ကျွန်မတို့ မိသားစုပိုင် ကုမ္ပဏီတွေ
Vol. 85 Ch. 1266
နှစ်ယောက်လုံး လင်းရီ၏ သမခြင်းကို ခံလိုက်ရပြီး အမှတ်သည်းခြေ ရသွားခဲ့ကြကာ မတ်တပ်ရပ်၍ ဘေးတွင် သတိဖြင့် နေလျက် ရှိကြသည်။ လင်းရီက လှုပ်ရှားလာမည် ဆိုလျှင်လည်း သူတို့ ပြေးနိုင်ရန် အသင့် ပြင်ထားကြ၏။
“ လစ်စမ်း…. လာပြီး အာရုံမစားစမ်းနဲ့…”
ကျိန်ဆဲပြီးနောက် သုံးယောက်သား ပင်လယ်ငါး မီဒီယာ အုပ်စုထဲ ဝင်ရောက်သွားခဲ့ကြသည်။
“ ဥက္ကဌမြောင်… ကျုပ်တို့ အခု ဘယ်လိုလုပ်ကြမလဲ… ကျုပ်တော့ သူတို့တွေ အဲ့ကိစ္စကြောင့်နဲ့ ဒီရောက်လာတယ်လို့ ထင်တယ်…” မာလိပင်းမှ နာကျင်နေသည့် သူ့ လက်ညိုးကို ကိုင်လျက် ပြောလိုက်၏။
“ သူတို့နောက် လိုက်ကြည့်ကြစို့… ဘာပဲဆိုဆို ငါတို့က တစ်လှေတည်းစီးတွေလို့ ပြောလို့ရတယ်…” မြောင်ချိန် စဉ်းလဲသည့် မျက်ဝန်းအကြည့်တို့ဖြင့် ပြောလိုက်ပြီး “ ဒီကိစ္စ ပြီးသွားခဲ့ရင် ဒင်းတို့ကို ဖြေရှင်းဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်…”
“ ကောင်းတယ်…”
စိတ်ပိုင်းဖြတ်ကြပြီးနောက် နှစ်ယောက်သား လင်းရီတို့နောက် လိုက်သွားခဲ့ကြကာ ရှေ့ကောင်တာရှိ မိန်းကလေး၏ ဟန့်တားခြင်းကို ခံနေရကြောင်း မြင်တွေ့လိုက်ရသည်။
“ လူကြီးမင်း… ရှင့်မှာ ကြိုတင်ချိန်းဆိုထားတာ မရှိဘူးဆိုရင် ဝင်လို့ မရပါဘူး…” ကောင်တာရှိ မိန်းကလေးမှ ပြောလိုက်သည်။
“ မင်းတို့က ငါ့ခွင့်ပြုချက်ကျ မတောင်းဘဲနဲ့ ငါ့ပုံတွေ ခိုးရိုက်သွားတာကြတော့ ဘယ်လိုဖြေရှင်းပေးမှာ…”
ကောင်မလေးမှာ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့သည်။ ဘာတွေ ဖြစ်နေလဲဆိုတာ သူမလည်း မသိ။ သို့တိုင်အောင် သူမ ယခုလို ပြောလိုက်သေး၏။
“ တကယ်လို့ ရှင် ကျွန်မတို့ရဲ့ ဒါရိုက်တာရှဲ့နဲ့ တွေ့ချင်တယ်ဆိုရင် ကျွန်မ ဖုန်းဆက်မေးပေးမယ်လေ… တွေ့တာ မတွေ့တာကတော့ သူ့အပိုင်းပဲ…”
“ နင်နဲ့ စကားပြောဖို့ ငါတို့မှာ အချိန်မရှိဘူး… “ နင်ချဲ့ အေးစက်သည့် မျက်နှာထားဖြင့် ပြောလိုက်ပြီး “ ဘယ်မှာလဲ နင်တို့ရဲ့ မန်နေဂျာ…”
“ သူ… သူ လေးလွှာမှာပါ…”
