ဒီနေရာက ထွက်သွားစမ်း
Vol. 5 Ch. 74
မြို့ကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့လေသည်။
ထိုလူက နတ်ဆိုးအဆင့်(၁၀)ဆိုပါက အဆင့်(၁)ဆိုလျှင် မည်မျှအားကောင်းပေလိမ့်မည်နည်း။
“ အဇူရာအဆင့်(၆)တဲ့လား.. တစ်ချက်တောင်မခံနိုင်ဘူး.. အမှိုက်တစ်စပဲ…”
မိုချန်က လှောင်ပြောင်လိုက်၏။
ထိုစကားများအားကြားလိုက်ရလျှင် အဇူရာအင်ပါယာမြို့ရှိ လူတိုင်း အမူအရာပြောင်းလဲသွားခဲ့ရသည်။
သို့သော် သူတို့တွင် ချေပပြောဆိုရန် စကားမရှိချေ။
ချင်းယွမ်ရှုံးနိမ့်လိမ့်မည်ဟု တစ်ယောက်မှ မျှော်လင့်ထားခဲ့ခြင်းမရှိပေ။
“ ကျန်းချန်.. မင်းက အဇူရာအဆင့် နံပါတ်(၁)လို့ကြားတယ်.. ထွက်လာပြီး ငါနဲ့တိုက်စမ်းပါ…”
မိုချန်၏ အကြည့်က ကျန်းချန်ရှိရာသို့ရောက်သွားခဲ့သည်။
သူက ကျန်းချန်အား တိုက်ရိုက်ပင်စိန်ခေါ်လိုက်၏။
နတ်ဆိုးအဆင့်(၁၀)က အဇူရာအဆင့်(၁) အား စိန်ခေါ်နေချေပြီ။
လူတိုင်း မိုချန်၏ ခွန်အားကို မြင်တွေ့ခဲ့ကြသည်ဖြစ်ရာ ဘယ်သူမှ သူ့ကို မာနကြီးနေသည်ဟု မထင်မိကြပေ။
အဇူရာအဆင့်၏ ထိပ်ဆုံး(၃)ယောက်သာ ကျန်းချန်အား တစ်ကွက်ထဲနှင့် အနိုင်ယူနိုင်စွမ်းရှိသည်။
သူ့အနေဖြင့် ကျန်းချန်အား အနိုင်ရသည် မရသည်အပထား စိန်ခေါ်ရန် အရည်အချင်းပြည့်၀လေသည်။
အဇူရာဒေသမှ မရေမတွက်နိုင်သည့်အကြည့်များ ကျန်းချန်ထံသို့ စုပြုံရောက်ရှိသွား၏။
အဇူရာအဆင့်၏ နံပါတ်(၁)…
ဟောင်တျန်ဓားဂိုဏ်းမှ နှစ်(၁၀၀၀)အတွင်း အကောင်းဆုံးသော ပါရမီရှင်…
သို့သော် သူပါရှုံးသွားလျှင်…
ထိုအတွေးက လူတိုင်း၏ ရင်ဘတ်ကို မွန်းကြပ်သွားစေခဲ့သည်။
လက်ရှိအချိန်တွင် လူတိုင်း အကောင်းဖက်မှ တွေးတောနိုင်စွမ်းပင်မရှိတော့ချေ။
ကျန်းချန်အနိုင်ရလျှင်ကော မည်သို့ဖြစ်မည်နည်း။
မိုချန်က နတ်ဆိုးအဆင့်(၁၀)သာဖြစ်ပြီး သူ့အထက်တွင် (၉)ယောက်ကျန်နေသေးသည်။
“ ဘိုးဘေးချူ.. ကျန်းချန် အနိုင်ရနိုင်လား…”
မင်ယွဲ့ရှု၏ ဘေးတွင် နှင်းဘုရင်၏ ပုံရိပ်က ဖြည်းညှင်းစွာ ပေါ်ထွက်လာခဲ့၏။ နှင်းဘုရင်တစ်ယောက်တည်းသာမဟုတ်ပေ။ အဇူရာဒေသမှ အင်အားစုကြီး(၁၀)ခု၏ ဘုရင်အဆင့်များအားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီဖြစ်သည်။
မေ့ပျောက်နတ်ဆိုးနန်းတော်က ကောင်းသောရည်ရွယ်ချက်နှင့် ရောက်လာခြင်းမဟုတ်ပေ။ သူတို့၏ ရည်ရွယ်ချက်က လူငယ်မျိုးဆက်များ ယှဉ်ပြိုင်ခြင်းထက် ပိုနေနိုင်သည်။
မင်ယွဲ့ရှု၏ မေးခွန်းအားကြားလျှင် နှင်းဘုရင်က ခေါင်းယမ်းလိုက်၏။
“ နည်းနည်း ပြောရခက်တယ်..”
