← Chapters

ဓာတ်ပုံခိုးရိုက် ခံရခြင်း

Vol. 85 Ch. 1262

ဓာတ်ပုံခိုးရိုက် ခံရခြင်း

Vol. 85 Ch. 1262

အမျိုးသမီးသုံးယောက်မှ လင်းရီကို လှည့်ကြည့်လာကြ၏။

“ နင် ဘာတွေလျှောက်အော်နေတာလဲ…”

“ အေးဆေးပေါ့…. ခဏနေ သိပါလိမ့်မယ်… “ လင်းရီ ပြုံးလိုက်သည်။

အမျိုးသမီး သုံးယောက်မှာ နားဝေတိမ်တောင် ဖြစ်သွားခဲ့ကြသည်။

သို့ဖြစ်သည့်တိုင်အောင် မည်သို့သော ထူးဆန်းသည့်အရာများ ဖြစ်ပျက်လာမလဲဆိုတာကို မျှော်တလင့်လင့်နှင့် ပြတင်းပေါက် အပြင်ဘက်သို့ ကြည့်လိုက်ကြဆဲပင်။

ဆယ်မိနစ်ခန့် ကြာပြီးနောက် သူမတို့ ထွက်ပေါက်ပေါင်းစုံမှ လူများ တစ်ယောက်ပြီး တစ်ယောက် ထွက်လာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

သူတို့၏ အဝတ်အစားများက ဖရိုဖရဲနှင့် အတော်လေးကို အလျင်စလို ဖြစ်နေကြသည့်ဟန်ပင်။

ထို့ပြင် တူညီသည့် တစ်ချက်က အကုန်လုံးမှာ ယောက်ျားသားများ ဖြစ်နေကြခြင်းပင်။

“ ဟားဟား….”

နင်ချဲ့ မိန်းမပီသစွာဖြင့် ကျယ်လောင်စွာ အော်ရယ်လိုက်ပြီး “ မြင်လား… ငါဘာပြောခဲ့လဲ… နင့်အစ်ကိုကြီးလင်းမှာ သူ့နည်းသူ့ဟန်နဲ့ ရှိပါတယ်လို့.. ခု တစ်ခါတည်းနဲ့ ပါကင် အလွတ်တွေ အများကြီး ဖြစ်သွားပြီ…”

ချိုးယွီလော့နှင့် ကျန်းချင်တို့မှာ တစ်ယောက်ကို တစ်ယောက် အချိန်အကြာကြီး ငေးကြည့်နေမိကြတော့သည်။

လင်းရီက တော်တော်လေးကို အတွေ့အကြုံကြွယ်တာပဲ…

လူအုပ်စုကြီး ထွက်ခွာသွားပြီးနောက် လင်းရီ အနီးနား တစ်နေရာတွင် ပါကင်ဝင်ထိုး၍ သုံးယောက်သား အပြင်သို့ ထွက်လာခဲ့ကြသည်။

အလှမ်းသိပ်မဝေးသည့် ဘာဘီကျူးဆိုင်တွင် လူများ ပြည့်ညှပ်ကြပ်လို့နေသည်။

နင်ချဲ့ ထိုဆိုင်ထံ လျှောက်လှမ်းသွားပြီး တံစို့လျှိုကင်နေသည့် ဝဖိုင့်ဖိုင့်နှင့် သူဌေးအား ကြည့်၍ “ ခုံတွေ ကျန်သေးလား သူဌေး…”

နင်ချဲ့ ရောက်လာသည်ကို မြင်တော့ ဝဖိုင့်ဖိုင့်နှင့် သူဌေးကြီးမှ နဖူးရှိ ချွေးများအား သုတ်လျက် ရယ်မောရင်း “ ဘေးမှာ နှစ်ခုံလွတ်တယ်… ဝန်ဆောင်မှုကတော့ ကိုယ့်ဘာကိုယ်ပဲနော်… လိုချင်တာကို ကိုယ့်ဘာကိုယ် ရွေးကြ… ငါ ကင်ပေးမယ်…”

“ ကျွန်မက ဒီကို ခုမှ လာဖူးတာ မဟုတ်ပါဘူး… သိပါတယ်…”

