← Chapters

အဇူရာဒေသမဟာပြိုင်ပွဲ

Vol. 5 Ch. 64

အဇူရာဒေသမဟာပြိုင်ပွဲ

Vol. 5 Ch. 64

အဇူရာဒေသမဟာပြိုင်ပွဲကို (၃)နှစ်တစ်ကြိမ်ကျင်းပလေ့ရှိသည်။

အဇူရာဒေသမှ ပါရမီရှင်လူငယ်များအားလုံး ဆုံစည်းရာပြိုင်ပွဲလည်းဖြစ်၏။

အဇူရာအဆင့်မှ ပါရမီရှင်များအကုန်ထွက်ပေါ်လာရုံသာမက ကြောင်လက်သည်းဝှက်ထားသည့် ပါရမီရှင်များလည်း ထွက်ပေါ်လာပေလိမ့်မည်။

အဇူရာဒေသမဟာပြိုင်ပွဲကို အဇူရာဒေသ၏ အလယ်ဗဟိုရှိ ချင်းဟွမ်မြို့၌ ကျင်းပမည်ဖြစ်၏။

ချင်းဟွမ်မြို့က မြို့တစ်မြို့သက်သက်မဟုတ်ဘဲ စွမ်းအား၏ ပြယုဒ်လည်းဖြစ်သည်။ အဇူရာဒေသ၏ နံပါတ်(၁)မြို့လည်းဖြစ်သည့်အပြင် ဟောင်တျန်ဓားဂိုဏ်း ၊ သွေးလမိသားစု နှင့် အခြားသော စွမ်းအားကြီးအင်းအားစုများ အခြေစိုက်ရာနေရာလည်းဖြစ်၏။

မြို့သခင်က အဇူရာဘုရင်ဖြစ်ပေသည်။

ထိုလူက အထွတ်အထိပ် မူလဘုရင်တစ်ယောက်ဖြစ်ပြီး မကြာမီ လူသားဘုရင်အဖြစ်သို့ရောက်ရှိတော့မည့်သူလည်းဖြစ်၏။

နက်နဲဓားဂိုဏ်း...

လိပ်နက်တောင်ထိပ်...

ရွှမ်ယီထံသို့ ဂိုဏ်းချုပ်ကျန်းနန်ထျန်ရောက်လာခဲ့သည်။

ရွှမ်ယီအားမြင်လျှင် ကျန်းနန်ထျန်က

“ ထူးဆန်းတာတစ်ခုခုဖြစ်သွားပြီ...”

“ ဘာဖြစ်လို့လဲ...”

“ ခရမ်းလမင်းလျှို့ဝှက်နယ်မြေ မရှိတော့ဘူး...”

“ ဟမ်...”

ရွှမ်ယီ အံ့ဩသွားခဲ့ရသည်။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေမရှိတော့ဘူးတဲ့လား...

ဒါက ဘာကိုဆိုလိုတာလဲ...

“ ဒီသတင်းက သွယ်တန်းမြစ်ကိုးစင်းမှာ ပျံ့နှံ့နေတာ ရက်အနည်းငယ်ကြာပြီ.. အစကတော့ ကောလဟာလလို့ပဲထင်ခဲ့တာ.. နောက်မှ တကယ်ပျောက်သွားမှန်းသိလိုက်ရတယ်...လုံး၀ သဲလွန်စတောင်မရှိဘူး.. ဒီတိုင်း လျှို့ဝှက်‌နယ်မြေ၀င်ပေါက်တွေအားလုံး လေထဲမှာ ပျောက်သွားသလိုပဲ...”

ကျန်းနန်ထျန်၏ မျက်နှာတွင်လည်း ထိတ်လန့် အံ့ဩမှုများ ပြည့်နှက်နေခဲ့သည်။

နှစ်ထောင်ပေါင်းများစွာကြာအောင် တည်ရှိနေတဲ့ ခရမ်လမင်းလျှို့ဝှက်နယ်မြေက သဲလွန်စတောင်မကျန်ခဲ့ပဲ ပျောက်ဆုံးသွားတယ်တဲ့လား...

