← Chapters

အခြေတည်ဝိညာဉ်အဆင့်(၅)

Vol. 5 Ch. 63

အခြေတည်ဝိညာဉ်အဆင့်(၅)

Vol. 5 Ch. 63

ရေခဲငှက်မွေးက စိတ်ဝိညာဉ်စွမ်းအားဖြင့် ဆွဲယူလိုက်သောကြောင့် နှင်းဘုရင်တို့အဖွဲ့ နက်နဲဂိုဏ်းရင်ပြင်သို့ ရောက်ရှိနေကြသည်။

“ ရေခဲငှက်မွေး သူမကိုလွှတ်လိုက်ပါ.. သူမက ရန်သူမဟုတ်ဘူး…”

ရွှမ်ယီက နှင်းဘုရင်ကိုမသိသော်လည်း မင်ယွဲ့ရှုနှင့် မင်ယွဲ့လန်တို့ကိုမူ သိပေသည်။ ထို့အပြင် မင်ယွဲ့ရှုအပေါ်တွင်လည်း ကျေးဇူးကြွေးတင်နေခဲ့၏။

“ အိုး..”

ရေခဲငှက်မွေးက နှင်းဘုရင်အား ပြန်လွှတ်ပေးလိုက်သည်။

နှင်းဘုရင်က တည်ငြိမ်စွာရပ်လိုက်ပြီးနောက် ရေခဲငှက်မွေးဘက်သို့ လှည့်ကာ လက်သီးဆုပ်လျက် ရိုသေစွာပြောလိုက်၏။

“ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ် စီနီယာ…”

နှင်းဘုရင် အဖမ်းခံခဲ့ရသော်လည်း ဒဏ်ရာရရှိခဲ့ခြင်းမရှိချေ။

ရေခဲငှက်မွေးက သူမအား ထွက်ပြေးခြင်းမှာ တားဆီရန် ဖမ်းဆီးလိုက်ခြင်းသာဖြစ်ပြီး ဒဏ်ရာရစေရန် ပြုလုပ်ခဲ့ခြင်းမရှိချေ။

ရေခဲငှက်မွေးက သူမကို လျစ်လျူရှုထားခဲ့ပြီး ရွှမ်ယီထံသို့ လက်စွပ်ပြန်ပေးလိုက်သည်။

“ ငါ့ကိစ္စပြီးသွားပြီ.. သွားတော့မယ်…”

“ ကောင်းပါပြီ…”

ရေခဲငှက်မွေး၏ ခန္ဓာကိုယ်က ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

သူမအား ဆင့်ခေါ်နိုင်သည့် အရေအတွက်မှာလည်း (၃)ကြိမ်မှ (၂)ကြိမ်ဖြစ်သွားခဲ့လေသည်။

‘ အင်း.. နှစ်ကြိမ်ပဲကျန်တော့တယ်.. ဂရုစိုက်ပြီးသုံးမှဖြစ်မယ်.. အနာဂါတ်မှာ သူမကို ထာ၀ရခေါ်ထားဖို့ အခွင့်အရေးရနိုင်ပါ့မလား…..”

ရွှမ်ယီ စိတ်ထဲမှတွေးနေမိလိုက်သည်။

ယနေ့တွင် ဘုရင်အဆင့်တစ်ယောက်၏ ကြောက်မက်ဖွယ်ကောင်းပုံ (သို့) ရေခဲငှက်မွေး မည်မျှကြောက်စရာကောင်းကြောင်း ရွှမ်ယီ သိရှိသွားခဲ့၏။

‘ ရေခဲငှက်မွေးကပဲ အရမ်းအစွမ်းထက်နေတာများလား.. တကယ်လို့ ဘုရင်အဆင့်တိုင်း သူမလို အစွမ်းမထက်လောက်ပါဘူး.. မဟုတ်ရင် နယ်မြေ(၂)ခုကို နားလည်သွားရင်တောင် ဘုရင်အဆင့်ကို ယှဉ်တိုက်နိုင်မှာမဟုတ်သေးဘူး….’

ရွှမ်ယီက ခေါင်းယမ်းလိုက်ပြီး သူ၏ အတွေးများကို ပြန်လည် စုစည်းလိုက်သည်။

ထို့နောက် မင်ယွဲ့ရှု နှင့် မင်ယွဲ့လန်တို့၏ ဘိုးဘေးဆိုသော အမျိုးသမီး ကြည့်လိုက်၏။

“ စီနီယာ.. ကျုပ်တောင်းပန်ပါတယ်….. ပြီးတော့ မစ္စရှုနဲ့ မစ္စလန်ရော‌ပဲ……..”

