← Chapters

ဘုရင်အဆင့်အထွတ်အထိပ်…! ရေခဲငှက်မွေး(ပင်းယု)

Vol. 5 Ch. 61

ဘုရင်အဆင့်အထွတ်အထိပ်…! ရေခဲငှက်မွေး(ပင်းယု)

Vol. 5 Ch. 61

ရင်ကုဟုခေါ်သည့် အကြီးအကဲက သရဲဖြူအား ကြောက်ရသည့်အပြင် တစ်ပါးသူ၏ အလွန်အမင်းနှိမ့်ချခြင်းခံရသောအခါ ဒေါသထွက်လာခဲ့သည်။

“ ကောင်လေး.. မင်းကသေချင်နေတာပဲ.. ငါ့ကိုအပြစ်မတင်နဲ့….”

သူ၏စကားဆုံးသည်နှင့် လက်တွင်း၌ ဆေဘာ(တစ်ဖက်သွားဓား) နှစ်ချောင်း ပေါ်လာခဲ့သည်။

“ အဖြူရောင်လဆေဘာ…”

အဖြူရောင်လဆောဘာသည် တစ္ဆေလဂိုဏ်း၏ မြေကြီးအဆင့်မြင့် သိုင်းပညာဖြစ်သည်။

ထို့ပြင် သူက ပြည့်စုံအဆင့်ထိ လေ့ကျင့်ထားခဲ့သည်။

အခြေတည်ဝိညာဉ်အဆင့်(၄)က သူ့ကိုခြိမ်းခြောက်ရဲတယ်လား…?

သေလမ်းပို့ပေးရမယ်….!

သူ၏ ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ရွှမ်ယီဆီသို့ပြေး၀င်သွားကာ ဓားဖြင့်ထိုးလိုက်၏။

လွယ်လျသော လက်ချောင်းတစ်ချောင်း ညင်သာစွာမြောက်တက်လာလေသည်။

“ ဒင်..!”

“ အဲ့တာ.. ကာထားတာပဲ…”

“ လက်ညိုးတစ်ချောင်းတည်းနဲ့လား…”

“ ရှူး…”

“ မဖြစ်နိုင်ဘူး…”

ရင်ကု မယုံကြည်နိုင်စွာ အော်ဟစ်မိလိုက်သည်။

သူ့ရဲ့ အပြင်းထန်ဆုံးတိုက်ကွက်ကို သာသာယာယာ ကာကွယ်ထားတာလား….?

အကယ်၍ ရွှမ်ယီသာ ထိုသိုင်းကွက်ကို ရှောင်တိမ်းသွားလျှင် လက်ခံ၍ ရနိုင်သေးသည်။ သို့သော်…. သူက လက်ညှိုးတစ်ချောင်းတည်းနှင့် တားဆီးထားခဲ့သည်။

“ ဒါက တကယ်ကို ဓားရည်ရွယ်ချက်ပဲ…”

‌ကောင်းကင်အထက်မှ နှင်းဘုရင်က ရေရွတ်လိုက်သည်။

“ ဝိုး.. သူဘယ်လိုလုပ်ခဲ့တာလဲ.? လက်တစ်ချောင်းတည်းနဲ့လေ.. အဲ့တာ အခြေတည်ဝိညာဉ်အဆင့်(၇) တစ်ယောက်ရဲ့ အားကုန်တိုက်ခိုက်မှုမဟုတ်လား….”

မင်ယွဲ့လန်က မယုံကြည်နိုင်စွာ အော်ဟစ်လိုက်လေသည်။

“ ဓားရည်ရွယ်ချက်ကို နားလည်တဲ့ ဓားသမားတွေအတွက် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတိုင်းက ဓားတွေချည်းပဲ… အဲ့တိုက်ကွက်ကို လက်ညှိုးတစ်ချောင်းတည်းနဲ့ တားဆီးလိုက်တာ ထူးဆန်းတယ်တော့လည်း မဟုတ်ပါဘူး….”

နှင်းဘုရင်က ရှင်းပြလိုက်၏။

ရင်ပြင်ထက်တွင်မူ ရွှမ်ယီ၏ အမူအရာက သာမန်အတိုင်းသာရှိနေသည်။

“ ဒီလောက်ပဲလား…”

လက်ညှိုးကို အားစိုက်၍ ဖိလိုက်သည်နှင့် ဆေဘာက အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားခဲ့သည်။

“ အခု ကျုပ်အလှည့်ပဲ..”

စကားဆုံးသည်နှင့် လက်တွင်း၌ ဓားတစ်ချောင်းပေါ်ထွက်လာပြီး လခြမ်းပုံစံ ဓားအလင်းတန်းများပြေးထွက်သွားခဲ့သည်။

“ လုံလောက်ပြီ..”

