← Chapters

ရွှမ်ယီက အဇူရာအဆင့်ထဲမှာလား…?

Vol. 5 Ch. 67

ရွှမ်ယီက အဇူရာအဆင့်ထဲမှာလား…?

Vol. 5 Ch. 67

သူမ၏ ဘေး၌ပါလာသောတစ်ယောက်က မင်ယွဲ့လန်မဟုတ်ပါ။ ရွှမ်ယီလည်း ထိုအမျိုးသမီးအား မသိချေ။

“ သခင်လေး ရွှမ်..”

ရွှမ်ယီက မင်ယွဲ့ရှုအားမြင်သည့်အားလျော်စွာ မင်ယွဲ့ရှုကလည်း ရွှမ်ယီအား တွေ့မြင်သွားခဲ့သည်။

သူမ၏ လှပသောမျက်နှာလေးထက်တွင် အံ့အားသင့်နေဟန်များရှိနေပြီး ရွှမ်ယီထံသို့ လျင်မြန်စွာလျှောက်လာခဲ့၏။

“ မစ္စရှု.. မတွေ့တာကြာပြီ…”

ရွှမ်ယီလည်း မင်ယွဲ့ရှုနှင့် ဤနေရာတွင် တွေ့ဆုံလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ သခင်လေး ရွှမ်ယီ.. ရှင်လည်း ဒီမှာတည်းတာလား…”

မင်ယွဲ့ရှုက သူမ၏ မျက်နှာထက်၌ အပြုံးတစ်ခု ဆင်မြန်းလျက် မေးလိုက်သည်။

မင်ယွဲ့ရှုက နဂိုကပင် အလွန်လှပသော အမျိုးသမီးဖြစ်၏။ ယခုတွင် သူမမျက်နှာထက်၌ အပြုံးတစ်ခု ဖြစ်ပေါ်လာရာ ခန်းမအတွင်းမှ ပုရိဿများအားလုံး ယစ်မူးသွားခဲ့ရသည်။

တစ်ဖက်တွင်မူ မင်ယွဲ့ရှု၏ အမူအရာကြောင့် သူမဘေးမှ အမျိုးသမီးက မျက်မှောင်ကြုတ်လိုက်မိသည်။

မင်ယွဲ့ရှုက အရမ်းအေးစက်သော မိန်းမလှလေးတစ်ယောက် မဟုတ်သော်လည်း အမျိုးသားတစ်ယောက်အား ထိုမျှ နွေးထွေးစွာဆက်ဆံသည်ကို တစ်ခါမှမတွေ့ခဲ့ဖူးချေ။

“ ကျုပ်က ဒုတိယအထပ်မှာတည်းတာပါ..”

“ ဘယ်လိုတောင် တိုက်ဆိုင်လိုက်လဲ.. ကျွန်မလည်း ဒီတည်းခိုခန်းက

ပထမအထပ်မှာတည်းတာ…”

စကားအနည်းငယ်ပြောပြီးနောက် မင်ယွဲ့ရှုက ဆက်ပြောလိုက်၏။

“ ဒါနဲ့.. ရှင် အဇူရာအဆင့်ထဲမှာရှိတယ်နော်.. အဲ့တာသိပြီးပြီလား…”

“ အိုး…”

ထိုအကြောင်းအား ရွှမ်ယီက ယခုမှသိရှိခြင်းဖြစ်သည်။ သူက ရုတ်တရက်တစ်ခုခုအား တွေးမိလိုက်ပြီး

“ ကျုပ် အဆင့်က ဘယ်လောက်လဲ…”

“ (၉၆၁)…”

ထိုစကားအားကြားလျှင် ရွှမ်ယီနားလည်သွားခဲ့သည်။

သူက ခရမ်းလမင်းလျှို့ဝှက်နယ်မြေ ၀င်ပေါက်နားတွင် ချောင်ဖန်းအား သတ်ဖြတ်ခဲ့ဖူး၏။

ထို့ကြောင့် သူက သဘာ၀အတိုင်းပင် ချောင်းဖန်၏ အဆင့်အား ရရှိသွားခြင်းဖြစ်လေသည်။

ခရမ်းလမင်းလျှို့ဝှက်နယ်မြေအတွင်းမှ ရွှမ်ယီ၏ စွမ်းဆောင်မှုများအရဆိုလျှင် နံပါတ်(၉၀၀)ကျော်တွင်ရှိနေမည်မဟုတ်ပေ။ သို့သော် အဇူရာအဆင့်၏ စည်းမျဉ်းများအရ အဆင့်တက်ရန် အထက်အဆင့်မှ လူများကို အနိုင်ယူရန်လိုအပ်၏။

“ ၉၆၁.. ဒါဆို ကျုပ်လည်း အဇူရာအဆင့်၀င်တစ်ယောက် ဖြစ်သွားပြီပေါ့.. ဟဟ…”