ရွှမ်ယီလည်း စိတ်ဓာတ်ကျနေခဲ့သည်။ နောက်ဆုံးတွင် ပုန်းအောင်းနေသည့် ဘုရင်တစ်၀က်အဆင့်တစ်ယောက်ရှိနေသေးကြောင်း သူမည်ကဲ့သို့သိနိုင်မည်နည်း။

ကံကောင်းစွာနှင့် နှင်းဘုရင်က ရွှမ်ယီ၏ အတွေးများအား မကြားနိုင်၍တော်ပေတော့သည်။ မဟုတ်လျှင် ဒေါကန်ပြီး အသက်ပင်ထွက်သွားနိုင်ချေရှိသည်။

သူမက ဂိုဏ်သိက္ခာကြီးမားသော ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ရွှမ်ယီက သူမအား ဘုရင်တစ်၀က်အဆင့်ဟု ထင်နေခဲ့သည်။

ဤသည်မှာလည်း ရွှမ်ယီအပြစ်မဟုတ်ချေ။ ရေခဲငှက်မွေး၏ လက်ထဲတွင် နှင်းဘုရင်အဖမ်းခံလိုက်ရပုံက သေဆုံးသွားသော ဘုရင်တစ်၀က်အဆင့်ကျင့်ကြံသူများနှင့် မခြားနားသောကြောင့်ပင်။

“ ဒါ မင်းအပြစ်ချည်းပဲမဟုတ်ပါဘူး.. ငါ့အမှားလည်းမကင်းခဲ့ဘူးလေ.. အစောပိုင်းက နက်နဲဓားဂိုဏ်းအထက်မှာ ပုန်းပြီးကြည့်နေခဲ့တဲ့အတွက် စီနီယာက ရန်သူလို့အထင်မှားသွားတာ.. ဖြစ်သင့်ပါတယ်…..”

နှင်းဘုရင်က ခေါင်းယမ်းလိုက်သည်။

နက်နဲဓားဂိုဏ်းတွင် ကောင်းကင်ဘုရင်အဆင့်ကျင့်ကြံသူတစ်ယောက် ရှိနေလိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားမိခဲ့ပေ။

မင်ယွဲ့ရှု လည်းခေါင်းယမ်းလိုက်၏။

“ ကိစ္စမရှိပါဘူး.. ဒါက နားလည်မှုလွဲသွားလို့ပဲလေ….”

“ မင်းစောနက ပြောခဲ့တဲ့ ကျေးဇူးကြွေး ကိစ္စကို ငါအမြဲတမ်း မှတ်မိနေမှာပါ.. အကယ်၍ ငါ့ဆီက အကူအညီလိုတဲ့အခါကျရင်ပြောပါ.. တတ်နိုင်တဲ့ကိစ္စဖြစ်နေသ၍ မငြင်းပါဘူး…”

“ စောနက ကိစ္စက နားလည်မှု လွဲနေတာဖြစ်တဲ့အတွက် ကျေးဇူးကြွေးနဲ့ ချေလိုက်စရာမလိုပါဘူး… တကယ်လို့ ခရမ်းလမင်းလျှို့ဝှက်နယ်မြေမှာ မင်းသာ ၀င်မတားရင် ဖြစ်လာမယ့်အကျိုးဆက်တွေက မသေးဘူး.. ဒါကြောင့် ဒီကျေးဇူးကိူ အမြဲတမ်းအမှတ်ရနေမှာပါ….”

“ ဒါနဲ့ စကားပြောနေတာတောင် မနည်းကြာသွားပြီ.. စီနီယာက ဘယ်သူလဲဆိုတာ အခုထိမသိရသေးဘူးနော်….”

ရွှမ်ယီက နှင်းဘုရင်အား မသိခဲ့ချေ။ မင်ယွဲ့ရှုတို့ ညီအစ်မ ဘိုးဘေးဟု ခေါ်နေသည်ကိုသာ ကြားခဲ့ရသည်။

“ ဒါက ကျွန်မတို့ တောက်ပသောလ မိသားစုရဲ့ ကြီးမြတ်တဲ့ဘုရင်နှစ်ပါးထဲက တစ်ပါးဖြစ်တဲ့ ဘိုးဘေး မင်ယွဲ့ချူပဲ….”

