← Chapters

အဲ့တာ (၂)သန်းမဟုတ်ဘူး.. သန်း(၂၀)

Vol. 5 Ch. 72

အဲ့တာ (၂)သန်းမဟုတ်ဘူး.. သန်း(၂၀)

Vol. 5 Ch. 72

ညီမဖြစ်သူ၏ စကားကြောင့် မူချူလျန် အံ့အားသင့်သွားခဲ့၏။

သူမ နားကြားမှားသွားသလားဟု ထင်လိုက်မိသည်။

ချင်းချင်းက သူက နောက်တစ်ဆင့်တက်သွားပြီလို့ ပြောလိုက်တာလား…?

မူချူလျန်၏ ခေါင်းထဲသို့ ပထမဆုံး၀င်လာသည်က လုံး၀မဖြစ်နိုင်ဘူးဆိုသည့် အတွေးပင်ဖြစ်၏။

ထိုအရာက အဘယ်ကဲ့သို့ဖြစ်နိုင်မည်နည်း။

ညီမဖြစ်သူ၏ အရည်အချင်းအား သူမ အသိဆုံးပင်။ ချီအခြေခံတည်ဆောက်ခြင်း အဆင့်(၂) မျှဖြင့် အယောက်(၁၀၀၀၀) အတွင်းပါ၀င်သည်မှာ မည်သို့ဖြစ်နိုင်လိမ့်မည်နည်း။

စိတ်ဝိညာဉ်ငွေ့ရည်ဖွဲ့ခြင်းအဆင့် သူမကိုယ်တိုင်ပင် အဆင့်(၁၀၀၀၀) မြောက်လူ၏ အမှတ်ထက်၀က်ခန့်သာ ရှိပေသည်။

ထို အရာက မည်ကဲ့သို့သော ဟာသမျိုးဖြစ်သနည်း။

မူချူလျန်၏ မျက်နှာက အနည်းငယ်တင်းမာသွားပြီး

“ ချင်းချင်း.. နင်က ဘယ်လိုလုပ်ပြီး ဒီလို လိမ်တတ်သွားတာလဲ…”

“ အစ်မကို ဘယ်သူလိမ်နေလို့လဲ.. မယုံရင် အဆင့်(၉၅၇၀) ကိုကြည့်လိုက်.. အဲ့တာ ကျွန်မပဲ…”

သူ့အစ်မ ဘာကြောင့်မယုံသလဲဆိုသည်ကို သူမနားလည်ပေသည်။

မူချူလျန်က မူချင်းချင်းညွှန်ပြသည့်နေရာအား ကြည့်လိုက်၏။

ထိုနေရာတွင် မူချင်းချင်း၏ အမည်က အမှန်တကယ်ရှိနေပေသည်။

မူချူလျန်၏ ပါးစပ်အနည်းငယ်ပွင့်ဟသွားပြီး နှလုံးသားထဲတွင် မေးခွန်းများပြည့်နှက်သွားခဲ့၏။

ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..

မူချင်းချင်းက အဆင့်(၁၀၀၀၀)ထဲပါသွားတာလား…

ထို့အပြင် ယင်းက နာမည်တူနေခြင်းမျိုးလုံး၀မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် နာမည်နောက်တွင် သူတို့မူမိသားအမည်က အတိအကျပါနေခဲ့၏။

“ ချင်းချင်း.. နင်ဘယ်လိုများလုပ်လိုက်တာလဲ…”

မူချူလျန်တစ်ယောက် လက်ရှိအခြေအနေအား လက်ခံရန်ခက်ခဲနေခဲ့သည်။

သူမပင် မလုပ်နိုင်သည့်အရာကို များစွာအရည်အချင်းနိမ့်ကျသည့် သူမ၏ ညီမဖြစ်သူက လုပ်နိုင်သွားခဲ့သည်လော။

ဘယ်လို ဟာသမျိုးလဲ…!

