← Chapters

နတ်မီးတောက် ... ။

Vol. 162 Ch. 2268

နတ်မီးတောက် ... ။

Vol. 162 Ch. 2268

နတ်ဖီးနစ်တောင်မှ သူတော်စင် ရှစ်ပါး၏ အကာအကွယ်အောက်၌ ကျိကျစ်ရှီက လက်ကို အပေါ်သို့ ဖြည်းညှင်းစွာ ပင့်လိုက်သည်။

မျက်လုံးများ မှိတ်လျက် သူတော်စင် ရောင်ဝါများ ဖြာထွက်လာ၏။

“ နတ်ဖီးနစ်တောင်ရဲ့ မင်းသမီးလေးက မျှော်လင့်ထားတဲ့ အတိုင်းပါပဲ ... တကယ့်ကို ချောမောလှပလွန်းတယ်။ ”

လီဖေးပိုင်က ချီးကျူးသည်။ အမျိုးသမီး တစ်ယောက်အနေနှင့် အပြစ်ကင်းစင်လှသော အကြောင်းကို ဝန်ခံရပေမည်။

“ သူမရဲ့ အလှက မင်းကို ဆွဲဆောင် နေတာတော့ မဟုတ်ဘူး မဟုတ်လား ဒီမျက်နှာ ဖုံးအောက်မှာ မင်းရဲ့စိတ်ထားက ပြောင်းလဲ သွားတာ ငါသတိ ထားမိတယ်။ ”

လင်းယွန်က ပြုံးလျက် ဟာသ ပြောလိုက်သည်။ ယောက်ျား တစ်ယောက် အဖြစ် အသွင်ယူထားသည့် လီဖေးပိုင်ပုံမှာ အမှန်ပင် ကြည့်ကောင်းနေ၏။

“ ဒါက ... နင်ငါ့ကို ကောင်းကောင်း နားမလည်သေးလို့ပါ။ ”

လင်းယွန်မှ ဆက်မပြောတော့ချေ။ အနီရောင် ပင့်ကူ လီလီကို ထုတ်ယူလိုက်ကာ စူးစမ်းနေမိသည်။

ပန်းသည် လှပပြီး စိတ်ကူးယဉ်ဆန်ကာ လေထဲ လွင့်နေသော မီးတောက်များ ခပ်ပါးပါး ထုတ်ဖော်ထား၏။

“ ဒီပန်းက တကယ်လှတယ် ... ငါ့ကို ခဏငှားလိုက်ပါလား။ ”

လီဖေးပိုင် မျက်လုံးများ တောက်ပလျက် အနီရောင် ပင့်ကူ လီလီထံ လက်လှမ်း လိုက်၏။ ထို့ကြောင့် အနီရောင် ပင့်ကူ လီလီက လင်းယွန် လက်မှခုန်ဆင်းလာကာ အဝတ်ထဲ ဝင်ပုန်း တော့သည်။

“ ဟား ဟား ဟား ... ဉာဏ်ကောင်းတယ်။ ”

“ ဟုတ်တယ်။ ”

သူတို့ စကားပြောနေစဉ် ကျိကျစ်ရှီ၏ မျက်လုံးများ ပွင့်လာပြီး ရွှေရောင် အလင်းတန်း တစ်ခု ဖြာကျလာ၏။

“ ကျီး ... ။ ”

ဖီးနစ်အော်သံ နှင့်အတူ သူ့လက်ဖဝါး၌ ရွှေမီးတောက်များ လောင်ကျွမ်းလာလေသည်။ လက်ဖဝါး မြှောက်လိုက်သောအခါ ကောင်းကင် အရောင်ပြောင်းသွားသည်။ ရွှေအိုရောင် တိမ်တိုက်များ အတွင်းမှ ဖီးနစ်တစ်ကောင် ဆင်းသက်လာ၏။

“ ရွှီး ... ။ ”

၎င်း၏ ဖီးနစ်မီးတောက်များက ကျောက်တုံးကြီးပေါ် ကျရောက်သော အခါတွင် ဖယောင်းကဲ့သို့ အရည်ပျော်တော့သည်။

“ အလုပ် ဖြစ်ပြီ ... ။ ”

ဟွာကျင်းယွီက မျက်လုံးများ တောက်ပလာပြီး သူ့အနားရှိ ကောင်းကင်ဘုံ သူတော်စင် သခင်နှင့် လျူယွင်လန်ကို လေးနက်စွာ ပြန်ကြည့်၏။

“ အဲဒါ ဖီးနစ်မီးတောက်လား ... သန့်စင်လိုက်တာ။ ”

