← Chapters

အဇူရာအင်ပါယာမြို့သို့ ထွက်ခွာခြင်း

Vol. 5 Ch. 65

အဇူရာအင်ပါယာမြို့သို့ ထွက်ခွာခြင်း

Vol. 5 Ch. 65

ကောင်းကင်လေနိုင်ငံ…

နက်နဲဓားဂိုဏ်း..

လိပ်နက်တောင်ထိပ်

ပတ်၀န်းကျင်သို့ တွန်းကန်ထွက်လာသည့် စိတ်ဝိညာဉ်စွမ်းအင်များကြောင့် ရွှမ်ယီ ကျင့်ကြံနေရာမှ မျက်လုံးဖွင့်ကြည့်လိုက်၏။

“ မင်း အဆင့်တက်သွားပြန်ပြီလား.. အချိန်ကောင်းပဲ.. ငါတို့လည်း သွားဖို့အချိန်ရောက်ပြီ….”

ရွှမ်ယီက ထိုင်ရမှာထလိုက်ပြီး ကုယီယီ၏ ကျင့်ကြံခြင်းအခန်းရှိရာ သွားလိုက်သည်။

နက်နဲဓားဂိုဏ်း၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီး ပြီးဆုံးသွားသည်မှာ နှစ်၀က်ပင်ကြာသွားခဲ့ချေပြီ။

လွန်ခဲ့သော နှစ်၀က်တစ်လျှောက်လုံး ရွှမ်ယီက အချိန်အများစုကို ကုယီယီ ၊ လင်းဇီရင် နှင့် ၀မ်ဟူတို့အား သင်ကြားရင်းကုန်ဆုံးခဲ့၏။ တချို့အချိန်များတွင် တိုက်ပွဲအတွေ့အကြုံတိုးတက်ရန်အတွက်လည်း အတူတကွ ယှဉ်ပြိုင်ရင်း လေ့ကျင့်ပေးခဲ့၏။

ဒေါသအိုးဆေဘာဘုရင်၏ သိုလှောင်လက်စွပ်အတွင်းမှ ရတနာများနှင့်အတူ ရွှမ်ယီ၏ ကြိုးစားပမ်းစားသင်ကြားပေးမှုများကြောင့် သုံးယောက်စလုံး အလွန်အမင်းတိုးတက်လာခဲ့ကြသည်။ သုံးယောက်ထဲတွင် အတိုးတက်ဆုံးလူကတော့ သဘာ၀အတိုင်း ကုယီယီဖြစ်ပေသည်။

၎င်းနှင့် ပတ်သက်၍ အံ့ဩစရာမရှိချေ။

ကုယီယီက ရေခဲဝိညာဉ်ခန္ဓာကိုယ်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ပါရမီလည်းအလွန်ကောင်းမွန်လှသည်ဖြစ်ရ တစ်ဆကြိုးစားရုံနှင့် ရလဒ်နှစ်ဆရနိုင်သည်။ ဤနှစ်၀က်အတွင်း သူမက ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၂)မှ အဆင့်(၉)အထိ တိုးတက်လာခဲ့လေသည်။

ထိုသို့လျှင်မြန်စွာတိုးတက်လာစေရန် သူမ ရေခဲဝိညာဉ်ခန္ဓာကိုယ်၏ အစွမ်းအပြင် ရွှမ်ယီ၏ သင်ကြားမှုများ ၊ ဒေါသအိုးဆေဘာဘုရင်၏ ရတနာများလည်း အဘက်ဘက်မှပါ၀င်ပေသည်။

ဒေါသအိုးဆေဘာဘုရင် တစ်ဘ၀လုံးစုဆောင်းထားသည့်ရတနာများမှာ ဟာသမဟုတ်ချေ။

အဇူရာဒေသမှ အင်အားကြီးအဖွဲ့အစည်းများ၌ပင် ထိုမျှရှိမည်မထင်ပေ။

ထိုအင်အားစုကြီးများတွင် ဘုရင်အဆင့်ကျင့်ကြံသူများရှိကြသော်လည်း ၎င်းတို့က သူတို့၏ ဂျူနီယာများလေ့ကျင့်ရန် သူတို့ရှိသမျှကို အမှန်တကယ် ပုံပေးမည်လော။