“ ဟီး.. အမှန်ပဲ ကိုယ့်ဟာကိုယ်ကြိုးစားပြီး ရခဲ့တာမဟုတ်ဘူး.. ကမ္ဘာငယ်ထဲမှာ အသိတစ်ယောက်နဲ့တွေ့ခဲ့လို့ပါ.. သူက ကျွန်မကို အဆင့်၀င်အောင် ကူညီပေးခဲ့တာပဲ…”

“ ဘယ်သူများလဲ…”

“ အေးဆေးပေါ့.. မကြာခင် အစ်မသိလာလိမ့်မယ်.. သူက အဆင့်ဇယားမှာ သေချာပေါက်အဆင့်(၁)ပဲ….”

မူချူလျန်က ထွက်ပေါ်မလာသေးသည့် ထိပ်ဆုံး(၃)နေရာအား ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

“ ထိပ်ဆုံး(၃)ယောက်ကို မဖော်ပြရသေးဘူးလေ.. သူက အဆင့်(၁)ဆိုတာ ဘာလို့ဒီလောက်သေချာနေရတာလဲ…”

“ အမှန်ဘဲ.. သူက အဆင့်(၁) ဖြစ်ကိုဖြစ်မှာ…”

မူလအဇူရာအမှတ် သန်း(၂၀)ကျော် ၊ မူချင်းချင်းက ထိုအမှတ်ထက် ပိုများသူရှိလိမ့်မည်ဟု မယုံပေ။ အဆင့်(၂) သည်ပင် ထိုအမှတ်ထက် များစွာ နိမ့်ကျပေလိမ့်မည်။

အဇူရာနယ်မြေ အပြင်ဘက်…

မူမိသားစုရှိနေသောနေရာ..

“ အကြီးအကဲဒူ…”

အကြီးအကဲဒူ၏ အမည်က မူမျိုးရိုးမဟုတ်သော်လည်း သူက မူမိသားစု၀င်တစ်ယောက် ဖြစ်နေဆဲပင်။

“ ဘာဖြစ်လို့လဲ…”

“ ကျွန်တော်… အဆင့်ဇယားမှာ ဒုတိယ သခင်မလေးရဲ့နာမည်ကို မြင်မိသလိုပဲ...”

“ ဟမ်…”

ထို မူမိသားစုမှလူငယ်၏ စကားကြောင့် အကြီးအကဲဒူ မှင်သက်သွားခဲ့၏။

“ ဒီဟာသက မရယ်ရဘူးနော်…”

အကြီးအကဲဒူက ထိုလူငယ် သူ့အား နောက်နေသည်ဟုသာ ထင်ခဲ့သည်။

မူချင်းချင်းက အဆင့်(၁၀၀၀၀)ထဲမှာပါ၀င်တယ်တဲ့လား..

အဲ့တာက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…

မူချင်းချင်း၏ ခွန်အားဖြင့် နောက်တစ်ဆင့်တက်နိုင်ချေမှာ (၀)ရာခိုင်နှုန်းဖြစ်သည်။

သူမအား အတွေ့အကြုံရစေရန် ရည်ရွယ်ချက်ဖြင့် ၀င်ပြိုင်ခိုင်းလိုက်ခြင်းသာဖြစ်၏။

“ အကြီးအကဲဒူ.. ကျွန်တော်နောက်နေတာမဟုတ်ဘူး.. မယုံရင် အဆင့်(၉၅၇၀) ကိုကြည့်လိုက်…”

အကြီးအကဲဒူက အဆင့်(၉၅၇၀) အားကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများ ကျွတ်ကျမတတ်ဖြစ်သွားခဲ့ရသည်။

ထိုနေရာတွင် မူချင်းချင်းအမည်အား အမှန်တကယ်တွေ့ခဲ့၏။

“ ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ…”

လက်ရှိတွင် အကြီးအကဲဒူ ထိန်လန့်အံ့ဩနေသည့်အပြင် စိတ်လည်းလှုပ်ရှားနေလေသည်။

ပထမပွဲစဉ်၏ ဆုလာဘ်များ….