ကောင်တာ ကောင်မလေးမှ လင်းရီကို ကြောက်ရွံ့ခြင်း မရှိပါချေ။ သူမက အားနွဲ့သည့် အမျိုးသမီး ဖြစ်သဖြင့် တစ်ဖက်သူမှ သူမအား ရိုက်နှက်ဝံ့လိမ့်မည် မဟုတ်ကြောင်းကို သေချာသည်။
သို့သော် ဤအမျိုးသမီးကတော့ ခြားနား၏။ မတော် ... သူမက လူကို ဆံပင်တွေ လာပြီး ဆောင့်ဆွဲနေပါက မည်သို့ ပြုရမည်နည်း။
“ နင် မြန်မြန်ဖြေလိုက်တာ ကံကောင်းသွားတယ်…” နင်ချဲ့ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ မဟုတ်ရင် ငါနင့်ကို ရိုက်မိတော့မလို့…”
သုံးယောက်သား ဓာတ်လှေကားထဲသို့ ဝင်သွားကြပြီး မြောင်ချိန်နှင့် မာလိပင်းတို့ကတော့ အခြား ဓာတ်လှေကား တစ်ခုထဲ ဝင်သွားခဲ့ကြသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက် သူတို့ လေးလွှာသို့ ရောက်လာခဲ့ကြသည်။
သူတို့ အထွေထွေ မန်နေဂျာ ရုံးခန်းရှေ့ ရောက်တော့ လင်းရီ တံခါးကို ကန်ဆောင့်ပြီး ဖွင့်လှစ်လိုက်၏။
သူဌေးခုံတွင် ကိုယ်တစ်ဝက် လဲလျောင်းရင်း ဇိမ်ပြေနပြေနှင့် ဖုန်းပြောနေသည့် ရှဲ့တုံးလိုင်မှာ လင်းရီကို မြင်လိုက်ရတော့ ကြက်သေသေသွားခဲ့၏။
သူ ပေါက်ကွဲတော့မည့် အချိန်တွင်ပဲ နောက်မှ မြောင်ချိန်နှင့် မာလိပင်းတို့ လိုက်လာခဲ့သည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ အမူအရာမှာ ချက်ချင်းဆိုသလို နက်မှောင်သွားခဲ့တော့၏။
“ ဒါရိုက်တာမြောင်… ခင်များ ဒါ ဘာသဘောတုန်း… အပေးအယူ မဖြစ်ဘူးဆိုရင်တောင်မှ ပရော်ဖက်ရှင်နယ်တော့ ဆန်သင့်ပါတယ်… ဒီမှာ ပြဿနာ လာရှာဖို့ ဘယ်လိုတောင် လူတွေ ငှားရမ်းနေရတာ…”
“ မင်း နားလည်မှု လွဲနေပြီ… သူတို့က ငါတို့နဲ့ ဘာမှမဆိုင်ဘူး..” မြောင်ချိန် ပြောလိုက်ပြီး “ မင်း သေချာကြည့်လေ… သူတို့က ပုံထဲ တခြားသုံးယောက်နဲ့ မတူဘူးလား…”
ရှဲ့တုံးလိုင် စားပွဲပေါ်ရှိ ဓာတ်ပုံတစ်ပုံကို ကောက်၍ လင်းရီနှင့် နင်ချဲ့တို့ကို တစ်လှည့်စီ ကြည့်လိုက်တော့ အမှန်ပင် သူတို့ သုံးယောက် ဖြစ်နေလေသည်။
“ မင်းတို့ ငါ့နား ခုလေးတင် ဖုန်းဆက်လာခဲ့သေးတာ မှတ်မိပါသေးတယ်..” ရှဲ့တုံးလိုင် ပြောလိုက်ပြီး “ မင်းတို့ မပေးချင်လည်း ရတယ်… ဒါပေမယ့် ခုလိုမျိုး အကြမ်းပတမ်းကြီး လာပြုမူနေတာကတော့ ညီငယ်တို့…၊ မင်း နည်းနည်းလေး လွန်တယ် မထင်ဘူးလား..”
