ထပ်ကာထပ်ကာ အနိုင်ကျင့်ခြင်း
Vol. 2 Ch. 24ခ
ဓားသမားများ၏ လောကတွင် သေခြင်းတရားကို အချိန်ခဏဖြင့် ဆုံးဖြတ်နိုင်ပြီး ကျန်းရယ်က အစွမ်းထက်သော်လည်း ယွမ်ရှောင်၏အမြင်တွင် ဓားဝိညာဥ်က မည်မျှအစွမ်းထက်ပါစေ၊ သူမက အားနည်းလှသည်။ တိုက်ပွဲစင်မြင့်၏အလည်တွင် သူက ရုတ်တရက် လှုပ်ရှားလိုက်ပြီး ပြင်းထန်သော အရှိန်အဟုန်ဖြင့် ကြိုးကြာမိုးကြိုးဓားသိုင်းကို ထုတ်ဖော်လိုက်သည်။ ကျန်းရယ်က ရေခဲဓားသိုင်းကို သုံးလကျော် ကျင့်ကြံခဲ့ရသော်လည်း သူက ကြိုးကြာဓားသိုင်း၏ ပထမအကွက်ကို နာရီဝက်တည်းဖြင့် ကျွမ်းကျင်ခဲ့သည်။ ကောင်းကင်သင်္ချိုင်း၏ ဓားသွားထက်တွင် မိုးကြိုးများ ထွက်ပေါ်လာ၍ ဓားအော်ရာကိုးခုနှင့်အတူ ကြိုးကြာတစ်ကောင်၏ပုံရိပ် ကျဆင်းလာသည်။
ရေခဲဓားသိုင်းသည် ကြယ်တံခွန်အဆင့်နိမ့်ဖြစ်ပြီး ကြိုးကြာဓားသိုင်းက ကြယ်အလယ်အဆင့် ဖြစ်သောကြောင့် ကွာခြားချက် ကြီးမားသည်။ ယွမ်ရှောင်၏ဓားချက်အောက်တွင် ရေခဲအလင်းများမှာ ပျက်ပြယ်သွားပြီး ကျန်းရယ်ထံ ခြင်္သေ့ကြီးတစ်ကောင်ပမာ ခုန်ဝင်လာခဲ့သည်။
"အား"
သူမ၏ဓားဝိညာဥ်က လက်အတွင်း၌ တုန်ရီသွားကာ ဓားသိုင်းပျက်ပြယ်သွားသော အချက်ကို မယုံနိုင် ဖြစ်နေခဲ့သည်။ သူမ၏အမြင်တွင် တစ်ဖက်လူသည် ကောင်းကင်မှ ဆင်းသက်လာသော အပြာရောင် မိုးကြိုးတစ်စင်းနှင့် တူညီနေကာမောက်မာမှုများ ပျောက်ကွယ်ကုန်သည်။ နတ်ပင်လယ်အဆင့်သို့ ရောက်လာသောကြောင့် သွေးနားထင်ရောက်မှုမှာ ချက်ချင်းဖျက်ဆီးခံလိုက်ရပြီး ပြန်လည်တိုက်ခိုက်ရန် သတ္တိကင်းမဲ့နေသည်။ သို့သော် သူမအနေဖြင့် ထိပ်တိုက်ရင်ဆိုင်ရဲခြင်းမရှိလျှင် စောင့်မျှော်နေသည်မှာ သေခြင်းတရား ဖြစ်ပေလိမ့်မည်။ သူမက မျက်နှာပျက်သွားကာ ကြောက်လန့်တကြားဖြင့် ရုပ်ပျက်ဆင်းပျက် နောက်ဆုတ်သွားပြီး မျက်ရည်ဝဲနေသည်။