“ ဪ.. ဒါဆို စီနီယာ နှင်းဘုရင်ပေါ့.. ဒီက ဂျူနီယာ နာမည်က ရွှမ်ယီပါ.. စီနီယာရဲ့ ကြီးကျယ်ခမ်းနားနဲ့နာမည်ကို ကြားဖူးနေတာကြာပါပြီ….”

ထိုစကားက ချဲ့ကားချီးကျူးလိုက်ခြင်းမဟုတ်ပေ။ အဇူရာဒေသတွင် ထိုသို့ချီးကျူးထိုက်သူ အနည်းငယ်သာရှိသည်။

နှင်းဘုရင်က ဓားရည်ရွယ်ချက်ကိုနားလည်ထားပြီး အဇူရာဒေသမှဘုရင်များထဲတွင် ထိပ်ဆုံး(၁၀)ယောက် စာရင်း၀င်ပေသည်။

ရွှမ်ယီ၏ တစ်ခြားအံ့ဩမှုက ပို၍ပင်ကြီးလေသည်။ နှင်းဘုရင်က ဘုရင်အဆင့်ဖြစ်တာတောင် ရေခဲငှက်မွေးထံတွင် တစ်ချက်မျှပင်ခံနိုင်ခြင်းမရှိချေ။

နှင်းဘုရင်က ပြုံးလိုက်ပြီး

“ စောနက စီနီယာက မင်းရဲ့ ဆရာလား…”

“ အဲ့လိုပြောလို့ရပါတယ်…”

“ ဒါက ပုံမှန်ပါပဲ.. မင်းလိုမျိုး နတ်ဆိုးဆန်တဲ့ ပါရမီရှင်တစ်ယောက်ကို ကောင်းကင်ဘုရင်တစ်ယောက်က ဘယ်လိုမှ သတိမထားမိနိုင်စရာအကြောင်းမရှိဘူး….”

နှင်းဘုရင်က ခေါင်းညိတ်လိုက်၏။

ထိုသို့ ဆရာတစ်ယောက်ကာဗာမရှိပါက ရွှမ်ယီ၏ အရည်အချင်းများအား ရှင်းပြရန်စကားမရှိပေ။

အသက်(၂၀)ကျော် ဓားရည်ရွယ်ချက်အား နားလည်ထားသည့် အခြေတည်ဝိညာဉ်အဆင့်(၄) ကျင့်ကြံသူ… ၎င်းမှာ ဘယ်သူမှ မကြားဖူးသေးသည့် ကိစ္စဖြစ်ချေသည်။

“ ကောင်းကင်ဘုံဘုရင်လား…”

ရွှမ်ယီ စိတ်ရှုပ်သွားခဲ့သည်။

“ မင်းရဲ့ဆရာက ကောင်းကင်ဘုရင်တစ်ယောက်မှန်း မင်းမသိဘူးလား… အိုး.. ကြည့်ရတာ မင်းက ဘုရင်အဆင့်နဲ့ပတ်သက်ပြီး ဘာမှမသိထားသေးဘူးထင်တယ်…”

နှင်းဘုရင်က ရွှမ်ယီအား ဘုရင်အဆင့်နှင့်ပတ်သက်သည့် အခြေခံအချက်အလက်များအား ရှင်းပြပေးလိုက်သည်။

ထိုရှင်းပြချက်အားကြားပြီးနောက် ရွှမ်ယီတစ်ယောက် ဘုရင်အဆင့်မှ ကွာခြားချက်များကို နားလည်သွားခဲ့သည်။

ရေခဲငှက်မွေးက နှင်းဘုရင်အား တစ်ချက်တည်းဖြင့် ဖိနှိပ်နိုင်သည်မှာ အံ့ဩစရာမဟုတ်ချေ။ ဘုရင်အဆင့်များကြား ကွာခြားမှုမှာ သူထင်ထားသည်ထက် အဆပေါင်းများစွာ ကြီးမားနေခဲ့သည်။

