အဆောင်
Vol. 4 Ch. 60
စုန့်လောင်စီသည် အခြားမြို့မှ သူဌေးများကို သူ့ဗီလာအပြင်ဘက်အထိ လိုက်ပို့ပြီးနောက် ခြေကျိုးဝမ့်ကို သွားရှာတော့သည်။ သူ၏ ညာလက်ရုံးလီကွမ်းကျန်းရောက်လာပြီးနောက် ခြေကျိုးဝမ့်၏ လူများကို ယနေ့ည ကျင်းလီနိုက်ကလပ်တွင် သူစောင့်နေမည် ဖြစ်ကြောင်း ပြောခိုင်းလိုက်သည်။
စုန့်လောင်စီ၏ သွင်ပြင်က မှုန်ကုတ်သွားသည်။ သူက ခြေကျိုးဝမ့်ကို တွေ့ရန်သာ ဖြစ်ကာ ခြေကျိုးဝမ့်က သူ့ကနု ပြဿနာရှာမည်လား။ လွန်ခဲ့သည့် လအနည်းငယ်က မထင်မရှားနေခဲ့သည့်အတွက် သူ့ကို ခြေကျိုးဝမ့်က အားနည်းသည်ဟု တွေးနိုင်ပေ၏။
ကျင်းလီနိုက်လပ်သည် ခြေကျိုးဝမ်၏ ပိုင်နက် ဖြစ်သော်ငြား စုန့်လောင်စီ မကြောက်ပေ။ သူ့တွင် ခြေကျိုးဝမ့်ထက် ပိုကြမ်းတမ်းသည့် လူများ ရှိနေသည့် အတွက်ပင် ဖြစ်သည်။
ထပ်ပြောရလျှင် ကျင်းလီနိုက်ကလပ်ကလည်း ဘင်းမြို့တော်တွင် ရှိ၏။ ဘင်းမြို့တော်တွင် စုန့်လောင်စီ ကြောက်သည့်သူ တစ်ယောက်မှ မရှိ။ ခြေကျိုးဝမ့်က သူ့ကို တိုက်ခိုက်လျှင်တောင် သူသည် ဘယ်သူ အရင်သေမည်ဆိုသည်ကို ပြောနိုင်ပေ၏။
-------------------------------------
ဖုန်းယွီသည် အခင်းဖြစ်ပွားရာနေရာတွင် ရဲနှင့်အတူ သူ၏ ပျက်ဆီးဆုံးရှုံးမှုအား တွက်ချက်နေ၏။
အစတွင် သိုလှောင်ရုံက မရှိသလောက်နီးပါး ပြောင်းရှင်းနေ၏။ နမူနာပစ္စည်းများမှ လွဲ၍ ထိုနေရာတွင် များများစာစား မရှိပေ။ ထို့အပြင် စုန့်ရှောင်ဖုန်း၏ လူများကလည်း သိုလှောင်ရုံထဲကို မဝင်ခဲ့ကြပေ။ သူတို့က အပြင်ဖက်ရှိ သော့တောင် မဖျက်သွားပေ။ သူတို့က တံခါးများကို ဆေးဖြန်းခဲ့ပြီး ကျောက်ခဲများ၊ သံတိုင်များဖြင့် သူတို့၏ တံခါးများကို ပျက်စီးအောင်လုပ်ထားသည်။
သို့သော် ဖုန်းယွီက သူ့လူများအား အခင်းဖြစ်ပွားရာနေရာအတု လုပ်ထားစေ၏။ သူ့လူများက အပြင်တံခါးတော့ကို တူဖြင့် ချိုးပြီး နမူနာပစ္စည်းများ အားလုံးကို ကြမ်းပြင်တွင် အကုန် ဖျက်ဆီးထား၏။ သိုလှောင်ရုံအား ရှုပ်ပွအောင် လုပ်ခြင်းထားခြင်း ဖြစ်သည်။
