← Chapters

အတွင်း သူလျှို ထွက်ပေါ်လာပြီ

Vol. 85 Ch. 1273

အတွင်း သူလျှို ထွက်ပေါ်လာပြီ

Vol. 85 Ch. 1273

“ ဘယ်လို… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

လုရင်း ကယောင်ကတမ်း မြည်တမ်းမိသွားခဲ့ပြီး “ လီတိုဂရပ်ဖီစက်အတွက် အသုံးပြုတဲ့ ဓာတ်ခွဲခန်းက လုံးဝ လျှို့ဝှက်ထားတာလေ.. ပြီးတော့ မစ်လျန်ကတောင် လက်နက်နဲ့ စစ်သားကင်းစောင့်တစ်ချို့ စီစဉ်ထားပေးသေးတယ်… အကုန်လုံးကလည်း လျှို့ဝှက် သဘောတူညီချက်တွေ ရေးထိုးထားပြီးသား… ဒီလိုမျိုးတွေ ဘယ်လိုမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိဘူး…”

သူတို့ သုံးယောက်ထဲတွင် စွန်းဖုယွီသည်က မိုဘိုင်းဖုန်း စီးပွားရေး အတွက် တာဝန်ယူထားသည့်လူပင်။

ထို့ကြောင့် ဤသည်က သူနှင့် သက်ဆိုင်ခြင်း မရှိချေ။

သို့သော်လည်း သူမနှင့် ဒါရိုက်တာရှန်းမှာတော့ ဤပရောဂျက်အတွက် အမြဲတမ်း တာဝန်ယူထားရသူများ ဖြစ်၏။

ယခုလို ကိစ္စမျိုး ဖြစ်ပျက်လာသည်တွင် နှစ်ယောက်လုံးမှာ မိမိကိုယ်ကို အပြစ်တင်ခြင်း နွံထဲမှ ရုန်းထွက်နိုင်ခဲ့ခြင်း မရှိချေ။

လုရင်းဆို ပိုလို့ပင် လက်မခံနိုင်ချေ။ သူမ၏ ဖြူစင်မှုကို သက်သေပြရန်အတွက် ကိုယ့်ကိုယ်ကို အဆုံးစီရင်ဖို့အထိပင် စိတ်က တွေးထားနေပြီဖြစ်သည်။

“ ဥက္ကဌလင်း……”

ရှန်းထျန်းကျိုးသည်လည်း ကြက်သေသေသွားခဲ့ပြီး ဘာပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့တော့၏။

ဤသည်က သူ့အဖို့ လက်ဆပြင်းသည့် ဧရာမ ထိုးနှက်ချက်ကြီးပင်။

တစ်နှစ်ကျော်ကြာအောင် အချိန်ယူပြီး ၊ ရာနှင့်ချီသည့် သုတေသီတို့အား ငှားရမ်း ခေါ်ယူပြီး ၊ ယွမ်ဘီယမ် ရာချီကို ပေါပေါသီသီ အသုံးပြုပြီး…

ယခုလို အောင်မြင်မှု အသီးအပွင့်ကို ဆွတ်ခူးရတော့မည့် အချိန်တွင်မှ အရာအားလုံးသည် သဲထဲရေသွန် ဖြစ်ရချေပြီလော။

“ ဘာမှ ပြောနေစရာ မလိုဘူး… ကျုပ် ခင်များတို့ အကုန်လုံးကို ယုံတယ်…” လင်းရီ တည်ငြိမ်စွာ ပြောသည်။

“ အူးဝါး…..”

လုရင်း မနေနိုင်ပဲ အော်ငိုတော့၏။ အနှီ အိုင်ကျူမြင့်ပြီး အီးကျူနိမ့်သည့် အမျိုးသမီး သုတေသီလေးမှာ ယခုလို အခိုက်အတန့်တွင် သူမ၏ မျက်ရည်များကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာခဲ့ချေ။

“ အရင်ကလည်း တစ်ခေါက် ဖြစ်ခဲ့ပြီးပြီ.. ခုလည်း ထပ်ဖြစ်ပြန်ပြီ… ဥက္ကဌလင်း… ကျွန်မရှင့်ကို စိတ်ပျက်စေမိပြီ…..”