ကျိကျစ်ရှီ၏ ဖီးနစ်သွေးလိုင်းသည် သန့်ရှင်း စင်ကြယ်ပုံ ချေပြီ။ သူမ မွေးကတည်းက ဖီးနစ် နတ်ခန္ဓာ ပိုင်ဆိုင်ကြောင်း ကောလဟာလ အချို့ထွက်ပေါ်ခဲ့ဖူး၏။

“ ကြည့်ရတာ ဒီမင်းသမီးလေးရဲ့ ... မူလဇစ်မြစ်က ကြီးမားပုံပဲ ... အနာဂတ်မှာ ဧကရာဇ် ဖြစ်ဖို့ အခွင့်အလမ်း ရှိတယ်။ ”

လူတိုင်းက ကျိကျစ်ရှီ၏ ကျက်သရေကို ချီးကျူးလိုက်ကြသည်။ လင်းယွန်၏ ဓားရေးနှင့် ယှဉ်ပါက ဖီးနစ်သွေး ရောင်ဝါသည် စွဲမက်ဖွယ် ကောင်းနေသည်။

မိုင်ထောင်ချီ ဝေးကွာသော အရပ်တွင် ကျောက်တျန်းယွီနှင့် ယင်းမြစ်ဘုရင် တို့က ထိုမြင်ကွင်းကို ကြည့်နေ၏။

ယင်းမြစ် ဘုရင်က သူ့ကို ဟန့်တား ခံရသည့် အပေါ် မကျေနပ် နိုင်သေးချေ။

“ မင်းငါ့ကို ဆွဲထုတ် မသင့်ဘူး ... အချက်အလက်တွေ စုဆောင်းဖို့ သွားခဲ့ပေမယ့်၊ အခုဘာများ ထူးခြားတာ တွေ့ခဲ့လို့လဲ၊ ...

... အနည်းဆုံးတော့ သူတို့ရဲ့ အုပ်စိုးရှင် ရတနာတွေကို စုံစမ်းသင့်တယ် မဟုတ်လား။ ”

“ ဒါပေမယ့် မင်းရဲ့ ရွှေမျက်လုံးကို ... ထုတ်ပြဖို့ မလိုပါဘူး၊ ငါတို့ ဘာမှ မတွေ့ခဲ့ဘူးလို့ ဘယ်သူပြောလဲ။ ”

“ ဟုတ်လား ... ဘာများတွေ့ခဲ့လဲ။ ”

“ ပထမအချက် မြင့်မြတ်မြေ ငါးပါး စည်းလုံးနေပုံ ရပေမယ့် သူတို့က မခိုင်မာဘူး၊ နတ်မီးတောက် ပေါ်လာရင် အချင်းချင်း တိုက်ကြလိမ့်မယ် ...

... ဒုတိယအချက် သူတို့မှာ အုပ်စိုးရှင် ရတနာတွေရှိတယ် ကူရှင်းယွီကြောင့် ထုတ်ချင် ပေမယ့် ... နောက်ဆုံး ဆက်သိမ်းထားဖို့ ဆုံးဖြတ် လိုက်ကြတယ်။ ”

ယင်းမြစ်ဘုရင်၏ မျက်နှာ ပြောင်းလဲ သွားကာ၊

“ ငါလည်း အဲဒါကို သိနိုင်ပါတယ် ... ဒါပေမယ့် ပန်းသင်္ချိုင်းကို ရှင်းပစ်ရမယ် ... သူ့ကို ရှင်သန်ခွင့် ပြုလို့မရဘူး။ ”

-ဟု စောဒကတက် လိုက်၏။

“ အလျင် မလိုပါနဲ့ ... အခုက အချိန် မဟုတ်သေးဘူး မင်းသွေးကို ထုတ်ပြရင်တောင် သူ့ကို သတ်ဖို့ ခက်လိမ့်မယ်။ ”

“ မင်း ငါ့ရဲ့သွေးကို သံသယ ဝင်နေတာလား။ ”

ယင်းမြစ်ဘုရင်က မကျေမနပ်နှင့် မေး၏။

“ မင်းရဲ့သွေးကို ငါသံသယ မ၀င်ပါဘူး၊ ဒါပေမဲ့ မင်းသွေးကြောင့် ဒုက္ခတွေ အဆုံးမရှိ ဖြစ်လာမှာကို တေွးမိရဲ့လား။ ”

ထိုစကားကို ကြားသောအခါ ယင်းမြစ်ဘုရင်၏ သတ်ရန် ရည်ရွယ်ချက်များ အနည်းငယ် လျော့ပါးသွားသည်။

