← Chapters

ဟင်းလင်းပြင်ဓားနယ်မြေ

Vol. 5 Ch. 71

ဟင်းလင်းပြင်ဓားနယ်မြေ

Vol. 5 Ch. 71

ရွှမ်ယီက နတ်ဆိုးသားရဲများအား ဆက်လက်ရှာဖွေခြင်းမရှိတော့ပေ။

သူ၏ အမှတ်(၂၁)သန်းက ပထမရရန် သေချာနေပြီဖြစ်သည်။

မကြာခင်တွင် ရွှမ်ယီကို ပြင်းထန်သော ဆွဲအားတစ်ခုက ကမ္ဘာငယ်လေးထဲမှ ဆွဲယူသွားခဲ့၏။

အဇူရာဒေသမဟာပြိုင်ပွဲကြီး ပထမပွဲစဉ် ပြီးဆုံးသွားချေပြီ။

ကမ္ဘာငယ်လေးများအတွင်းမှ မရေမတွက်နိုင်သော လူများ အပြင်ပြန်ရောက်လာပြီး အများစုမှာ စိတ်ပူနေသောမျက်နှာထားများနှင့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူတို့ ဤအဆင့်အား အောင်မည်ကျမည် တိတိကျကျကြိုမသိနိုင်သောကြောင့်ဖြစ်၏။

သို့သော် ထိုအထဲတွင် ရွှမ်ယီမပါ၀င်ချေ။

သူ့အတွင် မူလအဇူရာအမှတ် သန်း(၂၀)ကျော်ရှိ၏။ ထိုအမှတ်များနှင့်ဆိုလျှင် ပ‌ထမနေရာက လုံး၀ပြေးမလွတ်ချေ။

“ ဒီကောင်နဲ့မတွေ့ခဲ့တာ နှမျောဖို့ကောင်းလိုက်တာကွာ…”

ကုဟုန်က မလှမ်းမကမ်းမှ ရွှမ်ယီအား လှမ်းကြည့်ကာ ရေရွတ်လိုက်၏။

သူ့တွင် ပထမပွဲစဉ်ရလဒ်အတွက် စိတ်ပူစရာမရှိချေ။ စိတ်မကောင်းဖြစ်နေသည့် တစ်ခုတည်းသောအရာက ကမ္ဘာငယ်လေးထဲတွင် ရွှမ်ယီနှင့် မဆုံတွေ့နိုင်ခဲ့ခြင်းဖြစ်၏။

ဒုန်း…!

ကောင်းကင်ထက်တွင် အလွန်ကြီးမားသော စိတ်ဝိညာဉ်မျက်နှာပြင်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

၎င်းတွင် ထိပ်ဆုံး(၁၀၀၀၀)သို့၀င်နိုင်သည့် လူများ၏ နာမည်များနှင့် အမှတ်များကို ဖော်ပြထားသည်။

“ ငါကျော်ဖြတ်နိုင်ပြီကွ.. ဟားဟား.. ငါကျော်ဖြတ်နိုင်သွားပြီ…”

“ ချီးဘဲ.. နည်းနည်းလေးပဲလိုလိုက်တယ်ကွာ…”

“ စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် နောက်တစ်ကောင်လောက်ထပ်တွေ့ပြီး သတ်နိုင်ခဲ့ရင် အဆင့်၀င်မှာ….”

နောက်တစ်ဆင့်တက်နိုင်သူများ အဆင့်ဇယားပေါ်လာချိန်တွင် တစ်ချို့က ၀မ်းနည်းပူဆွေးနေပြီး တစ်ချို့က ပျော်ရွှင်နေကြ၏။

အဆင့်၀င်နိုင်ရန် အမှတ်အနည်းငယ်သာလိုသည့် လူများက ပို၍ နာကျင်ခံစားနေကြရသည်။

“ ယီယီ နဲ့ ရင်အာက လွဲရင် ကျန်တဲ့လူတွေတော့ မပါကြဘူး…”

အယောက်(၁၀၀၀၀) အဆင့်ဇယားအား ကြည့်လိုက်ချိန်တွင် ကုယီယီ၏ နာမည်အားတွေ့လိုက်ရသည်။

သူမက သူ့အား စိတ်မပျက်စေခဲ့ပေ။

သူမ၏ အဆင့်က (၉၃၂၂)တွင်ရှိနေပြီး သိပ်မမြင့်သော်လည်း အယောက်(၁၀၀၀၀)အတွင်း ပါ၀င်နေဆဲဖြစ်၏။

