← Chapters

နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

Vol. 1 Ch. 8

နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

Vol. 1 Ch. 8

အခန်း (၈) :   နာကျင်မှုဒုက္ခက တာအိုနှလုံးသားကို ပိုအားကောင်းလာစေတယ်

ဝမ်ဝေ့တစ်ယောက် ဂိုဏ်းရှိ အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်မှာ လတချို့ ကြာမြင့်သွားလေပြီ။

အစည်းအဝေးပြီး သိပ်မကြာခင် အထွတ်အထိပ်နယ်ပယ်အဆင့် အကြီးအကဲချုပ်များက သူတို့နေရာမှ တိတ်တဆိတ် ထွက်လာကြသည်။

ဤသည်မှာ ကမ္ဘာတုန်လုမတတ် သတင်း ဖြစ်၏။ ယခင်မျိုးဆက်၌ အကြောင်းအရင်းတချို့ကြောင့် အထွတ်အထိပ်နယ်ပယ်အဆင့်ကို အပြီးတိုင် ဖြတ်တောက်ခံလိုက်ရသည်။

ယခင်မျိုးဆက်၌ ကောင်းကင်ရွေးချယ်ခံများက မည်မျှအားကောင်းနေစေကာမူ မည်သူမှ အထွတ်အထိပ်နယ်ပယ်အဆင့်ဆီ မတက်လှမ်းနိုင်ခဲ့ကြပေ။ ထို့ကြောင့် ဝမ်ဝေ့၏ ဖခင်က သူတော်စင်နယ်ပယ်အဆင့်ထဲ ရှိနေခြင်း ဖြစ်၏။

ဝမ်ဝေ့တို့ မျိုးဆက်အတွက်မူ ကောင်းကင်ရွေးချယ်ခံများစွာ မွေးဖွားလာခဲ့ပြီး စတင် မကျင့်ကြံရသေးပေ။ အကယ်၍ စတင် ကျင့်ကြံပြီးသည်ဆိုလည်း အဆင့်နိမ့်မျှသာ ရှိပေဦးမည်။

တကယ်တော့ အများစုက ကောင်းကင်ရွေးချယ်ခံဆိုသည့် ဂုဏ်ပုဒ်ကို ရနိုင်ကြောင်း ကမ္ဘာကြီးအား သက်သေပင် မပြရသေးပေ။ လူအများက သူတို့အား ထိုသို့ခေါ်ဆိုခြင်းမှာ သူတို့ မွေးဖွားလာစဉ်အခါက ဝမ်ဝေ့လိုမျိုး အဖြစ်အပျက်ဆန်းများ ပေါ်ထွက်ခဲ့၍ ဖြစ်သည်။

ထို့အပြင် ကမ္ဘာတစ်ဝှမ်း တစ်ချိန်တည်းဆိုသလို ထူးကဲရုပ်ခန္ဓာနှင့် လူများစွာ မွေးဖွားလာခဲ့ကြသည်။ အထူးသဖြင့် ကောင်းကင်ရုပ်ခန္ဓာ သုံးထောင် စာရင်းအတွင်းရှိ ထူးကဲရုပ်ခန္ဓာနှင့် လူများ ဖြစ်၏။ ဤသည်မှာ ကောင်းကင်တာအို ကိုယ်တိုင် အတည်ပြုထားသော စာရင်း ဖြစ်၏။

ပို၍ တုန်လှုပ်စရာကောင်းသည်က ထိပ်တန်း ရုပ်ခန္ဓာသုံးမျိုးအနက် နှစ်မျိုး ပေါ်ထွက်လာခြင်း ဖြစ်သည်။ အသင်္ချေအင်ပါယာ ကမ္ဘာ သမိုင်းတစ်လျှောက် ထိပ်တန်း ရုပ်ခန္ဓာပေါ်ထွက်လာနိုင်ခြေက အလွန်ရှားပါးလှသည်။ တစ်ပြိုင်နက် နှစ်ယောက် ပေါ်ထွက်လာခြင်းကို ထည့်ပြောစရာပင် မလိုတော့ပေ။