လင်းဇီရင်က ကုယီယီလောက်မဟုတ်သော်လည်း ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၇) သို့ရောက်ရှိသွားပြီး ကနဦးဓားရည်ရွယ်ချက်ကိုလည်း ပိုင်နိုင်စွာနားလည်သဘောပေါက်နေပြီဖြစ်၏။

သုံးယောက်ထဲမှ အညံ့ဆုံး၀မ်ဟူပင် ရွှမ်ယီ၏ အင်တိုက်အားတိုက် ကြိုးစားမှုများနှင့် အရင်းအမြစ်များကြောင့် ချီငွေ့ရည်ဖွဲ့ခြင်းအဆင့်မှ ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၁)သို့ရောက်ရှိနေချေပြီ။

“ ဆရာ.. ကျွန်မ အဆင့်တက်သွားပြီ..”

ရွှမ်ယီရောက်လာသည်ကိုမြင်သည်နှင့် ရွှမ်ယီထံမှ ချီးကျူးခံရန် ပြေးသွားခဲ့၏။

သူမက (၁၇)နှစ်အရွယ်မိန်းကလေးတစ်ယောက် ဖြစ်နေသော်လည်း ရွှမ်ယီ၏ ရှေ့တွင်မူ ကလေးတစ်ယောက်သာဖြစ်လေသည်။

“ တော်တယ်..”

ရွှမ်ယီက ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး

“ မင်းရဲ့ အစွမ်းထက်ဆုံး တိုက်ခိုက်မှုနဲ့ ငါ့ကိုတိုက်ကြည့်….”

ကုယီယီကလည်း တွန့်ဆုတ်မနေခဲ့ချေ။

ရေခဲဝိညာဉ်ခန္ဓာအား အသက်သွင်းလိုက်လျှင် အခန်းတွင်းအပူချိန်မှာ ကျဆင်းသွားခဲ့ရသည်။ သူမ၏ လက်ထဲတွင်ကိုင်ထားသည့် ဓားကလဲ ရေခဲများဖုံးလွှမ်းလျက် ‌ရေခဲဓားတစ်လက်ပင်ဖြစ်နေချေပြီ။

“ လေလျှပ်စီးဓား….”

ဓားဖြင့်ခုတ်လိုက်သည်နှင့် လေ ၊ လျှပ်စီး နှင့် ရေခဲ ဓာတ်သဘာ၀များ စုစည်းလျက် ရွှမ်ယီထံသို့ ရောက်လာခဲ့သည်။

“ ဒင်..!”

ရွှမ်ယီက ထိုဓားချက်အား လက်ချောင်းများဖြင့် အသာအယာပင် ကာကွယ်ထားခဲ့၏။

တခဏအတွင်း အခန်းတွင်းရှိ အပူချိန်မှာ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။

“ ကောင်းတယ်.. မင်းရဲ့ ရေခဲဝိညာဉ်ခန္ဓာအပေါ် ထိန်းချုပ်မှုက အများကြီးတိုးတက်လာတယ်.. ဒီလောက်ဆိုရင် အဇူရာဒေသပြိုင်ပွဲမှာ ထိပ်ဆုံး(၁၀၀၀၀)ထဲ၀င်ဖို့က ပြသနာမရှိလောက်တော့ဘူး…”

ကောင်းကင်လေနိုင်ငံသည် အဇူရာဒေသ၏ အစွန်အဖျားပိုင်းတွင်တည်ရှိပြီး အဇူရာအင်ပါယာမြို့တော်(ချင်းဟွမ်မြို့)နှင့် အလွန်ဝေးကွာပေသည်။

[ ENG ကိုဘာသာပြန်ထားတဲ့ကောင်က English လိုရေးလိုက် Chinaglishနဲ့ရေးလိုက်နဲ့ တချို့နေရာတွေကျ ဘာမှန်းကျွန်တော်တောင်မသိဘူး တနေရာမှာကျ ချင်းဟွမ်လို့ရေး နောက်အပိုင်းကျ အဇူရာအင်ပါယာမြို့ဖြစ်သွားတယ် ဟုတ်မဟုတ်တော့မသိပေမယ့် ဇာတ်လမ်းအရဆိုရင်တော့ အဲ့နာမည်ပဲ ကောင်းကင်လေကိုလဲ တခါတခါ တရုတ်ဂလိရှ်နဲ့ရေးတော့ ကျန်တဲ့ဟာတွေလည်းအဲ့လိုပဲ…သည်းခံပြီးဖတ်ပေးကြပါ ဒီတစ်ခုတော့ ]

