သတို့သမီးသေရည်
Vol. 2 Ch. 15
ညအမှောင်အောက်တွင် ယွမ်ရှောင်သည် အနက်ရောင်ဝတ် မိန်းမငယ်ကို သယ်ဆောင်၍ သစ်တောအတွင်း ပြေးလွှားနေကာ သူမ၏လက်နှစ်ဖက်ဖြင့် လည်ပင်းကို သိုင်းဖက်ခံထားရသောကြောင့် ကိုယ်သင်းနံ့လေး မွှေးပျံ့နေသည်။
"အစ်ကိုကြီး ငါနည်းနည်းလောက် ချောင်းကြည့်လို့ရလား။ နို့ထွက်ကောင်းမကောင်း သိချင်လို့"
သာယာလှပသော အခိုက်အတန့်ကို အလိုက်ကမ်းဆိုးမသိသော လနီက နှောင့်ယှက်လိုက်သည်။
"ပါးစပ်ပိတ်ထား။ သူမက သေနေတာ မဟုတ်ဘူး။ အရက်မူးနေရုံဆိုတော့ ကြားသွားနိုင်တယ်"
"နားလည်ပြီ။ မင်း တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာပဲ"
သူက လနီကို စကားဆက်မပြောတော့ဘဲ ငုံ့ကြည့်လိုက်သောအခါ ရင်ခွင်အတွင်းမှ အလှတရားကို မြင်နိုင်ခဲ့သည်။ သူမက လည်ပင်းကို တင်းကြပ်စွာ သိုင်းဖက်ထားရင်း အတိတ်မှ ဖြစ်ရပ်ဆိုးများကို ယောင်နေခဲ့သည်။
"ဂိုဏ်းတူအစ်ကို ဂိုဏ်းတူအစ်မ မြောက်ပိုင်း ဖုန်းဆိုးနယ်မြေကို မသွားပါနဲ့။ အဖေ သမီးကို တစ်ယောက်တည်း မထားခဲ့ပါနဲ့။ မင်းတို့အားလုံး ဘယ်အချိန် အိမ်ပြန်လာကြမှာလဲ"
ထိုအချိန်၌ သူတို့သည် တိမ်ခြံဝန်းဆိုသော နေရာတစ်ခုသို့ ရောက်လာကာ ယွမ်ရှောင်သည် တံခါးကို ခြေကန်ဖွင့်၍ ဝင်ရောက်လိုက်သည်။ ၎င်းက လှပစွာဆင်ယင်ထားပြီး ငါးကန်တစ်ခုနှင့် မြောက်ဘက်တွင် သစ်ကိုင်းများ၌ အဖြူရောင်မီးအိမ်များ ချိတ်ဆွဲထားသော ပန်းပင်ကြီးတစ်ပင် ရှိနေခဲ့သည်။ ၎င်းအောက်တွင် ကျောက်စားပွဲနှင့် ထိုင်ခုံများရှိပြီး ရိုးရှင်းသော အခန်းအတွင်း၌ အိပ်ရာတစ်ခုနှင့် စာအုပ်များ ပြန့်ကြဲနေသည်။
"အရက်သောက်ချင်သေးလား"
သူက သူမကို အိပ်ရာပေါ်အသာချ၍ လှည့်ထွက်လိုက်သောအခါ စကားသံတစ်ခု ထွက်ပေါ်လာသဖြင့် လှည့်ကြည့်လိုက်ရာ သူမက ထထိုင်နေပြီး မျက်လုံးများအား ပွတ်သပ်နေခဲ့သည်။
"အရသာကောင်းရင်တော့ မငြင်းပါဘူး"
"ပန်းပင်အောက်မှာ သတို့သမီးဝိုင် ရှိတယ်။ နည်းနည်းလောက် မြည်းကြည့်မလား။ ငါ့အတွက် ဒါက အသုံးမဝင်တော့ဘူးဆိုတော့ ဖြုန်းတီးပစ်ရမှာ နှမြောစရာကြီး"
