... ထန် ... ။ ”

“ ဝှစ် ... ။ ”

လက်နက်နှစ်ခု တွေ့ဆုံသောအခါတွင် ယင်းမြစ်ဘုရင်က သူ့ဓားမော့ကို လွှတ်ကာ လက်ဖဝါးဖြင့် ရိုက်ချလာ၏။

“ ငရဲလမင်း ရောင်ခြည်တော်။ ”

ယင်းမြစ်ဘုရင်ကို ဗဟိုပြုထားသော လကမ္ဘာကြီး ဖြစ်ပေါ်လာသည်။ ဤသည်မှာ လ-ဒိုမိန်း ကောက်ကြောင်းဖြစ်၏။

ဘယ်ဘက်လက်၌ တံဆိပ်ဖြင့် တာအို ပန်းနှစ်ပွင့်ကို ဖွင့်သည်။ ထိုအချိန်၌ ဓားမော့က ပန်းသင်္ချိုင်းကို ချုပ်နှောင်ထား၏။

“ ဟိတ် ... ။ ”

ထို့ကြောင့် လင်းယွန်သည် ရွေးချယ်စရာ မရှိတော့ဘဲ လက်သီးများနှင့် ပြန်လည် ထိုးနှက် လိုက်ရသည်။

ပြိုင်ဘက်နှင့် ကြီးမားသော ကျင့်ကြံမှု ကွာခြားချက် ရှိသော်လည်း ခွန်အား အပြည့်၏ ပေါက်ကွဲစွမ်းအား အကန့်အသတ်ကို သိချင်နေခဲ့သည်။

တစ်ယောက်သည် အမည်ခံ သူတော်စင် ဖြစ်ပြီး ကျန်တစ်ယောက်သည် စတုတ္ထအဆင့် သူတော်စင်သခင် ဖြစ်၏။

“ ဝုန်း ... ။ ”

ထို့ကြောင့် သူတော်စင် ရောင်ဝါနှင့် သူတော်စင် စွမ်းအင်အကြား ကွာခြားချက် ကြားမားချေပြီ။

အသူရာ သူတော်စင်အင်္ကျီ မရှိသော် အကျိုးဆက်မှာ ကြောက်မက်ဖွယ် အဆုံးသတ် နိုင်မည်ကို လင်းယွန်သိ၏။

“ ဓားနတ်ဘုရား ... မင်းလက်ထဲမှာ ဓားမရှိရင် ဘယ်လောက် အစွမ်းထက်မလဲ ... ငါ ကြည့်မယ်။ ”

ယင်းမြစ်ဘုရင်က လေထဲ၌ ထပ်မံ အားယူကာ မော့ကြည့်နေသည့် လင်းယွန်ကို လှောင်ပြုံး ပြုံးပြလိုက်၏။

“ ငါ့မှာ ဓားမရှိဘူးလို့ ... မင်းကို ဘယ်သူပြောလဲ ငါ့နှလုံးသားထဲမှာ ဓားအမြဲ ရှိတယ်။ ”

လင်းယွန်က ပြန်လည် အော်ဟစ်လျက် တိုက်ပွဲဝင်ဆန္ဒများ လောင်ကျွမ်းလာလေသည်။ သူ့တွင် ပြိုင်ဘက်၏ ခွန်အားအပေါ် မှန်းဆချက် ရှိသွားပြီ ဖြစ်၏။

ယင်းမြစ်ဘုရင်သည် သာမန် နတ်ဆိုး မဟုတ်ကြောင်း တစ်ချက် ဖလှယ်ရုံဖြင့် ပြောနိုင် သည်။ ထို့ကြောင့် အတွေးပြောင်းကာ လက်သီး ဖြန့်လျက် လက်နှစ်ချောင်းကို ဓားကဲ့သို့ လှမ်းထိုးလိုက်၏။

“ ဓားနတ်ဘုရားက ဓားနတ်ဘုရားပါပဲ။

ဤမြင်ကွင်းကို ကြည့်ပြီး အရှေ့ဘက် ပျက်စီးမြေမှ အင်အားစုများ အားလုံး သွေးများ ဆူပွက်လာလေသည်။

