← Chapters

အမှောင်မိုက်ဆုံးသော အခိုက်အတန့်

Vol. 85 Ch. 1272

အမှောင်မိုက်ဆုံးသော အခိုက်အတန့်

Vol. 85 Ch. 1272

လင်းရီ၏ မျက်နှာထား အေးစက်နေခဲ့သည်။

သူ လက်ထောက်ဖြစ်သူ အမျိုးသားထံ မည်းမှောင်သည့် အမူအရာဖြင့် တစ်လှမ်းခြမ်း လှမ်းသွား၏။

ဆံပင်ကို ဆွဲစု ခေါင်းကို အပေါ်မော့ထားပြီး သေချာကြည့်လျက် “ ဒီခုက ပထမဆုံး အကြိမ်နဲ့ နောက်ဆုံးအကြိမ် ဖြစ်ပစေ… မင်းကို ထပ်မြင်ရလို့ကတော့ အခေါင်းပါ တခါတည်း ပြင်ထား… မယုံဘူးဆိုရင် အာယာနဲ မစ်ဆူဆီ ဖုန်းဆက်ပြီး ငါဘယ်သူလဲ မေးကြည့်လိုက်…”

အရိုးထိအောင် တုန်ခိုက်သွားစေသည့် အေးစက်မှုက လက်ထောက်ဖြစ်သူ အမျိုးသားအား တုန်ယင်သွားစေသည်။

သူ့ရှေ့တွင် ရပ်နေသည့်လူက လူတစ်ယောက် မဟုတ်တော့ဘဲ သွေးသံတရဲရဲ အစွယ်များနှင့် သားရိုင်းကြီး ဖြစ်နေသကဲ့သို့ပင်။

“ နား - နားလည်ပါပြီ…”

“ ထွက်သွားစမ်း…” လင်းရီ သူ့ကို အမှိုက်တစနှယ်‌ ဘေးသို့ ကောက်ပစ်လိုက်သည်။

ကြမ်းကြုတ်ခက်ထန်သည့် လင်းရီနှင့် ရင်ဆိုင်ကြုံတွေ့ချိန်ဝယ် လက်ထောက်ဖြစ်သူ အမျိုးသားမှာ ပေကပ်ပြီး မနေဝံ့တော့ချေ။

ရှန်းထျန်းကျိုးနှင့် ပြောဆိုဆက်ဆံစဉ်ကကဲ့သို့ ယုံကြည်ချက်များလည်း ပြည့်နှက်မနေတော့ပဲ ထိုအစား ဟိုတယ်အပြင်ဘက်သို့ အသက်လုပြေးသွားခဲ့တော့၏။

မုန်တိုင်းပြီးဆုံးသွားတော့ ဖြတ်သွားဖြတ်လာတို့မှ သူတို့သည်လည်း လိုရာခရီးကို ရှေ့ဆက်ကြသည်။ စွန်းဖုယွီ ရှေ့သို့ တက်လာပြီး “ ဥက္ကဌလင်းလည်း ရန်ကျင်း ရောက်နေတာပဲကိုး… ဒီကို အစည်းအဝေး လာတက်တာလား…”

“ အပေါ်ထပ် အရင်သွားကြစို့… ဒီနေရာက စကားပြောကောင်းတဲ့ နေရာမဟုတ်ဘူး…”

“ အိုကေ အိုကေ အိုကေ… အပေါ်ကို အရင်တက်ကြမယ်…”

အုပ်စုမှာ ဓာတ်လှေကားယူ၍ လင်းရီအခန်းထဲသို့ ရောက်လာခဲ့ကြသည်။

“ ရန်ကျင်းမှာ Semiconductor ညီလာခံ ကျင်းပဖို့ ရှိတယ် ကြားတယ်… ခင်များတို့တွေက အဲ့ဒီအတွက် ရောက်လာကြတာလား…”

စွန်းဖုယွီ ခေါင်းညိမ့်၍ “ ကျုပ်တို့ကို ဒါရိုက်တာရှန်းက ခေါ်လာခဲ့ပေးတာ… ပြီးတော့ လီတိုဂရပ်ဖီစက်ကလည်း အောင်မြင်သွားခဲ့ပြီလေ… အဲ့တာ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနကနေ လုပ်ထုံးလုပ်နည်း တစ်ချို့နဲ့ ဥပ‌ဒေပိုင်းဆိုင်ရာ လိုအပ်တာလေးတွေ အတူလာလုပ်တာ…”