လင်းရီ နားထဲသို့ လက်သန်းထိုးထည့် ကလော်လိုက်ရင်း “ ကျုပ် ခင်များနဲ့ လေကုန်မခံချင်ဘူး… ဒုက္ခမရောက်ချင်ဘူးဆိုရင် ဆောင်းပါးတွေကို ခုချက်ချင်း ဖျက်လိုက်.. မဟုတ်ရင် အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ဆင်ထားလိုက်…”
“ ဟဲဟဲ…” ရှဲ့တုံးလိုင် နှာမှုတ်ပြီးနောက် စီးကရက် မီးညှိလိုက်ရင်း လင်းရီကို ညွှန်၍ “ ငါဆိုတဲ့ ကောင်က ပါပါရာဇို ဘဝကနေ စခဲ့တယ်… ဒီ ကုမ္ပဏီ ထောင်လာတာ ဆယ်နှစ်ကျော် ရှိပြီ.. ငါ မမြင်ဖူးတာ ဘာများ ရှိသေးလို့… ငါ့ လည်ပင်း ဓားနဲ့လာထောက်တောင် မကြောက်သေးတာ မင်းရဲ့ ခြိမ်းခြောက်တဲ့ စကားလုံးတွေကို ကြောက်ရွံ့မယ်များ ထင်နေလား… ငါ့ကိုယ်ငါ ကယ်တင်ဖို့ နည်းလမ်းမရှိထားရင် ဒီလို နယ်ပယ်ထဲမှာ ဒီအချိန်ထိ ရပ်တည်နိုင်မယ်လို့ ထင်လား…”
“ ကျုပ် ခင်များလိုမျိုး ခေါင်းမာတတ်တဲ့လူတွေဆို သိပ်သဘောကျတာ…” လင်းရီ ပြောလိုက်၏။
“ ငါလည်း မင်းလို တဇောက်ကန်းတွေဆို သိပ်သဘောကျတာ…” ရှဲ့တုံးလိုင် ပြောလိုက်ပြီး “ ညီကို … ဒီခုက ၂၁ ရာစု ရောက်နေပြီ… အရာရာကို လက်သီးအားကောင်းရုံနဲ့ ဖြေရှင်းနိုင်တဲ့ ခေတ်မဟုတ်တော့ဘူး… ငွေသည်သာ အခရာကွ… မင်း နားလည်လား…”
“ ကျုပ် လက်သီးနဲ့ ပြဿနာတွေ ဖြေရှင်းလို့ ရမရ ကြည့်ကြတာပေါ့ မကောင်းဘူးလား…”
“ လုံခြုံရေးတွေ…”
ရှဲ့တုံးလိုင် အော်လိုက်တော့ ယူနီဖာင်းနှင့် အမျိုးသား ခြောက်ဦးမှ အပြင်ဘက်မှ နေ၍ ပြေးဝင်လာသည်။
ခြောက်ဦးစလုံးက ထောင်ထောင်မောင်းမောင်းကြီးမှားနှင့် ကြောက်မက်ဖွယ် အမူအရာများအား တပ်ဆင်ထားကြသည်။
သူတို့ လက်ထဲတွင်လည်း ရှော့စက်များ ဘတ်တံများ ကိုင်လျက်သားရှိပြီး လူကောင်းများ မဟုတ်ကြသည်မှာ ကျိန်းသေသည်။ ဆန်ကုန်မြေးလေး အသိုင်းအဝိုင်းများထဲမှ ငှားရမ်းထားသူများနှင့်တူ၏။
“ ငါတို့ ကုမ္ပဏီမှာ လုံခြုံရေး အဖွဲ့ဝင် ဆိုတာ နံပါတ်တစ်ခု အထိ ရှိတယ်… ဒီခြောက်ယောက်နဲ့ အရင် ကစားလိုက်ဦး…”
ရှဲ့တုံးလိုင် ဆေးလိပ်ပြာများကို လက်ဖြင့် တစ်ချက် တောက်ထုတ်လိုက်ရင်း “ တကယ်လို့ ကြောက်တယ်ဆိုလည်း ထွက်သွားလို့ အချိန်မှီသေးတယ်နော်… ငါ့အချိန်တွေ လာမဖြုန်းနဲ့… မင်းလိုကောင်အတွက် ငါ့မှာ အချိန်မရှိဘူး…”
“ ဟိန်ဟန် မများစမ်းပါနဲ့.. ကျုပ်ကိုယ်တိုင် ရောက်လာခဲ့မှတော့ ခင်များတို့နဲ့ ကစားဖို့ အချိန်တွေ အများကြီး ကျန်ပါသေးတယ်…”
