← Chapters

သူ ကျွန်မကို မကြိုက်ဘူး

Vol. 85 Ch. 1270

သူ ကျွန်မကို မကြိုက်ဘူး

Vol. 85 Ch. 1270

“ အဲ့တာ ပြောရခက်တယ်… စစ်ဆေးမှုက မပြီးသေးဘူး… နောက်နှစ်ရက် ကျန်သေးတယ်… နင် အသင်း ၁ထဲ ဝင်နိုင်ခြင်း ရှိမရှိက နင့်ရဲ့ ဘက်ပေါင်းစုံက ရလဒ်တွေ အပေါ်မှာ မူတည်နေတာ..”

သူမတို့ နှစ်ယောက်လုံး ယွီစီယင်၏ အခြေအနေကို ကောင်းစွာ နားလည်ကြသည်။

သာမန်အားဖြင့် သူမ၏ အရည်အချင်းက အသင်း ၁ ထဲသို့ ဝင်ရန် ပြဿနာ မရှိချေ။ သို့သော် လင်းရီမှ သူမကို မလိုချင်ပါဟု အတိအလင်း ပြောကြားပြီး ဖြစ်၏။

တစ်ဖက်သူ၏ ခံစားချက်များကို ထောက်ရှု၍ နင်ချဲ့ သူမ၏ ခံစားချက်များ ကွဲကြေမသွားစေရန် အမှန်အတိုင်း မပြောပြခဲ့ချေ။

“ ဒါပေမယ့် ပထမသုံးရက်ရဲ့ စမ်းသပ်စစ်ဆေးမှုတွေက ပြီးသွားပြီမဟုတ်လား… ကျွန်မက ပထမ နဲ့ ဒုတိယ နှစ်ခု ရထားတယ်… ခု မနက်ဖြန်နဲ့ သန်ဘက်ခါ စမ်းသပ်မှုပဲ ကျန်တော့တာ… ကျွန်မရဲ့ အခြေအနေက မကောင်းဘူးဆိုရင်တောင် ရလဒ်က ဆိုးဆိုးရွားရွားကြီး မဖြစ်နိုင်ဘူး… တခြားသူတွေကို ဖိနှိပ်ထားလို့ရတယ်… ဒီလိုဆိုမှတော့ အသင်း ၁ ထဲ ဝင်ဖို့ရာ ပြဿနာ မရှိတော့ဘူး ဟုတ်တယ်ဟုတ်…”

တတိယနေ့၏ စမ်းသပ် စစ်ဆေးမှု ရလဒ်က ယခုတိုင် ထွက်မလာသေးသော်လည်း ယွီစီယင်နှင့် စွေ့ချန်တို့၏ ရလဒ်အသီးသီးက အခြားသူများထက် အပြတ်သတ်ကို သာလွန်နေပြီး ဖြစ်သည်။

တစ်စုံတစ်ယောက်က သူမကို ကျော်တက်သွားဖို့ရန်မှာ မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ချေ။ ထို့ကြောင့် သူမကိုယ်သူမ ဒုတိယပါလို့ ဂုဏ်ယူစွာဖြင့် ကြေညာဝံ့သည်။

လူတိုင်း၏ အကြည့်က နင်ချဲ့ထံ ကျရောက်လို့နေပြီး သူမ၏ အမြင်ကို ကြားချင်နေကြသည်။

နင်ချဲ့ ချိုးယွီလော့ထံ ကြည့်လိုက်တော့ တစ်ဖက်သူမှ “ နင် သူ့ကို ပြောရမှာက ပြောရမှာပဲ မဟုတ်ဘူးလား… ခုပြောလိုက်လည်း အတူတူပါပဲ…”

နင်ချဲ့ ခေါင်းညိမ့်၍ “ နင် ပြသခဲ့တဲ့ ပါရမီ အရည်အချင်းတွေ အရဆိုရင် နင့်ဘက်က ကျုံးဝေ့တပ်ဖွဲ့ထဲ ဝင်ရောက်ဖို့ ပြဿနာ မရှိဘူး… ဒါပေမယ့် နင် အသင်း ၁ ထဲ ဝင်ရောက်ဖို့ကတော့ မဖြစ်နိုင်ဘူး…”

“ ဟင်…. ဘာလို့ အသင်း ၁ ထဲ ဝင်လို့မရမှာ…”

ထိုစကားလုံးများ ပြောပြီးသည်နှင့် ကွင်းပြင်ကြီး တစ်ခုလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့တော့သည်။

