← Chapters

ရတနာဆိုတာ အရည်အချင်းရှိတဲ့ လူနဲ့ပဲ ထိုက်တန်တယ်။

Vol. 162 Ch. 2266

ရတနာဆိုတာ အရည်အချင်းရှိတဲ့ လူနဲ့ပဲ ထိုက်တန်တယ်။

Vol. 162 Ch. 2266

လင်းယွန်က သူ့ကို ကြည်စားနေမှန်း သိလိုက်ရသဖြင့် လီဖေးပိုင်မှာ ဒေါသထွက်လာ ခဲ့သည်။

“ ကျိကျစ်ရှီ ငါတို့ မတွေ့တာ ကြာပြီနော် ... ။ ”

“ ဟုတ်တယ် ... ငါ နင့်ကို နောက်ဆုံး တွေ့ခဲ့တာက ကိုးရက်နေ့။ ”

ကျိကျစ်ရှီက ခံစားချက်များ ပါရှိသော အကြည့်ဖြင့် ပြန်ကြည့်သည်။ အဆုံးတွင် သူတို့ တွေ့ဆုံပြီးနောက် ကောင်းကင် တာအိုဂိုဏ်း မငြိမ်မသက် ဖြစ်ပွားနေခဲ့သည်။

ကောင်းကင် စက်ဝန်း ဘုံကျောင်းကို သွေးလဂိုဏ်းမှ သိမ်းယူခြင်းသည် ထိုးနှက်ချက် ဖြစ်ကြောင်း သိရှိထား၏။

ထိုနေ့မှစတင်ပြီး ကောင်းကင် တာအိုဂိုဏ်းသည် အရှေ့ဘက် ပျက်စီးမြေ၏ အသန်မာဆုံး မြင့်မြတ်မြေ ရာထူးမှ ဆင်းပေး လိုက်ရသည်။

တစ်ချိန်တည်းမှာပင် ယဲ့ချင်းရှန်သည် လင်းယွန် ဖြစ်သည်ဟူသော သတင်းလည်း ပျံ့နှံ့နေခဲ့၏။

ကျိကျစ်ရှီက ရုတ်တရက် ဒေါသထွက်လာပြီး၊

“ နင် ငါ့ကို ဘာလို့ လာမရှာတာလဲ ... ငါတို့သူငယ်ချင်း ဖြစ်နေသေးရဲ့လား၊ ကြွေလွင့် နတ်ဘုရား ချိုင့်ဝှမ်းထဲ နင်ပြုတ်ကျသွားတဲ့ သတင်းကို ကြားပြီး ငါဘယ်လောက် နာကျင်ရလဲ သိလား။ ”

-ဟု အဖျားခတ် တိုးညှင်းတုန်ခါနေသော အသံဖြင့် အော်ငေါက်လိုက်၏။

နတ်ဖီးနစ်တောင်၏ အဖွဲ့ဝင်များမှာ မျက်နှာပြောင်းသွားသည်။ သူမသည် နတ်ဖီးနစ် တောင်အတွက် မင်းသမီး ဖြစ်၏။ လူအများ ရှေ့တွင် မည်သို့ပြောဆို ဆက်ဆံရမည်ကို သင်ယူထားပြီး မဟုတ်လော။

လီဖေးပိုင်က ပြုံးလျက် လင်းယွန်ကို တံတောင်နှင့် တွတ်လိုက်သည်။

“ စောစောက နင်ငါ့ကို ပြောတော့ ... ကျိကျစ်ရှီနဲ့ နင်က ဘာမှ မဆိုင်ဘူးဆို ... ။ ”

သူမ စကားကို ကြားသွားသည့် ကျိကျစ်ရှီ အနားမှ အဖိုးအိုက၊

“ ပန်းသင်္ချိုင်း ... ငါတို့ကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ”

-ဟု ပြောကြားလာ၏။

“ သွေးလဂိုဏ်းက ကောင်းကင် တာအိုဂိုဏ်းရဲ့ ရန်သူပဲ၊ ဒါကြောင့် ဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ ”

“ နင် ... ငါ့ကို မဖြေသေးဘူး။ ”