“ ဒါပဲလား ... ။ ”

ယင်းမြစ်ဘုရင်က သူ့လက်ဖဝါးကို တွန်းထုတ်ကာ မေးလိုက်သည်။ သူ့ခန္ဓာကိုယ် အတွင်း ပေါက်ကွဲသံများ ညံလာ၏။

နောက်ဆုံးတွင် သူ့သွေးသားကို လောင်ကျွမ်းလိုက်ခြင်း ဖြစ်သည်။ ရွှန်းလဲ့သော ရွှေရောင်အဆင်းများ ဖြာထွက်ကုန်၏။

“ ဝုန်း ... ။ ”

ယင်းက လင်းယွန်၏ တိုက်ခိုက်မှုကို ဖြိုခွဲကာ ခြေလှမ်း ဆယ်လှမ်းခန့် နောက်ပြန် ဆုတ်သွားစေသည်။

“ မကောင်းတော့ဘူး။ ”

ကျိကျစ်ရှိက သူ့ဘေးနားရှိ အဖိုးအိုကို လှည့်ကြည့် လိုက်သည်။ လီဖေးပိုင် သည်လည်း လင်းယွန်ကို ကယ်တင်ရန် အသင့်ပြင်မိ၏။

“ သေလိုက်တော့ ... ။ ”

ထိုအချိန်တွင် လင်းယွန် ဟန်ချက် ပြန်မရနိုင်ခင် ယင်းမြစ်ဘုရင်၏ လက်ဖဝါးက လိုက်ပါလာခဲ့သည်။

ဤလက်ဖဝါး ထိမှန်ခံရပါက လင်းယွန်တစ်ယောက် မသေသော်မှ ဒဏ်ရာ ကြီးကြီးမားမား ရရှိပေလိမ့်မည်။

“ ကောင်းလိုက်တာ ... ။ ”

ထို့ကြောင့် ဟွာကျင်းယွီက စိတ်လှုပ်ရှားစွာဖြင့် လက်သီးများ ဆုပ်လိုက်၏။ လီဖေးပိုင်မှ ကယ်တင်လိုခဲ့ သော်လည်း အနည်းငယ် နောက်ကျသွားသည်။

ထိုအချိန်၌ ပန်းတစ်ပွင့်က လင်းယွန် ရင်ဘတ်မှ ထွက်လာကာ ညာဘက်ပခုံးပေါ် တက်ထိုင်လိုက်လေသည်။

ချက်ချင်းပင် အိမ်မက်ဆန်သော မြင်ကွင်းများ ပေါ်လာပြီး ယင်းမြစ်ဘုရင်ကို ဖြစ်စဉ်၌ နစ်မျောသွားစေ၏။

တန်ခိုးရှင်များကြားတွင် အသက် တရှိုက်စာ၏ ဆယ်ပုံတစ်ပုံ အချိန်ကာလမျိုး သည်ပင် အနိုင်-အရှုံး ရလာဒ် ဖြစ်စေသည်။

ဤအခိုက်တွင် လင်းယွန်က အဓိပတိ နဂါးတံဆိပ်ကို ဖန်တီးကာ ယင်းမြစ်ဘုရင်၏ ရင်ဘတ်ပေါ် ထိုးချပစ်လိုက်သည်။

“ ဘုန်း ... ။ ”

ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားသွားပြီး မီတာတစ်ထောင် အကွာသို့ လွင့်ကျသွား တော့၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

ရင်ဘတ် တစ်ခုလုံး စုတ်ပြတ်သွားကာ ခြေလှမ်း ဆယ်လှမ်းခန့် ထပ်မံ ဆုတ်ခွာသွား ရသည်။ သို့တိုင် အဟုန်ကို မချေဖြတ်နိုင်သဖြင့် မြေပြင်ပေါ် ဒူးတစ်ဖက် ထောက်လိုက်ရ၏။