စမ်းသပ် စစ်ဆေးမှု သုံးရက်တာ ကုန်ဆုံးပြီးနောက် လူတိုင်းက စွေ့ချန်နှင့် ယွီစီယင်၏ အရည်အချင်းတို့အပေါ် ယုံကြည်မှု အပြည့်ရှိသည်။ ထိုယုံကြည်ချက်က သူတို့နှစ်ယောက်မှာ ယှဉ်ပြိုင်သူများထဲ၌ အသန်မာဆုံးဖြစ်ပြီး အသင်း ၁ ထဲသို့ ဝင်နိုင်သည်ဟူသော ယုံကြည်ချက်မျိုးပင်။

သို့သော် ယွီစီယင်၏ အင်အားမှာ အသင်း ၁ ထဲသို့ ဝင်ရောက်ရန် ပြဿနာ ရှိနေလိမ့်မည်လို့ သူတို့ တစ်ကြိမ်တစ်ခါမျှပင် မတွေးတောခဲ့ဖူးကြချေ။

ဤသည်က လုံးဝ ထင်မထားသည့် ကိစ္စကြီးပင်။

“ ခေါင်းဆောင်နင်… ရှင် ကျွန်မကို ဘာကြောင့်လဲ ဆိုတဲ့ အကြောင်းပြချက် ပြောပြပေးလို့ရလား… ကျွန်မရဲ့ အရည်အချင်းတွေက လုံလောက်နေသင့်တာ မဟုတ်ဘူးလား…”

“ နင့် အရည်အချင်းတွေက တကယ်လည်း လုံလောက်တယ်…” နင်ချဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် အသင်းခေါင်းဆောင်လင်းက နင့်ကို မလိုချင်ဘူး… ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိသရွေ့တော့ နင် ငါ့အသင်းထဲ ဝင်ရဖို့ ရှိတယ်…”

“ အဲ့ဒါက…..”

ယွီစီယင် ချိုးတစ်ကူစာမျှ ကြက်သေသေသွားခဲ့၏။ သူမ ဆန္ဒမရှိသော်လည်း တစ်စုံတစ်ရာ ပြန်ပြောခြင်းတော့ မပြုခဲ့ချေ။

သူမ အသင်းခေါင်းဆောင်ကို လေးစားမှုတော့ ပေးသင့်လေသည်။

“ ကောင်းပြီ… ဒီနားမှာ လူလာအုံမနေကြနဲ့… စစ်ဆေး မခံရသေးတဲ့ လူတွေ သွားပြီး ပြင်ဆင်ထားကြ…”

“ ဟုတ်ကဲ့…”

လူတိုင်း တုံ့ပြန်၍ လူစုခွဲလိုက်ကြပြီး လာမည့် စစ်ဆေးမှုအတွက် ကြိုတင် ပြင်ဆင်ကြတော့သည်။

ယွီစီယင် မဲမှောင်နေသည့် မျက်နှာအမူအရာဖြင့် ဘေးတွင် ကပ်ရပ်နေသည်။

“ အစ်မ… ဘာတွေ ဖြစ်နေတာလဲ… သူတို့က မင်းကို မလိုချင်ဘူးတဲ့လား…” ချန်ဖန့်မှ မေး၏။

“ ခုလေးတင် ခေါင်းဆောင်နင်က အစ်မကို မလိုချင်တာ ခေါင်းဆောင်လင်းလို့ ပြောသွားခဲ့တယ်မလား… ပြဿနာရဲ့မိန်းက သူပဲ…”

ချန်ချောင်မှ ပြောလိုက်ပြီး “ သူ အစ်မကို အညိုးတေး ထားနေတုန်းပဲမို့လား မသိဘူးနော်…”

“ အင်းးးး…. ဖြစ်နိုင်ချေရှိတယ် ဆိုပေမယ့် ငါတော့ ခေါင်းဆောင်လင်းက အဲ့လိုမျိုး သဘောထားသေးသိမ်တဲ့လူ ဖြစ်မယ်လို့ မထင်ဘူး… သူက ဂရုမစိုက်ဘူး ပြောမှတော့ အဲ့ကိစ္စကို သင်ပုန်းချေလိုက်ပြီဆိုတာ သေချာတယ်…”

“ ဒါဆိုရင် သူ ဘာလို့ အစ်မကို လက်မခံလဲ… မင်း အဲ့ကိစ္စ ဘယ်လိုပြောမလဲ…”

ချန်ချောင် ယွီစီယင်ထံ တစ်ချက်ကြည့်၍ “ ခေါင်းဆောင်နင် မနေ့က ဘာပြောခဲ့လဲ မင်းမှတ်မိသေးလား…”

“ ဟင်… သူ ဘာပြောလို့… ချီးပဲ ပြောစရာရှိရင် တစ်ခါတည်း ပြီးပြီးစီးစီး ပြောစမ်းပါဟ….”