အဖိုးအို စကားလွှဲသော်မှ ကျိကျစ်ရှီက လွှတ်ပေးချင်ပုံ မရချေ။ ဒေါသတကြီး ထပ်မံ ဖြေရှင်းချက် တောင်း၏။

“ ငါ့ရဲ့ အထောက်အထားက ... ထိလွယ်ရှလွယ် ဖြစ်နေတယ် ... အဲဒါကြောင့် ငါ နတ်ဖီးနစ်တောင်ဆီ လာလို့မရဘူး၊ အမှောင်ထဲ ကနေပဲ စောင့်ကြည့်နေရတယ် ... ဘာပဲဖြစ်ဖြစ် အခု ရောက်လာပြီ မင်းလိုအပ်ရင် ကူညီဖို့ အသင့်ပါပဲ။ ”

“ ဒါက ပိုတူတယ် ... ။ ”

“ မင်း အလေးအနက် ပြောနေတာလား။ ”

အဘိုးအိုက ဝင်မေးသည်။ လင်းယွန်မှ ပြန်မဖြေမီ ကျိကျစ်ရှီကာ အနားကပ်သွားပြီး။

“ သူ ပြောတာကို ... အလေးအနက် မထားဘဲ မနေဝံ့ပါဘူး၊ ဒါပေမယ့် ... သူက ဘယ်သူလဲ ။ ”

မျက်နှာဖုံးစွပ်ပြီး သွယ်လျသော အသွင်အပြင်ရှိနေသည့် လီဖေးပိုင်ထံ စိုက်ကြည့် လိုက်လေသည်။

“ ငါက ဘယ်သူမှ မဟုတ်ပါဘူး၊ ငါ့ကို ဂရုစိုက် မနေနဲ့။ ”

“ ငါ့ သူငယ်ချင်းပါ။ ”

လင်းယွန်နှင့် လီဖေးပိုင် အသံက တပြိုင်နက်တည်း ထွက်လာ၏။

“ ကောင်းပြီ ... မင်းက သခင်လေးလင်းရဲ့ သူငယ်ချင်းဆိုတော့ သဘာဝအတိုင်း ... ငါတို့ရဲ့ သူငယ်ချင်းပါပဲ။ ”

အဖိုးအိုက ဝင်ပြောသည်။ သူ့အမည်မှာ ကျိရှင်ဟဲ ဖြစ်၏။ လင်းယွန်က ၎င်းအဖိုးအိုကို မမြင်နိုင်သောကြောင့် ပေါ့ပေါ့ဆဆ မဆက်ဆံ ဝံ့ချေ။

တစ်ဖက်တွင် လင်းယွန်မှ ကူညီမည်ဟု ဆိုထားသဖြင့် နတ်ဖီးနစ်တောင်မှ လူတိုင်း ဝမ်းသာကုန်၏။

အဘယ်ကြောင့် ဆိုသော် လင်းယွန်၏ အစွမ်းသတ္တိသည် အထင်ကြီး လောက်စရာ ကောင်းသည်။

“ ကျောက်တျန်းယွီနဲ့ ယင်းမြစ်ဘုရင်က ဒဏ်ရာကြီးကြီးမားမား မရသွားဘူး ... သူတို့က စုံစမ်းဖို့ ရောက်လာတာပဲ ... အချိန်မရွေး ပြန်လာနိုင်တယ်။ ”

“ ဟား ... ဟား ... ဟား ... ကိုယ့်ကိုကိုယ် ဘယ်လို မြှင့်တင်ရမလဲ ဆိုတာ မင်းက တကယ် သိတယ် ... သူတို့ကို အနိုင်ယူပြီး ပြန်ချီးကျူး နေတာလား။ ”

ဟွာကျင်းယွီက ဝင်ရောက် လှောင်ပြောင်လေသည်။

“ မြင့်မြတ်မြေ ငါးခု ပေါင်းစည်းခြင်းက ဘာကိုမှ ကြောက်စရာ မလိုပါဘူး။ ”