“ရဲမှူးရှီး ဒါတွေကို ကြည့်ပါဦး ကျွန်တော်တို့ သို့လှောင်ရုံရဲ့ ပျက်ဆီးမှုတွေကို ကြည့်စမ်းပါ။ ကျွန်တော်တို့တွေ ဒီနှစ်လအတွင်း ကျွန်တော်တို့ အပိုင်းတာဝန်ကျေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ ကျွန်တော်တို့ စခန်းကို အစားအသောက်နဲ့ အဝတ်အထည်တွေကို ထောက်ပံ့ပေးခဲ့တယ်။ အခု ကျွန်တော်တို့ ကုမ္ပဏီ ဒီလို ဖြစ်နေပြီ။ တစ်ယောက်ယောက်ကတော့ ဒီကိစ္စကို တာဝန်ယူပေးမှရမယ်”
လီရှစ်ချင်က အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
ဖုန်းယွီက ခေါင်းညိတ်လိုက်သည်။ ကီရီလန်ကိုနှင့် လွန်ခဲ့သည့် သဘောတူညီမှု နှစ်ကြိမ်တွင် ကောင်းမွန်သည့် မိတ်ဖက်နှင့် သူ့ဆီ ကုန်သွင်းသူများ ရခဲသည်။ သူတို့၏ ကုန်သွင်းသူများက သူတို့ ကုန်ပစ္စည်းများ ပို့သည့် အခါတွင် သူတို့က အချို့သော လက်ဆောင်များနှင့် နမူနာများကို သူတို့ဆီ ပို့ခဲ့၏။
ဖုန်းယွီသည် သူ့ဝန်ထမ်းများကို ကိုယ်တိုင်ကိုယ်ကျ နမူနာပစ္စည်းများနှင့် လက်ဆောင်များကို ကိုယ်တိုင် ခွဲဝေယူခိုင်းထား၏။ ကျန်ရှိသည်များကို သူက ရဲစခန်းကို ပို့စေ၏။ ထိုလက်ဆောင်များက ဈေးမကြီးသော်ငြား ထိုအရာများက လူမှုရေးအရ ဖြစ်၏။ ထိုလက်ဆောင်များက အများအားဖြင့် ဆန်၊ဆီ အစရှိသည့် စားသောက်ကုန်များနှင့် စီးကရက်များ ဖြစ်၏။
ထိုခေတ်အခါအက လူအများစုက ဆင်းရဲကြသည်။ ရဲမှူးက ထိုအလကားရသည့် လက်ဆောင်များကို သူ့လူများကို ပေးနိုင်လျှင် အလွန်ဂုဏ်ယူသည်ဟု ခံစားရ၏။
“ရှောင်လီ၊ ရှောင်ဖုန်း စိတ်မပူနဲ့။ မကြာသေးခင်က မင်းတို့ကို စိတ်အနှောက်အယှက်ပေးတဲ့သူ ရှိလား။ ကျွန်တော်တို့တွေ ဒီကိစ္စကို စုံစမ်းတဲ့အခါမှာ အထောက်အကူ ဖြစ်အောင်လို့ပါ။”
ရဲမှုးဖြစ်သည့် အရာရှိရှီးက ပြောလိုက်သည်။ သူက ထိုက်ဟွ ကုန်သွယ်ရေးမှ လက်ဆောင်များကို လက်ခံခဲ့တာ ဖြစ်ကာ ကုမ္ပဏီတွင် ထိုကိစ္စ ဖြစ်ပွားခဲ့သည့်အတွက် အနည်းငယ် အံ့အားသင့်နေ၏။
“ကျွန်တော် ဘယ်လိုလုပ် သိမှာလဲ။ ကျွန်တော်တို့က စီးပွားရေးလုပ်နေတာလေ ပြီးတော့ ကျွန်တော်တို့ကို လူတွေကို စိတ်အနှောက်အယှက်ဖြစ်အောင် မလုပ်ဘူး။ အရာရှိရှီး ဒီတစ်ဝိုက်ကို ကင်းလှည့်ရင် လူများများ ထပ်ပေးနိုင်မလား။ ကျွန်တော် တောင်းဆိုချက်က မများပါဘူး။ ကျွန်တော်...”