သတို့သမီးသေရည်သည် ဖခင်ဖြစ်သူက သမီးလက်ထပ်ပွဲနေ့တွင် ဧည့်ခံရန်အတွက် မွေးဖွားစဥ်မှစတင်၍ ပြင်ဆင်ထားတတ်သော သေရည်တစ်မျိုး ဖြစ်သည်။ သက်တမ်းနှစ်ချီသော သေရည်အကြောင်း ကြားလိုက်ရသောအခါ သုံးလကျော်ကင်းကွာနေသော ယွမ်ရှောင်အနေဖြင့် ငြင်းစရာမရှိချေ။ သူက ပန်းပန်အောက်ရှိ မြေကြီးကို တူးထုတ်လိုက်သောအခါ သေရည်အိုးများ တစ်အိုးမကပေါ်လာပြီး မွှေးပျံ့နေသည်။ မိန်းကလေးက ကျက်သရေရှိစွာဖြင့် ကျောက်စားပွဲတွင် နေရာယူလိုက်ပြီး အားလုံးကို တူးထုတ်စေလိုက်သည်။ သူက အားလုံးကို တူးယူ၍ စားပွဲပေါ်တင်ကာ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။
"သောက်ပါ၊ အားနာနေစရာ မလိုဘူး"
သူမက သေရည်အိုးတစ်လုံးကို ဆွဲယူ၍ မော့သောက်လိုက်သောအခါ လည်တိုင်ကျော့ကျော့မှ သေရည်များပင် စီးကျလာ၏။ ယွမ်ရှောင်က သူမနှင့် မျက်လုံးချင်းမဆုံသော်လည်း ခေါင်းတစ်ချက်ညိတ်၍ သူစိမ်းများဖြစ်သောကြောင့် အဝေးသို့တစ်ချက်ငေးရင်း သေရည်ကို အရသာခံ သောက်နေလိုက်သည်။ သူတို့က တိတ်တဆိတ်ထိုင်နေကြပြီး ကမ္ဘာခြားနေသကဲ့သို့ ထင်မှတ်ရကာ သေရည်အိုးအရေအတွက် ဆယ်အိုးတိတိ ကုန်ဆုံးသွားသည်။
"ငါသတ်လိုက်တဲ့ အလောင်းတွေကို မင်း မြင်လိုက်တာလား"
ယွမ်ရှောင်က သေရည်တန်ခိုးကြောင့် မေးခွန်းထုတ်လိုက်သည်။
"ဒီကမ္ဘာကြီးမှာ ဘာဖြစ်ဖြစ် သေရည်တစ်ခွက်နဲ့ ရှင်းလင်းနိုင်ပါတယ်"
သူမက ခပ်ဟဟရယ်မောလိုက်ရင်း နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သောကြောင့် ချစ်စရာကောင်းနေသည်။
"မင်းက အရက်မူးနေပြီ။ ထပ်မသောက်ပါနဲ့တော့"
"ငါ အရက်မမူးပါဘူး။ ဘာလဲ နင်က ယောကျ်ားမဟုတ်ဘူးလား"
"ငါ့အသက် ၁၂နှစ်တည်းက စစ်သားတွေနဲ့ တစ်ဝိုင်းတည်း သောက်လာတာပါကွ"
"မယုံဘူး"
"မင်းယုံစရာ မလိုဘူး။ မိန်းမတွေက သေရည် ကောင်းကောင်းမသောက်တတ်ပါဘူး"
"နင်က မိန်းမတွေကို အထင်သေးတာဆိုရင် သေရည်ပြိုင်သောက်ကြမလား"
"ဘယ်သူက နင့်ကို ကြောက်နေလို့လဲ"