“ ဒီမှာနေရာမှာပဲ ရပ်ရအောင်…”

သရဲဖြူ ပိုင်ကုက သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး ရွှမ်ယီ၏ ဓားအလင်းတန်းများ ချက်ချင်းပျောက်ကွယ်သွားခဲ့၏။

ရွှမ်ယီ၏ ဓားချက်၌ ဓားရည်ရွယ်ချက် စွမ်းအားများပေါင်းစပ်ပါ၀င်နေခဲ့သော်လည်း သရဲဖြူက အလွယ်တကူပင် ဖျက်ဆီးပစ်လိုက်နိုင်စွမ်းရှိနေသည်။

၎င်းမှာ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ် ကျင့်ကြံသူတစ်ဦး၏ အစွမ်းပင်ဖြစ်လေသည်။ ရွှမ်ယီ၏ လက်ရှိ ခွန်အားနှင့် သာမန် အခြေတည်ဝိညာဉ်အဆင့်(၉) ကျင့်ကြံသူများကိုသာ တိုက်ခိုက်၍ ရနိုင်သေးသည်။

“ ဟူး…”

ရွှမ်ယီ အားရပါရ အသက်တစ်ချက် ရှုသွင်းလိုက်၏။ မူလက ထူးခြားဟန်မရှိသော ရုပ်သွင်က အနည်းငယ်ပြုံးသွားခဲ့သည်။

ထို့နောက် ပုခုံးတစ်ချက်တွန့်လိုက်ပြီး

“ ခင်ဗျားတို့က အရှုံးကို လက်မခံနိုင်ဘူးပဲ…”

“ ကောင်းပြီလေ..ဒါဆိုလည်း ကျုပ် ဆက်ပြီးမကစားတော့ဘူး…”

ရွှမ်ယီက သိုလှောင်လက်စွပ်တစ်ကွင်းအား ထုတ်ယူလိုက်သည်။ ၎င်းမှာ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ (၉၉)ထပ်မြောက်တွင် ဒေါသအိုးဆေဘာဘုရင် ပေးခဲ့သည့် လက်စွပ်ဖြစ်၏။ ထိုအထဲတွက် စိတ်ဝိညာဉ်ဆေးပင်များ ၊ ဆေးလုံးများ နှင့် အခြားရတနာပစ္စည်းများအပြင် ကောင်းကင်အဆင့်ကျင့်စဉ် (၃)ခုပင်ပါ၀င်သည်။

“ ဒါက.. ကျုပ် နတ်ဘုရားသန့်စင်ခြင်းစေတီ ထိပ်ဆုံးအထပ်မှာ ရခဲ့တဲ့ ပစ္စည်းပဲ.. ခင်ဗျား‌တို့ပြောနေတဲ့ ဘုရင်တစ်ပါးရဲ့အမွေ ဆိုတဲ့အရာလည်းဖြစ်တယ်….”

လောဘများပြည့်နှက်နေသည့် အကြည့်များ ထိုသိုလှောင်လက်စွပ်ပေါ်သို့ စုရုံးရောက်ရှိသွားခဲ့သည်။

“ ခင်ဗျားတို့က လိုချင်လို့လား…”

ရွှမ်ယီက အေးစက်စွာရယ်မောလိုက်ပြီး ‌လက်စွပ်အား သူ့ရှေ့သို့ ပစ်လွှတ်လိုက်သည်။

“ ဘုန်း…”

သရဲဖြူ သရဲနက် ၊ ချန်းခွန် ၊ ဘ၀တစ်ရာ ဒုဂိုဏ်းချုပ် ၊ ရာရှာဂိုဏ်းချုပ် တို့အားလုံး တစ်ပြိုင်တည်း ပြေးထွက်လာရန်ပြင်လိုက်ကြသည်။

သို့သော် ၎င်းတို့အားလုံး ချက်ချင်းဘရိတ်အုတ်လိုက်ကြ၏။

အဘယ်ကြောင့်ဆိုသော် နှင်းဖြူရောင်၀တ်စုံနှင့် ငယ်ရွယ်လှပသော မိန်းကလေးတစ်ဦး ပေါ်ထွက်လာသောကြောင့်ဖြစ်သည်။ သူမ၏ မျက်နှာလေးက အလွန်ထူးရှား လှပလွန်းသော်လည်း ရေခဲတုံးအလား အေးစက်နေသည်က နှမျောစရာပင်။

သူမ မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မည်သူမှ မသိလိုက်ကြချေ။

ထို မိန်းကလေးက ရွှမ်ယီ ဝဲပစ်လိုက်သည့် လက်စွပ်အားဖမ်းလိုက်ပြီး ပတ်၀န်းကျင်သို့ ဝှေ့ပတ်ကြည့်ရှုလိုက်သည်။

“ နင်တို့မှာ အရည်အချင်းရှိတယ်ဆိုရင် ငါ့ဆီက လာယူနိုင်တယ်….”

