← Chapters

လူမဆန်ရက်စက်ခြင်း

Vol. 14 Ch. 188

လူမဆန်ရက်စက်ခြင်း

Vol. 14 Ch. 188

အခန်း (၁၈၈) လူမဆန်ရက်စက်ခြင်း

“ဗြိ...”

လျိုရှန်းဖုန်းက သူ့လက်ချောင်းများကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။

ရဲ့ကျုန်းကျိုးလက်မောင်းကို ထိုးစိုက်ချလိုက်ရာ လက်မောင်းတွင် သွေးစွန်းနေသောအပေါက်တစ်ခု ချက်ချင်းပွင့်သွားသည်။

“......”

ရဲ့ကျုန်းကျိုးက အသံမထွက်ဘဲ အံတင်းတင်းကြိတ်ရင်း ပြူးကျယ်နေသည့်မျက်လုံးများဖြင့် လျိုရှန်းဖုန်းကို ဒေါသတကြီး စိုက်ကြည့်နေသည်။

လျိုရှန်းဖုန်းက ပြုံးလိုက်ရင်း...

“ခေါင်းမာတဲ့ကောင်... ဟမ်”

ပြောပြီးသည်နှင့် သူက လက်ညှိုးဖြင့် ထပ်ထိုးလိုက်ရာ ရဲ့ကျုန်းကျိုးလက်မောင်းတွင် နောက်ထပ်အပေါက်တစ်ပေါက် ဖြစ်သွားပြန်သည်။ ရဲ့ကျုန်းကျိုးမှာ ဒဏ်ရာအပြင်းအထန်ရထားသဖြင့် မရှောင်နိုင်ဘဲ ကူရာကယ်ရာမဲ့နေတော့သည်။

လျိုရှန်းဖုန်းက ရူးသွပ်သူတစ်ယောက်ပမာ ရယ်မောလိုက်ရင်း...

“ငါက ခေါင်းမာတဲ့ကောင်တွေကို နှိပ်စက်ရတာကို သဘောအကျဆုံးပဲ ၊ သူတို့က ခံနိုင်ရည်ရှိကြတယ်လေ ၊ သူတို့နဲ့ကစားရင် အချိန်ပိုပြီးကြာကြာ ကစားလို့ရတယ်”

ရဲ့ကျုန်းကျိုးက နှာခေါင်းတစ်ချက်ရှုံ့လိုက်ရင်း...

“သောက်ရူး...”

သူက လျိုရှန်းဖုန်းကို စိုက်ကြည့်ရင်း...

“မင်းက ငါ့ကိုဒေါသထွက်ပြီး စိတ်ပျက်လက်ပျက်ဖြစ်လာအောင် နှိပ်စက်နေတာ မဟုတ်လား ၊ မင်းကိုမုန်းတီးပြီး မင်းလိုမျိုး အမှောင်ဘက်ခြမ်းကိုကျသွားအောင်လုပ်နေတာ ၊ မင်း စိတ်ကူးယဉ်နေတာ ရပ်လိုက်တော့”

သူက ဆက်ပြောသည်။

“ဟုတ်တယ် ၊ ငါ တကယ်ဒေါသထွက်နေတယ် ၊ မင်းလို သောက်ရူးကို မသတ်နိုင်လို့ ငါ့ကိုယ်ငါ တကယ်မုန်းတီးမီတယ် ၊ ဒါပေမဲ့ အဲဒါကြောင့်နဲ့တော့ ငါ အမှောင်ဘက်ခြမ်းကို ကျသွားမှာ မဟုတ်ဘူး ၊ မင်းလို နတ်ဆိုးတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး”

လျိုရှန်းဖုန်းက အရေးမစိုက်ဟန်ဖြင့်...

“နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာက မင်းကွ ၊ ငါ မဟုတ်ဘူး ၊ အခု မင်းက ငါနဲ့မယှဉ်နိုင်တော့ဘူး ၊ ပြီးတော့ ဒဏ်ရာအပြင်းအထန်ရတဲ့သူက ငါ့ကို ဘယ်လိုလုပ် သတ်နိုင်မှာလဲ”

သူက ဟာသလုပ်ကာ ရယ်မောလိုက်ရင်း...