ယွမ်ရှောင်၏ ပြိုင်ဆိုင်လိုစိတ်ဖြစ်ပေါ်လာကာ မြိုသိပ်ထားရသော ခံစားချက်များကို သေရည်နှင့် မျှောချချင်နေသည်။ သူ၏မိဘများက စောစီးစွာ ထွက်ခွာသွားပြီး အသက်၁၂နှစ်အရွယ်တွင် နန်းပလ္လင်ကို ရယူခဲ့သည်။ အားလုံးက သူ့ကို လမ်းညွှန်ပြသခြင်းမရှိဘဲ ရုပ်သေးဘုရင်ဟု သဘောထားသော်လည်း အစွမ်းပြကာ အသက်၁၆နှစ်၌ တိမ်တိုင်းပြည်ကို အုပ်စိုးနိုင်ခဲ့သည်။ သို့သော်လည်း အမြဲတမ်း အထီးကျန်၍ သီးခြားဖြစ်နေကာ လူတိုင်းနှင့် နံရံတစ်ခုခြားထားပြီး ကျန်းရယ်အား ချွင်းချင်ထားပေးလိုက်မိသောအခါ ရလဒ်မှာ နောက်ကျော ဓားနှင့်ထိုးခံရခြင်း ဖြစ်၏။ သူက သေပြီဟု ထင်ထားသော်လည်း အင်မော်တယ်ရုပ်ခန္ဓာဖြင့် ပြန်လည်ရှင်သန်လာ၍ ကျန်းမျိုးနွယ်တစ်ခုလုံးကို ရှင်းလင်းကာ အသူရာဓားဂိုဏ်းအထိ ရောက်လာခဲ့သည်။
ယွမ်ရှောင်အတွက် မိတ်ဆွေအနည်းငယ် ရလာသော်လည်း အထီးကျန်မှုက ပျောက်ပျက်မသွားဘဲ သေရည်ကို မက်မောစွာ သောက်နေခဲ့သည်။ ထိုအချိန်၌ မိန်းကလေးသည် ခြေထောက်နှစ်ချောင်းကို လွှဲယမ်းရင်း ချစ်စရာကောင်းလောက်အောင် ရယ်မောနေသဖြင့် ပန်းများပွင့်လန်းလာသည့်ပမာ သာယာနေသည်။ နောက်ဆုံး သေရည်အိုးအလှည့်တွင် လက်နှစ်ဖက်က ရင်ဆိုင်သွားသဖြင့် ၎င်းမှာ ခွမ်းခနဲ ကွဲကြေသွားခဲ့သဖြင့် အကြည့်ချင်း အားပြိုင်နေကြ၏။
"နင်က ဘာမှမခံစားရဘူးလား"
သူမက စိန်ခေါ်ဟန်ဖြင့် တစ်ချက်ပြုံးကာ မေးလိုက်သည်။
"လာစမ်းပါ"
ယွမ်ရှောင်က သူမ၏အလှကို မီးဝင်းဝင်းတောက်သော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။ ဤသို့ဖြင့် ခန္ဓာကိုယ်နှစ်ခုက ပူးကပ်သွားသောအခါ ကြယ်ပြာနှင့် လနီမှ နားမလည်နိုင်ဖြစ်နေခဲ့သည်။ သူတို့ကို ယွမ်ရှောင်က အဝေးသို့ ပစ်ထုတ်လိုက်သောအခါ ချုံပုတ်တစ်ခုအကြားသို့ ရောက်သွားသဖြင့် ကြောင်တောင်တောင် ဖြစ်ကုန်သည်။
"ကြယ်ပြာ သူတို့က ဘာတွေလုပ်နေကြတာလဲ"
လနီက စပ်စုလိုက်သည်။
"မိတ်လိုက်နေကြတာ။ ဒီလောကကြီးမှာ သားရဲတိုင်းက ကျောက်တုံးကနေ မွေးလာတာ မဟုတ်ဘူး"
ကြယ်ပြာက ရှင်းပြလိုက်သော်လည်း လနီက နားမလည်ပေ။
"အစ်ကိုကြီးနဲ့ ဖန်ဆင်းရှင်က မတူညီဘူး။ ဖန်ဆင်းရှင်က နိယာမတွေနဲ့နေထိုင်ပြီး လူသားဆန်မှု မရှိဘူး။ ယွမ်ရှောင်ကတော့ ခံစားချက်အပြည့်နဲ့ ပိုပြီးလူသားဆန်တယ်။ သူက အင်မော်တယ်ဖြစ်လာရင် သေချာပေါက် ထူးခြားလိမ့်မယ်"