မကြာခင် နက်နဲဓားဂိုဏ်းမှ တပည့်သုံးယောက်နှင့်အတူ အဇူရာအင်ပါယာမြို့တော်သို့ ခြေချကြပေတော့မည်။

သူသွားကာနီးတွင် ကျန်းနန်ထျန်ရောက်ချလာခဲ့သည်။

သူ့ဘေးတွင် လူငယ်တစ်ယောက်လည်း ပါလာခဲ့၏။ ရွှမ်ယီက ထိုကောင်လေးအားသိပေသည်။ ဂိုဏ်းချုပ် ကျန်းနန်ထျန်၏ တပည့်တဖြစ်လဲ နက်နဲဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ပိုင်ဇီဆောင်ဖြစ်၏။

ယခင်က မည်မျှပင် တစ်ဂိုဏ်းလုံးနာပါတ်(၁)ဖြစ်စေကာမူ လက်ရှိတွင် ကုယီယီက သူ့ထက်သာလွန်နေချေပြီ။

“ ချီအခြေခံတည်ဆောက်ခြင်းအဆင့်(၈).. မဆိုးပါဘူး…”

“ အကြီးအကဲရွှမ်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ… ကျွန်တော်က ဂျူနီယာညီမလေးနှစ်ယောက်နဲ့ ယှဉ်ရင် အများကြီးလိုနေပါသေးတယ်…”

ပိုင်ဇီဆောင်က မတတ်သာစွာ ရယ်မောလိုက်လေသည်။ ယခင်က နံပါတ်(၁) ပါရမီရှင်ဖြစ်ခဲ့သော်လည်း ယခုတွင် ကုယီယီနှင့် လင်းဇီရင်တို့အား ယှဉ်နိုင်ခြင်းမရှိချေ။

သူလည်း ဤနှစ်၀က်အတွင်း အများကြီးတိုးတက်လာခဲ့သည်။ ဒေါသအိုးဆေဘာဘုရင်၏ ရတနာများအားသုံးကာ ထိုမျှတိုးတက်မလာလျှင် သူ၏ ပါရမီ(၉၂)မှတ်က အမှိုက်ဖြစ်သွားပေလိမ့်မည်။

ရွှမ်ယီက တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်မဟုတ်ချေ။ လွန်ခဲ့သော နှစ်၀က်က သိုလှောင်လက်စွပ်ထဲမှ အရင်းအမြစ်အနည်းငယ်အား ထုတ်ယူပြီး ဂိုဏ်းမှ တပည့်များကိုပေးရန် ကျန်းနန်ထျန်အား ပေးထားခဲ့သည်။

ဤနှစ်၀က်အတွင်း ဂိုဏ်းသို့၀င်ရန် မရေမတွက်နိုင်သည့် ပါရမီရှင်များရောက်လာခဲ့ကြသည်။ သွယ်တန်းမြစ်ကိုးစင်းတွင် နက်နဲဓားဂိုဏ်းအား မသိသူမရှိဖြစ်နေချေပြီ။

မရေမတွက်နိုင်သည့် ပါရမီရှင်များ နက်နဲဓားဂိုဏ်းအား၀င်ခွင့်ရရန် ကြိုးစားရုန်းကန်နေကြသည်။

ကပ်ဘေးကာလအတွင်း နက်နဲဓားဂိုဏ်းအား စွန့်ခွာသွားခဲ့ကြသူများတွင် နက်နဲဓားဂိုဏ်းထံ ပြန်လာလိုသူများရှိသော်လည်း ချွင်းချက်မရှိ ငြင်းပယ်ခဲ့သည်။

သွားစမ်းပါ..

ပြန်မလာနဲ့…

အခက်အခဲရင်ဆိုင်နေရတုန်းကျ ရှောင်ထွက်သွားပြီး.. အခုမှ ပြန်လာချင်တာလား.. လုံး၀ပဲ.. ဆုတောင်းတောင်မရဘူး…!