လင်းရီ အသက်ပြင်းပြင်း ရှိုက်သွင်းလိုက်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

အကယ်၍ သူကမှ စိတ်ခံစားချက်များကို ထိန်းချုပ်မထားနိုင်ဘူးဆိုပါက အခြားသူများ၏ ခံစားချက်သည်လည်း တာကျိုးပေါက်သည့်နှယ် ဘေးသင့်ကုန်လိမ့်မည်။

“ မင်းတို့က သိပ္ပံ သုတေသနနယ်ပယ်မှာပဲ အချိန်ကုန်နေကြတာဆိုတော့ စီးပွားရေး လောကက ယုတ်မာကောက်ကျစ်မှုတွေကို ကြုံဖူးကြမှာ မဟုတ်ဘူး… ဒီလို ဖြစ်တာ မင်းတို့ကြောင့်မဟုတ်ဘူး… ငါ့ကြောင့်ပါပဲ…”

“ ငါကတော့ ရှောင်လုလေးနဲ့ မတူဘူး…”

ရှန်းထျန်းကျိုး သက်ပြင်းချလျက်ပြော၏။ သူ၏ အရွယ်သည် ဆယ်နှစ်တာမျှ ပို၍ အိုစာသွားသည့်နှယ်ပင်။

“ ငါအရင်က မိုက်ခရိုဆော့ဖ်မှာ လုပ်ခဲ့ဖူးတယ်… ပြီးတော့ ငါက ဓာတ်ခွဲခန်း လုံခြုံရေးရဲ့ ခေါင်းဆောင် တစ်ယောက်လည်း ဖြစ်နေတယ်… ဘယ်ရှုထောင့်ကပဲ ကြည့်ကြည့် ငါက ဒီကိစ္စမှာ အပြည့်အဝ တာဝန်ခံရမယ့်သူ….”

ရှန်းထျန်းကျိုး သူ၏ စိတ်ခံစားချက်တို့အား မထိန်းချုပ်နိုင်ချေ။

ဤနှစ်များတွင် သူ၏ နှလုံးသွေးနှင့် စိတ်ဝိဉာဏ်(စိတ်ရောကိုယ်ပါ)တို့ကို လီတိုဂရပ်ဖီစက်အတွင်းသို့ နစ်မြုပ်ထားခဲ့သည်။

သူ့အဖို့… ဤပရောဂျက်က သူချစ်ရသည့် ကလေး၊ ယုယရသည့် မြေးလေးသဖွယ်ပင်။ ယခု တစ်စုံတစ်ယောက်က ရုတ်တရက် ခိုးယူသွားခဲ့တော့ သူ မည်သို့မျှ လက်ခံနိုင်ခြင်း မရှိချေ။

“ ငါ မင်းရဲ့ ယုံကြည်မှုကို သစ္စာဖောက်ပြီး ပရောဂျက်ကို သေချာ မကိုင်တွယ်မိခဲ့ဘူး… ငါ မင်းကို စိတ်ပျက်စေမိပြီ..”

သူ တစိမ့်စိမ့် တွေးလေလေ ခံစားချက်တို့ ပေါက်ကွဲထွက်လာလေဖြစ်၏။ လင်းရီ ဤပရောဂျက်ကို မည်မျှ တန်ဖိုးထားကြောင်း သူ ကောင်းစွာ သိသည်။

ထိုအရာအတွက် အကန့်အသတ်မဲ့သည့် စိတ်ရှည်မှု၊ ငွေကြေးအရင်းအမြစ်၊ ပစ္စည်းအရင်းအမြစ်တို့အား လိုလေသေးမရှိရအောင် အားသွန်ခွန်စိုက် ကြိုးပမ်းပေးခဲ့သည်။ ဤပရောဂျက်အတွက် သူ့မှာ တက်ခဲ့ရသည့် ပြဿာနာများကလည်း သေးသေးမွှားမွှားလေးများ မဟုတ်ကြချေ။ အရာအားလုံး ပေးဆပ်ခဲ့ပြီးကာမှ ယခုလို အဆုံးသတ်မျိုးနှင့် လာကြုံနေရ၏။

“ ဒါရိုက်တာရှန်း ….. “ လင်းရီ အတန်ငယ် ရပ်တန့်၍ “ ဒီကိစ္စမှာ ခင်များ အပြစ် မပါဘူး… သတ္တဝါ မှန်သမျှဟာ အမှားနဲ့ မကင်းကြဘူး… ခင်များကိုယ်ခင်များ အပြစ်တင်မနေပါနဲ့… ဒီကိစ္စက ကြည့်လိုက်တာနဲ့တင် ဟိုး အချိန်အကြာကြီးကတည်းက အစီအစဉ်ချထားခဲ့မှန်း သိသာတယ်… ဒါကို ကျုပ်တောင် သတိမထားမိခဲ့ဘူး…”

“ ပြီးတော့ ခုချိန်က ဒီအကြောင်းတွေ ပြောနေရမယ့် အချိန်မဟုတ်သေးဘူး… ကျုပ်တို့မှာ အခွင့်အရေး ရှိရင် ရှိလောက်သေးတယ်… စီးပွားရေးလောကဆိုတာ ဒီလိုပါပဲ… နေသားကျအောင်သာ ကြိုးစား…”

ကလင် ကလင် ကလင်….