အကြီးအကဲဒူတစ်ယောက် တွေးကြည့်ရင်း ပို၍ စိတ်လှုပ်ရှားလာခဲ့၏။

အခုချက်ချင်း ခရမ်းသစ်ခွနိုင်ငံသို့ ပြန်ပြေးကာ ဘိုးဘေးအား အကြောင်းကြားလိုစိတ်များ တဖွားဖွားဖြစ်ပေါ်နေခဲ့သည်။

သူ့စိတ်ထဲတွင် အလွန်အမင်း အံ့အားလည်းသင့်နေခဲ့၏။

မူချင်းချင်းက ဘယ်လိုလုပ်ပြီး အဆင့်(၁၀၀၀၀)ထဲပါသွားတာလဲ…?

သို့သော် သူမ၏ နာမည်က အဆင့်ဇယားတွင် အမှန်တကယ် ပါ၀င်နေပေသည်။ ထို အဆင့်ဇယားက သူတို့အား လိမ်မည်တော့မဟုတ်ပေ။

ထိုကိစ္စနှင့်ပတ်သက်ပြီး သူမ အပြင်ပြန်ရောက်လာမှ အသေးစိတ်မေးရပေလိမ့်မည်။

“ ဟားဟားဟား…”

အကြီးအကဲဒူက အတောမသတ်နိုင်အောင် ရယ်မောလိုက်၏။

“ ငါတို့ မူမိသားစုက တစ်နေ့မှာ အဇူရာဒေသမဟာပြိုင်ပွဲရဲ့ အဆင့်(၁၀၀၀၀)ထဲ ပါလာလိမ့်မယ်လို့ ဘယ်သူကတွေးမိမှာလဲ.. တကယ်ကို ဂုဏ်ယူစရာကောင်းတဲ့ကိစ္စပဲ.. ခရမ်းသစ်ခွနိုင်ငံစပြီးတည်ထောင်ကတည်းက ဘယ်သူမှ ဒါမျိုးမလုပ်နိုင်သေးဘူး…”

အဇူရာနယ်မြေအတွင်းတွင်မူ…

ထိပ်ဆုံး(၃)နေရာအား ဖော်ပြတော့မည်ဖြစ်သည်။

လူတိုင်း အသက်ရှုပင်အောင့်ထားမိလိုက်ကြသည်။

မူချူလျန်လည်း အလားတူပင်ဖြစ်၏။

မူချင်းချင်းအား ထိုကဲ့သို့ ယုံကြည်မှုမျိုးနှင့် နောက်တစ်ဆင့်တက်နိုင်စေရန် လုပ်ပေးခဲ့သူအား သူမအလွန်သိချင်နေပေသည်။

ပြီးတော့ အသိမိတ်ဆွေတဲ့လား..

သူမ စဉ်းစား၍ရသလောက် အသိမိတ်ဆွေများထဲတွင် ထိုကဲ့သို့ လုပ်နိုင်စွမ်း ရှိသူ တစ်ဦးတစ်ယောက်မျှမရှိချေ။

အဆင့်(၃) - လုအိုချင်းရွှီ - အမှတ် - ၂၉၂၃၀၀၀

“ လုအိုချင်းရွှီက အဆင့်(၃)လား…”

လူအများစု အံ့ဩသွားကြသည်။

လုအိုချင်းရွှီက အဇူရာအဆင့်တွင် အဆင့်(၂) ဖြစ်ပြီး ကျန်းချန်၏ နောက်မှ ကပ်လျက်ဖြစ်သည်။

သူက ယခင်နှစ်ပြိုင်ပွဲတွင် ပထမပွဲစဉ်၌ ဒုတိယရရှိခဲ့၏။

သို့သော် ယခုနှစ်တွင် အဆင့်(၃) ဖြစ်သွားချေပြီ။

လုအိုချင်းရွှီပြီးနောက် အဆင့်(၂)က ဆက်လက်ပေါ်ထွက်လာခဲ့သည်။

အဆင့်(၂) - ကျန်းချန် - အမှတ် ၃၅၂၀၇၁၀

“…..???.....”