“ အဲ့လောက်မြန်လား… ပရောဂျက်က ပြီးသွားခဲ့ပြီပေါ့…”

“ ကျွန်တော်တို့ လက်ရှိ 5-nm ချစ်ပ်တွေ အလုံးအရင်းနဲ့ ထုတ်လို့ရနေပြီ.. အရည်အသွေးက နည်းနည်း နိမ့်ကျနေတယ်ဆိုပေမယ့် တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့တောင် စိန်ခေါ်မှု တစ်ရပ်ဖြစ်နေတာဆိုတော့ ကိစ္စတော့ သိပ်မရှိပါဘူး….” ( ဒါက ၂၀၂၀ တုန်းကပါနော… လက်ရှိမှာ ကမ္ဘာကြီးက 3-nm ချစ်ပ်တွေ ထုတ်နိုင်နေပါပြီ… 2-nm ချစ်ပ်တောင် ထုတ်နိုင်တော့မှာပါ…)

“ အဆင်ပြေပါတယ်… ငါတို့ ဖြည်းဖြည်းချင်းပဲ သွားကြတာပေါ့… အနည်းဆုံးတော့ နိုင်ငံတကာ စံချိန်စံနှုန်းနဲ့ ကိုက်ညီနေပြီလေ…” လင်းရီ ပြောလိုက်ပြီး “ ဒါနဲ့ အဲ့ ဂျပန်ကကောင်က ဒီကို ဘာလာလုပ်တာ… အာယာနဲ မစ်ဆူ လွှတ်လိုက်တာလား…”

သူ မေးလိုက်သည် ဆိုသော်လည်း စိတ်ထဲတွင်တော့ သူမ ဖြစ်လိမ့်မည်လို့ လင်းရီ မထင်ချေ။

မည်သို့ပင်ဆိုစေ အာယာနဲ မစ်ဆူသည် သူနှင့် အကြောင်း ကိစ္စ တော်တော်များများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ဖူး၏။ ကိုယ်ရေး ကိုယ်တာ ကိစ္စကြောင့်မှလွဲ၍ သူ့အား လာရောက်နှောင့်ယှက်ဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

“ သူ မဟုတ်ဘူး… ယာမာဇူကီ မစ်ဆူ ဆိုတဲ့ တစ်ယောက်…” ရှန်းထျန်းကျိုး ပြောလိုက်ပြီး “ ငါ စုံစမ်းပြီးသွားပြီ… သူက မစ်ဆူ မိသားစု ခေါင်း‌ဆောင် တာခါယာ မစ်ဆူရဲ့ညီ… အာယာနဲ မစ်ဆူရဲ့ အန်ကယ်ဆိုလည်း ဟုတ်တယ်…”

“ သူ ဘာလို့ ခင်များကို လာရှာတယ်ဆိုတာရော ပြောသေးလား..”

ရှန်းထျန်းကျိုး စီးကရက်ဘူး တစ်ခု ထုတ်၍ လင်းရီ နှင့် စွန်းဖုယွီတို့ကို တစ်လိပ်စီ ကမ်းပေးလိုက်သည်။ ထို့နောက် မီးညှိလိုက်ကြ၏။

“ ငါတို့ ဂျပန်ကို ခရီးထွက်တုန်းက သူတို့လူတွေ ငါ့ဆီ လာကြသေးတယ်… ဒါပေမယ့် ငါ အကုန်ငြင်းလိုက်တယ်… သူတို့ အခု ရန်ကျင်းရောက်နေလိမ့်မယ်လို့တော့ ထင်မထားဘူး….”

လင်းရီ ငြိမ်သက်စွာဖြင့် ဆေးလိပ်သောက်နေသည်။

ဤကိစ္စတွင် သူ တစ်စုံတစ်ရာကို လေးလေးနက်နက် သတိပြုမိသွားစေခဲ့၏။ မစ်ဆူမိသားစုမှ ရှန်းထျန်းကျိုးသည် သူ့အတွက် အလုပ်လုပ်ပေးနေသည် ဆိုတာကို ရှာဖွေတွေ့ရှိသွားခဲ့လေပြီ။ ဤသည်က ကောင်းသည့် လက္ခာတစ်ရပ်တော့ မဟုတ်ချေ။