ထိုအခိုက်အတန့်တွင် သူ့အိတ်ကပ်ထဲရှိ ဖုန်းသံ မြည်လာခဲ့၏။ ယင်းက ယာမာဇူကီ မစ်ဆူ ထံမှပင်။

ဖုန်းကိုကိုင်ရင်း လင်းရီ၏ အမူအရာသည် အတော်လေးကို နက်မှောင်နေသည်။ သို့သော် သူ စပီကာတော့ ဖွင့်ပြီး မပြောခဲ့ချေ။

“ ငါ ပို့လိုက်တဲ့ အီးမေးကို ခုချိန်လောက်ဆို ကောင်းကောင်းကြီး ဖတ်ပြီးလောက်ရောပေါ့.. ဟုတ်တယ်မလား မစ္စတာလင်း…”

“ တကယ့်ကို ပြောင်မြောက်တဲ့ ရွေ့ကွက်ပါပဲ… “

“ မစ္စတာလင်းဆီကနေ ချီးမွမ်းခံရတာ ဂုဏ်ယူလို့ မဆုံးမိပါဘူး.. ဟဲဟဲ….” ယာမာဇူကီမှ ဘဝင်ခိုက်သံစွက်၍ “ ဆိုတော့ စဉ်းစားပြီးသွာပြီလား… မစ္စတာလင်း… ဒါမှမဟုတ် ဒေါက်တာရှန်းကသာ ငါတို့နဲ့ ပူးပေါင်းပေးဖို့ ဆန္ဒရှိမယ်ဆိုရင် ဒီ ကိစ္စကို ဖျောက်ထားပေးမယ်… ဒီအရာက လင်းယွင်အုပ်စုရဲ့ ပြောင်မြောက်တဲ့ မာစတာပိ တစ်ခုပဲလေ… တကယ်လို့ ဆန္ဒမရှိဘူးဆိုရင်တော့ နောက်ဆက်လုပ်မယ့် အရာတွေအတွက် ကြိုပြီး တောင်းပန်ထားရတော့မှာပဲ…”

“ မင်း ဒီလိုပြောလိုက်တာက ငါ့ကို အထင်သေးလိုက်တာပဲ…” လင်းရီ ပြုံးလိုက်ပြီး “ တကယ်လို့ ဒီလို ခြိမ်းခြောက်မှုတွေကိုသာ ကြောက်တတ်နေခဲ့ရင် ငါ့နာမည် လင်းရီ မဟုတ်တော့ဘူး…”

“ လေးစားဖို့ ကောင်းလိုက်တာ… အဲ့လိုဆိုမှတော့ ငါလည်း ပြောစရာ မရှိတော့ဘူး… မင်း အခု ချခဲ့တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရဖို့ မျှော်လင့်ပါတယ်… ဒါက မင်းရဲ့ ကံကြမ္မာ အလှည့်အပြောင်းတစ်ခု ဖြစ်လာစေရမယ်…”

“ ဟားဟား….” လင်းရီ နှာရှုံ့၍ “ ငါ ဒေါသမထွက်ခင် ဓာတ်ခွဲခန်းထဲ ထည့်ထားတဲ့နယ်ရုပ် ဘယ်သူဆိုတာ ပြောလိုက်… မဟုတ်ရင် မင်း အကျိုးဆက်တွေကို လက်ခံဖို့ ပြင်ထားလိုက်တော့…”

“ မစ္စတာလင်း… မထင်ရဘူးနော်… မင်းလည်း ဟာသတွေ တော်တော်ပြောတတ်တယ်… စီးပွားရေး လုပ်တဲ့ နေရာမှာ ရိုးသားမှုနဲ့ သစ္စာရှိမှုဆိုတာ အရေးကြီးဆုံးပဲ… ငါက ဘာလို့ ပြောပြရမှာ… မင်း တအား စိတ်ကူးယဉ်လွန်းနေပြီ…” ယာမာဇူကီ ပြောလိုက်ပြီး “ ဒါပေမယ့် အခြေအနေတစ်ခုတော့ ရှိတယ်… ငါတို့နဲ့ ပူးပေါင်းချင်တဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ ဘယ်သူဆိုတာ ပြောပြပေးလိုက်မယ်…”

“ စိတ်ကူးယဉ်မနေနဲ့…”

“ ဒါဆိုလည်း စကားဝိုင်းကို ဒီမှာတင် အဆုံးသတ်လိုက်ကြတာပေါ့… “ ယာမာဇူကီ မစ်ဆူမှ ပြောလိုက်ပြီး “ ကံကောင်းပါစေ…. မစ္စတာလင်း… ဟားဟားဟား……….”