“ ခေါင်းဆောင်နင် မနေ့က ငါတို့ကို ပြောတာ တကယ်လို့ မင်း အသင်း ၁ ထဲ ဝင်ချင်တယ်ဆို ခွန်အားအပြင်ကို ဆိုဒ်ကလည်း D cup အထက်ကို ရှိရမယ်မလား…. ဒီတော့…………………”

“ သောက်အဓိပ္ပာယ် မရှိတာ…” ဖက်တီးလေးမှ ချေပပြောဆိုလိုက်ပြီး “ ဒီလို ကြီးကျယ်မြင့်မြတ်တဲ့ ကျုံးဝေ့တပ်ဖွဲ့လို နေရာမျိုးမှာ အဲ့လို ထူးဆန်းတဲ့ လိုအပ်ချက်မျိုး ရှိနေတယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… ခေါင်းဆောင်နင် ဟာသလုပ်နေတယ်ဆိုတာ အသိသာကြီး… မင်း ချီးမို့လို့ အတည်ပေါက်ကြီးတွေ ယူနေတာလား…”

“ ဒါဆို ငါ့ကိုပြော… ဒီ စစ်ဆေးမှုထဲ ဝင်ပြိုင်တဲ့လူက ၃၀၀ ကျော်တယ်… အစ်မယင်နဲ့ အဲ့ဒီ စွေ့ချန်ဆိုတဲ့ တစ်ယောက်ရဲ့ အရည်အချင်းက တန်းတူနီးပါးပဲ… တကယ်လို့ အသင်း ၁ ထဲ အစ်မယင် မဝင်နိုင်ဘူးဆိုရင် စွေ့ချန်လည်း အရည်အချင်း မမှီသင့်ဘူး… ကျန်တဲ့သူတွေဆို ပို့လို့တောင် အရည်အချင်း မမှီသေး…. အဲ့လိုဆိုရင် အသင်း ၁ ထဲမှာ အဖွဲ့ဝင်သစ်တွေ ဘယ်လိုလုပ် ရှိတော့မှာ….”

“ မင်း ပြောတာ ဟုတ်သလိုတော့ ရှိတယ်… တကယ်လို့ အစ်မယင်နဲ့ အရည်အချင်းနဲ့မှ အသင်း ၁ ထဲ ဝင်လို့ မရဘူးဆိုရင် တခြား ဘယ်သူမှလည်း ဝင်လို့ မရတော့ဘူး…” ဖက်တီးလေးမှ လက်ပိုက်လျက် စဉ်းစဉ်းစားစား ပြောဆိုလိုက်ပြီး “ ဆိုတော့ ပြဿနာက အစ်မယင်ရဲ့ ကိုယ်လုံးကိုယ်ပေါက်ကြောင့်ပဲ ဖြစ်ရမယ်…”

ယွီစီယင် သူမရင်ဘက်ကို ငုံ့ကြည့်လိုက်၏။ ချက်ချင်းဆိုသလို သူမ၏ အမူအရာမှာ နှစ်ဆ နက်မှောင်သွားခဲ့တော့သည်။

“ ဒင်း တရားသိပ်လွန်တယ်…”

“ အစ်မယင်… စိတ်ကလေးကိုလျှော့…. အသင်း ၁ ထဲ ဝင်လို့ မရဘူးဆိုလည်း အသင်း ၃ ထဲ ဝင်လိုက်ပေါ့… ခေါင်းမာနေစရာ မလိုပါဘူး…”

“ မရဘူး… ငါက ဒီလောက် တော်တာ အသင်း ၁ ထဲ မဝင်နိုင်မှန်း သိရင် သူများတွေ ငါ့ကို လှောင်ပြောင်ကြလိမ့်မယ်…” ယွီစီယင် ပြောလိုက်ပြီး “ ပြီးတော့ ငါ ဝင်မယ်ဆိုလည်း အကောင်းဆုံး အသင်းထဲပဲ ဝင်မယ်… မဟုတ်ရင် ဘယ်အသင်းထဲမှ မဝင်ဘူး…”

“ ဒါပေမယ့် ခေါင်းဆောင်လင်းက မင်း ကျုံးဝေ့တပ်ဖွဲ့ထဲ မဝင်ဘူးဆိုရင်တောင် လက်မခံနိုင်ဘူးလို့ ပြောသလားလို့…”

“ ရတယ်… ငါ ဘာလုပ်နေလဲ ငါသိတယ်…”