ရွှမ်ယီလည်း အလွန်အံ့ဩသွားခဲ့ရသည်။

အနှီခရမ်းလမင်း လျှို့ဝှက်နယ်မြေက အလွန်ဆန်းကျယ်လွန်းလှသည်။

ထို ခရမ်လမင်းလျှို့ဝှက်နယ်မြေ၏ ပိုင်ရှင်မှာ ဒေါသအိုးဆေဘာဘုရင်မဟုတ်ပဲ သူ့ထက်အစွမ်းထက်သော အခြားတစ်ယောက်ဟုပင် ရွှမ်ယီ သံသယ၀င်နေမိသည်။

……………….

တောင်ပိုင်းတိုက်ကြီး..

ကောင်းကင်ဒေသ....

တောင်ပိုင်းတိုက်ကြီး၏ ထိပ်တန်းဒေသ(၂၀)ထဲမှ ဒေသတစ်ခုဖြစ်သည်။

အလွန်ထူထပ်သော နှင်းလွင်ပြင်ကျယ်ကြီးတစ်ခုထဲတွင် ဧရာမကျောက်တံခါးကြီးတစ်ခု ရှိ‌နေလေသည်။

ထိုကျောက်တံခါး၏ ရှေ့တွင် မရေမတွက်နိုင်သည့် ကျင့်ကြံသူများစုရုံးရောက်ရှိနေကြပြီး ထိုအထဲသို့ အဆက်မပြတ်၀င်နေကြ၏။

ဤနေရာတွင် ရွှမ်ယီအပါအ၀င် သွယ်တန်းမြစ်ကိုးစင်းမှ လူများရှိနေပါက ထိုတံခါးကြီးမှာ ခရမ်းလမင်းလျှို့ဝှက်နယ်မြေ၏ ၀င်ပေါက်ဖြစ်ကြောင်း သိရှိပေလိမ့်မည်။

အဇူရာဒေသ ခရမ်းလမင်းတောအုပ်တွင်ရှိနေသည့် လျှို့ဝှက်‌နယ်မြေက ရုတ်တရက်ပျောက်ကွယ်သွားပြီး မည်မျှဝေးကွာမှန်းပင်မသိရသည့် ကောင်းကင်ဒေသတွင် ‌ထွက်ပေါ်လာခဲ့သည်။

“ ဒီလျှို့ဝှက်နယ်မြေရဲ့ ပိုင်ရှင်က အရမ်းအစွမ်းထက်တဲ့ လူတစ်ယောက်ပဲဖြစ်ရမယ်.. လွန်ခဲ့တဲ့ရက်တွေက တချို့စီနီယာတွေ လျှို့ဝှက်နယ်မြေထဲ အင်အားသုံး၀င်ရောက်ဖို့ကြိုးစားခဲ့ကြတယ်.. ဒါပေမယ့် မ၀င်နိုင်ရုံတင်မဟုတ်ဘူး ဒဏ်ရာလည်းအပြင်းအထန်ရသွားခဲ့ကြတယ်....”

“ မင်းသိထားရမှာက အဲ့ဒီစီနီယာတွေအကုန် လူသားဘုရင်အဆင့်တွေချည်းပဲ....”

“ ဒီအထဲမှာ ထူးခြားတဲ့ရတနာတွေရှိနိုင်တယ်...”

“ ဟွမ်တျန်ချန်ဇီ နဲ့ ကိုင်လျန်ရီ တို့လို ကောင်းကင်အဆင့်ထိပ်ဆုံး(၁၀) ယောက်ထဲက လူတွေတောင် ၀င်သွားပြီလို့ ပြောသံကြားတယ်...”

“ နှေးနေဖို့အချိန်မရှိဘူး.. အမြန်၀င်ရအောင်.. မဟုတ်ရင် အထဲက ရတနာတွေတစ်ခုမှ မရလိုက်ပဲနေမယ်...”

လျှို့ဝှက်နယ်မြေ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်...