ဖုန်းချပြီးနောက် အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။

လင်းရီ ခေါင်းကို လက်တစ်ဖက်ဖြင့်ထောက်လျက် ဤကိစ္စ၏ အတွင်းနှင့် အပြင်ကို အပြန်ပြန်အလှန်လှန် ဝေဖန် သုံးသပ်နေခဲ့၏။

အကုန်လုံးကလည်း သူ့အား ငေးကြည့်နေကြပြီး ရှေ့ဆက်မည့် သူ၏ အစီအစဉ်ကို စောင့်မျှော်နေလေသည်။

မိနစ်ဝက်လောက် ကြာတော့ လင်းရီ လျန်ရူရွယ်ထံ ဖုန်းခေါ်လိုက်၏။

“ ဘာကိစ္စလဲ… နင် ကျိုးဟိုင်ပြန်လာပြီလား…”လျန်ရူရွှယ်၏ အသံ ထွက်ပေါ်လာသည်။

“ လီတိုဂရပ်ဖီစက် လုပ်တဲ့ ဓာတ်ခွဲခန်းကို လူအင်အားအပြည့်နဲ့ ဝိုင်းထားလိုက်… တစ်ယောက်မှ အပြင်မထွက်စေနဲ့…”

“ ဟင်…. ဘာဖြစ်လို့လဲ…”

လီတိုဂရပ်ဖီစက် ပါဝင်နေသည့် ကိစ္စဆိုတော့ လျန်ရူရွှယ်၏ နှလုံးသားလေး တင်းကြပ်သွားခဲ့ရသည်။

ဤသည်က လင်းယွင်အုပ်စု၏ မဏ္ဍိုင်နှင့် အလျှို့ဝှက်ဆုံးသော ပရောဂျက်တစ်ခုလည်း ဖြစ်လေသည်။

“ မမေးသေးနဲ့ဦး… ငါနောက်မှ ရှင်းပြမယ်… ခုတော့ အဲ့အတိုင်း လုပ်ထားပေး….”

“ အင်း.. ငါ အခု စီစဉ်လိုက်မယ်….”

လျန်ရူရွှယ်နှင့် ဖုန်းပြောပြီးနောက် လင်းရီ လုရင်းကို ကြည့်၍ “ ဓာတ်ခွဲခန်းကို အခု ဖုန်းဆက်ပြီး ဘယ်သူတွေ ပျောက်နေလဲ မေးလိုက်.. မြန်လေ ကောင်းလေပဲ…”

ယခုက မွန်းလွဲ လေးနာရီ အချိန်ဖြစ်ပြီး အလုပ်ဆင်းရန် အချိန်မကျသေးချေ။ ထို့ပြင် ဓာတ်ခွဲခန်းရှိ လူများက အချိန်ပိုဆင်းရသည်က များလေသည်။ ပုံမှန်ဆိုပါက ယခုအချိန်တွင် ဓာတ်ခွဲခန်း၌သာ ရှိနေသင့်သည်။

“ အိုကေ…”

လင်းရီ ရှန်းထျန်းကျိုး၏ ဆေးလိပ်ဘူးကို ယူ၍ သုံးလေးလိပ်မျှ ငြိမ်သက်စွာ သောက်လိုက်သည်။

အလိုက်သိသည့် စွန်းဖုယွီသည်လည်း ဟိုတယ် ကောင်တာသို့ ဖုန်းဆက်၍ ဆေးလိပ် ဆယ်ဘူးမျှ လှမ်းတောင်းလိုက်၏။ သို့မှသာ အဆက်မပြတ်သွားပေမည်။

အချိန် တစ်နာရီ နီးပါးမျှ ကုန်ဆုံးသွားခဲ့သည်။

“ ဥက္ကဌလင်း… လူငါးယောက် မရှိနေပါဘူး…” လုရင်း ပြောလိုက်ပြီး “ အယ်ဘာကန်က အမေရိကားကို ပြန်သွားခဲ့ပါတယ်.. သူ့မိန်းမ မီးဖွားဖို့ ရှိတာကြောင့် တစ်ပတ် ခွင့်ယူသွားပါတယ်.. သူထွက်သွားတာ လေးရက်ရှိပါပြီ…”

“ ဖရစ် နဲ့ လျိုဝန်လုကတော့ နေမကောင်းလို့ဆိုပြီး မနေ့က ခွင့်တိုင်ထားပါတယ်..”