ဥပမာ တစ်ခုအနေနှင့် ထိုသို့ဖြစ်လာသည်နှင့် ဆိုလိုရင်းမှာ တစ်ခုသာ ရှိလေသည်။ ထိပ်တန်းရုပ်ခန္ဓာ သုံးမျိုးက တစ်ချိန်တည်း မွေးဖွားလာခဲ့ပြီး အရှိန်အဝါ ထွန်းတောက်သော ခေတ်အခါ ရောက်လာလိမ့်မည်။

ကောင်းကင်အလိုဆန္ဒအတွက် တိုက်ပွဲက ခက်ထန်လာလိမ့်မည်။ ကောင်းကင်ရွေးချယ်ခံများက အမဲလိုက်ခွေးများသဖွယ် ဖြစ်လာလိမ့်မည်။ ဤသို့ဖြင့် ဒီခေတ်အခါ၏ ဧကရာဇ်က အလွန်အားကြီးသူ ဖြစ်လာပေမည်။

………

အကြီးအကဲချုပ်များ ပေါ်ထွက်လာမှုက အကုန်လုံးကို အံ့အားသင့်သွားစေသည်။ ပြောရလျှင် သူတို့အနေနှင့် အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများကို အနီးကပ် မမြင်ရသည်မှာ မျိုးဆက်နှစ်ခု ရှိနေလေပြီ။

အကြီးအကဲချုပ်များက တတ်နိုင်သမျှ သိုသိုသိပ်သိပ်နေဖို့  ကြိုးစားခဲ့ကြသော်လည်း တာအိုအခွင့်အလမ်းဂိုဏ်းက ရှားပါးသည့် ပစ္စည်းများကို စတင်ရှာဖွေလာသည့်အခါ အားကောင်းသည့် တခြားဂိုဏ်းများက သူလျိုများလွတ်၍ သတင်းစုံစမ်းခိုင်းကြတော့သည်။

ထိုဂိုဏ်းများက တာအိုအခွင့်အလမ်းဂိုဏ်း လုပ်နေသည့်အရာကို မရှာဖွေနိုင်ခဲ့ကြပေ။ သို့သော် သူတို့က သတင်းတချို့ ရလိုက်၏။ ထို့အပြင် မြေခွေးနတ်ဆိုးမျိုးနွယ်မှ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူက မျိုးနွယ်စုတစ်ခုလုံးကို တာအိုအခွင့်အလမ်းဂိုဏ်း အပိုင်ဖြစ်သည့် နယ်မြေတစ်ခုဆီ ပြောင်းရွေ့သွားကြောင်း သိလိုက်ရသည့်အခါ တစ်ကမ္ဘာလုံးက ကြီးကြီးမားမား ဖြစ်လာတော့မည်မှန်း သိလိုက်ကြသည်။

လတချို့ကြာမြင့်ပြီးနောက် တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင်ကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးသွားလေပြီ။ အချိန်ခဏမျှသာ ကြာသည့် အကြောင်းအရင်းမှာ အထွတ်အထိပ်နယ်ပယ်အဆင့် ကျင့်ကြံသူများစွာက အဖွဲ့တစ်ခုအဖြစ် ပေါင်းစည်းလုပ်ကိုင်သောကြောင့် ဖြစ်၏။

ထိုအရာက ဧကရာဇ်တစ်ပိုင်းအဆင့် ပစ္စည်း ဖြစ်လာသည်။

ဝမ်ဝေ့က စာကြည့်တိုက်ထဲမှ ဒီကမ္ဘာရှိ လက်နက်များကို နက်နဲ၊ မြေကမ္ဘာ၊ ကောင်းကင်၊ သူတော်စင်၊ အထွတ်အထိပ်၊ ဧကရာဇ်တစ်ပိုင်းနှင့် ဧကရာဇ်အဆင့်ဟူ၍ ခုနှစ်ဆင့် ခွဲထားကြောင်း သိလိုက်ရသည်။

တကယ်တော့ အင်မော်တယ်အဆင့်ဟူ၍ နောက်ထပ် အဆင့်ရှိသေး၏။ စာကြည့်တိုက်ထဲမှ အချက်အလက်များအရ အင်မော်တယ်လက်နက်များသည် ဧကရာဇ်တပိုင်းထက် အားကောင်းသော်လည်း ဧကရာဇ်လက်နက်ထက် နိမ့်ကျနေသေးသည်။