ထိုအချိန်တွင် ကောင်ကင်ဒေသမှ မရေမတွက်နိုင်သည့် ကျင့်ကြံသူများ မျှော်စင်ပတ်လည်တွင် စုရုံးရောက်ရှိနေကြ၏။

“ ဟွမ်တျန်ချန်ဇီ.. ကောင်းကင်အဆင့်က နံပါတ်(၁)...”

“ ကိုင်လျန်ရီ.. ကောင်းကင်အဆင့် နံပါတ်(၃)...”

“ ချင်ထန်ဂီ.. ကောင်းကင်အဆင့် နံပါတ်(၉)...”

“ ၀မ်ဇောင် အဆင့်(၁၅)...”

ထိုလူများထဲတွင် ကောင်းကင်အဆင့်မှ (၄)ယောက်တောင်ရှိနေခဲ့သည်။

ထိုလေးယောက်မှာ ကောင်းကင်ဒေသ မျိုးဆက်သစ်လူငယ်များထဲမှ ထိပ်တန်းပါရမီရှင်များဖြစ်ကြ သည့်အပြင် ၀မ်ဇောင်မှလွဲလျှင် ကျန်(၃)ယောက်က ထိပ်ဆုံး(၁၀)ယောက်အတွင်းမှဖြစ်၏။

ယခုအချိန်တွင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင် မဖွင့်သေးသောကြောင့် လူများက မျှော်စင်ပတ်လည်တွင် စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သူတို့ ဤ‌လျှို့ဝှက်နယ်မြေအတွင်းသို့ မ၀င်မှီ အများကြီး မျှော်လင့်ထားခဲ့ကြသော်လည်း ၀င်ပြီးနောက် အလွန်အမင်းစိတ်ပျက်သွားခဲ့ရသည်။

ဤနေရာမှ ပစ္စည်းများမှာ သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများတွင် ရတနာများဖြစ်နိုင်သော်လည်း သူတို့ကောင်းကင်ဒေသမှ လူများအတွက်မူ အမှိုက်များနှင့်မခြားပေ။

“ အခုလက်ရှိရောက်နေတဲ့ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှာတော့ ကောင်းတာလေးတွေရှိဖို့ မျှော်လင့်ပါတယ်...မဟုတ်ရင် ဒီလျှို့ဝှက်နယ်မြေက အရမ်စိတ်ပျက်စရာကောင်းသွားလိမ့်မယ်...”

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်ဘေးမှ အဆင့်ကျောက်ပြားကိုလည်းကြည့်ကာ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြ၏။

“ ဒါက ဒီမျှော်စင်ကို တက်ဖူးတဲ့လူတွေရဲ့ အဆင့်သတ်မှတ်ချက်ပဲဖြစ်မယ်....”

“ ဒါပေမယ့် ဒီအဆင့်မှာ ငါတို့တောင်ပိုင်းတိုက်ကြီးက လူတွေက ဘာလို့ ဒီလောက်တောင်နိမ့်ကျနေရတာလဲ...”

“ ရှိတဲ့ အဆင့်အမြင့်ဆုံးလူတွေကလည်း.. မင်ယွဲ့ချူ အဆင့်(၉၀၀၀၀)ကျော်.. ကုယီယီက (၅၀၀၀၀)ကျော်ပဲရှိတယ်.. ဒါက အရမ်းရှက်စရာကောင်းလွန်းတယ်.. ငါတို့တောင်ပိုင်းတိုက်ကြီးကို တော်တော်လေးအရှက်ရစေတာပဲ...”

“ ဒါပေမယ့် ရွှမ်ယီဆိုတဲ့ တစ်ယောက်ကတော့ မဆိုးပါဘူး.. သူက တောင်ပိုင်းတိုက်ကြီးက လူတွေကို မျက်နှာသာရအောင်လုပ်ပေးထားတယ်.. အဓိကအဆင့်ရဲ့ ထိပ်ဆုံးတင်မကဘူး နံပါတ်(၁)မှာရှိနေတယ်... ဟီးဟီး....”