"ထန်"
ကောင်းကင်သင်္ချိုင်းဓားသည် ရေခဲလဓားကို ထိပ်တိုက်ထိမှန်သွားသဖြင့် မီးပွားများ ထွက်ပေါ်လာသည်။ ဓားအလင်းများစွာက သူမ၏လည်ပင်းနှင့် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသောကြောင့် သွေးများ ပန်းထွက်လာခဲ့၏။ သူမက နာကျင်စွာ အော်ဟစ်နေစဥ်မှာပင် လက်သီးတစ်လုံး ဝင်ရောက်လာပြီး မျက်လုံးများ ပြာဝေသွားခဲ့သည်။ လက်သီးချက်ကြောင့် ကြိုးပြတ်စွန်တစ်ကောင်ပမာ လွင့်ထွက်သွားသော ကျန်းရယ်၏နှာခေါင်းရိုးက အတွင်းသို့ ချိုင့်ဝင်သွားကာ သွားများ ပဲ့ထွက်ကုန်သဖြင့် အလွန်အရုပ်ဆိုးနေသည်။ သူမ၏စိတ်ဓာတ် ပျက်ပြားသွားကာ ပြိုင်ဘက်ကင်းပါရမီရှင်ဟု ကိုယ့်ကိုကိုယ်အထင်ကြီးနေမှုများ ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်သည်။ အမှတ်တစ်ဓားတောင်၏ ပါရမီရှင်မှာ လူမြင်ကွင်းတွင် တစ်ချက်ပင် ပြန်လည်မတိုက်ခိုက်နိုင်ခဲ့ဘဲ ဆိုးရွားစွာ အနိုင်ယူခံလိုက်ရသည်။ ကောင်းကင်လမ်းကြောင်းမှ ဖြစ်ရပ်ကို လူသိနည်းသော်လည်း ဤတစ်ကြိမ်တွင် တစ်ဂိုဏ်းလုံး ရှိနေသောကြောင့် ရှင်းလင်းစွာ မြင်သွားကြပေလိမ့်မည်။ အနာဂတ်၌ သူမက အစွမ်းထက်လာလျှင်ပင် ဤအရှက်ကွဲမှုက သမိုင်းတွင်နေပေလိမ့်မည်။
"ယွမ်ရှောင်"
ကျန်းရယ်က အော်ဟစ်လိုက်ပြီး ထရပ်ရန် ရုန်းကန်လိုက်သည်။ ယွမ်ရှောင်က ချက်ချင်းပြေးဝင်လာပြီး သွေးအေးစွာဖြင့် ဝမ်းဗိုက်ကို ပင့်ထိုးလိုက်သောကြောင့် တစ်ကိုယ်လုံး ကွေးညွှတ်သွားခဲ့သည်။ သူမက မြေပြင်သို့ လဲကျသွားပြီး အဆုံးမရှိသော ကြောက်စိတ်များ ဖြစ်ပေါ်လာခဲ့သည်။
"လေကြီးတာတော့ မဆိုးပါဘူး။ ပါးစပ်က တကယ့်တိုက်ပွဲတွေမှာ အသုံးမဝင်ဘူး"
"ငါ နင့်ကို လက်စားချေမယ်။ အချိန်တစ်လ စောင့်....."