နင်ချဲ့ လင်းရီတို့ကို လှမ်းခေါ်လိုက်ပြီး ခုံနှစ်ခုံကို ဆက်လိုက်၏။ ထို့နောက် သူမ တစ်စုံတစ်ခုကို ထုတ်၍ သူဌေးကို ကမ်းပေးလိုက်သည်။

မကြာမီ ရွှေများ အုပ်ထားသည့် အသားကင်မှာ စားပွဲပေါ် ရောက်ရှိလာခဲ့လေသည်။

ထို့နောက် သူမ ဘီယာတစ်ချို့ မှာလိုက်၏။ ကျန်းချင်ကတော့ ပြီးလျှင် မောင်းရမည့်သူ ဖြစ်သည့် အတွက် သူမကတော့ မသောက်ချေ။

“ မြန်မြန်… မြည်းကြည့်ကြည့်… ဒီက အစားအသောက် မဆိုးဘူး…”

“ ကောင်းမယ့်ပုံပဲနော်…” ကျန်းချင် ပြောလိုက်သည်။

“ ဒီလိုမျိုး ဆိုင်တွေက အကောင်းဆုံးပဲ.. အရသာက ဆိုင်ကြီးတွေထက်ကို သာတယ်…”

“ ဒီလိုနေရာတွေက လူကို အရသာနဲ့ ဆွဲဆောင်နေတာလေ… မကောင်းရင် ဘယ်လာကြမလဲ…” နင်ချဲ့ ပျော်ရွှင်မှု အပြည့်ဖြင့် ပြောလိုက်သည်။

“ စကားမစပ် အစ်မနင်… လူတော်တော်များက ဒီနေ့ ထရိန်နင်မှာ အသင်း ၄ အကြောင်း မေးကြတယ်သိလား…”

“ ကျွန်မဆို ဘယ်လိုပြန်ဖြေရမှန်းတောင် မသိဘူး…”

နင်ချဲ့ ပခုံးတွန့်လျက် “ ငါလည်း အသင်း ၄ အကြောင်း မသိဘူး… သူတို့နဲ့ သိပ်ပြီးလည်း မဆက်သွယ်ဖူးဘူး… ငါသိတာဆိုလို့ နင်က D အဆင့်မှ မဟုတ်ရင် အသင်း ၄ ထဲ မဝင်နိုင်ဘူး ဆိုတာပဲ… လင်းရီရဲ့ စကေးကတော့ လုံလောက်တယ်… ဒါပေမယ့် နင့် အစ်မချိုးနဲ့ ငါကတော့ လိုအပ်ချက်နဲ့ ကိုက်မှီရုံလောက်လေးပဲ…”

“ အမ်.. အဲ့လောက်ကြီးများတောင်ပေါ့…”

အသင်း ၄ က ကျုံးဝေ့တပ်ဖွဲ့၏ အထူးတည်ရှိမှု တစ်ခုဆိုတာကို လင်းရီ သိသည်။ ထို့ကြောင့် ၎င်းတို့၏ အဆင့်က အခြားသုံးသင်းထက် မြင့်မားမည်မှာ သာမန်ပင်။

သို့ပေမယ့်လည်း ချိုးယွီလော့နှင့် နင်ချဲ့တို့၏ စံချိန်စံနှုန်းကပင် အသင်း ဝင်ခွင့်မှီရုံမျှဆိုတော့ နည်းနည်းလေးတော့ ကြောက်ဖို့ကောင်း၏။

“ အမှန်ပဲ… ငါတို့ ကျုံးဝေ့တပ်ဖွဲ့ထဲ စ၀င်ကတည်းကရင် အသင်း ၄က အဆင့်အတန်း သိပ်မြင့်တာ…”

“ ဒါပေမယ့် ခုတော့ ဘော့စ်လျိုနဲ့ အထက်လူကြီးတွေက အသင်း ၁ ကို ပြန်ပြီး တည်ဆောက်ဖို့ စိတ်ဇောသန်နေကြတယ်.. သူတို့ လောင်းကြေး အကုန်လုံးကို အသင်း ၄ ဆီမှာပဲ မထားချင်တော့တဲ့ ပုံပဲ…”

“ ဆိုပေမယ့် အကြောင်းပြချက်ကောင်း တစ်ခုလောက်မှ မရှိဘူးဆိုရင် အသင်း ၄ ကို ဖြိုချဖို့ဆိုတာ တော်တော်နဲ့ မဖြစ်နိုင်ပါဘူး..”