ယပ်တောင် တစ်လက်ကို ထုတ်ယူကာ ဟန်ပါပါဖြင့် ခတ်ပြလိုက်သည်။ ထိုအသွင်က လီဖေးပိုင်ကို အမြင်ကပ်စေ၏။

“ ဒါဆို စောစောက ဘာလို့ လိပ်တစ်ကောင်လို နင့်ခေါင်းကို ဝှက်ထား ရတာလဲ။ ”

“ သူတို့ နှစ်ယောက်အတွက် ငါ့ဝှက်ဖဲကို သုံးဖို့ မလိုဘူးဆိုတာ မင်းအမြင်ဘဲ မဟုတ်လား၊ အမည်ခံ သူတော်စင်တစ်ပါး ကိုတောင် အနိုင် မယူနိုင်တဲ့ အမှိုက်တွေပါ ... ။ ”

ဟွာကျင်းယွီက ပြန်ဖြေသည်။

“ ယင်းမြစ်ဘုရင်က ရွှေမျက်လုံး နတ်မိစ္ဆာဆိုရင်ရော မင်းဘယ်လို ထင်လဲ ... ။ ”

လီဖေးပိုင်မေးခွန်းက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်စေခဲ့သည်။

“ ရွှေမျက်လုံး နတ်မိစ္ဆာလား ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ... ဒါပေမယ့် စဉ်းစား ကြည့်တော့ အဲဒီလူရဲ့ အငွေ့အသက်က စတုတ္ထ အဆင့် သူတော်စင်သခင် အဆင့်မှာ ရှိနေသူ တစ်ယောက်လို မဟုတ်ဘူး။ ”

“ တကယ်ပဲ ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာ ဖြစ်နိုင်ခြေ ရှိတယ်။ ”

“ ဒါဆို ... ဘာလို့ ဒီလောက် လွယ်လွယ်နဲ့ ထွက်သွားရတာလဲ၊ လင်းယွန်ကို ကြောက်လို့လို့ မပြောနဲ့။ ”

ပတ်ဝန်းကျင်မှ ဆွေးနွေးသံများ ညံလာသည်။ လူတိုင်းသည် သူတော်စင်များ ဖြစ်ကြသောကြောင့် ရွှေမျက်လုံးများ၏ အစွမ်းကို သိချေ၏။

၎င်းတို့သည် တူညီသော နယ်ပယ်၌ ပြိုင်ဘက်ကင်းသော ဝိညာဉ် နတ်မိစ္ဆာ၏ တော်ဝင်မျိုးရိုးများ ဖြစ်သည်။

ရွှေမျက်လုံး နတ်မိစ္ဆာ တစ်ပါး ဖြစ်ရန် သွေးချောင်း စီးခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်ရမည် ဖြစ်၏။

ငွေမျက်လုံးများ သည်ပင် ကိုင်တွယ်ရ ခက်နေပြီ ဖြစ်ရာ ၎င်းတို့သာ ဖြစ်သော် ဆိုဖွယ် မရှိချေ။

မင်ဂိုဏ်း၊ အနန္တ လျှပ်စီးဂိုဏ်းနှင့် ကောင်းကင် မီးလျှံဂိုဏ်းမှ သူတော်စင်များက မျက်နှာများ ပြောင်းလဲကုန်၏။

ဟွာကျင်းယွီက လှောင်ပြောင်သော အပြုံးဖြင့်၊

“ ဟမ့် ... တကယ်လို့ သူသာ ရွှေမျက်လုံးဆိုရင် လင်းယွန် တစ်ယောက် အသက် ရှင်နေသေးမယ် ထင်လား။ ”

-ဟု မေးမြန်းလိုက်သည်။

လင်းယွန်သည် ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာကို အနိုင်ယူ နိုင်မည်ဟု သဘာဝကျကျ မယုံကြည်ချေ။

“ ပန်းသင်္ချိုင်း ... သူက ရွှေမျက်လုံး ဝိညာဉ် နတ်မိစ္ဆာဆိုတာ တကယ်လား။ ”

နတ်ဖီးနစ် တောင်တန်းမှ တစ်စုံတစ်ယောက်က လင်းယွန်ကို မေးသည်။

“ မင်း ကြိုက်သလို ယူဆ နိုင်တယ်။ ”

