← Chapters

အဖေနှင့် သမီးတို့ရဲ့ စကားဝိုင်း

Vol. 85 Ch. 1275

အဖေနှင့် သမီးတို့ရဲ့ စကားဝိုင်း

Vol. 85 Ch. 1275

ဟော်ယွမ်ယွမ်ဖြစ်နေသည်ကို မြင်တော့ လင်းရီ မကိုင်မီ စက္ကန့်အနည်းငယ်လောက် ကြာအောင် တုံ့ဆိုင်းသွားခဲ့သည်။

“ ရှင် ဘယ်မှာလဲ…”

“ ရန်ကျင်းမှာ ….”

“ လီတိုဂရပ်ဖီစက်ရဲ့ ရလဒ်တွေ အခိုးခံလိုက်ရတာလား…”

ဤသည်က ဟော်ယွမ်ယွမ်၏ ပထမဆုံးအကြိမ် လင်းရီကို ဤသို့ ယဉ်ယဉ်ကျေးကျေး လေသံလေးဖြင့် စကားပြောဆိုခြင်းပင်။

“ အင်း…”

“ ဘယ်သူလုပ်လဲ ရှာတွေ့ပြီလား…”

“ မတွေ့သေးဘူး…” လင်းရီ အမှန်အတိုင်း ပြောလိုက်၏။

“ ရှင့် စိတ်ထဲ သံသယ ရှိတဲ့လူ ရှိလား… ချိုးရွှီချိန်မလား…”

“ သူလို့ မင်းထင်တယ်ပေါ့….”

“ ဖြစ်ဖြစ်ချင်း ကျွန်မ သူ့ဆီ ဖုန်းဆက်ကြည့်တာ သူ မကိုင်ဘူး….”

“ ငါလည်း သူလို့ သံသယတော့ ရှိတယ်… လက်ဆုပ်လက်ကိုင် ပြစရာ သက်သေတော့ မရှိဘူး..”

ဖုန်းတစ်ဖက်ခြမ်းတွင် ဟော်ယွမ်ယွမ်သည် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေပြီးတော့မှ “ တောင်းပန်ပါတယ်… ကျွန်မ အဲ့တုန်းက တစ်ခါတည်း ထုတ်ခဲ့လိုက်သင့်တာ….”

“ ဒါမင်းနဲ့ ဘာမှမဆိုင်ဘူး….. အပြစ်ရှိတယ်လို့ ခံစားမနေနဲ့….”

“ ရှင် ကျွန်မကို နှစ်သိမ့်ပေးစရာ မလိုဘူး… ကျွန်မ ဒီကိစ္စမှာ တာဝန်ရှိတာပဲ…” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ရှင် ဘာလို့ ကျွန်မကို မကြိမ်းမောင်းလဲ… ကျွန်မ ကျိန်းသေပေါက် ပြန်ခံပြီး မပြောပါဘူး…”

“ ငါ့ကို ပေါက်တတ်ကရတွေ လာမပြောနဲ့… ငါအခု အလုပ်ရှုပ်နေတယ်.. မင်းနဲ့ အာရုံစားဖို့ အချိန်မရှိသေးဘူး…” လင်းရီ ပြောလိုက်ပြီး “ ခု အခြေအနေက နည်းနည်းလေး ပရမ်းပတာ ဖြစ်နေတယ်… ချီကြီးနဲ့ ကုမ္ပဏီကို သေချာလေး စောင့်ကြည့်ထား ဟုတ်ပြီလား…”

“ နားလည်ပြီ….”

ဖုန်းချပြီးနောက် ကျီချင်းရန်သည်လည်း ဆက်သွယ်လာခဲ့သည်။

လင်းရီလည်း သူမကို အကြမ်းဖျင်း ရှင်းပြပြီးနောက် ဖုန်းပြန်ချလိုက်၏။

နောက် နာရီအနည်းငယ်အထိ လင်းရီ၏ ဖုန်းမှာ မြည်သံမရပ်တော့ချေ။

ဖုန်းခေါ်လာသည်ပဲ ဖြစ်စေ၊ ဝီချက်မက်ဆေ့ချ် ပို့လာသည်ပဲ ဖြစ်စေ လင်းရီ ဂရုစိုက်နေခြင်း မရှိတော့ချေ။ မဟုတ်ပါက သူ စိတ်အနှောင့်အယှက် ဖြစ်လွန်း၍ သေချင်စိတ်များ ပေါက်သွားနိုင်လေသည်။