သူမ အယောက်(၁၀၀၀၀)အတွင်း ပါ၀င်နေသ၍ သူ၏ တာ၀န်ပြီးမြောက်သွားပေလိမ့်မည်။

[ ဒင်..! အရံတာ၀န်ပြီးမြောက်သွားသည့်အတွက် ဂုဏ်ယူပါတယ်..။

ဆုလာဘ်အနေနှင့် ပိုင်ရှင်၏ အဆင့်(၂)ဆင့်မြင့်တက်သွားပြီး ဟင်းလင်းပြင်ဓားနယ်မြေအား နားလည်သွားပါပြီ…]

အဆင့်ဇယားထွက်ပေါ်လာပြီး သိပ်မကြာခင်မှာပဲ ရွှမ်ယီ စောင့်မျှော်နေသည့် စနစ်၏ အသံအားကြားလိုက်ရသည်။

သူ့ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်များ တိုးလာခဲ့ပြီး အခြေတည်ဝိညာဉ်အဆင့်(၇)သို့ ရောက်ရှိသွားခဲ့၏။

အဆင့်မြင့် အခြေတည်ဝိညာဉ် အဆင့်သို့ ရောက်ရှိသွားချေပြီ။

ထို့အပြင် ဘုရင်အဆင့်ကျင့်ကြံသူများပင် နားလည်ရန် ခက်ခဲသည့် နယ်မြေတစ်ခုအားလည်း နားလည်သွားခဲ့၏။

ရွှမ်ယီ၏ နှလုံးသားတစ်ခုလုံး မီးများတောက်လောင်နေလေသည်။

မူလက ရွှမ်ယီအနေနှင့် အခြေတည်ဝိညာဉ်အဆင့်(၉)အား တိုက်ခိုက်နိုင်စွမ်းရှိသည်။

ယခုတွင် အခြေတည်ဝိညာဉ်အဆင့်(၇) သို့ရောက်ရှိသွားသည့်အပြင် ‌ဟင်းလင်ပြင်ဓားနယ်မြေကိုလည်း နားလည်သွားခဲ့သည်။

သူ့ခွန်အားကို အဓိကတိုးတက်စေသည်မှာ အဆင့်နှစ်ဆင့်တိုးလာခြင်းမဟုတ်ဘဲ ဟင်းလင်းပြင်‌ဓားနယ်မြေအား နားလည်ခဲ့ခြင်းဖြစ်၏။

ယင်းမှာ ဘုရင်အဆင့်ကျင့်ကြံသူများပင် နားလည်ပိုင်ဆိုင်ရန် ခက်ခဲသည့်အရာတစ်ခုဖြစ်သည်။

အဇူရာဒေသမှ ဘုရင်များအားလုံး နယ်မြေတစ်ခု နားလည်ထားခြင်းမရှိပေ။

‘ ဘုရင်အဆင့်က အလှမ်းမဝေးတော့ဘူးပဲ…’

‘ ဟမ့် အခြေတည်ဝိညာဉ်အဆင့်က ဘုရင့်အဆင့်ကို အနိုင်မရဘူးလို့ ဘယ်သူက သတ်မှတ်ထားလဲ.. ငါက အဲ့ကန့်သတ်ချက်ကို ချိုးဖျက်ပြမယ်…’

“ အခု အဆင့်ဇယားထိပ်ဆုံး (၁၀)ယောက်ကို ကြေငြာပါတော့မယ်…”

ရွှမ်ယီ စိတ်လှုပ်ရှားကာ အတွေးလွန်နေတုံး အလွန်ကျယ်လောင်သောအသံတစ်ခုအား ကြားလိုက်ရ၏။

နဂိုက အဆင့်ဇယားပေါ်တွင် အဆင့်(၁၁)မှ (၁၀၀၀၀)ထိသာ ဖော်ပြထားခြင်းဖြစ်ပြီး ထိပ်ဆုံး(၁၀)ယောက်အား မှုန်ဝါးထားခဲ့သည်။

ယခုတွင် ထို ထိပ်ဆုံး(၁၀)ယောက်အား တစ်ယောက်ခြင်းပြသတော့မည်ဖြစ်၏။

အဆင့်(၁၀) နေရာမှ လူနာမည်က ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့သည်။

ဟွင်ဖူကျင်း..!