ယခုနက်နဲဓားဂိုဏ်း တပည့်အသစ်စုဆောင်းရာတွင် အရည်အချင်းသာမက ၊ စိတ်သဘောထားကောင်းမကောင်း နှင့် တခြားရှုထောင့်များကိုလည်း ကြည့်ရှုသေးသည်။

ဂိုဏ်း၏ ကပ်ဘေးကာလအတွင်း ဖြစ်သွားခဲ့သည့် ကိစ္စမျိုးမှာ တစ်ကြိမ်ဆိုလျှင် လုံလောက်ပြီဖြစ်သည်။

“ ဂိုဏ်းချုပ်.. ကျုပ်ဆီလာတာ ဘာပြောစရာရှိလို့လဲ….”

“ အကြီးအကဲရွှမ်.. ဒီခရီးမှာ ဇီဆောင်ကိုလည်း ခေါ်သွားပေးလို့ရမလား.. သူ့ကိုလည်း အဇူရာဒေသပြိုင်ပွဲမှာ ပါ၀င်စေချင်တယ်.. အဆင့်ကအရေးမကြီးပါဘူး.. သူ့အတွက် ကျယ်ပြောတဲ့ ကမ္ဘာကြီးကို မြင်ခွင့်ရရင် အဆင်ပြေပါပြီ….”

“ ကမ္ဘာကြီးကိုလေ့လာတာ.. အဲ့တာကောင်းပါတယ်.. အမြင်ကျယ်တာပေါ့.. လာ အပေါ်တက်ခဲ့….”

ကြက်သွေးမီးတောက် စာကလေးအထက်မှ ရွှမ်ယီက တန်းပြီးသဘောတူလိုက်သည်။ ခရီး၌ လူတစ်ယောက်ပိုလာခြင်းကို စိတ်ထဲမထားချေ။

“ စီနီယာ ဇီဆောင်.. မ‌တွေ့တာကြာပြီနော်.. ဟဟဟ…”

ရိုးသားသော သဘောထားရှိသည့် ၀မ်ဟူက ရှေ့ထွက်ပြီး ပိုင်ဇီဆောင်အား ပွေ့ဖက်ကာ ကြိုဆိုခဲ့သည်။ သူတို့နှစ်ယောက် လွန်ခဲ့သော နှစ်၀က်မှစခင်ခဲ့ကြပြီး ဆက်ဆံရေးကောင်းမွန်ကြသည်။ တခါတလေ အတူတကွ အပြင်သွားပြီးပင် လေ့ကျင့်တတ်ကြ၏။

ကုယီယီနှင့် လင်းဇီရင်တို့ကလည်း ခေါင်းညိတ်ပြီး နှုက်ဆက်လိုက်၏။

သူမတို့နှင့် အရမ်းမရင်းနှီးသော်လည်း မေးထူးခေါ်ပြော အနည်းငယ်ရင်းနှီးပေသည်။

……………………..

ရွှမ်ယီက နက်နဲဓားဂိုဏ်းမှထွက်ခွာလာပြီး အဇူရာအင်ပါယာမြို့သို့ တန်းမသွားခဲ့ပေ။ ထိုအစား အဇူရာအင်ပါယာမြို့တော်သို့ပြေးဆွဲသည့် လှေပျံရှိရာ အနီးဆုံးမြို့သို့ ဦးတည်လိုက်ကြသည်။

ယခုသွားမည့်ခရီးရှည်မျိုးအတွက် ပျံသန်းနိုင်သောနတ်ဆိုးသားရဲများနှင့် ကိုယ်တိုင်သွားခြင်းထက် လှေပျံစီးကာသွားခြင်းက ပို၍သင့်တော်ပေသည်။

လှေပျံက နတ်ဘုရားကုန်းမြေကြီး(ချန်ရွှမ်ကုန်းမြေကြီး) တွင် လူသုံးအများဆုံး သယ်ယူပို့ဆောင်ရေး ပစ္စည်းဖြစ်သည်။

လှေပျံများအား နတ်ဆိုးသားရဲ ဆယ်ကောင်ကျော်ဖြင့် ဆွဲလေ့ရှိပြီး အငယ်စားလှေပျံများတွင် လူ(၁၀၀)၀န်းကျင်လိုက်ပါနိုင်ပြီး သွယ်တန်းမြစ်ကိုးစင်းနိုင်ငံများတွင် ပြေးဆွဲလေ့ရှိသည်။

အလယ်စားလှေပျံများတွင်မူ လူ(၁၀၀၀)ကျော် လိုက်ပါနိုင်ပြီး သွယ်တန်းမြစ်ကိုးစင်း အနီးပတ်၀န်းကျင်တွင်အသုံးပြုကြ၏။