“ ဒါက ကိစ္စတော့မရှိပါဘူး.. လောလောတယ် အဓိကအဆင့်ရဲ့ ထိပ်ဆုံး(၁၀)ယောက်ထဲမှာ ငါတို့တောင်ပိုင်းတိုက်ကြီးကလူတွေ နည်းနေပေမယ့်.. မကြာခင်အများကြီးရှိလာတော့မှာ...”

“ အမှန်ဘဲ.. ဒီတစ်ကြိမ်မှာ ကောင်းကင်အဆင့်နံပါတ်(၁) ဟွမ်တျန်ချန်ဇီ နဲ့ နံပါတ်(၃) ကိုင်လျန်ရီတို့လည်း ရောက်နေကြတယ်.. ဒါနဲ့ စကားမစပ်.. ကိုင်လျန်ရီက အရမ်းလှတာပဲ....”

သူတို့အားလုံး၏ စကားများထဲတွင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား အလွန်အထင်သေးနေခဲ့ကြသည်။

သူတို့အနေဖြင့် ထိုမျှော်စင်အတွင်းသို့ တစ်ကြိမ်မှမ၀င်ဖူးကြသေးသောကြောင့် မည်မျှခက်ခဲမှန်း မသိကြသေးချေ။

သူတို့က အဆင့်(၅၀) (၆၀)လောက်ကို အသာလေးရောက်နိုင်မည်ဟုထင်ခဲ့ကြသည်။

ဟွမ်တျန်ချန်ဇီ နှင့် ကိုင်လျန်ရီတို့ဆိုလျှင် ထိပ်ဆုံးသို့ ရောက်လိမ့်မည်ဟု ယုံကြည်ထားကြ၏။

မည်သို့ပင်ဆိုစေကာမူ.. ၎င်းက အမှန်တရားများပေလော...?

မဖြစ်နိုင်ချေ။

မကြာခင် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်၏ တံခါးများ စတင်ပွင့်လာခဲ့တော့သည်။

“ တံခါးပွင့်သွားပြီ..”

“ သွားကြစို့...”

“ ဟီးဟီး.. ငါရဲ့ ပန်းတိုင်က အထပ်(၅၀)ပဲ..”

“ ငါကတော့ အထပ်(၆၀)ရောက်အောင်သွားမယ်...”

မျှော်စင်သို့ မ၀င်မီတွင် ယုံကြည်မှုအပြည့်နှင့် ကြွေးကြော်ခဲ့ကြသည်။

သို့သော် ၀င်ပြီးသိပ်မကြာမီ သူတို့၏ ယုံကြည်ချက်များ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့ရသည်။

ပထမဆုံး အထပ်(၂၀)ကိုမူ လူတိုင်းနီးပါး အေးဆေးတက်နိုင်စွမ်းရှိကြသည်။

သို့သော် အထပ်(၃၀) သို့‌ရောက်သည်နှင့် စတင်၍ ခက်ခဲလာ၏။

သူတို့ ရင်ဆိုင်ရသည့် ကာကွယ်သူက (၂၉) ထပ်နှင့်ယှဉ်လျှင် အလွန်အစွမ်းထက်လှသည်။

(၃၁) ထပ်သို့ရောက်ချိန်တွင် လူတိုင်းအံ့ဩသွားခဲ့ရသည်။

(၃၁)ထပ်က အထပ်(၃၀)ထက် အလွန်ခက်ခဲနေ၏။

လူများစွာ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်မှ ဖယ်ထုတ်ခြင်းခံလိုက်ရသည်။ ထိုလူများအားလုံး အလွန်အံ့အားသင့်နေခဲ့ကြ၏။

ဘာကြီးလဲကွာ...

ဒီမျှော်စင်က ဒီလောက်တောင်ခက်တာလား...