နှင်းဘုရင်က ရုတ်တရက် တစ်စုံတစ်ခုအား တွေးမိသွားဟန်ဖြင့်

“ ဒါနဲ့.. မင်း မကြာခင်မှာ အဇူရာဒေသပြိုင်ပွဲကို သွားဖို့အစီအစဉ်ရှိတယ်မလား…”

“ ဟုတ်.. ရှိပါတယ်…”

သူသည် အဇူရာဒေသပြိုင်ပွဲသို့ သွားကိုသွားရမည်ဖြစ်သည်။

သူ၏ စနစ်နှင့်ပတ်သက်ပြီး ဘာမှားနေမှန်း ရွှမ်ယီလည်း နားမလည်နိုင်ခဲ့ပေ။

အရံတာ၀န်များက အဘယ်ကြောင့် အဓိကတာ၀န်များထက် ပို၍ခက်နေခဲ့ရသနည်း…?

“ အင်း.. ဒါဆို ဒီနှစ် အဇူရာဒေသပြိုင်ပွဲက စိတ်လှုပ်ရှားစရာရှိတော့မှာမဟုတ်ဘူး…”

“ ဟီးဟီး…”

ရွှမ်ယီက ပြုံးလိုက်ပြီး မငြင်းဆန်ခဲ့ချေ။

သူ့ကိုယ်သူ နှိမ့်ချနေစရာအကြောင်းမရှိပေ။

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိခြင်းလည်းဖြစ်ပေသည်။

အဇူရာဒေသ ပြိုင်ပွဲမှ ကလေးများကို အနိုင်သွားကျင့်ရန် စိတ်မ၀င်စားသော်လည်း ဆုလာဘ်များက အလွန်ကောင်းမွန်လှ၏။ ပထနေရာအတွက် ဆုလာဘ်က သူ့အား အလွန်ဆွဲဆောင်နေခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်း(၁)သန်းကတည်းက ရှိနေခဲ့သည့် လနတ်ဘုရားရေကန်က ယခုတွင် ခမ်းခြောက်လုနီးပါးဖြစ်နေချေပြီ။ နောက်တစ်ကြိမ် ထပ်မံပြည့်မလာခံ နှစ်ပေါင်း(၁၀၀၀၀) ခန့်စောင့်ရဦးမည်ဖြစ်သည်။ ယခုတွင် အဇူရာဒေသ၏ ထိပ်ဆုံးအင်အားစု (၁၀)ခုက တာ၀န်ယူပြီး နောက်ဆုံးအကြိမ်အဖြစ် ကျင့်ကြံရန် ဖွင့်ပေးမည်ဖြစ်ပြီး အဇူရာဒေသပြိုင်ပွဲတွင် နံပါတ်(၁) ရသူက ၀င်ရောက်ကျင့်ကြံရန် နေရာတစ်ခုရပေလိမ့်မည်။

ထိုအထဲတွင် ရက်အနည်းငယ်ခန့်ကျင့်ကြံခွင့်ရမည်ဆိုလျှင် သူ၏ ကျင့်ကြံခြင်းအခြေခံက အတော်လေးတိုးတက်သွားနိုင်သည်။

ထို့အပြင်နောက်ထပ်အကြောင်းအရင်းတစ်ခုရှိသေး၏။

အဇူရာဒေသမှာ သူနေထိုင်ရန်အတွက် အလွန်သေးငယ်လှသည်။ သူ၏ စင်မြင့်က တောင်ပိုင်းတိုက်ကြီးတစ်ခုလုံးနှင့် ချန်ရွှမ်ကုန်းမြေကြီးတစ်ခုလုံးဖြစ်သင့်သည်။

ရွှမ်ယီနှင့် အချိန်အတော်ကြာစကားပြောခဲ့ပြီးနောက် နှင်းဘုရင်က မင်ယွဲ့ရှုတို့ ညီအစ်မအားခေါ်ကာ ပြန်သွားခဲ့သည်။ မထွက်ခွာမီ အဇူရာမြို့တော်သို့ ရောက်လာလျှင် သူမတို့ မိသားစုထံသို့ လာတည်းရန်အတွက်လည်း ဖိတ်ကြားခဲ့သေးသည်။