ညနေ ရှစ်နာရီထိုးတော့ လျိုဟုန်မှ လင်းရီထံ ဖုန်းဆက်လာခဲ့၏။ ဓာတ်ခွဲခန်းတွင် မရှိသည့် လူတိုင်း၏ တည်နေရာကို သူ ရှာတွေ့သွားခဲ့လေပြီ။ ထို့ပြင် တည်နေရာ အတည်အကျကိုပါ တစ်ခါတည်း ရေးမှတ်ထားသည်။

လုရင်းပြောသည့်အတိုင်း ချိုးရွှီချိန် တစ်ယောက်တည်း သာလျှင် ခြေရာလက်ရာမကျန်ဘဲ ပျောက်ဆုံးနေခြင်းပင်။

ရှင်းလင်းတိကျသည့် သက်သေအထောက်အထားများ မရှိသေးသော်လည်း ဓာတ်ခွဲခန်းထဲရှိ သူလျှိုက သူသာ ဖြစ်လိမ့်မည်လို့ လင်းရီ ခန့်မှန်းလိုက်၏။

ဤသည်ကို တွေးမိတော့ လင်းရီတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

မစ်ဆူ မိသားစုက တော်တော်လေးကို အထင်ကြီးဖို့ကောင်းတာပဲ... ငါ့ကိုတောင် ကြီးကြီးမားမား ထိုးနှက်နိုင်လိုက်တယ်...

မသိလိုက်ပါဘဲနှင့် လင်းရီ၏ အတွေးတို့က ယူရှီမစ်ဆူ မသေခင် ပြောကြားသွားသည့် မြင်ကွင်းကို ပြန်လည် မြင်ယောင်သွားခဲ့သည်။

ထိုအဘိုးကြီးက စကားဆုံးအောင် မပြောသွားနိုင်ခဲ့သော်လည်း သူ သတိထားခိုင်းခဲ့သည့်လူမှာ အာယာနဲ မစ်ဆူတော့ ဖြစ်တန်မတူ။ သူ၏ ဖခင် ၊ တာခါယာ မစ်ဆူသာလျှင် ဖြစ်ပေလိမ့်မည်။

သူ တစ်ကြိမ်တစ်ခါမှ မြင်ဖူးတွေ့ဖူးခြင်း မရှိသေးသည့် လူတစ်ယောက်အကြောင်း တွေးတောမိတော့ လင်းရီ တော်တော်ကြီးကို အထင်ကြီးသွားမိခဲ့သည်။

ယခုလိုအချိန်ကို နှစ်ဝက်ကြာမျှ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေခဲ့ပြီး သူ၏ လက်ရာ တစ်စုံတစ်ရာကိုလည်း ထင်ကျန်ရစ်ခဲ့ခြင်း မရှိချေ။ ယင်းက သာမန်လူတို့ လွယ်လင့်တကူ မပြုလုပ်နိုင်သည့် ခက်ခဲသည့် အမှုမျိုးပင်။

နှိုင်းစာကြည့်မည်ဆိုပါက ယူရှီမစ်ဆူ၏ ကစားပွဲလေးမှာ ကလေးသာသာလောက်သာ ရှိတော့၏။

ဒူ ဒူ ဒူ….

လင်းရီ ဖုန်းသံ တုန်ခါလာခဲ့သည်။ ယင်းက အာယာနဲ မစ်ဆူထံမှ မက်ဆေ့ချ်တစ်စောင့် ဖြစ်၏။ စာတွင် စာလုံး လေးလုံးသာလျှင် ရှိနေသည်။

“ တောင်းပန်ပါတယ်…”

လင်းရီ စာကို ဖတ်ရှု၍ ဘေးကို ဘေးသို့ ပစ်ချလိုက်၏။

သူ မည်သည့် ခွန်းတုံ့ပြန်မှုကိုမျှ မပြုလုပ်ခဲ့ချေ။

………………….