“ ဘာပဲပြောပြော သူတို့က ထိပ်ဆုံးမှာ နှစ်တွေ အကြာကြီး နေလာခဲ့ပြီးပြီလေ… ဒီတော့ သူတို့နေရာကို လာပြီး စိန်ခေါ်တာတော့ ကျိန်းသေပေါက် ခွင့်ပြုနိုင်မှာ မဟုတ်ဘူး… အကြီးအကဲလုကလည်း ဉာဏ်ပြေးတယ်… သူ ဒီအချက်ကိုလည်း တွေးထားပြီးလောက်ပြီ…”

“ ပဋိပက္ခ တစ်ချို့ကြောင့်ဖြစ်မယ်… ဟုတ်တယ်မလား..” လင်းရီ မေးမြန်းလိုက်သည်။

“ နင် သိတယ်ပေါ့…” ချိုးယွီလော့ စပ်စုချင်မိသွားခဲ့သည်။

လင်းရီ ခေါင်းညိမ့်ပြလိုက်ပြီး “ တကယ်လို့ အသင်း ၄ ကသာ စွမ်းအားကြီးပြီး အသုံးကျသေးတယ်ဆိုရင် သူတို့ ဒီလိုမျိုး လုပ်ကြမှာမဟုတ်ဘူး… ပြဿနာ တစ်ချို့ ရှိလို့ပဲ ဖြစ်ရမယ်..”

“ နင်ပြောသလိုမျိုးပဲ…” ချိုးယွီလော့ စကားချီ၍ “ ငါ ဘော့စ်လျိုဆီက ကြားတာတော့ အသင်း ၄ ကို စပြီး ဖွဲ့စည်းတဲ့ အချိန်တုန်းက တခြား အသင်း သုံးသင်းနဲ့ မတူဘူး.. သူက မြင့်မားတဲ့ စံချိန်စံနှုန်းတွေနဲ့ တင်းကြပ်တွေ လိုအပ်ချက်တွေ ရှိတဲ့ နေရာတစ်ခု… အရင် ခေါင်းဆောင်ဟောင်းတွေ အကုန်လုံးက C အဆင့် ခွန်အား ရှိကြတယ်… တခြား အသင်းဝင်တွေ အားလုံးရဲ့ ခွန်အားကလည်း ယုတ္တိမတန်အောင် မြင့်မားကြဆဲပဲ… ဒါကြောင့်မို့ ဒီနှစ်တွေထဲမှာ အကျိုးပြုမှုတွေ အများကြီး ရှိခဲ့တယ်ဆိုတာတော့ ငြင်းလို့ မရဘူး…”

“ ဘော့စ်လျို အရင်က အသင်း ၄ ထဲမှာမလား… သူက အဲ့မှာ ပြောရေးဆိုခွင့် အများကြီး ရှိခဲ့ဖူးတယ်ဆို… သူ ဘာပြောသေးလဲ…” လင်းရီ မေးမြန်းလိုက်၏။

“ သူက C အဆင့်ကို ရောက်ခဲ့တယ် ဆိုပေမယ့် သူ့ရဲ့ အကြီးမားဆုံး အားသာချက်က သူ့ရဲ့ ပင်ကိုယ် တည်ငြိမ်တဲ့ စရိုက်… အဲ့ဒီတုန်းက အထက်ကြီးပိုင်းတွေက သူ့ရဲ့ စရိုက်ကို သဘောကျပြီး အသင်း ၄ ရဲ့ ခေါင်းဆောင်ရာထူး ခန့်အပ်ဖို့ လျာထားခဲ့ဖူးတယ်… ဒါပေမယ့် ကိစ္စတွေက စီစဉ်ထားသလို ဖြစ်မလာခဲ့ဘူး… အဆုံးသတ်ကျ မစ်ရှင် တစ်ခု လုပ်ရင်းနဲ့ ဒဏ်ရာရသွားခဲ့တယ်လေ..” ချိုးယွီလော့ ပြောလိုက်ပြိး “ အဲ့ဒီတုန်းက သူတို့ အသင်းထဲမှာ နောက်တစ်ယောက် ရှိသေးတယ်… သူလည်း ဘော့စ်လျိုနည်းတူ အရည်အချင်း ရှိပြီး သူနဲ့ အသင်း ခေါင်းဆောင် ဖြစ်ဖို့ ယှဉ်ပြိုင်နေတဲ့လူပေါ့..”