“ ဒါပေမယ့် စိတ်ပူမနေပါနဲ့.. ကျန်းချန်ရှုံးသွားရင်တောင် အဇူရာဒေသက ရှုံးမှာမဟုတ်ဘူး..”
အတွေးများအနုတ်ပြနေသည့် လူပေါင်းများစွာ ရှိနေကြသော်လည်း ထိုအထဲတွင် နှင်းဘုရင်မပါ၀င်ပေ။
ထိုသူ ရှိနေသ၍ အဇူရာဒေသ လူငယ်မျိုးဆက်များ ရှုံးနိမ့်သွားစရာအကြောင်းမရှိချေ။
“ ဟုတ်တယ်..”
မင်ယွဲ့ရှုလည်း တစ်စုံတစ်ခုအားတွေးမိလိုက်ပြီး သူမ၏ လှပသော မျက်နှာလေးထက်တွင် အပြုံးတစ်ပွင့် ထွက်ပေါ်လာ၏။
တစ်ဖက်တွင်မူ လဘုရင် အံ့အားသင့်သွားခဲ့လေသည်။
“ ဘာကိုပြောချင်တာလဲ..”
သူမ၏ အမြင်တွင် ကျန်းချန်က အဇူရာဒေသ၏ လူငယ်မျိုးဆက်တွင် နံပါတ်(၁)ဖြစ်ပေသည်။ အကယ်၍ သူရှုံးသွားလျှင် အဇူရာဒေသ လူငယ်မျိုးဆက် တစ်ခုလုံး ရှုံးနိမ့်သွားပြီဟု ဆိုလိုခြင်းဖြစ်သည်။
“ နောက်ကျရင် သိလာပါလိမ့်မယ်…”
နှင်းဘုရင်က ပေါ့ပေါ့ပါးပါး အဖြေပေးလိုက်၏။
ဘန်း..!