ကြယ်ပြာက လေးနက်စွာဖြင့် တစ်လုံးချင်း ပြောလိုက်သည်။
အရုဏ်တက်ချိန်ရောက်သောအခါ ယွမ်ရှောင်က နိုးထလာပြီး သေရည်အရှိန်ကြောင့် ဝေဝါးနေသော မျက်လုံးများကို အားယူဖွင့်လိုက်သောအခါ ကျောပေးရပ်နေသည့် မိန်းမလှလေး၏ပုံရိပ်က ကြိုဆိုနေသည်။ သေရည်အရှိန်ကြောင့် နှစ်ယောက်လုံး လွန်ကျူးခဲ့ကြသည့်အပြင် ကျောက်စားပွဲပေါ်တွင် ပန်းအိုးတစ်လုံး ကွဲကြေနေသည်။
"မင်းရဲ့ ပထမဆုံးအကြိမ်လား"
"နင်လည်း အတူတူပဲမလား"
"ငါက သေမျိုးလောကမှာ ဘုရင်တစ်ယောက်ဆိုပေမယ့် အတွေ့အကြုံ မရှိဖူးဘူး။ ဒါပေမယ့် မင်းကို မစွန့်ပစ်ပါဘူး။ မင်းရဲ့ နာမည်ကိုတောင် မသိရသေးဘူး"
"ပြီးခဲ့တာတွေ ပြီးပါစေတော့။ မလိုအပ်ဘူး။ အခုထွက်သွားတော့"
"ကံမကုန်ရင် ပြန်ဆုံကြတာပေါ့"
ယွမ်ရှောင်သည် သားရဲလေးကို ကောက်ချီကာ ခြံဝန်းအတွင်းမှ ထွက်ခွာလာခဲ့သည်။
"မင်းက ဒီအတိုင်းကြီး ထွက်သွားမလို့လား"
ကြယ်ပြာက စနောက်လိုက်၏။
"ရှည်လျားလှတဲ့ ဘဝခရီးမှာ ကံကြမ္မာချင်း ဆက်နွယ်နေရင် သေချာပေါက် ပြန်ဆုံမှာပါ"
ယွမ်ရှောင်က လေးနက်စွာ ပြောလိုက်သည်။
"ဖန်ဆင်းရှင်က ကမ္ဘာဦးမွေးဖွားပေးတဲ့ ရိုးသားသူတစ်ယောက်ဖြစ်ပြီး အလိုဆန္ဒ မရှိဘူး။ အစ်ကိုကြီးကတော့ ကွာခြားတယ်။ အထူးသဖြင့် တဏှာ"
"မင်းက လူသားတွေအကြောင်း ဘာမှမသိပါဘူးကွာ"
"နှစ်ယောက်လုံးရပ်ကြစမ်း၊ ငါ့အတွက် နို့ဘယ်မှာလဲ"
လနီက ကြားဖြတ်ပြောလိုက်ခြင်းဖြစ်သည်။
"မင်းနို့တောင်းနေတာ ရပ်လိုက်ပါတော့ကွာ။ ဓားအိမ်တော်ကို ပြန်ရောက်ရင် နို့စားနွားမတစ်ကောင် ရှာပေးမယ်။ မိန်းမတွေရှေ့ရောက်ရင် ငါ့ကို အရှက်မခွဲပါနဲ့တော့"
"နွားမတစ်ယောက်ထက် လူမတစ်ယောက်က ပိုပြီးကောင်းမှာပေါ့"
လနီက စိတ်ရှုပ်စွာ ကန့်ကွက်လိုက်၏။
"မိန်းမလို့ ခေါ်တယ်။လူမ မဟုတ်ဘူး"
"ဒါဆိုရင် ငါ့အတွက် နို့စားမိန်းမတစ်ယောက် ရှာပေး"
ယွမ်ရှောင်မှာ လနီ၏စကားကြောင့် ဆွံ့အသွားပြီး ကြယ်ပြာ အန်ထုတ်ပေးလာသော ကောင်းကင်တာအိုဆေးလုံးအချို့ကို သိမ်းယူလိုက်သည်။ သူက ၎င်းတို့ကို အသုံးပြု၍ ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ဖြင့် ကျင့်ကြံလိုက်သောအခါ လက်သည်းသုံးခုနှင့် နဂါးနွေဦးနောက်ပိုင်းအဆင့်အထိ တက်နိုင်ခဲ့သည်။