ရွှမ်ယီက ပြုံးလိုက်သည်။ သူ့အနေဖြင့် ထို့အဆင့်များအား စိတ်ထဲမထားပေ။

အကယ်၍ သူသာစိတ်၀င်စားပါက ပထမနေရာအား အေးဆေးယူလိုက်၍ရသည်။

ရွှမ်ယီ၏ စကားအားကြားလျှင် မင်ယွဲ့ရှုပင် ပြုံးလိုက်မိ၏။

“ မစ္စ မင်ယွဲ့ရှု ကျွန်မတို့ သွားရမယ့် အချိန်ရောက်နေပြီ…”

သူတို့နှစ်ယောက် စကားပြောနေသည်အားကြည့်ကာ မင်ယွဲ့ရှုနံဘေးမှ အမျိုးသမီး၏ မျက်နှာ ပို၍ပျက်လာခဲ့သည်။

ဒီလူက မလွယ်ဘူး…!

ထိုလူနှင့် မတွေ့ခင်ထိ မင်ယွဲ့ရှု ယခုကဲ့သို့ ပြုမူသည်အား သူမ တစ်ခါမှမတွေ့ဘူးချေ။

“ ကျွန်မတို့ လက်ဖက်ရည်ဝိုင်းကို သွားမလို့.. သခင်လေးရွှမ်ယီ ရှင်ရော လိုက်ဦးမလား…”

သို့သော် ရွှမ်ယီ ဘာမှမပြောရသေးခင် နံဘေးမှ အမျိုးသမီးက စကားဖြတ်ပြောလိုက်၏။

“ မစ္စ မင်ယွဲ့.. ကျွန်မရဲ့ သခင်လေးက အဇူရာအဆင့်က ထိပ်တန်း(၂၀)ကိုပဲ ဖိတ်ထားတာပါ.. သူက အဇူရာအဆင့်(၉၀၀)ကျော်ကမို့ လိုက်လာလို့အဆင်မပြေဘူး…”

“ ထားလိုက်ပါ.. ကျုပ်လည်း စိတ်မ၀င်စားပါဘူး…”

ရွှမ်ယီက မင်ယွဲ့ရှု နံဘေးရှိ အမျိုးသမီးထံမှ ရန်လိုမှုကို ခံစားနေမိသည်။

တခဏမျှစဉ်းစားပြီးနောက် သူနားလည်သွားခဲ့သည်။

ထိုအမျိုးသမီးက သူ့အား ခြိမ်းခြောက်မှုတစ်ခုအဖြစ် သဘောထားနေဟန်ရသည်။

မင်ယွဲ့ရှုက အလွန်လှပပြီး အစွမ်းလည်းထက်သူဖြစ်ရာ သူမအား ကြိုက်နေသည့် လူငယ်လူရွယ်များ အလွန်များပြားစွာ ရှိနိုင်သည်။

သူမ၏ သခင်လေးဆိုသူကလည်း ထိုအထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။

“ ဟုတ်ပြီလေ.. ဒါဆိုရင် ကျွန်မပြန်လာမှပဲ စကားဆက်ပြောကြတာပေါ့….”

“ ကောင်းပါပြီ…”

မင်ယွဲ့ရှုက ထွက်သွား‌ပြီဖြစ်သော်လည်း သူမနောက်မှ အမျိုးသမီးက ခြေတစ်လှမ်း နောက်ချန်ကျန်ခဲ့ကာ ရွှမ်ယီအား အသံတိုးတိုးနှင့် လှမ်းပြောလိုက်၏။

“ မင်ယွဲ့ရှုလို အမျိုးသမီးက နင်နဲ့ ထိုက်တန်တဲ့အဆင့်မဟုတ်ဘူး.. အဆင့် (၉၆၁)တဲ့လား.. ဟမ့် ဦးနှောက်ရှိရင် သူမနဲ့ ဝေးဝေးနေစမ်းပါ.. သူမနဲ့ ငါ့သခင်လေးက နင်နဲ့ တူညီတဲ့ကမ္ဘာကမဟုတ်ဘူး…”

“ အမှန်ပဲ.. ကျုပ်တို့က တူညီတဲ့ကမ္ဘာက မဟုတ်ဘူး…”

“ အဲ့လိုသိထားတာ ကောင်းတယ်…”

ရွှမ်ယီက ကိုယ့်အဆင့်ကိုယ်နားလည်သည်အား မြင်လျှင် ထိုအမျိုးသမီးက မင်ယွဲ့ရှုနောက်မှ လိုက်သွားခဲ့၏။