သူ့ကိုယ်သူ တည်ငြိမ်သွားအောင် အသက်ပြင်းပြင်း ရှူလျက် သက်ပြင်းချလိုက်၏။

“ ဒီကောင်က ငါအပေါ် လွှမ်းမိုးသွားတယ်။ ”

သူသည် များသောအားဖြင့် တည်ငြိမ်ပြီး အလွယ်တကူ ဒေါသမထွက်ချေ။

“ အရင်က ဒီလောက် မသန်မာပါဘူး ... ကြွေလွင့်နတ်ဘုရား ချိုင့်ဝှမ်းကနေ ထွက်ပြီး အသွင် ပြောင်းသွားပုံရတယ်။ ”

“ ထားလိုက်ပါတော့ ... အဲဒီမှာ အခွင့်အလမ်းတွေ ရှိနေရင်တောင်မှ ငါတို့ ဆင်းလို့ မရဘူး၊ အခုချိန်မှာ နတ်မီးတောက် အပိုင်းအစတွေက ပိုအရေးကြီးတယ်။ ”

ကျောက်တျန်းယွီမှ ပြောကြားလာ၏။ ထိုအချိန် ဖီးနစ်မီးလျှံ လောင်ကျွမ်းနေမှု အပေါ်၊ မြင့်မြတ်မြေ သုံးပါးက အချင်းချင်း ဆွေးနွေးနေကြသည်။

“ နတ်ဘုရား မီးတောက်က တစ်ခုပဲ ရှိခဲ့ရင် ဘယ်လိုလုပ်မလဲ။ ”

“ ငါတို့က ညီအစ်ကိုတွေပဲ မျှတစွာ လုပ်ဆောင်ရမှာပေါ့။ ”

“ နှစ်ခု ဆိုရင်ရော ... ။ ”

“ နှစ်ခုမပြောနဲ့ သုံးခု ရှိနေရင်တောင် အားလုံးကို လုယူရမယ် ဒါမှ ... ငါတို့အချင်းချင်း ခွဲယူနိုင်မှာ ... ဒါပေမယ့် လေးခု ဆိုရင်တော့ နတ်ဖီးနစ်တောင်ကို မျှဝေပေးလိုက်မယ်။ ”

“ ဒီလောက် လွယ်ပါ့မလား ... သွေးလဂိုဏ်းက ပြန်လာနိုင်တယ်၊ နတ်တာအို ခန်းမနဲ့ နတ်ဖီးနစ်တောင်သာ ပူးပေါင်းသွားရင် တစ်ဝက်တော့ ခွဲပေးရမယ် ထင်တယ်။ ”

သူတို့ အချင်းချင်း တိုက်သော် ရန်သူများ အတွက် အကျိုးရှိမည်ကို လျူယွင်လန် သိ၏။ အကြောင်း တစ်ခုခုကြောင့် နှလုံးသား၌ ဆိုးရွားသော ခံစားများ ရရှိနေသည်။

“ မင်းက ရိုးသားလွန်းတယ် သူတို့ကို ပေးချင်ပေမယ့် .. ပေးသင့်လားလို့ တွေးဖူးလား၊ သွေးလဂိုဏ်းနဲ့ နတ်မိစ္ဆာတွေ အတွက်တော့ ...

... ပြန်လာရဲရင် သင်ခန်းစာတစ်ခု သင်ပေးမယ် ... ယင်းမြစ်ဘုရင်က ရွှေမျက်လုံး မဖြစ်နိုင်ပါဘူး။ ”

ဟွာကျင်းယွီ စကားကြောင့် လျူယွင်လန်ခမျာ ပါးစပ်ပိတ်သွားပြီး စကား တစ်ခွန်းမျှ ထပ်မပြောတော့ချေ။

အရှေ့ဘက် ပျက်စီးမြေသည် ယခုအခါ အလွန် ရှုပ်ထွေးနေပြီး ဘုံအကျိုးစီးပွားရှိသော ကြောင့်သာ မြင့်မြတ်မြေများက ပူးပေါင်း ဆောင်ရွက်နေခြင်း ဖြစ်၏။

လက်ရှိ စိတ်ဝမ်းကွဲမှုသည် စစ်ပွဲအသွင် အစပျိုးနေသဖြင့် သက်ပြင်းချ လိုက်မိသည်။

သက်တံဓား သူတော်စင်မှ သူ့ဒုက္ခကို ခံယူသောအချိန်၌ ရုန်းရင်းဆန်ခတ် ဖြစ်သွားရ ပေလိမ့်မည်။ ထိုအချိန်တွင် ဧကရာဇ်အဆင့် တန်ခိုးရှင်များပင် ပါဝင်လာနိုင်မည်။