ထိုအရာကို မြင်ပြီး ဝမ်ဝေ့က အင်မော်တယ် လက်နက်များအကြောင်း မေးဖို့ သူ့အဖေဆီ သွားလိုက်သော်လည်း သူ့ဖေခင်က ဒီအကြောင်းကို သူ အဆင့်တစ်ခု မရောက်မချင်း ထုတ်မပြောရကြောင်း မြန်မြန် ပြောလိုက်လေသည်။

ဝမ်ဝေ့တစ်ယောက် ယခင်နှစ်ပိုင်းအတွင်း  လေ့လာချက်များအရ အင်မော်တယ်နှင့် ပတ်သက်နေသည့်အရာမှန်သမျှက တားမြစ်ချက် တစ်ခုလို ဖြစ်နေကြောင်း သိလာသည်။ သေချာသည့် အဆင့်အနေအထားတစ်ခုသို့ မရောက်မချင်း သိခွင့်မရှိချေ။

အဆုံးသတ်၌ ဝမ်ဝေ့က ဒီလောကရှိ အရှုပ်အထွေးများက နက်ရှိုင်းကြောင်း သက်ပြင်းချလိုက်သည်။

တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင်က အထွတ်အထိပ်အဆင့်အစား ဧကရာဇ်တပိုင်းအဆင့် ရောက်သွားခြင်းမှာ ဝမ်ဝေ့နှင့် ပတ်သက်မှု ရှိလေသည်။

အစောပိုင်းအချိန်၌ ဝမ်ဝေ့သည် သူ့ဆန်းကြယ်လှသည့် ဝိညာဉ်ကြောင့် ပုံရိပ်ယောင်သည် သူ့အပေါ် သက်ရောက်မှု မရှိကြောင်း သိခဲ့သည်။ ထို့ကြောင့် မျှော်နန်းဆောင် သူ့အပေါ် သက်ရောက်မှုရှိစေတာ သေချာဖို့အတွက် မွမ်းမံနေသည့်အချိန် သူက ဝိညာဉ်အပိုင်းအစလေးတစ်ခုကို ထုတ်လွှင့်ပေးခဲ့သည်။

ထို့ကြောင့် ကောင်းကင်စမ်းသပ်ချက်ကို ကျော်ဖြတ်ပြီးနောက် မျှော်နန်းဆောင်သည် ဧကရာဇ်တပိုင်းအဆင့် ရောက်သွားခဲ့သည်။ လူအများစုလည်း အံ့ဩကုန်ကြ၏။

ယနေ့က မျှော်နန်းဆောင် ဖွင့်လှစ်သည့် နေ့ ဖြစ်ပေသည်။

ဝမ်ဝေ့က ရှေ့ဆုံးမှ စိတ်လှုပ်ရှားစွာ ရပ်နေလေသည်။ သူ့နောက်တွင် အနည်းငယ် ဝသည့် ကောင်လေးတစ်ဦး ရှိသည်။ ထိုကောင်လေးနာမည်က လီကျွင်း ဖြစ်ပြီး တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း သူက ဝမ်ဝေ့၏ တစ်ဦးတည်းသော သွေးသောက် ညီအစ်ကို ဖြစ်၏။

တာအိုအခွင့်အလမ်းဂိုဏ်းအတွင်း လီကျွင်းဘဝက ကံဆိုးလွန်းလှသည်။ တာအိုနှလုံးသား မွမ်းမံလေ့ကျင့်ရေး မျှော်နန်းဆောင်က သူ့အနာဂတ်ကို ပြောင်းပစ်နိုင်သည့် တစ်ခုတည်းသော အခွင့်အရေး ဖြစ်ပေသည်။ ထို့ကြောင့် သူ့ခပ်ပြည့်ပြည့် မျက်နှာအထက် ဆုံးဖြတ်ချက် ပြတ်သားမှုများ ထင်ဟပ်နေသည်။

သိပ်မကြာခင် မျှော်နန်းဆောင် စတင် အသက်ဝင်လာလေပြီ။ ဝမ်ဝေ့၊ လီကျွင်းနှင့် ပင်မတပည့်များစွာက အထဲဝင်ကာ စစ်ဆေးမှု စတင်ခံယူလိုက်သည်။ အတွင်းတပည့်များနှင့် အပြင်တပည့်များက သူတို့အလှည့်ရောက်ဖို့ စောင့်ရပေမည်။