အချိန်ကြာလာသည်နှင့်အမျှ လူများ ပို၍ ဖယ်ရှားခြင်းခံလာရသည်။ ထိုအချိန်တွင် သူတို့အနေဖြင့် အမှန်တရားတစ်ခုကို နားလည်သဘောပေါက်လာခဲ့ကြ၏။

ထိုအမှန်တရားကား သူတို့အနေဖြင့် နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အား အလွန်လျှော့တွက်မိခဲ့ကြခြင်းဖြစ်သည်။

မျှော်စင်သို့မ၀င်ခင်တွင် သူတို့၏ အရည်အချင်းများနှင့် အထပ်(၅၀) မှာခက်ခဲမည်မဟုတ်ကြောင်း ၊ အထပ်(၆၀) (၇၀)သို့ပင်ရောက်နိုင်လိမ့်မည်ဖြစ်ကြောင်း တွေးထင်မိခဲ့ကြသည်။

သို့သော် ခါးသီးဖွယ်အမှန်တရားတစ်ခုက ထိုလူများ အထပ်(၄၀)သို့ပင်မရောက်ခဲ့ကြချေ။

လူအနည်းစုမှလွှဲ၌ ကျန်သူများအားလုံး အထပ်(၄၀)မရောက်မှီ ဖယ်ရှားခြင်းကိုခံခဲ့ရသည်။

လက်ရှိအချိန်တွင် သာမန်အဆင့်၌ နံပါတ်(၁)ဖြစ်နေသော ထန်ချင်းယန်သည် အဆင့်(၅၀)သို့သာရောက်ခဲ့ပြီး အဓိကအဆင့်သို့ပင် မ၀င်နိုင်ခဲ့ချေ။

ထန်ချင်းယန်က မည်သူနည်း...

ကောင်းကင်အဆင့်မှ ပါရမီရှင်တစ်ယောက်မဟုတ်လော..

ကောင်းကင်အဆင့်တွင် သူ၏ အဆင့်က မမြင့်သည့်တိုင် ပါရမီရှင်တစ်ယောက်ဖြစ်နေဆဲပင်။

“ အမှိုက်ပဲ...”

ကောင်းကင်အဆင့် နံပါတ်(၁၅)မှ ၀မ်ဇောင်က ရေရွတ်လိုက်ပြီး နတ်ဘုရားသန့်စင်မျှော်စင်အတွင်းသို့ ၀င်သွားခဲ့သည်။

“ ၀မ်ဇောင် မျှော်စင်ထဲ၀င်သွားပြီ...”

ထိုမြင်ကွင်းက လူအများအပြားအား စိတ်လှုပ်ရှားသွားစေခဲ့သည်။

၀မ်ဇောင်က ကောင်းကင်အဆင့်နံပါတ်(၁၅)ဟူသော ဂုဏ်နှင့် ထိုက်တန်ပေသည်။ သူ၀င်ရောက်ပြီး မကြာမီမှာပင် ထန်ချင်းယန်အားကျော်ပြီး ‌သာမန်အဆင့်နံပါတ်(၁)ဖြစ်သွားခဲ့၏။ ထို့အပြင် သူက အဓိကအဆင့်သို့လည်း ရောက်ရှိသွားခဲ့သည်။

လူတိုင်းက အဆင့်များ ဆက်လက်မြင့်တက်လာမည်ဟု မျှော်လင့်ထားကြသော်လည်း (၅၃)ထပ်အရောက်တွင် မီးငြိမ်းသွားခဲ့၏။

၀မ်ဇောင်၏ အဆင့်က အဓိကအဆင့်(၉၈၀၀၀)ကျော်တွင် ရှိနေသည်။

တောင်ပိုင်းတိုက်ကြီးအား အရှက်ရစေသည်ဟု သူတို့ဝေဖန်ခဲ့ကြသည့် မင်ယွဲ့ချူထက်ပင် ပို၍ နိမ့်ကျနေခဲ့၏။

၀မ်ဇောင်အပြင်ပြန်ရောက်လာသောအခါ သူ၏ မျက်နှာအား ဘယ်နားထားရမှန်းမသိဖြစ်နေခဲ့သည်။ မျက်နှာတစ်ခုလုံးလည်း ပူစပ်ပူလောင်ဖြစ်နေခဲ့၏။

ကောင်းကင်အဆင့်နံပါတ်(၁၅)ရှိသူ တစ်ဦးအနေဖြင့် အထပ်(၆၀) (၇၀) လောက်ရောက်မည်ဟု မျှော်လင့်ခဲ့သော်လည်း ဟာသဖြစ်သွားခဲ့ရသည်။