လင်းရီ နောက်သို့ လှည့်၍ လျှောက်လာခဲ့သည်။ သူ အသန်မာဆုံးဟု ထင်ရသည့် လုံခြုံရေး အစောင့်ထံ ကြည့်၍ “ မင်းက ဒီကောင်တွေရဲ့ ခေါင်းဆောင်လား…”
လုံခြုံရေး ခေါင်းဆောင်မှ ရှော့စက်ကို ကိုင်ထားရင်း လက်နက်အားကို ပုဆိန်ရိုးလုပ်ကာ ကျီစယ်လုပ်သည့် အပြုံးလေးဖြင့် “ ဘာဖြစ်လို့… မင်း မှာ ပြဿနာ ရှိလို့လား…”
“ မဟုတ်ပါဘူး… မင်းနဲ့ အရင်စလိုက်မယ်လို့ ပြောချင်တာ…”
လင်းရီ ရုတ်ချည်း လှုပ်ရှား၍ တစ်ဖက်လူ၏ ခေါင်းကို ငိုက်ကာ ဒူးဖြင့် တိုက်လိုက်၏။
တစ်ဖက်သူမှာ သနားဖွယ် မြည်ကြွေး၍ နှာခေါင်းကြီးလည်း ကွေးကောက်သွားပြီး သတိလစ် မေ့မျောသွားခဲ့လေသည်။
“ မင်း…”
ရှဲ့တုံးလိုင် ထိတ်လန့်သွားခဲ့၏။
ဤမျှ ရက်စက်သည့် မြင်ကွင်းကို တစ်ခါမှ မျက်မြင်ကြုံတွေ့ခဲ့ဖူးခြင်း မရှိသေးချေ။
လင်းရီ ကျန် ငါးယောက်ထံ လက်ညိုး ကွေးချည် ဆန့်ချည်ပြုကာ “ အတူလာမလား… တစ်ယောက်ချင်းလား…”
ငါးယောက်လုံး ဓာတ်လိုက်သကဲ့သို့ ဆတ်ခနဲ တုန်ယင်သွားခဲ့ကြ၏။ သူတို့ ရွေ့လျားချင်ပါသော်လည်း အမိန့်မနာခံတတ်သည့် ခြေထောက်များ ရှိနေသည်မှာ တော်တော်လေးကို ဆိုးရွားလှသည်။
ဒီလူက သူတို့ထက် အင်အားကြီးမားတယ်ဆိုတာ အသိသာကြီးပဲလေ…ပြီးတော့ ဆင်ဆင်ခြင်ခြင်လည်း မရှိဘူး.. မတော်လို့ လူကို ဒုက္ခိတ ဖြစ်အောင် လုပ်လိုက်ရင် ဘယ်သူ တာဝန်ယူပေးမှာလဲ..
“ ငိုးမသားတွေ မင်းတို့လက်ထဲက ရှော့စက်တွေ မရှိကြဘူးလား… ဘာတွေ ကြောက်နေကြတာ.. ငါးယောက်တစ်ယောက်တောင် မင်းတို့ ဘောတွေ မရှိဘူးလို့ လာမပြောနဲ့…” ရှဲ့တုံးလိုင် အားမလို အားမရ ဖြစ်စွာ ဆူငေါက်လိုက်သည်။
“ မြန်မြန် လုပ်တော့… မင်းတို့ကို ယွမ် ၁,၀၀၀ ဘောနပ်စ် ပေးမယ်…”
“ ယီးတဲ့မှ ချကွာ…”
ပိုက်ဆံ၏ သွေးဆောင်မှု အောက်တွင် လုံခြုံရေး ငါးယောက်လုံးမှ လက်နက် ကိုယ်စီဖြင့် စုပေါင်း ချီတက်လာခဲ့ကြ၏။
လင်းရီ ပထမဆုံး တစ်ယောက်ကို ရှောင်၍ သူ့လက်ထဲရှိ ရှော့စ်စက်ဖြင့် သူ့ကိုယ်သူ ပြန်တိုက်ပေးလိုက်သည်။
လျှပ်စစ်စီးသည့် အသံ တစ်ချက်ပြီး တစ်ချက် အသံမြည်လာပြီး လူငါးယောက်လုံး တစ်ယောက်ပြီးတစ်ယောက် ကြမ်းပြင်ပေါ် မှောက်ကုန်ကြ၏။
ရုံးခန်းထဲရှိ ဝရုန်းသုန်းကားမြင်ကွင်းကို မြင်တော့ ရှဲ့တုံးလိုင်နှင့် မြောင်ကော်ဖုန်းတို့ အံ့အားသင့်သွားခဲ့ကြသည်။
မည်သူကမျှ လင်းရီကို ဤမျှ တိုက်ရေး ခိုက်ရေး အတွေ့အကြုံ ကြွယ်ဝနေလိမ့်မည်လို့ မျှော်လင့်မထားခဲ့ကြချေ။