စကားဆုံးသည်နှင့် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကြီးတစ်ခုက ပတ်၀န်းကျင်တစ်ခုလုံး လွှမ်းခြုံသွားခဲ့သည်။

လူတိုင်း၏ အမူအရာများ ပျက်ယွင်းသွားခဲ့ကြသည်။ ပထမ အံ့ဩတုန်လှုပ်နေကြမှ တဖြည်းဖြည်း ကြောက်ရွံ့ထိတ်လန့်လာခဲ့ကြ၏။

သရဲဖြူလည်း မျက်လုံးများ ပြူးကျယ်လျက် သူ့ရှေ့မှ မိန်းကလေးအား စိုက်ကြည့်နေမိသည်။

ကောင်းကင်ထက်မှ နှင်းဘုရင်၏ အမူအရာမှာလည်း ပြောင်းလဲသွားခဲ့၏။

“ သွားကြစို့..”

သူမက ချက်ချင်း မင်ယွဲ့ရှုတို့ ညီအစ်မအားဆွဲပြီး ထိုနေရာမှ ထွက်ခွာလာခဲ့လိုက်သည်။

နက်နဲဓားဂိုဏ်းပိုင်နက် အပြင်ဘက်သို့ရောက်မှ နှင်းဘုရင်က ရပ်တန့်လိုက်သည်။

“ ကောင်းကင်ဘုရင်တစ်ယောက်…!”

သူမ အလွန်ထိတ်လန့်နေခဲ့၏။

သူမ မည်သည့်အရာကို မြင်ခဲ့သနည်း…?

အဇူရာဒေသမှာ ကောင်းကင်ဘုရင်တစ်ယောက်ကို တကယ်ကြီးမြင်ခဲ့ရတာလား…?

“ ဘိုးဘေး.. တိုးတိုး တိုးတိုးနဲ့ ဘာတွေပြောနေတာလဲ.. ကောင်းကင်ဘုရင်ဆိုတာကရော ဘာကြီးလဲ….”

မင်ယွဲ့ရှုတို့ ညီအစ်မ နှင်းဘုရင်အား စိတ်ရှုပ်ထွေးစွာ ကြည့်နေခဲ့ကြသည်။

အစောပိုင်းတွင် ထိုမိန်းကလေးထံမှ ဖိအားကြီးကျဆင်းလာခဲ့သော်လည်း နှင်းဘုရင်က အများစုကို ကာကွယ်ထားသည့်အတွက် သူမတို့နှစ်ယောက်အနေဖြင့် ဘာမှ ထွေထွေထူးထူးမခံစားခဲ့ရချေ။

“ သာမန်လူတွေက ဘုရင်အဆင့်မှာ အစောပိုင်း ၊ အလယ်အလတ်နဲ့ ၊ နှောင်းပိုင်း (၃)ဆင့်ရှိတယ်လို့ပဲ အကြမ်းဖျင်းသိထားကြတယ်…”

“ အဲ့တာက မှန်တော့မှန်ပါတယ်.. ဒါပေမယ့် အတိအကျပြောရမယ်ဆိုရင် ဘုရင်အဆင့်ကို မူလဘုရင် ၊ လူသားဘုရင် ၊ ကောင်းကင်ဘုရင်ဆိုပြီး (၃)ဆင့်ခွဲထားတယ်.. ပြီးတော့ တစ်ဆင့်နဲ့ တစ်ဆင့်ကြားက ကွာခြားချက်က အရမ်းကိုကြီးမားလွန်းတယ်…”

“ အိုး.. အဲ့လိုလား…”

မင်ယွဲ့လန်က သူမ၏ မေးစေ့အားပွတ်လိုက်ရင်း

“ ဒါဆို ဘိုးဘေးကရော ဘယ်အဆင့်မှာလဲ….”