အဆင့်မြင့်လှေပျံကြီးများကမူ ခရီးဝေးသွားရန် အလွန်သင့်တော်ပြီး လူ(၁၀၀၀၀)ကျော် ဆံ့ပေသည်။ လေပေါ်မြို့ကြီးတစ်မြို့ကဲ့သို့ဖြစ်ကာ အဇူရာဒေသ၏ နေရာတိုင်းသို့ ရောက်ရှိနိုင်သည်။

ထိုအဆင့်မြင့်လှေပျံများက ကောင်းကင်လေနိုင်ငံသို့လည်းပြေးဆွဲပြီး အဓိကမြို့ကြီး(၁၀)မြို့တွင် တွေ့နိုင်၏။

“ ရွှေဒင်္ဂါး (၅၀၀၀၀).. ဒါက ဓားပြတိုက်နေတာပဲ…”

လှေပျံပေါ်သို့ရောက်ပြီးနောက် ၀မ်ဟူတစ်ယောက် မနေနိုင်ပဲ ကျန်ဆဲမိလိုက်သည်။

ထိုငွေပမာဏက သူ့အတွက်များပြားသည်မဟုတ်သော်လည်း ခရီးသွားရန် ဤမျှပေးရခြင်းက သူ့နှလုံးသားကနာကျင်‌စေခဲ့သည်။

“ ဒါက ‌ဓားပြတိုက်နေတယ်လို့ပြောလို့မရဘူး.. ဘာလို့ဆိုတော့ ငါတို့သွားရမယ့် ခရီးက အဝေးကြီးပဲ.. ပြီးရင် အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူတွေကလည်း အစောင့်အရှောက်အဖြစ် ကာကွယ်ပေးနေကြသေးတယ်… ပေးရတာနဲ့တန်ပါတယ်….”

ပိုင်ဇီဆောင်က ပြုံးလျက်ပြောလိုက်သည်။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် ပျံသန်းနိုင်သည့် နတ်ဆိုးသားရဲ(၁၀)ကောင်ကျော်ရှိပြီး အခြေတည်ဝိညာဉ် ကျင့်ကြံသူများကလည်း အကာအကွယ်ပေးရန် လိုက်ပါလာကြ၏။ ထိုအပြင် ထိုလူများက အားနည်းသူများမဟုတ်ချေ။ အနည်းဆုံး အခြေတည်ဝိညာဉ်အဆင့်(၃) ၌ရှိကြလေသည်။

သန်းခေါင်ယံအချိန်သို့ရောက်သည်နှင့် နတ်ဆိုးသားရဲ ဆယ်ကောင်ကျော်၏ ထောက်ပံ့မှုဖြင့် လှေပျံကြီးက တဖြည်းဖြည်းလေထဲသို့မြင့်တက်လာခဲ့သည်။

နောက်ထပ်သွားမည့်နေရာက ကောင်းကင်လေ အင်ပါယာမြို့တော်ဖြစ်၏။

လှေပျံပေါ်တွင် ရွှမ်ယီက သူ့တပည့်များအား လွတ်လပ်ခွင့်ပေးထားခဲ့သည်။

ကုယီယီအနေဖြင့် အနည်းငယ်ပို၍ ‌တိုးတက်လာပါက အဇူရာဒေသပြိုင်ပွဲတွင် ထိပ်ဆုံး(၁၀၀၀၀) အတွင်းသို့၀င်ရန် ပို၍လွယ်သွားမည်ဖြစ်သော်လည်း တစ်ချိန်လုံးကျင့်ကြံနေခြင်းက ကောင်းသည့်အရာမဟုတ်ချေ။

ထို့ကြောင် လှေပျံပေါ်၌ လျှောက်လည်ခွင့်ပေးထားလိုက်သည်။

လှေပျံကြီးမှာ အလွန်ကြီးမားပြီး စားသောက်ဆိုင်များ ၊ လဖက်ရည်ဆိုင်များ ၊ လောင်းကစားဝိုင်းများ စသည်ဖြင့် မြို့ကြီးတစ်မြို့အလားဖြစ်ပေသည်။

အုန်း..!

ခရီးသွားနေစဉ်အတွင်း လှေပျံက ရုတ်တရက် တုန်ခါလာခဲ့သည်။

“ ဘာတွေဖြစ်နေဝာာလဲ….”

All Chapters