ရွှမ်ယီက စိတ်ထဲမထားဘဲ ပြုံးလိုက်သည်။

သူမ၏ သခင်လေးဆိုသူနှင့် သူက လုံး၀ကို မတူညီသော ကမ္ဘာနှစ်ခုက ဖြစ်လေသည်။

သို့သော် သူမထင်ထားသည့် ‘မတူညီသည့် ကမ္ဘာ’ က ရွှမ်ယီတွေးထားသော ‘မတူညီသည့် ကမ္ဘာ’ နှင့် ကွာခြားနေကြောင်း သူမ မကြာခင် သဘောပေါက်ကောင်းပေါက်သွားပေလိမ့်မည်။

လရေကန် တည်းခိုဆောင်မှ ထွက်လာပြီးနောက် ရွှမ်ယီ၏ မြို့ထဲသို့ လျှောက်ပတ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

အင်ပါယာမြို့ထဲ၌ တိုက်ခိုက်ခွင့်မရှိချေ။ သို့သော် ပွင့်လင်းစွာ တိုက်ခိုက်၍ ရသောနေရာတစ်ခုရှိ၏။ ၎င်းမှာ သိုင်းစင်မြင့်ဖြစ်ပေသည်။

သိုင်းစင်မြင့်မှာ မီတာ(၅၀) ခန့်ကျယ်၀န်းပြီး အဇူရာကျောက်တုံးများဖြင့် တည်ဆောက်ထား၏။ ၎င်းကို ဖျက်ဆီးရန်အတွက်မူ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများပင် အတော်လေး ဒုက္ခများပေလိမ့်မည်။

စင်မြင့်၏ ဘေးပတ်လည်တွင်လည်း လာရောက်ကြည့်ရှုကြသူများ အန္တရာယ်မဖြစ်စေရန် အပြင်သို့လျှံထွက်လာသည့် စွမ်းအင်လှိုင်းလုံးများကို အကာအကွယ်ပေးနိုင်သည့် အကာကွယ်အလွှာတစ်ခုလည်းရှိပေသည်။

အင်ပါယာမြို့တော်တွင် ထိုသို့သော စင်မြင့်များ အတော်များများရှိ‌သည်။ ပုံမှန်ဆိုလျှင် ထိုနေရာများတွင် လူများလွတ်နေလေ့ရှိသော်လည်း ဤရက်ပိုင်းတွင်းအမြဲပြည့်နေခဲ့၏။

အဇူရာဒေသမဟာပြိုင်ပွဲကြီး မကြာမီစတော့မည်ဖြစ်ရာ နေရာအနှံ့မှ မရေမတွက်နိုင်သော ပါရမီရှင်များ ရောက်နေခဲ့ကြသည်။ အဇူရာအဆင့်များကြားမှ စိန်ခေါ်မှုများမှာလည်း ပုံမှန်ထက် ပို၍ ပြင်းထန်နေခဲ့လေသည်။

ရွှမ်ယီရောက်ရှိသွားသည့် စင်မြင့်ထက်တွင်လည်း တိုက်ပွဲတစ်ပွဲဖြစ်ပွားနေ၏။

အဆိုပါတိုက်ပွဲမှာ အဇူရာအဆင့်၀င်နှစ်ယောက်ကြား တိုက်ပွဲဖြစ်သဖြင့် ကြည့်ရှုသူ အနည်းငယ်လည်းရှိနေခဲ့သည်။

အဆင့်(၉၃၆)မှ ချန်ဟောင်က အဆင့်(၉၃၁)မှ လီတောင်ကို စိတ်ခေါ်နေခြင်းဖြစ်သည်။

ထိုနှစ်ယောက်လုံး စိတ်ဝိညာဉ်‌ငွေ့ရည်ဖွဲ့ခြင်း အဆင့်(၇) ကျင့်ကြံသူများဖြစ်သဖြင့် အကြိတ်အနယ်တိုက်ပွဲတစ်ခုဖြစ်လိမ့်မည်ဟု လူတိုင်းကထင်ထားခဲ့ကြ၏။

သို့သော် တိုက်ပွဲက တစ်ဖက်သတ်ဖြစ်နေခဲ့သည်။

“ ချန်ဟောင်က အရင်ထက် အတော်လေး သန်မာလာတာပဲ.. လီတောင်တော့ ရှုံးတော့မယ်…”

“ သူတို့ နောက်ဆုံးအကြိမ်တိုက်ခဲ့ကြတုံးက လီတောင်က ချန်ဟောင်ကို အနိုင်ယူပြီး ရက်ရက်စက်စက်အရှက်ခွဲခဲ့တယ်.. အခု ချန်ဟောင်က ပိုပြီးသန်မာလာပြီ.. လီတောင် ရှုံးရင် မျက်နှာဘယ်လိုဖြစ်သွားမလဲ သိချင်မိတယ်….”

ဘုန်း..!