အချိန်အတော်ကြာသည်အထိ လီတိုဂရပ်ဖီ ပရောဂျက်ဆိုသည်မှာ သူ၏ အလွန်အင်မတန် လျှို့ဝှက်သည့် ပရောဂျက်တစ်ခု ဖြစ်ခဲ့သည်။ သူ ဒါရိုက်တာရှန်းကိုလည်း ကောင်းမွန်စွာ လျှို့ဝှက် ကာကွယ်ပေးထားပြီး လင်းယွင်အုပ်စုတွင် အလုပ်လုပ်နေသည်ဆိုတာကို မည်သူမျှ မသိကြချေ။

သူ ကျရောက်လာတော့မည့် အန္တရာယ် အရိပ်အယောင် ရေးတေးတေးလေးကို ခံစားရနေသည်။

သို့သော် မည်သည်က မှားယွင်းနေလဲဆိုတာကို သူ မပြောနိုင် ဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူသည် မည်သို့သော အာနည်းချက်ကိုမျှ လှစ်ဟာမပြမိခဲ့ချေ။

ကံဆိုးစွာဖြင့် တစ်ဖက်သူ၏ ဆက်ရွေ့လာမည့် ရွေ့ကွက်ကို လင်းရီ မမှန်းဆနိုင်ခဲ့ချေ။

ယခင်က မစ်ဆူမိသားစုသည် သူတို့၏ အာရုံများအားလုံးကို သူ့အပေါ်တွင်သာ စုပြုံထားခဲ့၏။

ယခု သူတို့၏ မျက်လုံးများက ဒါရိုက်တာရှန်းအပေါ် ကျရောက်လို့လာခဲ့ပြီး သူတို့ ဘာလုပ်ချင်နေမှန်း လင်းရီ မသိတော့ချေ။

“ စွန်းကြီး… ငါ တစ်ခု တွေးမိလို့… ယာမာဇူကီ မစ်ဆူ ဆိုတဲ့လူကို စုံစမ်းစမ်းပါ… ငါ သူနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ် လိုချင်တယ်…”

“ နားလည်ပါပြီ ဥက္ကဌလင်း… ကျုပ် ခုပဲ စုံစမ်းလိုက်ပါ့မယ်…”

ကလင် ကလင် ကလင်….

သူတို့ စကားပြောနေစဉ်မှာပဲ ရှန်းထျန်းကျိုး၏ ဖုန်းသံ မြည်လာခဲ့၏။ ယင်းက အမည်မသိ နံပါတ် တစ်ခုပင်။

“ ဟယ်လို ဒါရိုက်တာရှန်း… ကျုပ်က ယာမာဇူကီ မစ်ဆူပါ… ကျုပ် ဘယ်သူဆိုတာ ခင်များသိမယ်လို့ ထင်ပါတယ်…”

ရှန်းထျန်းကျိုး၏ အမူအရာ ပြောင်းလဲသွားခဲ့ပြီး မတ်တပ်ရပ်လျက် “ မင်း ဘယ်သူဆိုတာ ငါသိတယ်… ဒါပေမယ့် ငါတို့နှစ်ယောက်မှာ ပြောစရာ စကားဆိုတာ မရှိဘူး… ဖြစ်ချင်တော့ ငါ့ သူဌေးကလည်း ဘေးမှာဆိုတော့ မင်း သူနဲ့ စကားပြောလိုက်..”

ပြောပြီးနောက် ရှန်းထျန်းကျိုး လင်းရီကို ပါးစပ်လှုပ်ပြလိုက်၏။

သူ ယာမာဇူကီ မစ်ဆူဟူသော လူနှင့် ဖုန်းပြောနေသည်ဟု အချက်ပြုလိုက်သည်။

“ မင်းတို့ကောင်တွေက ငါ လင်းရီဆီကနေ လူတစ်ယောက်ကို သိမ်းသွင်းဖို့ ကြိုးစားနေကြတယ်ဆိုတာ ယုံတောင် မယုံချင်နိုင်စရာပဲ… ကမ္ဘာ့ စီးပွားရေး အုပ်စုကြီး ဆိုတဲ့ အတိုင်း မင်းတို့မှာ တကယ်လည်း အရည်အချင်း ရှိနေတာပဲ….”