ဝမ်ဝေ့က မျှော်နန်းဆောင် ပထမအလွှာတွင် အဆုံးမဲ့ ကန္တာရကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က သာမန်အတိုင်း ဖြစ်၏။ ဝမ်ဝေ့က ရှစ်နှစ်အရွယ် ဖြစ်သော်လည်း နေ့စဉ် ကောင်းကင်နှင့် မြေကမ္ဘာ ရတနာများ သုံးခဲ့ရသောကြောင့် သူ့နဂိုခန္ဓာက ယခင်ဘဝမှ အိုလံပစ် အားကစားသမားတစ်ယောက်လောက် အားကောင်းပေသည်။

ဝမ်ဝေ့ နေ့တိုင်းသောက်နေသည့် နို့ကပင် ကျင့်ကြံဆင့် မြင့်သည့် အားကောင်းကောင်း သားရဲဆီမှ ဖြစ်၏။ ထိုအရာအားလုံးက သူ့အနာဂတ် ကျင့်ကြံရေးအတွက် ခိုင်မာသည့် အုတ်မြစ်ရှိလာဖို့အတွက် ဖြစ်သည်။ အင်ပါယာအဆင့် အင်အားစုများသာ ကောင်းကင်ရွေးချယ်ခံများကို ဝမ်ဝေ့လိုမျိုး လေ့ကျင့်ပေးနိုင်ဖို့ အရင်းအမြစ်  ရှိပေမည်။

သို့သော်လည်း ဒီမျှော်နန်းဆောင်အတွင်း ဝမ်ဝေ့၏ ခန္ဓာကိုယ်က ပုံမှန်ဖြစ်ကာ အနည်းငယ် အာဟာရချို့တဲ့နေသလိုပင် ဖြစ်နေသည်။ သို့သော် သူက ဂရုမစိုက်ပေ။ ဒါတွေက စမ်းသပ်မှု အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်ကြောင်း သိထားလေသည်။ သူက ပေးထားသည့် ရေနှင့် အစားအစာများကို သိမ်းဆည်းလိုက်သည်။

သူ့ခန္ဓာကိုယ်ကို စစ်ဆေးပြီးနောက် ဝမ်ဝေ့က လမ်းလျှောက်သွားလိုက်သည်။

သူက ဆယ်နှစ်နာရီကြာအောင် လျှောက်ခဲ့သည်။ သိပ်မကြာခင် သူက ရေဆာလာသလို ဗိုက်ဆာလာသည်။ သူက ပေါင်မုန့်တစ်ကိုက် ကိုက်ကာ ရေနည်းနည်း သောက်လိုက်ပြီး ဆက်လျှောက်လိုက်သည်။

သုံးရက်တာ ကုန်ဆုံးသွားလေသည်။ ဝမ်ဝေ့က ဦးတည်ချက်မရှိ ဆက်လျှောက်လှမ်းနေဆဲ ဖြစ်၏။ သူ့အဝတ်အစားများက စုတ်ပြဲကာ ဖိနပ်ကလည်း ကန္တာရ အပူဓာတ်ကြောင့် ပူကျစ်နေကာ သူ့ခြေထောက်၌လည်း ရည်ကြည်ဖုများ ထနေလေပြီ။

သူ့ခန္ဓာကိုယ်၌ နေနှင့် အပူရှိန်ကြောင့် နေလောင်ထားသည့် အမှတ်အသားများနှင့် ညဘက်အခါ ရေခဲတမျှ အေးစက်သည့် လေများကြောင့် နှင်းကိုက်နာ အပြည့် ဖြစ်နေလေသည်။

အကြောင်းအရင်းတချို့ကြောင့် သူ ရထားသည့် အစားအစာ ပမာဏမှာ တိုးလာခြင်း မရှိသလို လျော့သွားခြင်းလည်း မရှိပေ။ ထိုပမာဏလေးဖြင့် ဆက်တိုက် ရှင်သန်နေရသည်။ ပိုလည်း မပိုသလို နည်းလည်း မနည်းပေ။