ဖုန်းယွီက ပြောလိုက်၏။ လီရှစ်ချင်သည် စုန့်ရှောင်ဖုန်းအကြောင်းပြောမည်ကို တားရန်အတွက် ဖြစ်၏။
ဖုန်းယွီ သို့မဟုတ် လီရှစ်ချင်သာ စုန့်ရှောင်ဖုန်းအကြောင်း နည်းနည်းတောင် ဟမိလိုက်လျှင်တောင် အရာရှိရှီးက အခင်းဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သတ်ပြီး ဘာမှ လုပ်နိုင်တော့မည် မဟုတ်တော့ပေ။ အလွန်ဆုံးကာ သူသည် ကိုယ်မလုပ်သည့် အရာအတွက်တောင် အပြစ်ခံရနိုင်ပေ၏။ ထိုအရာက ဂယက်ရိုက်မှု ဖြစ်သွားမည်ပင်။ စုန့်ရှောင်ဖုန်းသည်လည်း သူတို့ကို တစ်ဖန် လက်စားပြန်ချေမည်ပင်။ ဖုန်းယွီသာ စုန့်လောင်စီကို ရင်ဆိုင်ရမည်ဆိုလျှင် သူက စုန့်လောင်စီကို အခွင့်အရေးတစ်ခုကိုတောင် ပြန်မပေးချင်ပေ။
“အဲ့တာ...ကောင်းပြီ။ ငါပြန်သွားပြီး အခြားသူတွေနဲ့ ပြောဦးမယ်”
အရာရှိရှီးက ပြောလိုက်၏။
အရာရှိရှီးက ပြန်သွားမည်ပြင်လိုက်စဉ် ဖုန်းယွီက သူ့ကို တားလိုက်သည်။
“အရာရှိရှီး ကျွန်တော် အရာရှိဆီက တောင်းဆိုမှု သေးသေးတောင်းဆိုစရာ ရှိလို့ပါ။ ရဲစခန်းက အသိအမှတ်အပြု ဆိုင်းဘုတ်လေး တစ်ခုလောက် ကျွန်တော်တို့ ရနိုင်မလား"
“ဆိုင်းဘုတ်လား။ ဘာဆိုင်းဘုတ် ယူချင်တာလဲ။ ငါတို့ ရဲစခန်းက ဆိုင်းဘုတ်မပေးဘူး”
အရာရှိရှီးက ပြန်ပြောလိုက်သည်။ သူက အနည်းငယ် ခေါင်းရှုပ်သွားသည်။
ဖုန်းယွီက သက်ပြင်းချသွား၏။ နောင်တွင် ရဲစခန်းတံဆိပ် အမှတ်အသားဖြင့် ဆိုင်းဘုတ်များထားပြီး ဆက်သွွယ်ရန် လိပ်စာများ ထားခဲ့သည့်ကား အိမ်သို့မဟုတ် စီးပွားရေးကို လာနှောက်ယှဉ်သူ နည်းပါးသွားပေသည်။ လူအများစုက ထိုလုပ်ငန်းသည် ရဲစခန်းနှင့် ပေါင်းစည်းသည်ဟု မှတ်ယူကြသည်။
ယခုတွင် ပုံပါသည့် ဆိုင်းဘုတ်ထားရှိခြင်းက သဘာဝ မကျပေ။ သို့သော် ထိုဆိုင်းဘုတ်တွင် “ပြည်သူ့ရဲ၏ လုပ်ဖော်ကိုင်ဖက်များ ကျွန်ုပ်တို့အတူ ပိုမိုလုံခြုံသော တိုင်းပြည်တစ်ခု တည်ဆောက်အံ့”ဟူသော စာတန်းပါပါက အခြားသူများက ထိုကုမ္ပဏီသည် ရဲစခန်းမှူး၏ အကာအကွယ်အောက်တွင် ရောက်နိုင်သည်ဟု တွေးထင်နိုင်ပေသည်။ လူတွေက ပြဿနာများ ဖန်တီးချင်လျှင်တောင် နှစ်ကြိမ်ပြန်စဉ်းစားရပေမည်။