“ နောက်တော့ရော….”

“ နောက်တော့ ဘော့စ်လျိုက ပြောင်းရွေ့ခံလိုက်ရပြီး ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေး ဌာနရဲ့ ဒါရိုက်တာ ဖြစ်လာတယ်… အဲ့လူကတော့ အသင်း ၄ ရဲ့ ခေါင်းဆောင်ပေါ့… ဒါပေမယ့် သူ့ ရာထူးက ဘော့စ်လျိုလောက် မမြင့်ဘူး…”

“ အဲ့လောက်ဆို နားလည်ပြီ… အဲ့သလိုလူစားမျိုးက ရင့်ကျက်ပြီး တွေးခေါ်မျှော်မြင်တတ်တဲ့လူကို သဘောကျမှာ မဟုတ်ဘူး…” လင်းရီ ပြောလိုက်ပြီး “ ဘော့စ်လို အဲ့လို ဖြစ်လာတဲ့ ဟိုကောင် သဘောမကျဘူး ဟုတ်တယ်မလား…”

“ အမှန်ပဲ… အပေါ်ယံကြည့်တော့တာ အချင်းချင်း သင့်မြတ်သလို ရှိတယ်ဆိုပေမယ့် တကယ့်တကယ်ကျတော့ ဘော့စ်လျိုကို လေးစားကြတာ မဟုတ်ဘူး… သူတို့ကြားမှာ အသေးစား ပဋိပက္ခလေးတွေ ရှိနေသေးတုန်းပဲ… ငါတို့ အသင်း သုံးသင်းလိုမျိုး မဟုတ်ဘူး…”

“ အဲ့တာကြောင့်နဲ့ပဲ သူတို့က အသင်း ၁ ကို ပြန်လည် ဖွဲ့စည်းချင်ကြတယ်ပေါ့…”

“ အမှန်တော့ သူတို့ အဲ့လိုမျိုး စဉ်းစားထားတာ ကြာပြီ… နင် အသင်းထဲ ရောက်လာတာကလည်း သူတို့ရဲ့ အကြံအစည်ကို အကောင်အထည်ဖော်ဖို့ ပိုပြီး တွန်းအား ဖြစ်သွားစေတယ်လေ..” ချိုးယွီလော့ ပြောလိုက်ပြီး “ ဝမ်မြန်က အားမနည်းဘူး.. သူ့ရဲ့ ဦးဆောင်မှုအောက်မှာ အသင်း ၁ ကို ဖွဲ့စည်းမယ်ဆိုရင် ကောင်းကောင်းကြီး ဖွဲ့စည်းနိုင်တယ်…”

“ ဒါပေမယ့် အသင်း ၄ ရဲ့ ခေါင်းဆောင် ချိန်ကွမ်းကျဲ့က ဝမ်မိသားစုခွဲရဲ့ သားမက်ဖြစ်နေတယ်.. တကယ်လို့ အသင်း ၁ ကိုသာ ပြန်ဖွဲ့စည်းပြီး ဝမ်မြန်ရဲ့ ဦးဆောင်မှု အောက်မှာသာ ရှိမယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းကြီး ၂ သင်းက ဝမ်မိသားစုနဲ့ နက်နက်ရှိုင်းရှိုင်း သွားဆက်နွယ်သွားလိမ့်မယ်… “ ချိုးယွီလော့ သူမ၏ ဆံပင်ကို ဖီးသပ်ရင်း “ ပြီးတော့ အသင်း ၇ ရဲ့ အဖွဲ့ခေါင်းဆောင်ဆိုတာလည်း ဝမ်မိသားစုကပဲ… သူတို့ရဲ့ အမြစ်အခက်တွေက ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သိပ်ကို နက်ရှိုင်းနေပြီ… ဒီလို ဖြစ်နေတာကို အကြီးအဲလုက သဘောမကျဘူး… နင် ပေါ်မလာခင်အထိ ငါတို့ရဲ့ လက်တွေကို ကြိုးနဲ့ တုပ်ထားသလို ဖြစ်နေသေးတုန်းပဲ… နင် ပေါ်လာလိုက်တော့ အသင့်ဖြစ်သွားခဲ့တယ်လေ…”