နဂိုက အထပ်(၅၀) ကျော်အေးဆေးရောက်မည်ဟု ထင်ခဲ့ကြသူများကလည်း အထပ်(၄၀)မတိုင်မီ ပြုတ်သွားခဲ့ကြ၏။

သူတို့အထင်ကြီးထားခဲ့သည့် ၀မ်ဇောင်ပင် အဓိကအဆင့်သို့၀င်နိုင်ရုံသာရှိလေသည်။

“ ‌ဟမ့်.. ၀မ်ဇောင် မင်းက ကောင်းကင်အဆင့်မှာ နံပါတ်(၁၅)ဖြစ်ပြီး (၅၂)ထပ်အထိပဲ နိုင်ခဲ့တာလား.. မင်းကမှ တကယ့် တောင်းပိုင်းတိုက်ကြီးကို အရှက်ရစေတဲ့ကောင်ပဲကွ...”

အနီးအနားတွင်ရှိနေသည့် ချင်ထန်ဂီက တခွိခွိရယ်လျက် လှောင်ပြောင်လိုက်သည်။

သူနှင့် ၀မ်ဇောင်မှာ အချင်းချင်း အစေးမကပ်ကြသူများဖြစ်ရာ အခွင့်အရေးရတုံး ၀င်ရောက်လှောင်ပြောင်ရန် မမေ့ခဲ့ပေ။

ထိုစကားအား ကြားလျှင် ၀မ်ဇောင်၏ အမူအရာက အလွန်ရုပ်ဆိုးသွားခဲ့သည်။

“ ဒါဆိုလည်း မင်းက ငါတို့တောင်ပိုင်းတိုက်ကြီးကို အရှက်မရစေဖို့ မျှော်လင့်ပါတယ်...”

“ စိတ်မပူနဲ့ ငါက မင်းလို အမှိုက်မဟုတ်ဘူး...”

စကားဆုံးသည်နှင့် ချင်ထန်ဂီက မျှော်စင်၀င်ပေါက်ရှိရာသို့ လျှောက်လှမ်းသွားလိုက်၏။

သို့သော် သိပ်မကြာမီ အပြင်ပြန်ရောက်လာခဲ့လေသည်။

ထိုအပြင် သူ့အဆင့်က အဓိကအဆင့်တွင် ၀မ်ဇောင်ထက်ပင်နိမ့်ကျနေသေး၏။

အထပ်(၅၂)တွင်ရှုံးနိမ့်သွားခဲ့ခြင်းဖြစ်သည်။

ယခုအချိန်တွင် လူတိုင်း နားလည်သဘောပေါက်လာခဲ့ကြသည်။

ယင်းမှာ သူတို့အားနည်းခြင်းမဟုတ်ဘဲ နတ်ဘုရားသန့်စင်ခြင်းမျှော်စင်က အားကောင်းလွန်းနေခြင်းသာ။

“ ဝိုး.. မင်းကို အရမ်းအစွမ်းထက်မယ်လို့ထင်ထားခဲ့တာ.. ‌ငါ့လောက်တောင်မရောက်ဘူး.. မင်းကမှ တကယ့်အမှိုက်အစစ်ပဲ...”

၀မ်ဇာင်က အားရပါးရရယ်မောလိုက်၏။

“ ၀မ်ဇောင် မင်းက သေချင်နေတာပဲကွ...”

ချင်ထန်ဂီက မျက်နှာကြီးနီရဲလျက် အော်ဟစ်လိုက်သည်။

“ နတ်သမီးကိုင် သွားနေပြီ...”

“ ဟွမ်တျန်ချန်ဇီလည်း သွားနေပြီဟ...”

ထိုအချိန်တွင် လူအုပ်ကြီးအတွင်းမှ အော်ဟစ်လိုက်သံများ ထွက်ပေါ်လာခဲ့သည်။

ဟွမ်တျန်ချန်ဇီနှင့် ကိုင်လျန်ရီတို့က တစ်ပြိုင်တည်း နတ်ဘုရားသန့်စင်ခြင်းမျှော်စင်အတွင်းသို့ ၀င်သွားခဲ့ကြ၏။

လူတိုင်းက ၎င်းကို အလွန်မျှော်လင့်နေကြသည့်အပြင် အနည်းငယ်လည်း စိတ်ပူနေမိကြသည်။

ကောင်းကင်အဆင့် နံပါတ်(၁) နှင့် နံပါတ်(၃)..