ကျန်းချန်အနေဖြင့် တစ်ယောက်ယောက်က သူအားစိန်ခေါ်နေသည်ဖြစ်ရာ နောက်ဆုတ်၍ အဆင်မပြေချေ။ သူ၏ ဓားအားထုတ်လိုက်ပြီး မိုချန်ရှေ့သို့ ရောက်သွားခဲ့သည်။
“ အဇူရာဒေသရဲ့ နံပါတ်(၁) ပါရမီရှင်တဲ့လား.. ဟီးဟီး.. နံပါတ်(၁) ပါရမီရှင်ကြီး ဘယ်လောက်အစွမ်းထက်လဲ ကြည့်လိုက်ရအောင်…”
မိုချန်ထံမှ ကြောက်မက်ဖွယ် စိတ်ဝိညာဉ်စွမ်းအားများ တွန်းကန်ထွက်ပေါ်လာလေသည်။
“ ကြောက်ဖို့ကောင်းလိုက်တဲ့စွမ်းအား.. ဒီ မိုချန်ဆိုတဲ့ကောင် စွမ်းအားကို လျှိုထားခဲ့တာပဲ…”
“ သူက တော်တော်ကြောက်ဖို့ကောင်းတာပဲ.. အဲ့တာတောင် နတ်ဆိုးအဆင့်မှာ(၁၀)တဲ့လား.. သူ့ထက် အဆင့်မြင်တဲ့(၉)ယောက်ဆို ဘယ်လိုနေမလဲမသိဘူး…”
အဇူရာဒေသမှ မရေမတွက်နိုင်သော လူများ စိတ်ဓာတ်ကျသွားခဲ့ရသည်။
“ ကျန်းချန်.. မင်းနိုင်မှဖြစ်မယ်.. မင်းက ငါတို့ အဇူရာဒေသရဲ့ နောက်ဆုံး မျှော်လင့်ချက်ပဲ…”
ယခုအချိန်တွင် လူတိုင်း မျှော်လင့်ချက်များကို ကျန်းချန်အပေါ်တွင် စုပုံထားလိုက်ကြ၏။
ကျန်းချန်လည်း လှုပ်ရှားလိုက်သည်။
လူနှစ်ယောက်တွင် တစ်ယောက်က လက်သီးအား အသုံးပြုပြီး တစ်ယောက်က ဓားကိုအသုံးပြုပေသည်။
“ တောင်နဲ့မြစ်ကို ဖြတ်သန်းမယ့် ဓားသည်းခြေ…”
သူ၏ မျက်ခုံးကြားမှ ဓားအလင်းတစ်ခု ပြေးထွက်သွားလေသည်။
အလွန်အစွမ်းထက်လှသည့် ဓားချီက မိုချန်အား ခုတ်ပိုင်းလိုက်၏။
“ ကြက်သွေးနတ်ဆိုးလက်သီး..”
လက်သီးတစ်ချက်က ဓားချီအလင်းတန်းအား လေထဲသို့ပြန့်ကျဲသွားစေခဲ့သည်။ ထို့နောက် ကျန်းချန်ရှေ့၌ ပေါ်လာပြီး နောက်တစ်ချက် ထပ်မံထိုးသွင်းလိုက်၏။
“ ဝှီး..”
အေးစက်သော လေးတိုးသံတစ်ခုနှင့်အတူ နတ်ဆိုးချီများ လွှမ်းခြုံနေသည့် လက်သီးချက်က ကျန်းချန်၏ မျက်နှာထက်သို့ ကျရောက်သွားလေသည်။
ခပ်တိုးတိုး ငြီးတွားလိုက်သံ တစ်ခုပေါ်ထွက်လာ၏။
သို့သော် ထိုအသံက ကျန်းချန်ထံမှမဟုတ်ဘဲ မိုချန်ထံမှဖြစ်ပေသည်။
သူ့ ရင်ဘတ်တွင် ကြောက်မက်ဖွယ်ဒဏ်ရာတစ်ခုရှိနေပြီး သွေးများစီးကျနေလေသည်။
ကောင်းကင်နှင့် မြေကြီးအား ပျော်ရွှင်မှုများ လွှမ်းခြုံသွားချေပြီ။
မိုချန်နောက်ဆုတ်သွားချိန်တွင် ကျန်းချန်က သူ့အား ကျောခိုင်းခဲ့လိုက်၏။
“ ဓားဝိညာဉ်ခန္ဓာကိုယ်.. ပြီးတော့ ကနဦးဓားရည်ရွယ်ချက်ပဲ.. ကျန်းချန်က ငါတို့မျိုးဆက်ရဲ့ နံပါတ်(၁) ပါရမီရှင် ပီသတယ်…”
မရေမတွက်နိုင်သော လူများက ကျန်းချန်အား ချီးကျူးလိုက်ကြသည်။ လက်ရှိအချိန်တွင် သူတို့က မိုချန်အထက်၌ ပိုကြမ်းသော (၉)ယောက်ရှိနေသည်ကို ခေတ္တမေ့လျော့သွားခဲ့ကြ၏။
“ ချန်အာတောင် သူ့ကို မယှဉ်နိုင်ဘူးပဲ..”