“မင်း အမှောင်ဘက်ခြမ်းကိုလာမယ်ဆိုရင် မင်းရဲ့သိုင်းစွမ်းတွေတိုးလာလိမ့်မယ် ၊ ရှန်ထျန်းနှောင်းပိုင်းအဆင့်ကိုတောင် တန်းရောက်သွားနိုင်တယ် ၊ မင်း ငါနဲ့ယှဉ်နိုင်မယ့် စွမ်းရည်မျိုး မပိုင်ဆိုင်ချင်ဘူးလား”

“ပြီးတော့ မင်း အမှောင်ဘက်ခြမ်းကိုရောက်လာရင် မင်းရထားတဲ့ ဒဏ်ရာတွေအားလုံး အကောင်းအတိုင်း ပျောက်ကင်းသွားလိမ့်မယ် ၊ ငါ့ကိုကြည့်စမ်း... ဟိုကောင် ရန်ကျောက်ကဲ စော်ထည့်လိုက်တာ ငါ့ရဲ့ နတ်တောင်ခန္ဓာပျက်စီးသွားတာ ၊ ဒဏ်ရာဘယ်လောက်ပြင်းထန်လဲဆိုရင်း လေးဘက်တောင်မထောက်နိုင်ဘူး”

သူက ဆက်ပြောသည်။

“အဲဒီလိုအခြေအနေမျိုးကနေ နတ်ဆိုးလည်းဖြစ်သွားရော မိစ္ဆာချီက ငါ့ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး အားဖြည့်ပေးလိုက်တာ... ငါ့ဒဏ်ရာတွေ ချက်ချင်းပျောက်သွားတဲ့အပြင် မင်းတို့ (၅)ယောက်လုံးကိုတောင် တစ်ပြိုင်တည်း အလွယ်တကူ တိုက်ခိုက်နိုင်သွားတယ်”

လျိုရှန်းဖုန်းက ရယ်မောလိုက်ရင်း သူ့လက်ချောင်းများကို ဆန့်ထုတ်ကာ ရဲ့ကျုန်းကျိုး၏လက်မောင်းတွင် အပေါက်တစ်ခု ဖောက်လိုက်ပြန်သည်။

“ငါက ရည်ရွယ်ချက်ကောင်းနဲ့ လဲကျနေတဲ့ မင်းတို့တွေကို ပြန်ထဖို့ အခွင့်အရေးပေးနေတာ...”

ရဲ့ကျုန်းကျိုးမှာ လျိုရှန်းဖုန်းစကားကို လျစ်လျူရှုရင်း နာကျင်မှုကြောင့် နဖူးထက်တွင် ချွေးစေးများ ရွှဲနစ်လျှက် ရှိသည်။

လျိုရှန်းဖုန်းက အလျင်စလိုမရှိဘဲ ဘေးနားမှ ရွမ်ပင်းကို လှမ်းကြည့်လိုက်သည်။

“လှိုင်းနက်ဂေဟာက ညီလေး’ရွမ်ပင်း’ ၊  လွန်ခဲ့တဲ့ရက်တွေက မင်းပေးတဲ့လက်ဆောင်တွေအတွက် ငါ အရမ်းကို ဝမ်းသာပီတိဖြစ်ရပါတယ် ၊ ဒါကြောင့် ငါက အခု မင်းကို လက်ဆောင်ပြန်ပေးချင်တာ”

ပြောရင်း သူက လက်တစ်ဖက်ရှေ့သို့ ဆန့်ထုတ်လိုက်ရာ ရွမ်ပင်း၏လက်မောင်းထက်တွင် သွေးစွန်းသော အပေါက်တစ်ခု ပေါ်လာသည်။

ရွမ်ပင်းက လျိုရှန်းဖုန်းစကားကို အရေးမစိုက်ဘဲ ခေါင်းကိုလှည့်ပြီး ညည်းတွားသံပြုလိုက်သည်။

လျိုရှန်းဖုန်းကလည်း အလျင်စလိုမရှိဘဲ ရယ်မောလိုက်ရင်း...