“ ရဲ့လီနာကတော့ ရုရှားမှာပါ… ဒါရိုက်တာရှန်းက သူ့ကို စေလွှတ်လိုက်တာဆိုတော့ မကြာခင်မှာ ရရှားက ကုန်ပစ္စည်းတစ်သုတ် ဆိုက်ကပ်ဖို့ ရှိပါတယ်… “

“ ချိုးရွှီချိန်ကတော့ ဆွေမျိုးရဲ့ ဈာပနာရှိလို့ ခွင့်တစ်ပတ် တင်ထားပါတယ်… သူ ထွက်သွားခဲ့တာ နှစ်ရက်ရှိပါပြီ… လောလောဆယ် ဒီ ငါးယောက်ပဲ ဓာတ်ခွဲခန်းထဲ ရှိမနေတာပါ ဘော့စ်…”

“ ချိုးရွှီချိန်….”

လင်းရီ ရှေ့လေးယောက်ကို သိပင်မသိချေ။

သို့သော် သူ ချိုးရွှီချိန်ကိုတော့ စိတ်ထဲတွင် ကောင်းကောင်း သိနေသည်။

ထိုငနဲက ဟော်ယွမ်ယွမ်၏ ငယ်ချစ်ဟောင်းပင်။

ရုတ်တရက်ဆိုသလို လင်းရီ တစ်စုံတစ်ရာကို ပြေးသွားပြီး သတိရမိ၏။

လွန်ခဲ့သည့် လအနည်းငယ်ခန့်က သူ, သူယောင်နှင့် သူငယ်ချင်း တစ်သိုက်ကို ပြန်လည်လေ့ကျင့်ခန်း ပြုရန်အတွက် စာအုပ်ဆိုင်သို့ လိုက်ပို့ပေးဖူး၏။ ထိုစဉ်က ချိုးရွှီချိန်မှာ စာအုပ်ဆိုင်တွင် အင်္ဂလိပ်နှင့် ဂျပန် စကားပြောစာအုပ်များ ဝယ်ယူနေသည်ကို မြင်တွေ့ခဲ့ရလေသည်။

ထိုအချိန်တုန်းက သူ အာရုံသိပ်မထားခဲ့သော်လည်းပဲ ယခု ပြန်တွေးကြည့်လိုက်တော့ သိပ်ကို သံသယ ဝင်ဖို့ ကောင်းနေတော့သည်။

“ ဒီလူ ငါးယောက်ဆီ ဖုန်းဆက်ကြည့်ပြီး ဘာဖြစ်နေလဲ မေးကြည့်လိုက်… သူတို့ရဲ့ အလီဘိုင်တွေက မှန်မမှန် ငါသိချင်တယ်…” လင်းရီ လေးနက်စွာ ပြောသည်။

“ ခုချက်ချင်း ခေါ်လိုက်မယ်…”

လင်းရီ ညွှန်ကြားသည့်အတိုင်း လုရင်း အဖွဲ့ဝင်ငါးယောက်ထံသို့ ဖုန်းဆက်လှမ်းမေးကြည့်၏။

သို့သော် လေးယောက်သာလျှင် ဖုန်းကိုင်ပြီး သူတို့၏ လက်ရှိ အခြေအနေနှင့် ကိုက်ညီမှုရှိကြောင်းကို အတည်ပြုပေးနိုင်သည်။

ချိုးရွှီချိန် တစ်ယောက်တည်းသာ အဆက်အသွယ် ပြတ်တောက်နေခြင်းပင်။

သူက အတွင်းသူလျှိုပါဟူ၍ လက်ဆုပ်လက်ကိုင် ပြနိုင်သည့် သက်သေ အထောက်အထား မရှိသေးသော်လည်း လေးယောက်လုံးကတော့ စိတ်ထင့်နေမိကြ၏။

အနှီ ချိုးရွှီချိန် ဆိုသူက သံသယဝင်ဖို့ အကောင်းဆုံးပင်…

All Chapters