ထိုအရာက သာမန်လောကွတ်ချော်လိုက်ခြင်းမဟုတ်ချေ။

ရွှမ်ယီ၏ ပါရမီကြောင့်ပဲဖြစ်စေ ၊ သူ့နောက်ကွယ်မှ ဆရာကြောင့်ပဲဖြစ်စေ တောက်ပသောလမိသားစုအနေဖြင့် ရွှမ်ယီနှင့် ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်နိုင်ပါက သူမတို့ မိသားစုအတွက် အန္တရာယ်ကင်းမည့်အပြင် အကျိုးလည်းရှိမည်ဖြစ်သည်။

အပေါ်ယံတွင် အဇူရာဒေသက အလွန်တည်ငြိမ်နေဟန်ရသော်လည်း အတွင်းကြိတ်လှုပ်ရှားမှုများ မရပ်မနားနိုင်အောင်ရှိနေခဲ့၏။

ထိုနောက်ပိုင်းနေ့ရက်များတွင် ရွှမ်ယီက ဆက်လက်ကျင့်ကြံနေခဲ့သည်။ ထို့ပြင် ကုယီယီကိုလည်း တိုးတက်လာအောင် ကူညီပေးခဲ့၏။ ခရမ်လမင်းလျှို့ဝှက်နယ်မြေ ခရီးတွင် ပစ္စည်းကောင်းများစွာရလာခဲ့သောကြောင့် သူတို့အနေဖြင့် အေးဆေးကျင့်ကြံနေလို့ရသည်။

ရွှမ်ယီက သူ၏ အခြားတပည့်များဖြစ်သော လင်းဇီရင်နှင့် ၀မ်ဟူတို့ကိုလည်း မေ့မထားခဲ့ချေ။

လင်းဇီရင်က ကျင့်ကြံမှုအမြန်နှုန်းတွင် ကုယီယီနှင့် ယှဉ်နိုင်စွမ်းမရှိသော်လည်း ဓားတာအိုနှင့် ပတ်သက်၍မူ သူမက အတော်လေးတိုးတက်လာခဲ့သည်။

၀မ်ဟူကမူ ရိုးရိုးရှင်းရှင်းနှင့် ရိုးသားသူတစ်ဦးဖြစ်လေသည်။ သူက ရွှမ်ယီထက်ပင် အရပ်အနည်းငယ်ရှည်ပြီး တပည့်သုံးယောက်ထဲတွင် အညံ့ဆုံးအရည်အချင်းပိုင်ရှင်လည်းဖြစ်၏။

သို့သော် ရွှမ်ယီက သူ့တပည့်အား လက်လျော့လိုက်ရန်စိတ်ကူးမရှိချေ။ အကောင်းဆုံးကြိုးစားပြီး မြေတောက်မြှောက်ပေးမည်ဖြစ်သည်။

ရွှမ်ယီ တပည့်ရွေးချယ်ရာတွင် ပါရမီက အဓိကမကျချေ။ စိတ်ဓာတ်ကိုကြည့်ပြီးမှ ပါရမီကိုကြည့်လေ့ရှိသည်။

ပါရမီမည်မျှကောင်းစေကာမူ စိတ်ဓာတ်ကစုတ်ပြတ်သတ်နေလျှင် လုံး၀လက်ခံမည်မဟုတ်ချေ။ သို့သော် ပါရမီမကောင်းသော်လည်း စိတ်ဓာတ်ကို သဘောကျလျှင်ထိုလူအား လက်ခံဆဲပင်။

နက်နဲဓားဂိုဏ်း တပည့်သစ်လက်ခံခြင်းအခမ်းအနားတွင်လည်း ရွှမ်ယီက ကုယီယီအား မြင်ပြီးသည့်တိုင် တိုက်ရိုက်တပည့်လက်မခံဘဲ သူမ၏ စိတ်နေစိတ်ထားအား အနည်းငယ်စောင့်ကြည့်ခဲ့သေးသည်။

သူတို့(၃)ယောက်သာမက ရွှမ်ယီ၏ ကျင့်ကြံမှုလည်း ‌တိုးတက်လာခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့်(၄) မှ အဆင့်(၅) အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့၏။

ခွန်အားကမူ အခြေတည်ဝိညာဉ်အဆင့်(၉) အထွတ်အထိပ်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။

ယခုအချိန်တွင် သရဲဖြူအဘိုးကြီးနှင့် တိုက်ခိုက်ပါက ၎င်းအား မသတ်နိုင်သော်လည်း အနိုင်ယူနိုင်မည်ဟု ယုံကြည်ချက်ရှိ‌သည်။

All Chapters