ထိုနှစ်ယောက်က သူတို့ ကောင်းကင်‌ဒေသအတွက် နောက်ဆုံးမျှော်လင့်ချက်ဖြစ်၏။

သို့သော် သူတို့နှစ်ယောက်ပင် မစွမ်းဆောင်နိုင်လျှင်မူ...

သူတို့အားလုံး သက်ပြင်းချလိုက်မိကြသည်။

ကိုင်လျန်ရီက ၀မ်ဇောင်နှင့် အခြားလူများကို ကျော်တက်သွားခဲ့ပြီး နောက်ဆုံးတွင် (၅၈)ထပ်မြောက်သို့ရောက်ကာ အဆင့်(၇၀၀၀၀)အတွင်း၀င်သွားခဲ့၏။

အခြားတစ်ဖက်တွင် ဟွမ်တျန်ချန်ဇီကမူ အထပ်(၆၀)သို့ရောက်ရှိခဲ့ပြီး အဆင့်(၅၀၀၀၀)ကျော်သို့ ရောက်ရှိခဲ့သည်။

မူလက ခန့်မှန်းထားခဲ့ကြသည့် အထပ်(၈၀) (၉၀)သို့ မရောက်ခဲ့ကြသော်လည်း အတော်လေးကောင်းမွန်းသည့် ရလဒ်တစ်ခုဟု ပြောရပေမည်။

နတ်ဘုရားသန့်စင်ခြင်းမျှော်စင်သို့ ၀င်ခဲ့ဖူးသည့် လူတိုင်း အထပ်(၅၈) နှင့် (၆၀) အထိရောက်ရှိခဲ့ကြသည့် ကိုင်လျန်ရီ နှင့် ဟွမ်တျန်ချန်ဇီတို့ မည်မျှအစွမ်းထက်ကြောင်း နားလည်ကြလေသည်။

“ ဟူး...”

“ (၅၈)ထပ်ပဲ ရောက်ခဲ့တယ်...”

ကိုင်လျန်ရီသည် မျှော်စင်အတွင်းမှ ထွက်ခွာလာပြီးနောက် အဓိကအဆင့်မှ သူမ၏ အဆင့်အားကြည့်လိုက်ပြီးနောက် ထိပ်ဆုံး(၁၀)ယောက်ကို ကြည့်လိုက်မိသည်။

သူမက (၅၈) ထပ်သို့ရောက်ရှိခဲ့ပြီး ဤမျှော်စင်အား တက်ရသည်မှာ မည်မျှခက်ခဲကြောင်းနားလည်ထား၏။

ထိပ်ဆုံး(၁၀)နေရာမှ အထပ်(၇၀) ကျော်အထိ တက်ခဲ့သူများမှာ မည်သို့သောလူများဖြစ်ကြောင်း သူမတွေးကြည့်၍ပင်မရချေ။

အထူးသဖြင့် နံပါတ်(၁) နေရာမှ ရွှမ်ယီဖြစ်၏။

ပြီးတော့ ထိုလူက တောင်ပိုင်းတိုက်ကြီးကပဲလား...

“ နက်နဲဓားဂိုဏ်းတဲ့.. ငါတော့ တစ်ခါမှမကြားဖူးဘူး... ဘယ်ဒေသက ဂိုဏ်းလဲမသိဘူး...”

ထိုလူက အရမ်းကြောက်စရာကောင်းလွန်းလှသည်။

ထို့အပြင် ဒုတိယအဆင့်အမြင့်ဆုံးလူက (၇၉)ထပ်သို့သာရောက်ခဲ့သော်လည်း ထိုလူကမူ (၉၉) ထပ်သို့ရောက်ခဲ့ပေသည်။

All Chapters