အချိန်အကြာကြီး တိတ်ဆိတ်သွားခဲ့ပြီးနောက် ယာမာဇူကီ မစ်ဆူမှ “ ဘယ်လိုတောင် တိုက်ဆိုင်ထားလဲ… ငါလည်း မင်းနဲ့ ပက်ပင်းတိုးမယ် ထင်မထားဘူး.. ကြည့်ရတာတော့ ငါ့အစီအစဉ်က ကျရှုံးသွားပြီနဲ့ တူတယ်…”

“ ငါ ဒီလိုမျိုး ထပ်ဖြစ်တာ မလိုချင်ဘူး… ငါဘယ်လိုလူစားမျိုးလဲဆိုတာ မင်း တူမကောင်းကောင်းသိတယ်… ငါ့ကို ဒေါသထွက်အောင် လာမဆွနဲ့… ဆွရင် ဘယ်သူ့အတွက်မှ ကောင်းကျိုးဖြစ်မှာ မဟုတ်ဘူး…”

“ မစ္စတာလင်း…. မင်းက ဟွာရှမှာ လွှမ်းမိုးမှု တော်တော်ရှိမှန်း ငါသိတယ်… ဒါပေမယ့် မစ်ဆူ မိသားစုကိုလည်း အထင်မသေးလိုက်ပါနဲ့…” ယာမာဇူကီ မစ်ဆူမှ မော်ကြွားခြင်းလည်း မရှိ၊ နိမ့်ချခြင်းလည်း မရှိသော လေသံဖြင့် ပြောလိုက်သည်။ “ ဘယ်သူကမှ အနန္တတန်ခိုးရှင်တွေ မဟုတ်ကြဘူး.. အဲ့ထဲမှာ မင်းလည်း ပါတယ်.. ဒီတော့ သွေးကြီးမနေနဲ့… ငါတို့ မစ်ဆူ မိသားစုက မင်းထင်သလောက် အားနည်းမနေဘူး…”

“ မင်း လေသံ နားထောင်ကြည့်ရသလောက်ဆိုရင် ဒါရိုက်တာရှန်းကို လက်လျှော့မယ့် အစီအစဉ် ရှိမယ့်ပုံ မပေါ်ဘူး… ဟုတ်လား…”

“ ဘယ်နားကသာ… ငါတို့တွေက လောဘမကြီးတတ်ပါဘူး… ဒေါက်တာရှန်းအပြင် မင်းကလည်း ငါတို့ရဲ့ ပစ်မှတ်ထဲမှာပါတယ်…” ယာမာဇူကီမစ်ဆူမှ ပြောလိုက်ပြီး “ ငါတို့ တောင်းဆိုချက်က ရှင်းရှင်းလေးရယ်… မင်း ဒါမှမဟုတ် ဒါရိုက်တာရှန်း တစ်ယောက်ယောက်က ငါတို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးနိုင်သရွေ့ အဆင်ပြေတယ်… မစ္စတာလင်း… မင်း ဒါကို အချိန်ယူပြီး စဉ်းစားပါ…”

“ ဟက်…”

လင်းရီ ရယ်ချင်စရာ ကောင်းသည်ဟု ခံစားလိုက်ရပြီး “ မင်း စိတ်ထဲမှာ ပြက်လုံးတွေချည်း ဘယ်လိုထုတ်ရမလဲ တွေးမနေနဲ့… မင်းက ငါ့ကို ခြိမ်းခြောက်ချင်နေတယ်… ဒါကိုမှ လက်ဗလာနဲ့ …”

“ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ… တစ်စုံတစ်ခုကို လိုချင်ရင် တစ်စုံတစ်ခုကို အရင်ပေးဆပ်ရမယ်… ငါတို့က ရူးမိုက်တာတွေ မလုပ်ဘူး..” ယာမာဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ ငါ ခဏနေကျရင် ဒေါက်တာရှန်းရဲ့ ဖုန်းထဲ မေးလ်ပို့လိုက်မယ်… အဲ့တာဖတ်ပြီးတဲ့အချိန်ကျရင် ငါတို့တွေ ရှေ့ဆက် ဆွေးနွေးကြတာပေါ့ မစ္စတာလင်း…”

လင်းရီ မျက်လုံးကျဉ်းမြောင်းသွားခဲ့ပြီး မကောင်းသည့် ခံစားချက်တို့ ရင်ထဲ လှိုင်တက်လာသည်။

“ ကောင်းပြီလေ…”

“ မစ္စတာလင်း… ကျေးဇူးပြုပြီး ခဏလောက်လေးပဲစောင့်… ငါမင်းကို ဆယ်မိနစ် အတွင်း ဖုန်းပြန်ခေါ်လာမယ်… အဲ့ခါကျရင် မင်းရဲ့ စိတ်လည်း ပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်..”