ထိုအချိန်တွင် လင်းယွန်က ပန်းသင်္ချိူင်းထံ လျှောက်သွားပြီး လှမ်းလိုက်သည်။ သူ့လက်ထဲ ဓားတစ်လက် ပါ၏။ သို့သော် ဓားမဟုတ်ချေ။ ဓားမော့ဖြစ်နေ၏။

“ ဘရူး ... ။ ”

ဓားမော့က မာနကြီးစွာ ရုန်းကန်သည်။ သူဟူသည် ဂုဏ်သိက္ခာရှိသော ဘုန်းဝိညာဉ် လေးပါး လက်ရာ ဖြစ်၏။

လင်းယွန်က ပြုံးလျက် ကျန်လက်တစ်ဖက်ဖြင့် ဓားမော့ အဖျားကို ကိုင်လိုက်သည်။

မိုးပြာနဂါး နတ်ရူရ်က သူ့ရင်ဘတ်၌ ပွင့်လာပြီး ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်ခု သူ့ခန္ဓာကိုယ် အနှံ့ ပျံ့နှံ့သွားသည်။

“ ဘရူး ... ။ ”

ထို့ကြောင့် သူ့လက်တစ်စုံသည် ချက်ချင်း အပြာရောင် နဂါးလက်တစ်စုံ အဖြစ် ပြောင်းလဲ လာခဲ့၏။ ဓားမော့က တုန်ရီလာတော့သည်။

ယင်းမြစ်ဘုရင်က သူ့ဓား၏ ကြောက်ရွံ့နေသော အသံကြောင့် သံသယဖြင့် ပြန်မော့ကြည့်ပြီး၊

“ မင်း ... ဝံ့သလား။ ”

-ဟု အော်ဟစ် လိုက်လေသည်။

“ ဘာလို့ မဝံ့ရမှာလဲ။ ”

“ ခရစ် ... ။ ”

လင်းယွန်က ဂရုမစိုက်ဘဲ ပြုံးလိုက်ရာ လက်ထဲရှိ ဓားမော့သည် ဖန်ခွက်တစ်လုံးကဲ့သို့ အစိတ်စိတ်အမွှာမွှာ ကွဲကျသွားသည်။

အပိုင်းအစများက လေထုအလယ် ပျံဝဲ ရပ်တန့်ကုန်၏။ အဝေးမှ ကြည့်သော် လမင်းကို ဖျက်ဆီးလိုက်သည့် နတ်ဘုရားနှင့် တူနေသည်။

“ သေစမ်း ... ။ ”

လီဖေးပိုင်က ကျိန်ဆဲလိုက်မိသည်။ လင်းယွန်၏ ကြီးစိုးနေသော အသွင်က သူမ နှလုံးသားကို ခုန်ထွက်လုနီးပါး ဖြစ်လာစေ၏။ မျက်နှာပင် နီရဲလာသည်။

အသက်ရှူနှုန်းကို ပြန်လည် ထိန်းညှိလျက်၊

“ ဘယ်လောက်တောင် ကြည့်ကောင်းလိုက်လဲ။ ”

-ဟု ညည်းတွား မိလေသည်။

သူမ တင်မက အခြားသော လူများသည်ပါ အံသြသွားခဲ့ကြသည်။

“ ဘာတွေ ဖြစ်ကုန်တာလဲ။ ”

အာမေဋိတ်သံများ ညံကုန်၏။ အချိန် အတော်ကြာပြီးနောက် ဝူရှောင်က အသိစိတ် ပြန်ဝင်လာကာ ကျိကျစ်ရှီထံ လှည့်ကြည့် လိုက်လေသည်။

ဤတစ်ကြိမ်တွင်လည်း လင်းယွန်ကို သူရှုံးနိမ့်သွားကြောင်း နားလည် လိုက်တော့၏။ ကျိကျစ်ရှီ မျက်ဝန်းများက ကြယ်နှစ်စင်းလို လင်းလက်နေခဲ့သည်။

တစ်ဖက်တွင် သူ့ဓားမော့ တာအိုသည် လင်းယွန်ထက် များစွာ နိမ့်ကျနေသေးကြောင်း လျူယွင်လန် သိလိုက်၏။