တစ်နာရီကြာသော် မနက်ပိုင်း စမ်းသပ် လေ့ကျင့်ရေးမှာ ပြီးဆုံးသွားခဲ့သည်။ မွန်းလွဲ တစ်နာရီခွဲတွင် ကျန်ရှိသည့် ပါဝင်ယှဉ်ပြိုင်သူတို့မှ စမ်းသပ် လေ့ကျင့်မှုကို ဆက်လက်ပေလိမ့်မည်။

နေ့လည်စာ အချိန်တွင် လင်းရီနှင့် ကျန်နှစ်ယောက်တို့ လျိုဟုန်၏ ရုံးခန်းထဲ ရောက်လာခဲ့ကြ၏။

သူတို့ဘက်က လူတိုင်း၏ ဘက်ပေါင်းစုံ စွမ်းရည်ကို စမ်းသပ်စစ်ဆေးမှုပြုရန် မြေပြင်လေ့ကျင့်ရေး တစ်ခု ဖန်တီးမည် ဖြစ်သဖြင့် စမ်းသပ်မှု အသေးစိတ်ကို ဆွေးနွေးရန် လိုအပ်သည်။

ဒေါက် ဒေါက် ဒေါက်…

“ ဝင်ခဲ့…”

လေးယောက်သား မြိုင်မြိုင်ဆိုင်ဆိုင် ဆွေးနွေးနေစဉ် တစ်စုံတစ်ယောက်မှ ရုံးခန်းတံခါးကို လာခေါက်သည်။

လျိုဟုန် များများစားစား စဉ်းစားမနေဘဲ ချက်ချင်း ဝင်ခဲ့ခိုင်းလိုက်၏။

သို့သော်လည်း အပြင်တွင် ရပ်နေသည့် လူက သူ့ကို အံ့အားသင့်သွားစေသည်။

ယင်းက ယွီစီယင်ပင်။

“ ဘာ ကူညီပေးရမလဲ..” လျိုဟုန် မေးမြန်းလိုက်၏။ သူ့စိတ်ထဲ သူမအပေါ် အမြင်ကောင်းတစ်ချို့ရှိလေသည်။

လင်းရီနှင့် အခြား ခေါင်းဆောင်နှစ်ယောက်လည်း ရုံးခန်းထဲတွင် ရှိနေသည်ကို မြင်တော့ ယွီစီယင် အနည်းငယ်မျှလောက် အံ့အားသင့်သွားခဲ့သည်။

သို့ပေမယ့် သူမ ထွက်ခွာရန် စိတ်ကူးတော့မရှိ။ ထိုအစား ဖြောင့်ဖြောင့်ရပ်၍ ပြတ်သားသည့် လေသံဖြင့် “ တင်… တင်ပြပါတယ်… ကျွန်မ တစ်စုံတစ်ယောက်ကို တိုင်ကြားချင်လို့ပါ…”

“ ဘာလို့…. ညစ်ပတ်ပြီး ဖြေဆိုတဲ့လူ ရှိနေလို့လား…” လျိုဟုန် မေးမြန်းလိုက်သည်။

“ မဟုတ်ပါဘူး… ကျွန်မ တိုင်ကြားချင်တာ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်… လင်းရီကိုပါ…”

လင်းရီ ပြောစရာစကား ကင်းမဲ့နေတော့၏။

ငါကဖြင့် မင်းနဲ့ သုံးပေထက် ပိုပြီး မနီးကပ်ဖူးတာတောင် ငါ့ ဘာလို့ လာတိုင်နေရတာတုန်းဟ…

လျိုဟုန် တူကို ချ၍ ပြုံးလိုက်ပြီး “ သူ မင်းကို တစ်ခုခု လုပ်လို့လား… ဘာကို တိုင်ကြားချင်တာလဲ…”

“ သူ့ကို အာဏာ အလွဲသုံးစားမှုနဲ့ ဘက်လိုက်မှုကြောင့် တိုင်ကြားချင်ပါတယ်…”

“ အထဲဝင်လာပြီး ဖြည်းဖြည်း ပြောကြတာပေါ့… တကယ်လို့ တကယ်ကြီး အဲ့လို ကိစ္စမျိုး ရှိရင် ငါ မင်းဘက်ကနေ ကျိန်းသေပေါက် ရပ်တည်ပေးမယ်…”

လျိုဟုန်သည်လည်း ဤကိစ္စက စိတ်ဝင်စားဖို့ ကောင်းသည်ဟု ခံစားနေရ၏။ တစ်စုံတစ်ယောက်က လင်းရီကို တိုင်ကြားချင်နေသည်။