ထိုစဉ် ဝမ်ဝေ့က ကယောင်ကတမ်း ဖြစ်လာလေသည်။ သူ့ခေါင်းထဲရှိ အသံတစ်သံက ဆက်တိုက် လက်လျော့ဖို့သာ ပြောနသည်။ သူက တာအိုအခွင့်အလမ်းဂိုဏ်း၏ အနာဂတ် အမွေခံသားတော် ဖြစ်သည့်အတွက် မြင့်မြတ်စွာ မွေးဖွားလာခဲ့သည်။ သူက ဒီလိုမျိုး အခက်အခဲနှင့် ဒုက္ခမျိုးကို ကြုံတွေ့ခံစားစရာ မလိုပေ။

သူက ထိုအသံကို နားထောင်ပါ များလာလေလေ  အရှုံးပေးချင်လာသလိုလို ဒီဒုက္ခများ အဆုံးသတ်သွားဖို့ သူ့ဘာသာ သတ်သေချင်စိတ်ပါ ပေါက်လာမိသည်။

သို့သော် အချိန်တိုင်းဆိုသလို သူက သူ့မိဘနှင့် အဘိုးကို ပြန်စဉ်းစားမိလိုက်သည်။ သူက ဂိုဏ်းတစ်ခုလုံး သူ့အပေါ် ထားထားသည့် မျှော်လင့်ချက်ကို ပြန်တွေးလိုက်သည်။ တစ်ရက်ကျ ကောင်းကင်အလိုဆန္ဒကို ထမ်းဆောင်ကာ ဧကရာဇ် ဖြစ်လာရမည့် သူ့ရည်ရွယ်ချက်ကိုလည်း စဉ်းစားမိလိုက်သည်။

သူက အံကြိတ်ကာ ဆက်လျှောက်လိုက်သည်။

မကြာခင် ခုနှစ်ရက် ကုန်ဆုံးသွားလေသည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း ခြေကုန်လက်ပမ်းကျလာသည်။ သူ့အဝတ်များပင် ချောင်သွားသည့်အထိ ပိန်ကျသွား၏။ သူ့အင်္ကျီအောက်တွင် အရိုးနှင့် အသားပင် ခွဲခြားမရတော့ပေ။ သူ့လက်မောင်းများကလည်း ပေတံအလား ပိန်လှီနေသည်။

သူ့ခြေထောက်အောက်ရှိ အရည်ပြားက လောင်ကျွမ်းကာ ခြေလှမ်းလိုက်တိုင်း ကြွက်သားများမှ သွေးများထွက်လာသည်ကို မြင်တွေ့နိုင်လေသည်။

ဝမ်ဝေ့၏ ခန္ဓာကိုယ်က လိုက်မလုပ်နိုင်တော့ပေ။ သူက စိတ်ဓာတ်ကြံ့ခိုင်မှု၊ ဆုံးဖြတ်ချက်နှင့်သာ ဆက်လက် လျှောက်လှမ်းနေဆဲ ဖြစ်၏။

သူက ဆက်လျှောက်နေသည်။ သေခြင်းတရားပင် သူ့အား မတားဆီးနိုင်ပေ။

ထိုစဉ် မျှော်နန်းဆောင်အပြင်ဘက်၌ အကြီးအကဲများနှင့် တပည့်များက အံ့ဩနေကြသည်။ ဤသည်မှာ  အပြင်ဘက်မှ လူများအတွက် မျှော်နန်းဆောင်အတွင်း အဖြစ်အပျက်များကို ပြထားသည့် အစီအရင်တစ်ခု ဖြစ်၏။

တပည့်များစွာ၏ ရလဒ်က အလွန်ဆိုးရွားကြသည်။ တချို့က နာရီပိုင်းလေးသာ ကြာမြင့်လိုက်၏။ ယခုအထိ အကောင်းဆုံး ရလဒ်မှာ သုံးရက် ကြာမြင့်သည့် အဆင့် တစ် အပြိုင်အမွေခံသားတော် ဖြစ်လေသည်။

တစ်ပတ် အကြာဆုံးကြာမြင့်သည့် လူနှစ်ယောက်မှာ တစ်ယောက်က ဝမ်ဝေ့ ဖြစ်ပြီး နောက်တစ်ယောက်က အံ့အားသင့်စရာကောင်းလှစွာ လီကျွင်း ဖြစ်နေသည်။

All Chapters