“ ဝေါ့ ... ။ ”

မြေပြင်ပေါ်တွင် ဒူးထောက်နေသော ယင်းမြစ်ဘုရင်က ဒေါသကြောင့် ပါးစပ်အပြည့် သွေးများ ထွေးထုတ်လိုက်ရသည်။

“ ဝှစ် ... ။ ”

သည့်နောက် တတိယ မျက်လုံးကို ဖွင့်ဟန်ပြင်လိုက်သောအခါ ကျောက်တျန်းယွီက ကောင်းကင်မှ ဆင်းသက်လာပြီး သူ့ပုခုံးပေါ် လက်တင်လာလေသည်။

ဤအခိုက်တွင် သူ ရှုံးသွားပြီ ဖြစ်ပြီး တိုက်ပွဲကို ဆက်ရန်မှာ အဓိပ္ပါယ် မရှိကြောင်း သတိ ဝင်လာမိ၏။

“ ငါတို့ ထွက်သွားရမယ်။ ”

လင်းယွန်၏ စွမ်းဆောင်မှုကြောင့် ပတ်ဝန်းကျင်ရှိ မြင့်မြတ်မြေများတွင် တိုက်ပွဲဝင် ဆန္ဒများ ပြန်လည် ရရှိနေသည်ကို သူ သတိထားမိပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ယင်းမြစ်ဘုရင်၏ တတိယ မျက်လုံး ဖွင့်လိုက်လျှင်ပင် အောင်မြင်နိုင်စရာ လမ်းမမြင် တော့ချေ။ ထို့ကြောင့် မည်သူမျှ သတိ မဝင်ခင် ယင်းမြစ်ဘုရင်ကို ဖမ်းကိုင်ကာ ပျံသန်း လိုက်တော့သည်။

“ ယဲ့ချင်းရှန် ... မင်းက ငါ့ကို တကယ် အံ့အားသင့်စေတယ် ... တစ်စုံ တစ်ယောက်က မင်းရဲ့ လုံခြုံရေးအတွက် စိုးရိမ်နေတယ် ဒါပေမယ့် သူ ... အရမ်း အစိုးရိမ် လွန်နေပုံရတယ်။ ”

ကျောက်တျန်းယွီ အသံက လေထဲ ပဲ့တင်ထပ်လာချိန်၌ လူတိုင်း သတိပြန်ဝင်လာ တော့သည်။ ၎င်းကို ဟန့်တားလိုသော်လည်း သတ္တိမရှိချေ။

သူတို့သည် နာမည်ကြီး ပန်းသင်္ချိုင်း မဟုတ်သဖြင့် မျှော်လင့်ချက်ဖြင့် လင်းယွန်ထံ လှည့်ကြည့် လိုက်ကြသည်။

“ စွပ် ... ။ ”

လင်းယွန်က လျစ်လျူရှု လိုက်ပြီး ကျောက်တျန်းယွီထံမှ အကြည့်များပြန်ရုတ်ကာ ပန်းသင်္ချိုင်းကို လှမ်းခေါ်လျက် ရင်အဘတ်ထဲ ထိုးသွင်းလိုက်သည်။

“ အိုး ... နင်ဘယ်လို လုပ်လိုက်တာလဲ။ ”

ထိုမြင်ကွင်းက လီဖေးပိုင်ကို ထိတ်လန့်သွားစေသည်။

“ သိချင်လား ... ။ ”

လင်းယွန်က ပြုံးလျက် သူမထံ လှည့်ကြည့်ကာ ပြန်မေးသည်။ လီဖေးပိုင်မှ အမြန် ခေါင်းညိမ့် ပြလိုက်၏။

“ ဟား ဟား ဟား ... မင်းလုပ်နိုင်မှာ မဟုတ်ဘူး။ ”

သို့သော် လင်းယွန်က မဖြေဘဲ ရယ်မောလျက် ကျိကျစ်ရှီထံသို့ လှည့်ထွက် သွားတော့သည်။

***

All Chapters