“ ခရစ် ... ။ ”

တစ်ဖက်တွင် အနက်ရောင် ကျောက်တုံး၏ အပြင်ဘက်အလွှာ အက်ကွဲလျက် သွေးညှီနံ့များ ပျံ့နှံ့လာသည်။

“ ဒါ နဂါးသွေးပဲ ... ။ ”

“ တကယ်တော့ ဒီကျောက်တုံးကြီးက နဂါးသွေးဆိုတာ ဘာလို့ ... ငါတို့ မသိရတာလဲ၊ စိတ်ဝင်စားစရာ ကောင်းလိုက်တာ။ ”

ကျောက်တုံးကြီး ဖြည်းဖြည်းချင်း အရည်ပျော်လာသော အခါတွင် လူတိုင်း မျက်လုံးပြူး ကုန်၏။

“ ဒါက နဂါးသွေးပဲ ... လင်းယွန် ပြောတာမှန်တယ်။ ”

ကျောက်တုံးကို မီးမြိုက်နေသော ကျိကျစ်ရှိက ခေါင်းညိမ့်ပြပြီး လင်းယွန်ထံ ကြည့်လိုက်သည်။

လင်းယွန်က မီးနဂါး ဦးခေါင်းခွံပေါ်၌ လေးနက်သော အသွင်ဖြင့် ရပ်နေခဲ့သည်ကို မြင်လိုက်ရ၏။

“ အာရုံစိုက် ... ။ ”

ကြယ်မြစ် သခင်မှ သတိပေးသည်။

“ အဆင်ပြေပါတယ်။”

ဤအချိန်သည် အရေးကြီးဆုံးနှင့် အန္တရာယ်အရှိဆုံး အခိုက်အတန့် ဖြစ်ကြောင်း ကျိကျစ်ရှီက သတိရသွား၏။

ကျောက်တုံးကြီး လုံးလုံး အရည်ပျော်သွားသောအခါ ကြောက်မက်ဖွယ် အအေးဓာတ်များ ပြန့်ကျဲလာသည်။

“ ဝေါ့ ... ။ ”

သို့သော် ရုတ်တရက် မီးတောက် ရောင်ဝါတစ်ခု ကောင်းကင်ပေါ် ပျံတက်လာ သဖြင့် ကျိကျစ်ရှီခမျာ သွေးအန်လျက် ကောင်းကင်မှ ပြုတ်ကျသွား၏။

“ ဝေါ့ ... ။ ”

သူ့မ ဝန်းကျင်ရှိ သူတော်စင် သခင် ရှစ်ပါးသည်လည်း သွေးအန်လျက် လွင့်စဉ်ကုန် တော့သည်။

“ နတ်ဘုရားမီးတောက် ... ။ ”

လူတိုင်း လောဘဇောဖြင့် အော်ဟစ်စဉ် လင်းယွန်နှင့် လီဖေးပိုင်က ကျိကျစ်ရှီ အနားသို့ အပြေး ရောက်ရှိသွား၏။

ကြယ်မြစ်သခင်က စိုးရိမ်လာပြီး၊

“ ပန်းသင်္ချိုင်း ကျေးဇူးပြုပြီး မင်းသမီးလေးကို ဂရုစိုက်ပါ။ ”

-ဟု လေးလေးနက်နက် မှာကြား လိုက်သည်။ သို့သော် လင်းယွန်ကိုယ်စား လီဖေးပိုင်က ခေါင်းညိမ့်ပြကာ၊

“ စိတ်မပူပါနဲ့ ... သူ့ဇနီးလောင်းကို ဂရုမစိုက်တဲ့ ယောကျ်ား ... ဘယ်မှာ ရှိလို့လဲ။ ”

-ဟု ပြန်ဖြေပေး၏။

“ ဝှစ် ... ။ ”

မြင့်မြတ်မြေ ငါးပါးမှ ပျံသန်းလာနေပြီ ဖြစ်သဖြင့် ကြယ်မြစ် သခင်က ထိုစကားအပေါ် လျစ်လျူရှုကာ နတ်မီးတောက်ကို လိုက်ဖမ်း တော့သည်။

တစ်ချိန်တည်းမှာပင် နတ်ဖီးနစ်တောင်၏ သူတော်စင်များကလည်း ကြယ်မြစ် သူတော်စင် သခင်နှင့် နတ်မီးတောက်ကို ဝန်းရံကာ လူအုပ်ကြီးထံ မျက်နှာမူ လိုက်၏။

***

All Chapters