လင်းရီ ဆိတ်ကျောက်ကပ်တစ်တုံး ကိုက်လိုက်ရင်း “ တကယ်လို့ အသင်း ၁ ကသာ အကြီးအကဲလု မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာခဲ့ရင် ငါက အသင်း ၄ အတွက် အသားထဲ နစ်ဝင်နေတဲ့ ဆူးတစ်ချောင်း ဖြစ်မလာဘူးလား…”

“ အဲ့အတွက် မပူနဲ့… အကြီးအကဲလု နင့်ကို ကာကွယ်ပေးနိုင်ပါတယ်…”

လင်းရီ သခွားသီးတစ်ဖက်ကို တူဖြင့် ညှပ်ရင်း အတွေးနက်သွားခဲ့တော့သည်။

ဝမ်မြန်က ကျုံးဝေ့တပ်ဖွဲ့ထဲမှ နှုတ်ထွက်သွားခဲ့သည်ဆိုသော်လည်းပဲ ဝမ်မိသားစုက လုံးလုံးလျားလျား အရှုံးပေးခြင်း မရှိသေးချေ။

မဟုတ်ပါက ချိန်ကွမ်းကျဲ့ ဆိုသူမှာ အသင်း ၄ ၏ ခေါင်းဆောင်အဖြစ် ဆက်ရှိနေသေးလိမ့်မည် မဟုတ်ပဲ အချိန်အတော်ကြာကတည်းက နှုတ်ထွက်သွားလောက်ပြီ ဖြစ်၏။

“ ဟင်…”

လင်းရီ အတွေးနက်နေတုန်းမှာပဲ သူ ရုတ်တရက် နင်ချဲ့၏ တီးတိုးရေရွတ်သံကို ကြားလိုက်ရသည်။

“ ဘာဖြစ်လို့လဲ အစ်မနင်…”

“ ငါ့စိတ်ထဲ တစ်ယောက်ယောက်က ငါတို့ပုံကို ခိုးရိုက်နေသလားလို့…”

“ ပုံတွေ ခိုးရိုက်နေတယ် ဟုတ်လား..” ကျန်းချင်၏ အမူအရာမှာ တင်းမာသွားပြီး နောက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

“ ဘာတွေ တုန်လှုပ်နေတာ…”

နင်ချဲ့ သူမလက်ထဲရှိ တံစို့လျှိုကင်ကို ချလိုက်ပြီး “ နင်တို့ ထိုင်စားနင့်ကြ.. ငါသွားပြီး တစ်ချက် ကြည့်လိုက်ဦးမယ်…

“ ငါလည်း လိုက်ခဲ့မယ်…”

“သွားစို့…”

လင်းရီနှင့် နင်ချဲ့တို့ တစ်ချိန်တည်း မတ်တပ်ရပ်လိုက်ကြပြီး တည်ငြိမ်ချင်ယောင် ဆောင်လိုက်ကြသည်။

“ မင်း သေချာလား…” လင်းရီ သာမန်လျှံကာ မေးလိုက်သည်။

“ ငါ့ရဲ့ ကင်းထောက်စွမ်းရည်ကို အထင်မသေးနဲ့… ငါဘယ်တော့မှ မမှားဘူး..” နင်ချဲ့ ဖြည်းဖြည်းချင်း ပြောလိုက်ပြီး “ ငါထင်တာ မမှားဘူးဆိုရင် ရှေ့က နစ်ရှန် အဖြူရောင်လေးပဲ ဖြစ်မယ်… ငါသိချင်တာက ဘယ်သူကများ ငါတို့ ဓာတ်ပုံကို ခိုးရိုက်နေတာလဲလို့..”

“ ခန့်မှန်းနေလို့ အလကားပဲ… သွားပြီး တစ်ချက်ကြည့်လိုက်ရင် သိနေပြီပဲ မဟုတ်ဘူးလား..”

All Chapters