ကျန်းရယ်က ဒေါသတကြီးဖြင့် ခြိမ်းခြောက်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ပါးစပ်ကို ခြေဖြင့် အနင်းခံလိုက်ရပြီး ဝူးဝူးဝါးဝါး ဖြစ်နေခဲ့သည်။
"အချိန်တစ်လကြာရင် မင်းရဲ့အုတ်ဂူပေါ်မှာ မြက်တွေတောင် ပေါက်နေလောက်ပြီ။ မင်းရှေ့မှာ လူတွေဒူးထောက်တာကို ကြိုက်တယ်မလား။ ကောင်းပြီ၊ အခု ငါ့ရှေ့မှာ ဒူးထောက်စမ်း၊ မဟုတ်ရင် အပိုင်းပိုင်းခုတ်သတ်ပစ်မယ်"
ယွမ်ရှောင်က ဓားဖြင့် ကျန်းရယ်၏ ဒကောက်ကွေးကို ခုတ်ပိုင်းလိုက်သောအခါ အရိုးထိနက်သော ဒဏ်ရာနှစ်ခု ဖြစ်ပေါ်လာသည်။ သူမက နာကျင်မှုကြောင့် တစ်ကိုယ်လုံးတုန်ယင်နေကာ မျက်ရည်များ စီးကျနေသော်လည်း ဒူးထောက်လျက် အနေအထားဖြစ်အောင် ဆွဲထူခံလိုက်ရသည်။
"ကယ်ကြပါဦး"
သူမက အသံကုန် အော်ဟစ်လိုက်သော်လည်း လျှာဖျားမှ အေးစက်စက် အထိအတွေ့ကြောင့် မျက်လုံးများ ပြူးကျယ်သွားကာ စကားလုံးများ လည်ချောင်းဝ၌ တစ်ဆို့ကုန်သည်။
"ငါ သေရတော့မယ်"
ယွမ်ရှောင်က သူမ၏ပါးစပ်အတွင်း ဓားနှင့် ထောက်ထားသောကြောင့် ဤအတွေးဖြစ်ပေါ်လာကာ အကြောက်လွန်နေသည်။ တစ်ကိုယ်လုံး အကြောသေနေသကဲ့သို့ မလှုပ်မယှက် ဒူးထောက်နေရပြီး အသံတစ်ချက်ပင် မထွက်နိုင်ကာ အသက်ပင် ရဲရဲမရှူဝံ့ချေ။ ဓားရှစ်လက်ပွဲတော်သည် ဤမြင်ကွင်းကြောင့် အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားကာ ကျန်းရယ်ကို ကယ်တင်ချင်သော်လည်း ယွမ်ရှောင် လက်တစ်ချက်လှုပ်ရုံဖြင့် အသတ်ခံရနိုင်သည်။ အစွမ်းကုန် မောက်မာခဲ့သော ပါရမီရှင်မိန်းမလှသည် လက်ရှိတွင် ဆိုးရွားစွာ နှိပ်စက်ခံနေရပြီး ဓားအိမ်တော်မှ လက်သည် ဖြစ်နေသောကြောင့် လူတိုင်း မျက်လုံးပြူးနေကြ၏။
"ဒီခွေးမကို ကယ်ချင်တယ်မလား တစ်ယောက်ချင်း လာခဲ့"
ယွမ်ရှောင်က ကျန်းရယ်၏ဦးခေါင်းပေါ်သို့ ခြေတစ်ဖက်တင်၍ အမှတ်တစ်၊ သုံးနှင့် ခြောက် ဓားတောင်များမှ တပည့်များဘက် လှည့်ကြည့်ကာ စိန်ခေါ်လိုက်သည်။ သူ၏အကြံက ရိုးရှင်းပြီး ကျန်းရယ်ကို ဓားစာခံအဖြစ်ထားကာ အမှတ်များရနိုင်သလောက် စုဆောင်းရန် ဖြစ်သည်။
"လာစမ်းပါ။ မင်းတို့ကြောက်နေရင်လည်း ငါက အမှတ်လေးဆယ်ကျော်အထိ ရပြီးနေပြီဆိုတော့ ပထမနေရာ သေချာတယ်။ ဘယ်ကောင်မှ ငါ့နေရာကို မလိုချင်ဘူးလား"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ အေးစက်စက် ပြောလိုက်သည်။
"ယွမ်ရှောင် ငါက.."