အကယ်၍ သူသာ စောစီး သိခဲ့မည် ဆိုပါက ထိုငနဲအား ရန်သွားစလိမ့်မည် မဟုတ်ချေ။ တွေးကြည့်ခါမှ မြောင်ဖုန်း ကြက်သီးဖြန်းသွားခဲ့၏။ သူ ကံ တော်တော်လေး ကောင်းသွားခဲ့သည့်ပုံပင်။
“ ခင်များ ကုမ္ပဏီမှာ လုံခြုံရေး ဝန်ထမ်းတွေ ရှိတယ်ဆို… အကုန်ခေါ်လိုက်လေ…”
ရှဲ့တုံးလိုင် ဒေါသတကြီး မတ်တပ်ရပ်၍ ဖုန်းဆက်ရန် ဟန်ပြင်သည်။
“ ကောင်းတယ်… မင်းကိုယ်မင်း သိပ်ဟုတ်တယ်ထင်ရင် မပြေးနဲ့… ငါ မင်းကို ခုပဲ သင်ခန်းစာ ပေးပြမယ်…. ဒီနေ့ မင်းခြေထောက် တစ်ချောင်းမှ မချိုးလိုက်ရဘူးဆိုရင် ငါ့နာမည် ရှဲ့ မဟုတ်တော့ဘူး…”
“ အိုကေ… အေးဆေး.. ကျုပ် ဒီနားလေးမှာ ထိုင်ပြီး စောင့်နေမယ်…”
“ ထားလိုက်တော့… “ ချိုးယွီလော့ ဝင်ပြောလိုက်ပြီး “ ဒီတိုင်း လူမိုက်တစ်ယောက်နဲ့ ငါတို့ အချိန်တွေ ထပ်ပြီး အကုန်မခံနိုင်တော့ဘူး… ဒီတော့ လိုတိုရှင်းပဲပြောမယ်…”
ပြောပြီးနောက် ချိုးယွီလော့ ရှဲ့တုံးလိုင်ထံ ကြည့်၍ “ ကျွန်မကိုယ်ကျွန်မ မိတ်ဆက်ပေးမယ်.. ကျွန်မက ချိုးယွီလော့… ဟွာရှ ကျုံးလျန် အုပ်စုရဲ့ အထွေထွေ မန်နေဂျာ..”
သူတို့က ကျုံးဝေ့တပ်ဖွဲ့တွင် တာဝန်ထမ်းဆောင် နေကြသော်လည်းပဲ ချိုးယွီလော့ နှင့် နင်ချဲ့မှာ မိသားစု စီးပွားရေး လုပ်ငန်းများတွင် ကိုယ်စီ ရာထူးများ ပိုင်ဆိုင်ထားကြသည်။ သူမတို့ အားလပ်သည့် အချိန်များဆိုလျှင် စီးပွားရေး လုပ်ငန်းများအား ကူညီကိုင်တွယ်ပေးလေ့ရှိ၏။
သူမကိုယ် သူမ မိတ်ဆက်ပေးပြီးနောက် ချိုးယွီလော့မှ ဆက်လက်၍ “ သူက ဟွာရှ ပေါင်းလုံ အုပ်စုရဲ့ အထွေထွေ မန်နေဂျာ နင်ချဲ့…”
“ သူကတော့ ကျိုးဟိုင် လင်းယွင် အုပ်စုရဲ့ ဥက္ကဌ… ရှင့်မှာသာ စဉ်းစားတတ်တဲ့ ခေါင်းရှိရင် ဒီကုမ္ပဏီ သုံးခုရဲ့ လွှမ်းမိုးနိုင်စွမ်းကို နားလည်လောက်ပါတယ်…”
“ အဲ့ဒီ ရှင့်ရဲ့ မဟုတ်မမှန် ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်က ကျွန်မတို့ရဲ့ ဂုဏ်သိက္ခာကို အများကြီး ထိခိုက်စေတယ်… ခဏနေကျရင် ကျွန်မတို့ ကုမ္ပဏီတွေရဲ့ ဥပဒေဌာနကနေပြီး ရှင့်ကို ဆက်သွယ်လာလိမ့်မယ်… လျော်ကြေးပေးဖို့ ပိုက်ဆံ ပြင်ထားလိုက်တော့…”
“ သူ ပြောသွားတာက သိပ်နားမရှင်းဘူး…” နင်ချဲ့ လေဒီ စီးကရက်ထုတ်၍ တစ်လိပ် မီးညှိလိုက်ပြီး “ ငါတို့က အထွေထွေ မန်နေဂျာဆိုပေမယ့် အဲ့မှာ အလုပ်လုပ်တာ မဟုတ်ဘူး… ကုမ္ပဏီနှစ်ခုလုံးက မိသားစုပိုင်တွေ…”