ပထမပွဲစဉ် အဆင့်(၁၀) - ဟွမ်ဖူကျင်း

မူလအဇူအရာအမှတ် - ၁၅၇၀၃၁၂

“ ဟွမ်ဖူမိသားစုက ဟွမ်ဖူကျင်းက ထိပ်တန်း(၁၀)ယောက်ထဲပါတာပဲ…”

ဟွမ်ဖူမိသားစုဆိုသည်မှာ အဇူရာဒေသ ထိပ်တန်းအင်အားစု(၁၀)ခု အတွင်းမှ တစ်ခုဖြစ်၏။

အဇူရာနယ်မြေ၏ အပြင်ဘက်တွင် ဟွမ်ဖူမိသားစုမှ အကြီးအကဲက လက်ရှိရလဒ်အားမြင်လျှင် မျက်မှောင်ကြုတ်သွားခဲ့သည်။

ထိုအဆင့်အား သူစိတ်ကျေနပ်ဟန်မရချေ။

ထိုရလဒ်က အခြားသူများအတွက် စိတ်ကျေနပ်စရာဖြစ်ကောင်းဖြစ်နိုင်သော်လည်း သူတို့အတွက်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အဇူရာအဆင့်တွင် နံပါတ်(၅)နေရာတွင်ရှိနေသော ဟွမ်ဖူကျင်းက လက်ရှိတွင် အဆင့်(၁၀)ရသည်ဖြစ်ရာ ထူးခြားနေခြင်းမျိုးမရှိပေ။ အနည်းငယ်‌ပင် နိမ့်ကျနေ‌သလို ဖြစ်နေသေး၏။

အဆင့်(၁၀) နေရာပြီးသည်နှင့် အဆင့်(၉) က ဖြည်းညှင်းစွာပေါ်လာလေသည်။

ပထမပွဲစဉ် အဆင့်(၉) - ခုန်ကျွယ်

မူလအဇူရာအမှတ် - ၁၇၇၃၃၅၀

“ ဝိုး.. ခုန်ကျွယ် သူက အဇူရာအဆင့်မှာ(၂၀)မဟုတ်လား.. အခု သူက အဆင့်(၉)တောင်ရတာပဲ…”

“ ခုန်ကျွယ်က ဒီနှစ်ပြိုင်ပွဲရဲ့ ဖျက်မြင်းဖြစ်နိုင်တယ်….”

ခုန်ကျွယ်က အင်အားကြီးဂိုဏ်းကမဟုတ်သလို အင်အားကြီးမိသားစုမှမဟုတ်ချေ။ သူ့တွင် ခုန်းရှန်းဟူသည့် အခြေတည်ဝိညာဉ်အဆင့်(၉) ဆရာတစ်ဦးသာရှိ၏။

“ အဘိုးကြီးခုန်းရှန်း ဂုဏ်ပြုတယ်ဗျို့…”

“ ခင်ဗျားမှာ တပည့်ကောင်းတစ်ယောက်ရှိတာပဲ…”

အနီးပတ်၀န်းကျင်ရှိ လူများက ခုန်ရှန်းအား ဝိုင်း၀န်းဂုဏ်ပြုစကားဆိုလိုက်ကြသည်။

အဘိုးကြီးခုန်ရှန်း၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပိတိများပြည့်နှက်နေခဲ့၏။

ပထမပွဲစဉ် အဆင့်(၈) - ချင်ယွမ်

အဇူရာလေဂိုဏ်းမှလူများ ထိုရလဒ်အား သိပ်မကျေနပ်ကြချေ။

ထို ချင်ယွမ်က အဇူရာအဆင့်တွင် နံပါတ်(၆) ဖြစ်၏။

ပထမပွဲစဉ် အဆင့်(၇) - ရွှီနန်ချောင် - ၁၉၉၇၂၁၁

အဆင့်(၆) - မင်ယွဲ့ရှု - ၂၁၂၃၇၄၁

အဆင့်(၅) - ဒွန်းချန်းကုံ - ၂၁၅၅၇၁၃

အဆင့်(၄) - ချန်ရှင်းဖန် - ၂၁၉၃၃၀၀

မကြာခင် ထိပ်ဆုံး(၃)ယောက် ထွက်ပေါ်လာတော့မည်ဖြစ်၏။

လက်ရှိတွင် မူချင်းချင်းတစ်ယောက် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူမ၏ နာမည်အား အဆင့်ဇယားတွင် တွေ့ခဲ့ရသောကြောင့်ဖြစ်၏။

တစ်ဖက်တွင် မူချင်းချင်းအစ်မ မူချူလျန်ကမူ မျက်နှာမကောင်းပေ။ သူမ ပထမပွဲစဉ်အား ကျော်ဖြတ်နိုင်ချင်းမရှိခဲ့ချေ။

ပထမပွဲစဉ်၏ အဆင့်(၁၀၀၀၀) မြောက်လူတွင် မူလအဇူရာအမှတ် (၁၁၀၀၀)ကျော်ရှိနေပြီး သူမတွင် အမှတ်(၅၅၆၁) မှတ်သာရှိပေသည်။

ကွားခြားချက်မှာ အလွန်ကြီးမာလှ၏။

“ အစ်မ.. သတင်းကောင်းတစ်ခုပြောပြမယ်.. ညီမ အဆင့်(၁၀၀၀၀) ထဲပါတယ်.. ဟီးဟီး…”

All Chapters