ပတ်၀န်းကျင်မှ လူများ ဝေဖန်နေကြသည့်အတိုင်းပင် လီတောင်က ချန်ဟောင်၏ လက်သီးချက်ကြောင်း စင်မြင့်၏ အစွန်းသို့ လွင့်စင်သွားခဲ့သည်။

“ လီတောင်ရှုံးသွားပြီ…”

“ ချန်ဟောင်က နောက်ဆုံးတိုက်ပွဲမှာတုံးကထက် အများကြီးတိုးတက်လာတယ်…”

“ အမှိုက်…”

ဖြည်းညှင်းစွာ ကုန်းထလာနေသည့် လီတောင်အားကြည့်ကာ ချန်ဟောင်က လှောင်ပြောင်လိုက်၏။

“ မင်း…”

ဤရှုံးနိမ့်မှုအား လီတောင်အနေဖြင့် လက်ခံရန် အတော်လေးခက်ခဲလွန်းလှသည်။ အရင်လကမှ သူက ချန်ဟောင်အား အလွယ်တကူအနိုင်ရခဲ့ပြီး ယခုတွင်မူ ရက်ရက်စက်စက်ရှုံးနိမ့်သွားခဲ့၏။

ချန်ဟောင်ထံမှ ‘အမှိုက်’ ဟူသော စကားအားကြာလျှင် သည်းမခံနိုင်တော့ဘဲ သွေးတစ်လုတ်အန်ထုတ်လိုက်ရသည်။

“ ဟားဟားဟား…”

“ အဲ့ဒီ လီတောင်ဆိုတဲ့ တစ်ယောက်က အတော်လေးပျော့တာပဲ.. စကားတစ်ခွန်းတည်းနဲ့ သွေးအန်နေပြီ…”

စင်မြင့်ဘေးမှ ရွှမ်ယီလည်း ထိုမြင်ကွင်အား မြင်လျှင် ပြုံးလိုက်မိသည်။

“ ရယ်လို့ အရမ်းကောင်းနေတာလားကွ…’

လီတောင်က နီရဲနေသော မျက်လုံးများဖြင့် ပတ်ပတ်လည်အား ဝှေ့ကြည့်လိုက်ပြီး နောက်ဆုံး ရွှမ်ယီထံ၌ ရပ်တန့်သွားခဲ့၏။

….?....

ရွှမ်ယီတစ်ယောက် ပဟေဋိဖြစ်သွားခဲ့လေသည်။

သူက အနည်းငယ်ပြုံးလိုက်ရုံသာ။ ထို့အပြင် သူတစ်ယောက်တည်း ရယ်နေခြင်းမဟုတ်ချေ။ ပတ်၀န်းကျင်ရှိ အခြားလူများက သူထက်ပင် ပို၍ ရယ်မောနေခဲ့ကြ၏။

“ ဟေ့ကောင်.. အဲ့တာက တော်တော်လေး ရယ်စရာကောင်းတာလားလို့ ငါမေးနေတယ်လေ…”

လီတောင်က ထပ်မေးလိုက်လျှင် ရွှမ်ယီ ထောင်းကနဲ ဒေါသထွက်သွားခဲ့၏။

“ မင်း သတ္တိရှိရင် ထပ်……..”

လီတောင်တစ်ယောက် စကားမဆုံးခင် ကမ္ဘာကြီး ကျွမ်းထိုးမှောက်ခုံဖြစ်သည်ဟု ခံစားလိုက်ရ၏။ သူ့မျက်နှာက သိုင်းစင်မြင့် ကြမ်းပြင်တွင် ကပ်နေပြီး ခြေထောက်တစ်ဖက်က သူ့ခေါင်းထက်၌ ရှိနေခဲ့သည်။

မှန်ပေသည်။ ၎င်းက ရွှမ်ယီလက်ချက်ပင်ဖြစ်၏။ မူလက စင်အောက်၌ ရပ်နေသည့် ရွှမ်ယီက လက်ရှိတွင် သိုင်းစင်မြင့်ထက်သို့ရောက်ပြီး လီတောင်၏ ခေါင်းအား နင်းထားလေသည်။

“ ဘာလဲ.. ငါ့ဟာငါ ရယ်တာတောင် ရယ်လို့မရဘူးလား…”

“ ပြီးရင် ငါတစ်ယောက်တည်း ရယ်နေတာမဟုတ်ဘူး.. အဲ့တာတောင် မင်းက ငါ့ကိုရွေးပြီး ပြသနာလာရှာနေတယ်.. ကဲ မင်းပြောကြည့်.. ငါက အဲ့လောက်အနိုင်ကျင့်ရ လွယ်တဲ့ပုံပေါက်နေလို့လား….”

“ မင်းပဲ ငါကို ဆဲဆို ပြသနာရှာချင်တာမဟုတ်လား…”

“ လုပ်လေ.. အခုလုပ်.. မင်းလုပ်ရဲရင် ဆက်လုပ်ကြည့်လိုက်….”

All Chapters