မင်ယွဲ့ရှုလည်း နှင်းဘုရင်အား ကြည့်နေခဲ့၏။ သူမတို့အနေဖြင့် ဘုရင်အဆင့်အကြောင်း အနည်းငယ်သာသိထားကြသည်။

“ အစောပိုင်း မူလဘုရင်အဆင့်…”

“ ဟင်.. ဘိုးဘေး.. ဘိုးဘေးက အခုမှ အစောပိုင်း မူလဘုရင်လား…”

မင်ယွဲ့ညီအစ်မ နှစ်ယောက် အတော်လေးထိတ်လန့်သွားခဲ့ကြသည်။

နှင်းဘုရင်က အတော်လေးအားကောင်းသဖြင့် ကောင်းကင်ဘုရင်ဟု သူမတို့ ခန့်မှန်းခဲ့ကြသည်။ အဘယ်ကြောင့် အစောပိုင်း မူလဘုရင်ဖြစ်နေရသနည်း။

နှင်းဘုရင်၏ ခွန်အားက အဇူရာဒေသတွင် ထိပ်တန်း(၁၀)ယောက်၀င်သည်ဟု သူမတို့ ကြားဖူးထားကြသည်။

“ အဲ့တာက ငါတစ်ယောက်တည်းမဟုတ်ဘူး.. အဇူရာဒေသက ဘုရင်အားလုံးနီးပါး အစောပိုင်း မူလဘုရင်အဆင့်တွေချည်းပဲ.. အလယ်အလတ် မူလဘုရင်အဆင့်က (၂)ယောက်ပဲရှိတယ်.. တစ်ယောက်က ဟောင်တျန်ဓားဂိုဏ်းက တတိယဓားသခင်ဖြစ်ပြီး နောက်တစ်ယောက်က မန်မိသားစုကပဲ….”

မင်ယွဲ့ရှု ခေါင်းညိတ်လိုက်လေသည်။

နောက်ဆုံးတွင် သူမတို့ဘိုးဘေး အဘယ်ကြောင့်လျင်မြန်စွာ ထွက်ပြေးလာကြောင်း နားလည်သွားခဲ့၏။

ရွှမ်ယီရှေ့တွင် ပေါ်လာသည့် မိန်းကလေးက သူမတို့ ဘိုးဘေးထက် အဆများစွာသန်မာပေသည်။

“ ကောင်းကင်ဘုရင်တစ်ယောက်က အဇူရာဒေသကို ဘယ်လိုလုပ်ပြီးရောက်နေတာလဲ.. ကြည့်ရတာ ရွှမ်ယီနဲ့ ရင်းနှီးပုံရတယ်.. သူ့ဆရာများလား….”

နှင်းဘုရင် အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

နက်နဲဓားဂိုဏ်းတွင်မူ….

“ ဒါက ဘုရင်အဆင့်လား”

အကန့်အသတ်မရှိကြီးမားလွန်းသော ဖိအားကြီးက သူ့အား မရည်ရွယ်သည့်တိုင် ရွှမ်ယီတစ်ယောက် ၎င်းရှေ့တွင် အလွန်သေးငယ်သွားသယောင် ခံစားနေမိသည်။

အခြေတည်ဝိညာဉ်အဆင့်နှင့် ဘုရင်အဆင့်ကြားမှ ကွားခြားချက်မှာ စကားလုံးများဖြင့်‌ပင် ဖော်ပြ၍မရနိုင်ချေ။

သူ့အနေဖြင့် အခြေတည်ဝိညာဉ်အဆင့်(၉)သို့ ရောက်သွားပြီး ဓားရည်ရွယ်ချက်အဆင့်(၂) အထွတ်အထိပ်အား အသုံးပြုလျှင်ပင် ဘုရင်အဆင့်တစ်ယောက်နှင့် တိုက်ခိုက်ရန်မဖြစ်နိုင်သေးချေ။

“ ဟင်းလင်းပြင်ဓားနယ်မြေ…”

“ မိစ္ဆာမီးလျှံနယ်မြေ…”

မှန်ပေသည်။ သူ့အနေဖြင့် ဟင်းလင်းပြင်ဓားနယ်မြေ သို့မဟုတ် မိစ္ဆာမီးလျှံနယ်မြေကို နားလည်မှသာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်းရှိလာပေလိမ့်မည်။

ယခင် အဓိကတာ၀န်ကို ပြီးမြောက်နောက် အဓိကတာ၀န်အသစ်တစ်ခု ‌ပေါ်လာခဲ့၏။ ထို တာ၀န်အသစ်တွင် မိစ္ဆာမီးလျှံနယ်မြေက ဆုလာဘ်တစ်ခုအနေဖြင့်ပါ၀င်လေသည်။

“ ငါသာ နယ်မြေနှစ်ခုလုံးနားလည်သွားမယ်ဆိုရင်….ကျွတ်ကျွတ်ကျွတ်.. စိတ်ကူးကြည့်လို့တောင်ရဘူး…”

All Chapters