ဂျပန်ကျွန်း၊ မစ်ဆူအိမ်တော်။

ကမ္ဘာ့ နာမည်ကြီး မိသားစုကြီးတစ်ခုဖြစ်သည့် အလျောက် မစ်ဆူမိသားစု၏ အိမ်တော်မှာ ဘုရင့်နန်းတော်နှင့် နင်လားငါလား မေးယူရလိမ့်မည်။ အပြင်အဆင်တို့က အင်မတန် ခမ်းနား၍ အလွန်အမင်း အဆင့်အတန်း မြင့်မားလှသည်။

သဘာဝနှင့် ရင်းနှီးသည့် ယူရှီမစ်ဆူ၏ အိမ်တော်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ပြင်ပမှ ကြည့်ရှုသူတို့ကို တစ်ခွန်းသော စကားအား ရည်ရွယ်ချက်ရှိရှိ ပြောဆိုနေဟန်ပင်။

ယင်းက 'ငါတို့မိသားစုက သောက်ရမ်း ချမ်းသာတယ်… 'ဟူ၍ပင်။

“ အဖေ ဘာလို့ ဒီလိုတွေ လုပ်ရတာလဲ… !!”

လေးထပ်ရှိသည့် ဗီလာကြီး၏ ထိပ်ဆုံးတွင် အာယာနဲ မစ်ဆူသည် ဆိုဖာပေါ် ထိုင်နေသည့် အမျိုးသား တစ်ဦးအား ဒေါသ အလိပ်လိပ် ထွက်စွာဖြင့် အော်ဟစ်လိုက်၏။

ဆိုဖာပေါ်ထိုင်နေသည့် အမျိုးသားမှာ မီးခိုးရောင် ညအိပ်ဝတ်စုံအား ဝတ်ဆင်ထားပြီး ကိုင်းမဲ့ ရွှေရောင် စာကြည့်မျက်မှန်ကို သူ့ နှာထိပ်၌ တပ်ဆင်ထားသည်။ မေးစေ့တွင်လည်း မုတ်ဆိတ်ကျင်စွယ်တို့က ကျိုးတို့ကျဲတဲ ပေါက်နေသည်။ ဤသည်က သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သိသာလှသည့် အမှတ်အသားတစ်ခုပင်။

အဆိုပါ အမျိုးသားကတော့ အာယာနဲ မစ်ဆူ၏ ဖခင် ၊ တာခါယာမစ်ဆူမှလွဲ၍ အခြားသူ မဟုတ်ခဲ့ပေ။

လက်ရှိ ကမ္ဘာကြီးတွင် ဂယက်ထနေသည့် လှိုင်းလုံးကြီးများအား နောက်ကွယ်မှ ဖန်တီးနေသူ တစ်ဦးဆိုလျှင်လည်း မမှားချေ။

သူ၏ ရည်မှန်းချက်က ရိုးရိုးရှင်းရှင်းလေးပင်။ သူက တိုက်ခိုက်မှု သို့မဟုတ် ကာကွယ်မှုကို သူလိုသလို ပြောင်းလဲအသုံးပြုနိုင်မည့် စစ်တုရင် အပိုင်းအစ တစ်ခုအား လျှို့ဝှက်ထည့်သွင်းထားခြင်း ဖြစ်၏။

ယခင်က အာယာနဲ မစ်ဆူမှာ လင်းရီနှင့် ထိတွေ့ဆက်သွယ်တိုင်း ကျရှုံးမှုဖြင့်သာ ရင်ဆိုင်ခဲ့ရသည်။ ထို့ပြင် သူမက သူ မနှစ်သက်သည့် အမှုတစ်ချို့ကိုလည်း ပြုခဲ့လေသည်။

လင်းရီဆိုသည့် ကောင်လေးက လုပ်ရည်ကိုင်ရည်နှင့် နည်းလမ်းတစ်ချို့တွင် သူ့သမီးနှင့် မတိမ်းမယိမ်း ရှိမည်ဟု သူ သုံးသပ်ခဲ့သည်။ ထို့ကြောင့် ယခုလို စီစဉ်လိုက်ရခြင်းဖြစ်၏။