"ရွှစ်"
အမှတ်တစ်ဓားတောင်မှ နဂါးနွေဦးနောက်ပိုင်းအဆင့် တပည့်တစ်ယောက် ရှေ့တက်လာသော်လည်း ပျံလွှားလျှပ်စီးသိုင်းလက်ချက်ဖြင့် နဖူးတွင် အပေါက်တစ်ခုဖြစ်ပေါ်လာကာ ဘုန်းခနဲ လဲကျသွားခဲ့၏။
"ပထမဆုံးတစ်ယောက် ဘယ်သူ သေချင်သေးလဲ"
ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်းကို လက်ဝါးအတွင်း ဆော့ကစားနေရင်း မျက်ခုံးတစ်ချက်ပင့်ကာ အေးစက်စက် ရယ်မောလိုက်၏။
"ငါ"
လူအုပ်အတွင်းမှ အော်သံတစ်ခု ထွက်လာသော်လည်း မျက်တောင်တစ်ခတ်အတွင်းမှာပင် စကားသံပိုင်ရှင်မှာ လည်ပင်းကို လက်ဖြင့် အုပ်ကိုင်လျက်သား လဲကျသွားခဲ့သည်။
"မင်းတို့ကို အကြံပေးလိုက်မယ်။ နတ်ပင်လယ်အဆင့်မဟုတ်ရင် စောက်စကားတစ်ခွန်းမှ မထွက်နဲ့"
ယွမ်ရှောင်သည် အမှတ်တစ်ဓားတောင်ကို ရန်စရန်အတွက် ကျန်းရယ်၏မျက်နှာကို စိတ်ရှိလက်ရှိ ခြေထောက်ဖြင့် နင်းနေခဲ့သည်။ သူမက မြေကြီးအတွင်း ခေါင်းစိုက်နေသော်လည်း အသတ်ခံရမည်ကို ကြောက်လန့်သောကြောင့် မရုန်းကန်ရဲပေ။
"မင်းက ပါရမီရှင်ကြီးပေါ့။ ပါရမီရှင်တွေလည်း သေတတ်တယ်နော်"
"ဟုတ်ကဲ့ပါ အစ်ကိုယွမ်"
ကျန်းရယ်သည် ချိုက်မြောင်ကို အရှက်ခွဲခဲ့သော်လည်း လက်ရှိတွင် ဆယ်ဆမက ဝဋ်လည်နေပြီး အမှတ်တစ်ဓားတောင်၏ နတ်မိမယ်မှာ ခွေးတစ်ကောင်နှင့် မခြားတော့ပေ။
"ဆရာတူညီမလေး"
ရဲတန်းစီ၏တပည့်များ၊ နတ်ပင်လယ်အဆင့်များနှင့် တပည့်ခေါင်းဆောင်များ စုစည်းလိုက်ကြပြီး ဒေါသဖြင့် အော်ဟစ်နေခဲ့သည်။
"ယွမ်ရှောင် မင်း ဒီနေ့ အသက်ရှင်လျက် ထွက်သွားနိုင်ရင် ငါတို့က သတ်သေလိုက်မယ်"
ရဲတန်းစီ၏တပည့်များက ကျိန်ဆိုလိုက်ကြပြီး လေထုက အမှန်တကယ် တင်းမာနေသည်။ လွန်ခဲ့သောရက်အတွင်း ကောင်းကင်လမ်းကြောင်း၌ ယွမ်ရှောင်က သူတို့ကို မော့ကြည့်နေခဲ့ရသော်လည်း လက်ရှိတွင် သူအရေးစိုက်ရန် ထိုက်တန်သူများ မဟုတ်တော့ပေ။ သူတို့က သတ်ဖြတ်လိုစိတ်ဖြင့် ဓားဝိညာဥ်များ ထုတ်ဖော်ကာ ချီတက်လာကြပြီး တစ်ဖက်လူသည် အမှတ်တစ်ဓားတောင်၏ အာဏာကို ထိပါးနေသောကြောင့်ပင်။
"အမှိုက်တွေ"
ယွမ်ရှောင်၏မှတ်ချက်က အသူရာတောင်တန်းတလျှောက် ပဲ့တင်ထပ်သွားပြီး ရန်သူများ၏စိတ်ကို ရန်စနိုင်ခဲ့သည်။
"ဒီကောင့်ကို သတ်ကြစမ်း"
"အပိုင်းပိုင်းခုတ်ပစ်"
ဤသို့ဖြင့် ဓားဆွေးနွေးပွဲ အမှန်တကယ်စတင်ခဲ့ပြီး တောင်ကြီးတစ်ခုလုံးတွင် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်း တောက်လောင်နေကာ အသူရာဓားဂိုဏ်း၏ သမိုင်းတွင် မဖြစ်ဖူးသော မြင်ကွင်းမျိုး ထွက်ပေါ်လာခဲ့လေသည်။