လင်းယွန်က ပြန်ဖြေ၏။

“ ငါ ယုံတယ် ... ။ ”

ကျိကျစ်ရှိက လင်းယွန်ဘက်မှ ရပ်တည်သည်။ လျူယွင်လန်နှင့် ကောင်းကင်ဘုံ ဂီတသူတော်စင် သခင်က စကားတစ်ခွန်းမှ မပြောဘဲ ငြိမ်သက်နေ၏။

ထိုအချိန်တွင် မင်ဂိုဏ်း၏ ကောင်းကင်ပညာရှင် သူတော်စင်သခင်က၊

“ ပန်းသင်္ချိုင်း ... နတ်သွေးသစ်သီး မင်းမှာ ရှိသေးတယ် မဟုတ်လား။ ”

-ဟု ရုတ်တရက် မေးမြန်းလာသည်။

ထိုမေးခွန်းက လူတိုင်းအတွက် ပေါက်ကွဲစေသော အရာ ဖြစ်၏။ နောက်ဆုံးတွင် ကောင်းကင် နိဗ္ဗာန်နယ်မြေ၌ နတ်သွေးအသီး၊ သွေးမီးတောက် ဘုရင်၏ ရတနာများနှင့် နတ်မီးတောက် အပိုင်းအစများသည် အကောင်းဆုံး ရတနာများ ဖြစ်သည်။

“ မှန်တယ် ... ငါ့မှာ ရှိတယ်၊ မင်း လိုချင်ရင် လာယူ။ ”

လင်းယွန်က ကောင်းကင် ပညာရှင် သူတော်စင်သခင်ကို သတ်လိုသော ဆန္ဒများနှင့် မျက်ခုံးပင့်ကြည့် လိုက်သည်။

၎င်းပြင် ကျီးနက် သူတော်စင် သခင်နှင့် ရဲရင့်ခြင်း သူတော်စင်သခင်သည် မမေ့နိုင်သည့် ရန်သူများ ဖြစ်၏။

ထိုအချိန်က ၎င်းတို့နှင့် ရင်ဆိုင်ခဲ့ရသည့် စိတ်ပျက် အားငယ်မှုကို မမေ့သေးချေ။ သူ့ထံ မလာလျှင်ပင် လက်စားချေရပေမည်။

“ ဘယ်သူ ဝံ့သလဲ။ ”

ကျိကျစ်ရှီနှင့် နတ်ဖီးနစ်တောင်၏ သူတော်စင် သခင် သုံးပါးက လှမ်းထွက်လာပြီး အေးစက်စွာ မေးခွန်းထုတ်တော့၏။

ဟွာကျင်းယွီက ကျိကျစ်ရှီကို ပြန်ကြည့်သည်။ သူ့အပေါ် လျစ်လျူရှုထားမှန်း သိလိုက်ပြီး၊

“ လင်းယွန် ... မင်းက မိန်းမ တစ်ယောက် နောက်မှာ ပုန်းနေတဲ့ လူတစ်ယောက်လား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဟွာကျင်းယွီ နင့်ကိုယ်နင် ... ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာ သင်ယူခဲ့သင့်တယ်၊ ငါ့ရဲ့ နတ်ဖီးနစ်တောင်က နင့်ကို ကြောက်နေရမှာလား။ ”

ကျိကျစ်ရှီက အေးစက်စွာ ပြောကြား လိုက်၏။ ဤလူကို သူမ မကျေမနပ်ဖြစ်နေ သည်မှာ ကြာပြီဖြစ်သည်။

လေထု ရုတ်တရက် တင်းမာလာသဖြင့် သူတော်စင် မျိုးနွယ်စုများနှင့် ဂိုဏ်းငယ်များက နှစ်ဘက် ကွဲသွားသည်။

“ နတ်မီးတောက် အပိုင်းအစတွေ ... မကြာခင်ပေါ်လာနိုင်တယ်၊ ဒါကြောင့် မင်းတို့က အောင်နိုင်သူကို ဆုံးဖြတ်ဖို့ ... အခုပဲ တိုက်သင့်တယ်။ ”