သူ အဘယ်ကြောင့် ရှန်းထျန်းကျိုးကို ခေါ်ယူရန် ကြိုးပမ်းနေရသလဲ ဆိုတာကတော့ သူ ဖြေရှင်းရမည့် ကိစ္စတစ်ရပ်က ကျန်ရှိနေသေးသောကြောင့်ပင်။

အခြားသော သက်သေသက်ကာယတို့ ရှိထားပြီးပြီ ဆိုသော်လည်းပဲ ရှန်းထျန်းကျိုး သူတို့နှင့် ပူးပေါင်းသည်ထက် မည်သည်ကမျှ ပိုပြီး လက်တွေ့ကျလိမ့်မည် မဟုတ်ချေ။ သို့သော် လင်းရီက သူ၏ လုပ်ရပ်များကို တွေ့ရှိသွားလိမ့်မည်လို့ ထင်မှတ်မထားခဲ့ချေ။

“ ဘာလို့ အော်ကြီးဟစ်ကျယ်နဲ့ စကားပြောနေတာ.. မင်းမှာ စည်းကမ်းဆိုတာ မရှိဘူးလား..”

တာခါယာ မစ်ဆူမှာလက်ထဲတွင် စာအုပ်တစ်အုပ်ကို ဖတ်နေသည်။ သူ၏ လေသံက အေးဆေး တည်ငြိမ်နေပြီး အာယာနဲ မစ်ဆူကို တစ်ချက်လေးပင် လှည့်မကြည့်ချေ။

“ အဖေရဲ့ လုပ်ရပ်က မစ်ဆူမိသားစုကို လူအထင်သေးအောင် လုပ်နေတာပဲ….”

ဆိုဖာပေါ် ထိုင်နေသူက သူမနှင့် အဖေတော်သည် ဆိုသော်လည်းပဲ အာယာနဲ မစ်ဆူ မည်သည့်ငဲ့ညာခြင်းကိုမျှ မပြုဘဲ ပြောချပစ်၏။

“ ငါလည်း မလုပ်ချင်ပါဘူး… ဒါပေမယ့် မင်းက အချိန် ဒီလောက်ကြာနေပြီကို ဘာရလဒ်မှ မပြနိုင်ဘူး.. ဒါကြောင့်မို့ ငါ့ဘာငါ ကိုင်တွယ်လိုက်ရတာ… မဟုတ်ဘဲ အချိန်ဆွဲနေရင် လင်းရီကို မသိမ်းသွင်းနိုင်ရုံတင် မကဘူး.. လီတိုဂရပ်ဖီစက် ပရောဂျက်ကိုပါ ရလိုက်မှာ မဟုတ်ဘူး… ဒါကြောင့်မို့ မင်း အဖေက လှုပ်ရှားလိုက်ရတာ…”

“ လင်းရီက ဘယ်လိုလူစားမျိုးလဲဆိုတာ အဖေသိမယ် မထင်ဘူး.. သူ့ အစွမ်းအစနဲ့ နည်းလမ်းတွေက အဖေ ထင်တာထက်ကို ပိုတယ်…”

“ ဒါပေါ့ ငါ သိတာ‌ပေါ့… ရှန်းထျန်းကျိုးလို လူတစ်ယောက်ကို သူ့လက်အောက်မှာ အလုပ်လုပ်ခိုင်းထားနိုင်ပြီး ယွမ် ဘီလီယမ် တစ်ရာကျော်လောက် ရင်းနှီးမြုပ်နှံဖို့ဆိုတာ တကယ်မလွယ်ကူဘူး… လင်းရီလိုမျိုး ရဲတင်းမှုက ဘယ်လူငယ်ဆီမှာမှ မမြင်ဖူးတဲ့ အရာပဲ…”

တာခါယာ မစ်ဆူ အတန်ငယ်ကြာအောင် ရပ်တန့်ပြီးနောက် “ ဒါပေမယ့် လူငယ်က လူငယ်ပါပဲ… အတွေ့အကြုံ မရင့်ကျက်ဘူး.. ဒီတစ်ခေါက်က သူ့အတွက် သင်ခန်းစာပေါ့… အနာဂတ်ကျရင် ဒီထက်ပိုပြီးတောင် ရှေ့ဆက်သွားနိုင်လိမ့်ဦးမယ်… ဒါ သူကောင်းဖို့ပါပဲ..”