ချိုးယွီလော့နှင့် နင်ချဲ့တို့လည်း ပွဲကြည့်ရန်အတွက် တူများကို ချလိုက်ကြ၏။

“ ဟဲ့… လင်းရီ ကတိတွေ ဘာတွေပေးပြီး သူနဲ့ အိပ်ပြီးမှ ကတိမတည်လို့ လာတိုင်တာများ မသိဘူးနော်… နင်ဘယ်လိုထင်လဲ…”

“ မဖြစ်နိုင်လောက်ဘူး… သူက D cup အောက် မိန်းကလေးဆို မထိမကိုင်တတ်ဘူးလေ…” ချိုးယွီလော့ ပြောလိုက်၏။

“ အင်းနော်…”

ယွီစီယင် နေရာ၌ မတ်တပ်ရပ်နေပြီး ကိုယ်ကို ဖြောင့်နေအောင် မတ်လျက် ခေါင်းကို မော်ထားကာ ပြောသည်။

“ သူ ကျွန်မရဲ့ ရင်ဘက်က သေးတယ်ထင်လို့ အသင်း ၁ ထဲ ဝင်ခွင့်မပေးပါဘူး…”

ဖူး….

လင်းရီ သွေးအန်လုနီးပါး ဖြစ်သွားခဲ့၏။

ချီးတဲ့မှ ငါ ဘယ်တုန်းက ဒါမျိုး ပြောဖူးလို့လဲ…

“ နေစမ်းပါဦး… မင့်ရင်ဘက်က သေးတယ်လို့ ငါ ဘယ်တုန်းကများ ပြောဖူးလို့… မပြောဖူးပါဘူး…”

“ ခေါင်းဆောင်နင် ပြောတာ ဆိုဒ် D cup အောက်ဆိုရင် အသင်း ၁ ထဲ ဝင်လို့ မရပါဘူးတဲ့… ဒါကြောင့်မို့ ကျွန်မက အသင်း ၃ ထဲ ဝင်ရမယ် ပြောပါတယ်…”

နင်ချဲ့ မျက်မှောင်နှစ်ခုကို ပွတ်သပ်မိသွားခဲ့၏။ ‘ သောက်ကျိုးတွေတော့ နည်းကုန်ပါပြီ ‘

“ အဲ့တာက…..”

လျိုဟုန် ဘာဖြစ်နေလဲဆိုတာ သိသည်။ သူ ရှင်းပြချင်နေသည်။ သို့သော် မည်သည့်နေရာက စရှင်းပြလို့ ရှင်းပြရမှန်း မသိချေ။ သို့နှင့် သူ လက်ဝှေ့၍ ချိုးယွီလော့အား ပြောလိုက်၏။

“ မင်းပဲ သူ့ကို ရှင်းပြလိုက်တော့…”

ချိုးယွီလော့ သူမ၏ အမူအရာကို တည်တံ့လိုက်ပြီး “ အသင်း ခေါင်းဆောင်လင်းက ဆိုဒ်ကြီးလေ ပိုကြိုက်လေ….”

လင်းရီ “ ……. “

“ မင်း ရှင်းပြမှာလား… ဒါမှမဟုတ် အနာပေါ် ဆားဖြူးနေတာလား…”

“ ဒါ ဆားမှမဟုတ်ပဲ…” နင်ချဲ့ ပြောလိုက်ပြီး “ ယွီလော့ … ဆက်ပြော…”

“ တကယ်တော့ နင့်အရည်အချင်းက အသင်း ၁ ထဲ ဝင်ဖို့ ပြည့်မီတယ်… ဒါပေမယ့် အသင်းခေါင်းဆောင်လင်းက အသင်းတွေရဲ့ ဖွဲ့စည်းညီညွှတ်မှုနဲ့ ငါတို့ ရဲဘော်ရဲဘက်ကြား ရင်းနှီးပတ်သက်မှုကိုပါ ထည့်သွင်းစဉ်းစားပြီးတော့ သူက အသင်း တစ်ခုချင်းစီတိုင်းရဲ့ တိုက်ခိုက်ရေး ခွန်အားကို မျှတူ ရှိစေချင်တယ်… ဒါကြောင့်မို့ နင့်ကို အသင်း ၃ ဆီ လွှဲပေးလိုက်တာ… နားလည်ပြီလား…”

ထို့နောက် ချိုးယွီလော့ ယွီစီယင်၏ ရင်ဘက်ကို ကြည့်၍ “ ဒါကြောင့်မို့ နင့် ဆိုဒ်က ပြဿနာ မဟုတ်ဘူး…”

All Chapters