“တကယ်တော့ မင်းတို့နှစ်ယောက်လုံး အမှောင်ဘက်ခြမ်းရောက်လာရင် ပူးပေါင်းပြီး ငါ့ကိုပြန်တိုက်လို့ ရတယ်လေကွာ ၊ ဘာလို့ နည်းနည်းပါးပါး ဦးနှောက်မသုံးရတာလဲ”

လျိုရှန်းဖုန်းဘေးနားမှ နတ်ဆိုးလက်ထဲကျရောက်ခဲ့ပြီးဖြစ်သော အခြားကျင့်ကြံသူ (၂)ယောက်ကတော့ အဖြစ်အပျက်များကို ဝမ်းသာရွှင်မြူးစွာ ကြည့်နေကြသည်။

ရွမ်ပင်းကစကားပြန်မပြောဘဲ မသိချင်ယောင်ဆောင်နေချိန် ရဲ့ကျုန်းကျိုးက ရယ်မောလိုက်သည်။

“မင်း အိပ်မက်မက်နေလိုက်...ဟေ့ကောင်”

လျိုရှန်းဖုန်းက ရဲ့ကျုန်းကျိုးကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် အကြည့်များက ရွမ်ပင်းဆီသို့ ရွေ့လျားသွားသည်။ သူ့နှုန်ခမ်းများထက် အေးစက်ယုတ်မာသည့် အပြုံးတစ်ခု ထွက်ပေါ်လာသည်။

သူက မတ်တတ်ရပ်လိုက်ရင်း...

“ထားလိုက်တော့... ငါက လူတွေကို ဖိအားပေးရတာ မကြိုက်ဘူး”

ပြောရင်း သူက လီကျင်းဝမ်နှင့် ကျန်းယောင်တို့ဘက်သို့ လှည့်သွားသည်။

ရဲ့ကျုန်းကျိုး မျက်နှာပျက်သွားပြီး...

“လျိုရှန်းဖုန်း... မင်း ဘာလုပ်မလို့လဲ”

လျိုရှန်းဖုန်းက အလွန်ပျော်ရွှင်နေဟန်ဖြင့်...

“ဘာမှမလုပ်ပါဘူးကွာ ၊ ငါက ညီမလေးနှစ်ယောက်ကို နှုတ်ဆက်မလို့ပါ ၊ ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် သိကြတယ် မဟုတ်ဘူးလား”

သူက ပြုံးလျှက်ပင် လီကျင်းဝမ်နှင့် ကျန်းယောင်တို့ရှေ့တွင် ထိုင်ချလိုက်သည်။ ကျန်းယောင်က အံတင်းတင်းကြိတ်ထားပြီး မျက်လုံးများကို မှိတ်ထားသည်။ လီကျင်းဝမ်ကတော့ နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

လျိုရှန်းဖုန်းက သူတို့ (၂)ယောက်ကို စိတ်ဝင်တစားကြည့်လိုက်သည်။  ထို့နောက် သူ့အကြည့်က လီကျင်းဝမ်အပေါ်ကျရောက်သွားပြီး လက်ကိုဆန့်ထုတ်လိုက်ရာ သူမ ပခုံးထက်တွင် ချက်ချင်းပင် သွေးစွန်းသည့်အပေါက်တစ်ပေါက် ဖြစ်ပေါ်လာသည်။

ကျောက်စိမ်းပင်လယ်မြို့တော်မှ မိန်းမပျိုလေး နာကျင်စွာအော်ညည်းလိုက်သည်။ သို့သော် ခက်ခဲသည့်အခြေအနေကို ရင်ဆိုင်ရသည့်တိုင် သူမမျက်ဝန်းများက အကြောက်တရားလုံးဝမရှိဘဲ သန့်စင်လျှက်ရှိသည်။

လျိုရှန်းဖုန်းက လီကျင်းဝမ်ကို ဒေါသတကြီး ခဏမျှ စိုက်ကြည့်လိုက်သည်။ လီကျင်းဝမ်က မျက်လုံးများကို မှိတ်လိုက်ပြီး သူမမျက်နှာက ပုံမှန်မဟုတ်စွာ နီရဲနေသည်။

ဒဏ်ရာအပြင်းအထန်ရရှိထားသော သူမ၏ခန္ဓာကိုယ်မှ စွမ်းအားပြင်းထန်သည့် ကြယ်တာရာချီစွမ်းအားတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်လာသည်။

“ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ကောင်းကင်ဒီရေလျှံတိုက်ကွက်ကို ထုတ်သုံးတာလား ၊ မင်းက မင်းကိုယ်မင်း သတ်သေဖို့ ကြိုးစားနေတာလား”

လျိုရှန်းဖုန်းက ထိတ်လန့်စွာပြောလိုက်ပြီးနောက် အော်ဟစ်ရယ်‌မောလိုက်သည်။

သူက လျှင်မြန်စွာပင် လီကျင်းဝမ်၏ကြယ်တာရာချီစွမ်းအားများ ပျက်စီးသွားအောင် လက်ဖဝါးတစ်ဖက်ဖြင့် ဖိနှိပ်ထားလိုက်သည်။

“စိတ်မကောင်းစရာက ငါတို့နှစ်ယောက်ရဲ့ သိုင်းစွမ်းက အရမ်းကွာခြားလွန်းတယ် ၊ မင်းက ဒဏ်ရာအပြင်းအထန်ရထားတယ်ဆိုပေမယ့် ငါ့ရှေ့မှာ မင်းသေချင်တယ်ဆိုရင်တောင် သေဖို့ခက်လိမ့်မယ်”

လီကျင်းဝမ် မျက်လုံးများကိုဖွင့်လိုက်ပြီး လျိုရှန်းဖုန်းကို ‌ဒေါသတကြီးကြည့်လိုက်သည်။

သူ့ရှေ့တွင်ရှိနေသည့် လျိုရှန်းဖုန်းက ရယ်မောလိုက်ရင်း...

“မင်း အမှောင်ဘက်ခြမ်းကိုကူးလာမယ်ဆိုရင် ဒဏ်ရာတွေ ပျောက်သွားလိမ့်မယ် ၊ မင်းကိုယ်မင်း ချက်ချင်း သတ်သေချင်တယ်ဆိုရင်တောင် မင်းကို ငါ တားဆီးနိုင်မှာ မဟုတ်ဘူး”

လျိုရှန်းဖုန်းကို ခဏမျှ ဒေါသတကြီးစိုက်ကြည့်ပြီးနောက် လီကျင်းဝမ်က စကားတစ်ခွန်းမှမဆိုဘဲ မျက်လုံးများကို နောက်တစ်ကြိမ် မှေးမှိတ်လိုက်သည်။

လျိုရှန်းဖုန်း၏ မျက်နှာထက်မှ အပြုံးရိပ် ပျောက်ကွယ်သွားသည်။

“ကြည့်ရတာ ညီမလေးလီကျင်းဝမ်က ငါ့ကို လုံးဝ နားမလည်ဘူးပဲ ၊ ငါက သေရမှာကြောက်တဲ့လူတစ်ယောက်ပဲ ၊ ဒါကြောင့် သေခြင်းတရားကို ထွက်ပေါက်လို့ ယူဆတဲ့သူတွေကို အထူးသဖြင့် ငါ ဘယ်လိုထင်သလဲဆိုတော့... ဟားဟား... လုံးဝမလေးစားဘဲ အရမ်းမုန်းတီးတယ်”

ပြောပြီးသည်နှင့် လျိုရှန်းဖုန်းက လက်ကိုဆန့်ထုတ်လိုက်ပြီး လီကျင်းဝမ်၏ ခြေထောက်တစ်ဖက်ကို ထိုးဖောက်လိုက်သည်။ ဒဏ်ရာမှသွေးများဒရဟောထွက်လာပြီး မိန်းမပျိုလေးမှာ နာကျင်မှုကြောင့် မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။

“ဒါကြောင့် သေမှာမကြောက်တဲ့သူတွေကို နှိပ်စက်ရတာ ငါ အရမ်းသဘောကျတယ် ၊ သူတို့ကို သေတာထက်ဆိုးတဲ့ခံစားချက်ပေးဖို့ ငါ့မှာ နှိပ်စက်နည်းတွေ အများကြီးရှိတယ် ၊ သူတို့က သေမှာကိုမကြောက်မှတော့ ဘာမှပြောနေစရာ မလိုတော့ဘူးလေ”