လီဖေးပိုင်က မီးလောင်ရာ လေပင့်၏။ ထို့ကြောင့် ဟွာကျင်းယွီက သူမထံ အေးစက်စွာ လှည့်ကြည့်သည်။

“ အဟမ်း ... ယင်းမြစ်ဘုရင်နဲ့ သွေးလ ဂိုဏ်းက လွယ်လွယ် အရှုံးမပေးဘူး အချိန်မရွေး ပြန်လာနိုင်တယ်၊ ငါတို့ကြား တိုက်ပွဲ ဖြစ်လာရင် သူတို့အတွက် အကျိုး ရှိသွားလိမ့်မယ်။ ”

သခင်ငယ် ဝူရှောင်က ခေျာင်းဟန့်ကာ ဝင်ပြောသည်။

“ နတ်အသွေးတော်ရဲ့ ပိုင်ရှင်ကို ငါတို့ ဆုံးဖြတ်ပြီးပါပြီ၊ ရတနာဆိုတာ အရည်အချင်း ရှိသူတွေနဲ့ပဲ ထိုက်တန်တယ်၊ မဟုတ်ရင် မြင့်မြတ်မြေ သုံးပါးက ...

... သွေးမီးတောက် ဘုရင်ဆီက ဘယ်လိုရတနာတွေ ရခဲ့လဲဆိုတာ ဘာလို့ လူတိုင်း မြင်ခွင့်ရအောင် မပြရတာလဲ။ ”

ထိုစကားက ဝူရှောင်၏ ရပ်တည်ချက် ဖြစ်၏။

“ အဲဒါကို မေ့ထားလိုက်ရအောင် ဝူရှောင်ပြောတာ အဓိပ္ပာယ်ရှိတယ် ... ငါတို့ အချင်းချင်း ရန်ဖြစ်စရာ မလိုပါဘူး ... နတ်မီးတောက်က ပိုအရေးကြီးတယ်။ ”

လျူယွင်လန်က သဘောတူလိုက်၏။ ကောင်းကင်ဘုံ ဂီတ သူတော်စင် ကလည်း၊

“ ငါတို့အာရုံက အခု နတ်မီးတောက် အပေါ်သာ ရှိသင့်တယ်၊ ကျိကျစ်ရှီ အကူအညီ မပါရင် နောက်ဆုံး ကန့်သတ်ချက်ကို ချိုးဖျက်နိုင်မှာ မဟုတ်ဘူး။ ”

-ဟု ထောက်ခံလေသည်။

ထိုစကားများကို ကြားပြီးနောက် ဟွာကျင်းယွီက အံကြိတ်ကာ၊

“ ဒီနေရာက ထွက်သွားတာနဲ့ ဒီအကြောင်းကို ထပ်ပြောမယ် ... မင်ဂိုဏ်းက လွယ်လွယ်နဲ့ ငြိမ်ခံနေမှာ မဟုတ်ဘူး။ ”

လင်းယွန်က ပြုံး၏။ သွေးလဂိုဏ်းမှ နတ်မီးတောက် အပိုင်းအစများ မရရှိစေရန် ကာကွယ်ရမည် ဟူသော သတိ ပေးချက်သာ မရှိက ၎င်းနှင့် တိုက်မိပေမည်။

“ ကျစ်ရှီ ... ကန့်သတ်ချက်ကို ဖျက်ဖို့ အလျင်မလိုနဲ့ဦး ... ငါအရင် ကြည့်ပါရစေ။ ”

လင်းယွန်က လူသတ်လိုသော ရည်ရွယ်ချက်ကို ချိုးနှိမ့်ကာ ကျိကျစ်ရှီထံ လှည့်ပြော လိုက်သည်။

“ ငါ လိုက်ခဲ့မယ် ... ။ ”

ကျိကျစ်ရှီက ခေါင်းညိတ်တော့၏။ ဤမြင်ကွင်းကြောင့် သခင်ငယ် ဝူရှောင်ခမျာ မျက်ရည်ကျချင်လာသည်။

***

All Chapters