“ ဒါပေမယ့် အဖေ ဒီကိစ္စကို မြန်မြန် ဖြေရှင်းလိုက်တာ ကောင်းမယ်လို့ သမီး လေးစားသမှုနဲ့ အကြံပေးချင်တယ်…” အာယာနဲ မစ်ဆူ ပြောလိုက်ပြီး “ သမီးရဲ့ လင်းရီအပေါ် နားလည်ထားမှု အရဆိုရင် သူ ဒီကိစ္စကို လွယ်လွယ်နဲ့ လက်လွှတ်လိုက်မှာ မဟုတ်ဘူး… ဒီလိုမျိုး ဆုံးရှုံးရပြီးပြီဆို သူ့ဘက်က နှစ်ဆ ပြန်တောင်းလိမ့်မယ်…”

အာယာနဲ မစ်ဆူ လင်းရီနှင့်အတူ ကုန်ဆုံးခဲ့သည့် အချိန်ကာလတို့ကို ပြန်တွေးမိတော့ မနေနိုင်ပဲ သူမ၏ ကိုယ်လေး တုန်ယင်သွားခဲ့ရသည်။

သူမတို့ ယခင် တိုက်ခိုက်ခဲ့သော်လည်းပဲ သူမတစ်ဦးသာလျှင် ဖြစ်သည်။ တစ်ခါတစ်ရံ အနည်းငယ် ထိခိုက်မှု ရှိသည်ဆိုသော်လည်းပဲ ပြဿနာတော့ မရှိ။ သို့သော် ယခုတစ်ကြိမ်မှာမူ မတူညီတော့ချေ။

မစ်ဆူ တစ်မိသားစုလုံးက သူ့အား ဆန့်ကျင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

အကယ်၍ တစ်စုံတစ်ရာ မှားယွင်းသွားခဲ့ပါက မစ်ဆူမိသားစု၏ ဂုဏ်သတင်းအပေါ် အကြီးအကျယ် သက်ရောက်သွားနိုင်သည်။

“ ဒါဆိုလည်း ငါသူ လက်တုံ့ပြန်မှာကို စောင့်နေမယ်…” တာခါယာ မစ်ဆူ လက်ထဲရှိ စာအုပ်ကို နောက်တစ်ရွက်လှန်ရင်း အရေးပင်မစိုက် ပြောဆိုလိုက်သည်။

သူမ၏ ဖခင် ဖြစ်သူမှာ လင်းရီကို ဘယ်တုန်းကမှ လေးလေးနက်နက် မထားခဲ့ချေ။

သူ၏ အမြင်တွင် လင်းရီဆိုသည်မှာ ထူးချွန်သည်က မှန်သည်။ သို့သော် လူငယ်လေး တစ်ယောက်သာ ဖြစ်၏။

သူ့လက်တစ်ဖက်တည်းနှင့်ပင် အလွယ်လေး ဆော့ကစားချင်သလို ဆော့ကစား၍ ရသည့် အပါးမဝသည့် လူငယ်လေးပင်။

သို့သော် တာခါယာ မစ်ဆူ မသိသည်က လီတိုဂရပ်ဖီ သုတေသန တစ်ခုလုံးကို ရှန်းထျန်းကျိုးနှင့်သာ လွှဲထားပြီး သူကတော့ ငွေကြေးအရင်းအမြစ်ကိုသာ ပံ့ပိုးပေးသည် ဆိုသာပင်။

တစ်နည်းဆိုရသော် သူက ရှန်းထျန်းကျိုးကိုသာလျှင် အောင်နိုင်ခဲ့၏။ လင်းရီကို မဟုတ်ချေ။

အာယာနဲ မစ်ဆူ အသက်ပြင်းပြင်း ရှူသွင်းပြီး ထွက်ခွာရန် ဟန်ပြင်လိုက်သည်။

“ သမီးကတော့ အကောင်းဆုံး ကြိုးစားပေးပြီးပြီ.. တကယ်လို့ တစ်ခုခု မကောင်းတာ ဖြစ်လာခဲ့ရင် အဖေတို့ ထိုက်တဲ့ အဖေတို့ကံပဲ...."

စာစဉ် (၈၅) ပြီး၏။

All Chapters