တတိယဓားသခင်က တီးတိုးရေရွတ်လိုက်သည်။
“ ကျန်းချန် ရှုံးသွားပြီ…”
အဇူရာဘုရင် ၊ နှင်းဘုရင် နှင့် အခြားသောဘုရင်များ သက်ပြင်းချလိုက်ကြ၏။
လူတိုင်းက ကျန်းချန်၏ ဓားချက်ကြောင့် မိုချန်ဒဏ်ရာရသွားသည်ကိုသာ မြင်ကြလေသည်။
သို့သော် ဘုရင်အဆင့် ကျင့်ကြံသူများ၏ အမြင်တွင် ထိုကဲ့သို့မဟုတ်ချေ။
ကျန်းချန်း၏ ဓားချက်ကြောင့် မိုချန် ဒဏ်ရာရသွားသည်မှန်သော်လည်း ကျန်းချန်၏ ဒဏ်ရာက ပို၍ ဆိုးပေသည်။
၎င်းက သာမန်လူများ သတိမထားမိနိုင်သည့် အတွင်းဒဏ်ရာတစ်ခုဖြစ်၏။
မိုချန်၏ တိုက်ခိုက်မှုကြောင့်ရသွားသည့် ကျန်းချန်၏ ဒဏ်ရာက ပို၍ဆိုးပေသည်။
“ မဆိုးဘူး.. ဒါပေမယ့် မင်း ရှုံးသွားပြီ…”
မိုချန်က လက်နှစ်ဖက်အား နောက်ပစ်ကာရပ်နေပြီး လှည့်ထွက်သွားသည့် ကျန်းချန်းအားကြည့်ကာ စကားဆိုလိုက်သည်။
သူ၏ အမူအရာနှင့် စကားများက အဇူရာအင်ပါယာမြို့မှ လူတိုင်းကို ပဟေဠိဖြစ်သွားစေခဲ့သည်။
မိုချန်က ဘာကိုဆိုလိုချင်တာလဲ..
ကျန်းချန်နိုင်သွားတာမဟုတ်လား..
သူက ဘာလို့ အနိုင်ရသလိုမျိုး ပြုမူနေရတာလဲ…
“ မိုချန်.. ငါမရှုံးဘူးကွ…”
ကျန်းချန်၏ အသံက ပကတိအေးစက်နေလေသည်။ သူ့အနေဖြင့် ဤနေရာမှ အလျင်အမြန်ထွက်သွားလိုသော်လည်း သူ၏ ဒဏ်ရာများက ခွင့်မပြုခဲ့ပေ။
ခြေတစ်လှမ်းထပ်လှမ်းလိုက်လျှင် လည်ပင်းထဲ၌ ချိုမြမြအရသာတစ်ခု ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာခဲ့သည်။
“ ချန်အာ.. ပြန်လာခဲ့တော့..”