ပြောပြီးနောက် ယာမာဇူကီ မစ်ဆူမှ ဖုန်းချသွားခဲ့လေသည်။ တခြားမည်သည်ကိုမျှ သူ မပြောသွားခဲ့ချေ။

အခန်းသည်လည်း ပကတိ တိတ်ဆိတ်သွားခဲ့တော့၏။

“ ဒီ သောက်ငပုတွေ ဘာတွေလုပ်မှန်း မသိဘူး…” စွန်းဖုယွီ ကျိန်ဆဲလိုက်ပြီး “ သေစမ်း… ပါးသာ သွားဖြတ်ရိုက်ချင်တော့တယ်…”

“ ဒါရိုက်တာ … စိတ်လျှော့ပါဦး….” လုရင်း ဖြောင်းဖြရန် ကြိုးစာလိုက်၏။

မိနစ် အနည်းငယ် ကြာပြီးနောက် ရှန်းထျန်းကျိုးဖုန်းထဲသို့ မေးလ်တစ်စောင် ရောက်ရှိလာသည်။

ဤ အီးမေးက လေးယောက်သားကို သတိဝင်သွားစေခဲ့သည်။ ဘာကြောင့်လဲဆိုတော့ ဤသည်က မစ်ဆူမိသားစု၏ လင်းရီကို စိန်ခေါ်ဝံ့နေသည့် ဝှက်ဖဲ တစ်ချပ်ဖြစ်ဖို့ များနေသောကြောင့်ပင်။

လင်းရီကတော့ များများ စဉ်းစားမနေချေ။ သူ အေးစက်စက် မျက်နှာထားနှင့် ဖုန်းထဲရှိ မေးလ်ကို ဖွင့်ဖတ်လိုက်၏။

သို့သော်……

သူတို့ ပါဝင်သည့် အကြောင်းအရာများကို ဖတ်ရှုမိသည့် အချိန်တွင်တော့ လေးယောက်လုံး၏ အမူအရာမှာ ရုတ်ချည်း အေးခဲသွားခဲ့တော့သည်။ သူတို့၏ ခန္ဓကိုယ်သည်လည်း အေးခဲတောင့်တင်းသွားပုံရ၏။

ပဲစေ့ခန့်မျှ ရှိမည့် ချွေးအေးတို့မှာ စွန်းဖုယွီနှင့် လုရင်းတို့၏ နဖူးထက်မှ ချက်ချင်း စီးကျလာခဲ့တော့သည်။ သို့သော် သူတို့၏ စိတ်အခြေအနေတစ်ခုလုံးမှာတော့ ရေခဲနှင့် နှင်းများ ပြည့်နှက်နေသည့် ကမ္ဘာကြီးထဲ ကျရောက်နေသကဲ့သို့ ရှိလေသည်။

အဘယ်ကြောင့်ဆိုသော် အီးမေးထဲ ပါဝင်သည့် အကြောင်းအရာများက လီတိုဂရပ်ဖီစက် နည်းပညာ၏ မူပိုင်ခွင့် ဖြစ်နေသောကြောင့်ပင်။

၎င်း ပရောဂျက်၏ အောင်မြင်မှု ရလဒ်၊ စမ်းသပ်ချက်များအားလုံးသည် စာရွက်အတွင်းတွင် အစအဆုံး တစ်ခုမကျန် တည်ရှိနေသည်။

အစိတ်အပိုင်းတစ်ခုချင်းစီ၏ စမ်းသပ်မှု ရလဒ်သည်ပင် ပါဝင်နေခဲ့သည်။

သို့သော် ယခု ထိုအရာများက တစ်နည်းတစ်ဖုံဖြင့် မစ်ဆူမိသားစု လက်တွင်းသို့ ကျရောက်သွားခဲ့လေသည်။

ထို့ထက်ပိုသည်က မူပုင်ခွင့် တစ်ခုချင်းစီတိုင်းကို မစ်ဆူမိသားစု၏ နာမည်ဖြင့် ရေးထိုးထားခြင်းပင်။

All Chapters