ထို့နောက် လျိုရှန်းဖုန်းက ကျန်းယောင်ဘက်သို့လှည့်ကြည့်ရင်း သွားများကို ဖြဲပြလိုက်သည်။

“လှိုင်းနက်ဂေဟာက ညီမလေး’ကျန်းယောင်’ ၊ ငါတို့ ထပ်တွေ့ကြပြန်ပြီနော်”

ကျန်းယောင်က မည်သည့်စကားမှမဆိုဘဲ တိတ်ဆိတ်နေပြီး မျက်လုံးများကို တင်းတင်းကျပ်ကျပ်မှိတ်ထားသည်။

လျိုရှန်းဖုန်းက ရယ်မောလိုက်ရင်း...

“ပြောရရင်တော့.. ညီမလေးကို ငါ့ရဲ့ ရုပ်ဆိုးတဲ့ဘက်ခြမ်းကို မြင်ခွင့်ပေးလိုက်မိတယ် ၊ ငါ ရန်ကျောက်ကဲနဲ့တိုက်တော့ အတော်လေး သနားစရာကောင်းလောက်အောင် ရှုံးနိမ့်ခဲ့တာပဲ”

လျိုရှန်းဖုန်းက ကျန်းယောင်၏ပခုံးကို အသာလေးပုတ်လိုက်သည်။ သူ၏စွမ်းအားများ သိပ်သည်းသွားသည့်တိုင် ထုတ်လွှတ်လိုက်ခြင် မရှိပေ။

“မင်းတို့အားလုံးထဲမှာ ငါအလိုချင်ဆုံးက မင်းပဲ ၊ ဘာလို့လဲဆိုတော့ ငါတို့နှစ်ယောက်တွေ့ဆုံမှုက အတော်လေး အဆင်မပြေဖြစ်ခဲ့တယ်လေ”

ကျန်းယောင်၏ခန္ဓာကိုယ်အနည်းငယ်တုန်ခါသွားစဉ် လျိုရှန်းဖုန်းက ဆက်ပြောသည်။

“ဒီ အရှက်တကွဲဖြစ်ရတာကြီးကို ဘယ်လို ဖယ်ရှားပစ်ရမလဲဆိုတာ ငါ အမြဲတွေးနေခဲ့တာ ၊ အချိန်အရမ်းကြာတဲ့အထိ ဘယ်လိုဖြေရှင်းရမလဲဆိုတာ စဉ်းစားမရခဲ့ဘူး ၊ နောက်ဆုံးတော့ ငါတို့ ဘယ်တော့မှ ထပ်မတွေ့ကြရင်ပိုကောင်းမယ်လို့ ဆုံးဖြတ်ခဲ့တယ်”

“တကယ်လို့ ငါတို့လျှောက်မယ့်လမ်းက မတူဘူးဆိုရင် ငါတို့ နှစ်ယောက်မှာ တစ်ယောက်က သေလိုက်တာ ပိုကောင်းလိမ့်မယ် ၊ ငါကတော့ သေရမှာကြောက်တဲ့သူဆိုတော့ မင်းကိုပဲ သေခိုင်းရမှာပဲ”

“ဗြိ...”

လျိုရှန်းဖုန်းက ကျန်းယောင်ပခုံးကို လက်ချောင်းတစ်ချောင်းဖြင့် ထိုးစိုက်ချလိုက်သည်။ မိန်းကလေးမှာ သနားစဖွယ် အော်ဟစ်သံတစ်ချက်ပြုလိုက်၏။

လျိုရှန်းဖုန်းက ပေါ့ပေါ့ပါးပါးဟန်ဖြင့်...

“ဒါပေမဲ့ မင်းမသေခင်မှာ ငါနဲ့ နည်းနည်းပါးပါးတော့ ကစားကြတာပေါ့”

ကျန်းယောင်က...

“ကျွန်မကို သတ်လိုက်ပါ”

လျိုရှန်းဖုန်းက ခေါင်းခါယမ်းကာ ရယ်မောလိုက်ရင်း...