တတိယဓားသခင်က သက်ပြင်းချပြီး ပြောလိုက်သည်။
မိုချန်၏ စွမ်းအားက လူတိုင်းစိတ်ကူးထားသည်ထက်ကျော်လွန်နေခဲ့သည်။
မှန်ပေသည်။ ထိုလူများအထဲတွင် တတိယဓားသခင်လည်း အပါအ၀င်ဖြစ်၏။
ကျန်းချန်တွင် ဓားဝိညာဦခန္ဓာကိုယ်နှင့် ကနဦးဓားရည်ရွယ်ချက် ရှိနေသည့်တိုင် ရှုံးနိမ့်ခဲ့သေးသည်။
ပို၍ အံ့ဩစရာကောင်းသည်က မိုချန်လည်း ကျန်းချန်ကဲ့သို့ အခြေတည်ဝိညာဉ်အဆင့်(၄) အထွတ်အထိပ်၌ ရှိနေခြင်းပင်။
ယခင်က ကျင့်ကြံခြင်း အဆင့်တူဆိုလျှင် ကျန်းချန်အား မည်သူမျှ အနိုင်မရဖူးပေ။
ထိုအထဲတွင် မျိုးဆက်ဟောင်းကျင့်ကြံသူများလည်း ပါ၀င်၏။
သို့သော် ထိုလူက အဆင့်တူတွင် ရှုံးနိမ့်ခဲ့ချေပြီ။
“ ဘာတွေဖြစ်နေတာလဲ.. အခု ကျန်းချန်က သွေးအန်နေတာလား…”
“ ကျန်းချန်.. သူလည်း ရှုံးသွားတာလား…”
မရေမတွက်နိုင်သော လူများ အသံခဏထွက်လာပြီးနောက် တိတ်ဆိတ်သွားခဲ့ကြသည်။
လူတိုင်း ကျန်းချန်က အခြေအနေအား ပြောင်းပြန်လှန်မည်ကို မျှော်လင့်နေခဲ့ကြ၏။
သူတို့၏ စိတ်ကူးများက ခမ်းနားပေမယ့် လက်တွေ့က ရက်စက်လွန်းလှသည်။
အဇူရာအဆင့်(၁)ကို နတ်ဆို့အဆင့်(၁၀)က အနိုင်ယူခဲ့သည်။
“ ဟီးဟီးဟီး.. အဇူရာဒေသက လူတွေ အရမ်းပျော့လွန်းတာ စိတ်ပျက်စရာပဲ.. ဂျုနီယာမောင်လေး မိုချန်တစ်ယောက်နဲ့တင် အားလုံးပြီးသွားတယ်.. ငါကြွက်သားတွေနဲ့ အရိုးတွေကို ဒီနေ့ လှုပ်ရှားနိုင်မယ်လို့ မျှော်လင့်ထားခဲ့တာ…”
မေ့ပျောက်ဘုရင်၏ နောက်တွင်ရပ်နေသည့် လှပသောအနက်၀တ်အမျိုးသမီးက ပြောလိုက်သည်။
“ အမှန်ပဲ.. တကယ်လို့ စိတ်ပျက်စရာကောင်းလွန်းတယ်…”
အေးစက်စက်နှင့် ချောမောခန့်ညားသည့် အနက်၀တ် လူငယ်လေးတစ်ယောက်ကလည်း ၀င်ထောက်ခံလိုက်၏။
ထိုလူငယ်၏ နာမည်က မိုထန်ဖြစ်ပြီး နတ်ဆိုးအဆင့်နံပါတ်(၁)လည်းဖြစ်သည်။
မေ့ပျောက်နတ်ဆိုးဘုရင်က ရယ်မောလျက် အဇူရာဘုရင်အား ကြည့်ကာပြောလိုက်၏။
“ ကြည့်ရတာ မင်းတို့အဇူရာဒေသက ရှုံးနိမ့်သွားပုံပဲ…”
မေ့ပျောက်ဘုရင်၏ စကားအား လက်ခံရန်ခက်ခဲသော်လည်း ၎င်းက အမှန်တရားဖြစ်သည်။
ကျန်းချန် ရှုံးနိမ့်ခဲ့သည်။
အဇူရာဒေသလည်း ရှုံးနိမ့်သွားပြီဖြစ်၏။
“ မဟုတ်သေးဘူး.. အဇူရာဒေသက ဘာလို့ရှုံးရမှာလဲ…”