“ ကျန်းချန်က အဆင့်(၂)တဲ့လား…”

“ ဒါက..”

လူတိုင်း ပဟေဠိဖြစ်သွားခဲ့ကြသည်။

ဟောင်တျန်ဓားဂိုဏ်း၏ နှစ်(၁၀၀၀)အတွင်း အကောင်းဆုံး ပါရမီရှင်က အဆင့်(၂)တဲ့လား…?

အမှတ် ( ၃၅၂၀၇၁၀)…

သူက မူလအဇူရာအမှတ် (၃.၅)သန်းကျော် စုဆောင်းနိုင်ခဲ့သည်။ ထိုရလဒ်က ယခင်နှစ်ပြိုင်ပွဲတုန်းကထက်ပင် များနေပေသည်။ သို့တိုင် အဆင့်(၂)သာရခဲ့၏။

ကျန်းချန် ကိုယ်တိုင်လည်း အံ့ဩသွားခဲ့ရသည်။

အမှတ်(၃.၅)သန်းက သူ့အတွက် ကန့်သတ်ချက် ဖြစ်နေချေပြီ။ ထို့အပြင် ယခင်နှစ်က ပထမရခဲ့သော အမှတ်ထက်ပင်များနေခဲ့သေးသည်။ သို့တိုင် သူက အဆင့်(၂)သာရခဲ့၏။

“ အဆင့်(၁)က ဘယ်သူများလဲ…”

မရေမတွက်နိုင်သောလူများ ခေါင်းပေါက်အောင်စဉ်းစားသည့်တိုင် အဖြေမရခဲ့ချေ။ လူငယ်မျိုးဆက်များထဲ၌ ကျန်းချန်ထက် ပိုထက်မြက်သည့်လူအား စဉ်းစား၍ မရကြပေ။

အဆင့်ဇယားထိပ်ဆုံး၌ ဝါးထားသည်က ပျောက်ကွယ်သွားခဲ့ပြီး အဆင့်(၁)နေရာတွင် ရွှေရောင်စာလုံးများ ထွက်ပေါ်လာခဲ့၏။

အဆင့်(၁) - ရွှမ်ယီ - အမှတ် (၂၁.၃)သန်း

“ ရွှမ်ယီ..”

“ ရွှမ်ယီက ဘယ်သူများလဲ…”

မရေမတွက်နိုင်သည့်လူများ ကြောင်အသွားခဲ့ကြသည်။

ရွှမ်ယီက အဇူရာအဆင့်တွင် ပါ၀င်နေသော်လည်း လူသိမများခဲ့ပေ။

“ အဲ့ဒီ ရွှမ်ယီ.. ငါသိသလောက်ဆို သူက မကြာသေးခင်ကမှ အဇူရာအဆင့် (၉၆၁) ဖြစ်သွားတဲ့လူပဲ.. သူက အဆင့်(၁)တဲ့လား.. ကျန်းချန်ထက် ဘယ်လိုကျော်သွားတာလဲ…”

“ နေပါဦး.. အမှတ် (၂.၁၃)သန်း သူက အဆင့်(၁) မဖြစ်သင့်ဘူးလေ.. ကျန်းချန်မှာ အမှတ် (၃.၅၂) သန်းရှိတယ် မဟုတ်ဘူးလား…”

သူ့စကားမဆုံးခင် သရဲအားမြင်လိုက်ရသကဲ့သို့ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ မဟုတ်ဘူး.. မဟုတ်သေးဘူးဟ.. (၂.၁၃)သန်း မဟုတ်ဘူး.

(၂၁.၃)သန်းပဲ…”

ထိုလူမှာ အလွန်ထိတ်လန့်သွားပြီး လျှာကိုက်မိမတတ်ပင် ဖြစ်သွားခဲ့ရသည်။

All Chapters