“သတ်မှာပါ ၊ ဒါပေမဲ့ ဘယ်အချိန်သတ်ရမလဲဆိုတာ ငါပဲ ဆုံးဖြတ်မယ်”

ရဲ့ကျုန်းကျိုးက လျိုရှန်းဖုန်းကို ဒေါသတကြီးစိုက်ကြည့်လိုက်တော့ လျိုရှန်းဖုန်းက သူ့ကိုပြန်လည့်ကြည့်ကာ ရယ်မောလေ၏။

“မင်း သူတို့ကို ကယ်ချင်လား... ဟမ်... ၊ သနားလိုက်တာ... မင်းမှာ ကယ်နိုင်စွမ်းမှ မရှိဘဲ ၊ ဘာလို့ အမှောင်ဘက်ခြမ်းကို ကူးမလာတာလဲကွာ ၊ အနည်းဆုံးတော့ အခွင့်အရေးတစ်ခု ရနိုင်တယ်လေ ၊ ဒါပေမဲ့ မင်းတစ်ယောက်တည်းနဲ့တော့ မလုံလောက်ဘူးနော် ၊ ဒီ ညီလေး’ရွမ်ပင်း’ နဲ့ ဆိုရင်တော့ အောင်မြင်နိုင်ခြေများတယ်”

“မင်း...”

ရဲ့ကျုန်းကျိုးက လျိုရှန်းဖုန်းကို စိုက်ကြည့်ရင်း အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ရာ လည်ပင်းမှ သွေးကြောစိမ်းများပင် ထောင်လာသည်။

သူ့နံဘေးမှ ရွမ်ပင်းကတော့ စကားတစ်ခွန်းမှမဆိုဘဲ မျက်လုံးများကိုသာ မှေးမှိတ်ထားသည်။

“ဂိုဏ်းတူအစ်ကို’လျိုရှန်းဖုန်း’ ၊ နည်းနည်းလောက် စိတ်အေးအေးထားပါဗျာ ၊ ပြဿနာရှိရင်လည်း အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့ ၊ ဆွေးနွေးပြီးရင် အဆင်ပြေသွားမှာပါ ၊ လူမှုဆက်ဆံရေးကနေတစ်ဆင့် ဖြေရှင်းလို့မရတဲ့ပြဿနာဆိုတာ မရှိပါဘူး”

ဘေးနားမှ ရှောင်ယွိက အသက်တစ်ချက်ရှူရင်း ပြောလိုက်သည်။

“မင်းပါးစပ်ပိတ်ထားစမ်း”

လျိုရှန်းဖုန်းက အေးစက်စွာဆိုသည်။

“မင်းနဲ့ငါနဲ့က တစ်ဂိုဏ်းတည်းဆိုပေမယ့် မင်းကို မုန်းလွန်းလို့ ငါ သတ်ပစ်ချင်တယ်”

ပြောပြီးသည်နှင့် လျိုရှန်းဖုန်းက လက်ကိုဆန့်ထုတ်ပြီး ရှောင်ယွိဝမ်းဗိုက်ကို လက်ဖြင့် ထိုးဖောက်လိုက်ရာ သွေးများပန်းထွက်လာသည်။

“ပြောစမ်း... မင်း စကားတစ်ခွန်းပြောတိုင်း မင်းဗိုက်ကို တစ်ခါဖောက်မယ်”

လျိုရှန်းဖုန်းက အေးစက်စွာ ပြောသည်။

“ကဲ... အခု မင်းပြောသလိုပဲ ဆွေးနွေးကြရအောင်”

လျိုရှန်းဖုန်းက ချက်ချင်းပင် ရှောင်ယွိရှေ့သို့ ရောက်လာပြီး ပြုံးလိုက်သည်။

“ဒါပေါ့ ၊ မင်းနဲ့ငါက တစ်ဂိုဏ်းတည်းသားတွေဆိုတော့... မင်းကို ပိုပြီး ဦးစားပေးဆက်ဆံရမှာပေါ့”

ပြောရင်း သူက ရှောင်ယွိခန္ဓာကိုယ်ထက်တွင် နောက်ထပ် အပေါက်တစ်ပေါက် ထပ်မံထိုးဖောက်လိုက်သည်။

“မင်းစကားတစ်ခွန်းပြောတိုင်း ငါ အပေါက်နှစ်ပေါက် ဖောက်မယ်ကွာ...”

All Chapters