ရုတ်တရက် အသံတစ်ခုထွက်ပေါ်လာပြီး အဇူရာနယ်မြေအပါအ၀င် အဇူရာအင်ပါယာတစ်မြို့လုံးသို့ပျံ့နှံ့သွားခဲ့သည်။
စကားပြောလိုက်သည်မှာ နှင်းဘုရင်ဖြစ်၏။
လက်ရှိအချိန်တွင် လူတိုင်းက သူမအား ဝိုင်းကြည့်နေကြသည်။ သူမ ဘာကိုပြောချင်မှန်း ဘယ်သူမှ နားမလည်ခဲ့ကြချေ။
အဇူရာအဆင့်(၁) ကျန်းချန်ရှုံးသွားသည့်တိုင် သူမက အဘယ်ကြောင့် အဇူရာဒေသ မရှုံးသေးဘူးဟု ပြောရသနည်း။
နှင်းဘုရင်၏ အကြည့်က အဖြူရောင်၀တ်စုံအား ၀တ်ဆင်ထားသည့် ရွှမ်ယီထံသို့ ကျရောက်သွားခဲ့သည်။
“ ရွှမ်ယီ……”
“ ကျွန်တော် လှုပ်ရှားပေးလို့ရတယ်.. ဒါပေမယ့် အဇူရာဒေသမဟာပြိုင်ပွဲက ဆု ကျွန်တော့ကို ပေးရမယ်…”
နှင်ဘုရင်စကားမဆုံးသေးမီ ရွှမ်ယီက ဖြတ်ပြောလိုက်၏။
သူက လှုပ်ရှားပေး၍ရသော်လည်း အလကားမလုပ်ပေးနိုင်ချေ။
“ ကောင်းပြီလေ.. သူတို့အားလုံးကို အနိုင်ယူနိုင်ရင် ပြိုင်ပွဲရဲ့ဆုက မင်းအတွက်ဖြစ်စေရမယ်…”
“ကောင်းတယ်..”
ရွှမ်ယီ ပြုံးလိုက်၏။
အကယ်၍ နှင်းဘုရင် သဘောမတူရင်တောင် သူ့အနေဖြင့် လှုပ်ရှားမှဖြစ်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် မကြာသေးခင်ကမှ အရံတာ၀န်တစ်ခု လက်ခံရှိထားသောကြောင့်ဖြစ်၏။
စနစ်ထံမှ ရရှိခဲ့သည့် တာ၀န်၏ အကြောင်းအရာမှာ မေ့ပျောက်နတ်ဆိုးနန်းတော်အား တိုက်ခိုက်ရန်နှင့် ဖျက်ဆီးရန်ဖြစ်လေသည်။
ဆုလာ်အနေနှင့် သူ၏ ကျင့်ကြံအဆင့်တစ်ဆင့်တိုးမြင့်သွားပြီး ဓားရည်ရွယ်ချက် တတိယအဆင့် အထွတ်အထိပ်အား နားလည်နိုင်မည်ဖြစ်သည်။
ခြေတစ်လှမ်းဖြင့် ရွှမ်ယီက လေပေါ်သို့ရောက်ရှိသွား၏။
ဘုန်း…!
မည်သည့် အပိုစကားမှ ပြောမနေတော့ဘဲ အခြေတည်ဝိညာဉ်အဆင့်(၇)၏ အရှိန်အဝါအား ထုတ်လွှတ်လိုက်သည်။
ဘန်း..!
ထို့နောက် ဓားရည်ရွယ်ချက်စွမ်းအားများ ဖုံးလွှမ်းထားသည့်ဓားဖြင့် ကောင်းကင်ထက်သို့ ခုတ်ချလိုက်၏။
“ ငါ့ဆီကို တစ်ယောက်ပြီး တစ်ယောက်၀င်မလာကြနဲ့.. အဲ့တာက အရမ်းအလုပ်ရှုပ်တယ်.. မင်းတို့အားလုံး အတူတူရှေ့တက်ခဲ့ကြ.. ငါ့ဆီက ဓားချက်ကို ကာကွယ်နိုင်မလားကြည့်ရအောင်…”
ရှူး…
လူတိုင်း ပင့်သက်ရှိုက်လိုက်မိကြ၏။
ရွှမ်ယီ၏ စကားလုံးများက ရိုးရှင်းသော်လည်း အလွန်ဒေါသထွက်စရာကောင်းလွန်းလှသည်။
အားလုံးတက်ခဲ့.. ငါ့ဓားချက်ကို ကာကွယ်နိုင်လားကြည့်ရအောင်…!