"မင်းက ရဲကုရင်ရဲ့ အမွှာဒန်တန်ကို မြန်မြန်ယူဖို့ လိုအပ်နေပြီ။ မင်းတိုက်ခိုက်နေတာက အားနည်းလွန်းတယ်"
ကြယ်ပြာက ခပ်ဆတ်ဆတ် ငေါက်ငမ်းလိုက်သည်။
"ဟား ဟား မင်းမှာ မရှိဘူး"
"ငါတို့က အခုထိ လိင်မသတ်မှတ်ရသေးဘူး"
ယွမ်ရှောင်က တစ်ခုခုကိုစဥ်းစားမိသဖြင့် သားရဲလေး၏ပေါင်ကြားကို စစ်ဆေးလိုက်သောအခါ ဗလာကျင်းနေသဖြင့် ခွက်ထိုးခွက်လန် ရယ်မောနေခဲ့ကာ ကြယ်ပြာမှာ အောင့်သက်သက်ဖြစ်သွားသည်။ လက်ရှိတွင် သူ၏အင်အားက ချိုက်မြောင်နှင့် တူညီလာပြီး တိုက်ခိုက်ရေးစွမ်းအား၌ နဂါးနွေဦးအခြေတည်အဆင့်ကို ယှဥ်နိုင်စွမ်းရှိလာ၏။ သူက ထိုအဆင့်သို့ရောက်ရန် လိုအပ်ပြီး နတ်ပင်လယ်အဆင့်အောက်တွင် အသန်မာဆုံး ဖြစ်ပေသည်။ ဓားခုနစ်လက်ပွဲတော်က ရက်ပိုင်းအတွင်း ကျင်းပမည်ဖြစ်သောကြောင့် သူက ပိုမိုသန်မာလာရန် ကြိုးစားရပေလိမ့်မည်။
"ညီလေးယွမ် မင်း တစ်ညလုံး ပျောက်နေတယ်။ ငါက မင်း တစ်ခုခုဖြစ်နေတယ်လို့ ထင်တာ။ ဘာကြောင့် မင်းဆီက သေရည်အနံ့ ရနေတာလဲ"
ဓားအိမ်တော်၏ခြံဝန်းအတွင်း ရောက်သောအခါ ချိုက်မြောင်က စိုးရိမ်စွာ စောင့်ဆိုင်းနေခဲ့သည်။
"တောင်းပန်ပါတယ် အစ်ကိုမြောင်။ ဒီနေ့ ကျုပ်ကို ဓားအိမ်တော်နဲ့ မိတ်ဆက်ပေးမယ်မလား"
"ဟုတ်တယ်။ လူတိုင်းက မင်းကို စောင့်နေကြပြီ။ သွားကြစို့။ ဒါပေမယ့် ပြောစရာတစ်ခု ရှိတယ်"
မထွက်ခွာခင် ချိုက်မြောင်က တီးတိုးသတိပေးလာခဲ့သည်။
"ဘာများလဲ"
"အစ်မကျောက်လည်း ရှိနေလိမ့်မယ်။ သူမက နာမည်အတိုင်း လှပပေမယ့် စကားပြောရင် သတိထား။ အန္တရာယ်များလွန်းတယ်။ ငါတို့ညီအစ်ကိုတွေ တော်တော်ခံစားခဲ့ရပြီးပြီ"
သူ၏စကားသံက ကြားနိုင်ရုံလောက်အဆင့်အထိ တိုးညှင်းသွားခဲ့သည်။
"သူမက နာမည်အတိုင်း လှတယ်လား။ ကျောက်ရန်ရန်ဆိုတဲ့ နာမည်က ယောကျ်ားနာမည်ကြီးလိုပဲ"
"ဟိတ်ကောင် လျှောက်မပြောပါနဲ့ကွာ"
ယွမ်ရှောင်က နားမလည်စွာ မေးလိုက်သဖြင့် ချိုက်မြောင်က အလောတကြီး တားမြစ်လိုက်လေသည်။