မိုချန် နှင့် မိုထန်တို့အပါအ၀င် (၉)ယောက်လုံး မျက်နှာ ပျက်သွားခဲ့ကြသည်။
သို့သော် မည်သူမျှ စကားပြန်ပြောရဲခြင်းမရှိကြချေ။
အဘယ်ကြောင့်ဆိုသော် ရွှမ်ယီ၏ ခွန်အားအပေါ် အလွန်အမင်းထိတ်လန့်သွားခဲ့ကြသောကြောင့်ဖြစ်၏။
“ အခြေတည်ဝိညာဉ်အဆင့်(၇)…”
“ ပြီးတော့ ဓားရည်ရွယ်ချက်…”
ဤအချိန်တွင် အနက်၀တ်အမျိုးသမီး ၊ မိုထန်တို့အားလုံး ငြိမ်ကုပ်နေကြလေသည်။
ရွှမ်ယီပြသခဲ့သော စွမ်းအားမှာ နောက်စရာမဟုတ်ချေ။
အဇူရာဒေသတွင် ဤကဲ့သို့လူမျိုး ဘယ်တုံးကရှိနေသနည်း။
“ ဓားရည်ရွယ်ချက်.. သူဓားရည်ရွယ်ချက်ကို နားလည်တာလား..”
လက်ရှိအခြေအနေတွင် ရွှမ်ယီ၏ စွမ်းအားကြောင့် အဇူရာဘုရင်ကဲ့သို့ တည်ရှိမှုမျိုးပင် မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမရှိတော့ချေ။
အထူးသဖြင့် လဘုရင်ဖြစ်၏။
ယခုတွင် နှင်းဘုရင်ပြောခဲ့သည့်စကားအား သူမ နားလည်သွားချေပြီ။
ဤကဲ့သို့ မွန်းစတားမျိုးဖြင့်ဆိုလျှင် အဇူရာဒေသ ရှုံးသွားမှသာ ထူးဆန်းပေလိမ့်မည်။
မည်သူမှ ရှေ့တက်မလာသည်ကိုမြင်လျှင် ရွှမ်ယီ၏ အကြည့်များက ကြည့်ကောင်းသည့် အနက်၀တ် အမျိုးသမီးထံသို့ရောက်သွားခဲ့သည်။
“ မင်းပဲပြောတော့ အရိုးတွေ ကြွက်သားတွေလှုပ်ရှားချင်တယ်ဆို.. ဘာလို့ ရှေ့ထွက်မလာတာလဲ.. ဒီနေရာ ထွက်သွားစမ်း…”
ထို့နောက် သူ့အကြည့်များက နတ်ဆိုးအဆင့်(၁) မိုထန် ဆီသို့ ရောက်သွားခဲ့၏။
“ ပြီးတော့ မင်း.. အဇူရာဒေသက မင်းကို အရမ်းစိတ်ပျက်စေတယ်ဆို.. အခုစိတ်မပျက်တော့ဘူးမလား.. မင်းလည်း ဒီကနေ ထွက်သွားစမ်း…”
“ မိုချန်.. အမှိုက်တစ်စလို့ မင်းပြောခဲ့တယ်မလား.. မင်းလည်း အမှိုက်မဟုတ်ဘူးဆိုရင် ရှေ့တိုးလာခဲ့လေ…”
ရွှမ်ယီ၏ စကားလုံးများက ထိုလူများ၏ အရှိုက်ရှိရာဆီသို့ ဦးတည်နေခဲ့သည်။ သို့သော်.. သူတို့အားလုံး အပြောမခံနိုင်ကြသည့်တိုင်အောင် မည်သူမျှ ရှေ့တိုးမလာခဲ့ကြပေ။