“အရာရှိရှီး။ အဲ့တာက သာမန် ဆိုင်းဘုတ်သာသာပါပဲ။ ကျွန်တော်တို့ကို ပြဿနာဖန်တီးတဲ့သူတွေရန်ကနေ ကာကွယ်တဲ့ အဆောင်တစ်ခုလိုပေါ့။ အို ဟုတ်သား ကျွန်တော် အရာရှိတို့ ရဲစခန်းအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင် ဖြစ်စေဖို့အတွက် ကျွန် လေနှင့်မိုးပန်ကာ အခု ၅၀ ပြင်ဆင်ထားပါတယ်”
ဖုန်းယွီက ပြန်ဖြေလေ၏။
“အာ... ဒီလောက်ထိ မလိုပါဘူး”
အရာရှိရှီးက ပျော်ရွှင်စွာဖြင့် ပြန်ပြောလိုက်သည်။ သူတို့စခန်းတွင် ပန်ကာတစ်ခုမှ မရှိကာ သူတို့၏ ဘက်ဂျက်ကလည်း ခက်ခဲနေ၏။
“မဟုတ်ပါဘူး။ ကျွန်တော်တို့က ရဲတွေရဲ့ မိတ်ဖက်ပဲ ပြီးတော့ ကျွန်တော်တို့တွေ အတူတူ ငြိမ်းချမ်းတဲ့ တိုင်းပြည်တစ်ခု တည်ဆောက်ကြမယ်။ ကျွန်တော်ပံ့ပိုးနိုင်သလောက်တော့ ကျွန်တော် ပံ့ပိုးပေးပါရစေ”
ဖုန်းယွီက ပြောလိုက်၏။
အရာရှိရှီးထွက်သွားပြီးနောက် လီရှစ်ချင်ကို ပြန်ခေါ်ခဲ့၏။ သူသည် အရာရှိရှီးကို သူတို့ဖက်ပါအောင် ဆွဲနိုင်စေကာမူ သူတို့သည် အရာရှိရှီးအောက်ရှိ လူများကိုပါ ဂရုစိုက်ရပေမည်။ အထူးသဖြင့် ကင်းလှည့်သည့် အမှုထမ်းများ ဖြစ်သည်။ ထိုအမှုထမ်းများက “ညကင်းလှည့်နှုန်း”ရသင့်သူများ ဖြ်စသည်။ ထိုထောက်ပံ့ငွေများက သူတို့ညစောင့်နေစဉ်အတွင်း အစားအသောက်များ စားနိုင်ပေ၏။ စုန့်လောင်စီသည် သူတို့သည် ရဲများနှင့် အဆက်အသွယ်ကောင်းရှိသည်ဟု နားလည်မှုလွဲသည်ကား အကောင်းဆုံးနည်းပင် ဖြစ်ပေသည်။ထို့ပြင် သူတို့က သူတို့၏ အဆက်အဆံကို အရာရှိရှီးအထက်ရှိ အရာရှိများနှင့် တည်ဆောက်နိုင်ပေသည်။
အရာရှိရှီးနှင့် ကိစ္စပြီးသွားပြီနောက် အခြားကိစ္စသွားလုပ်သည့် ဝူကျီကန်းက ပြန်လာတော့၏။ သူတို့က စက်ဘီးစီးလာသည့်အတွက် သူတို့ ချွေးထွက်နေကြသည်။
“ကျီကန်း ဒါရိုက်တာလီက ဘာပြောလဲ”
ဖုန်းယွီ ပါးစပ်မဟရသေးခင် ကျီကန်းက မေးလိုက်၏။
“ဒါရိုက်တာလီက ဒီကိစ္စမှာ ဝင်မပါချင်တဲ့ပုံပဲ။ ဒါပေမဲ့ သူတို့က မန်နေဂျာဖုန်းရဲ့ ညွှန်ကြားချက်အတိုင်း ဆိုင်းဘုတ်ကို ပေးမယ်လို့ ပြောပါတယ်။ ကျွန်တော် အခုပဲ ဆိုင်းဘုတ်ကို ချိတ်လိုက်တော့မယ်။ ကြည့်လိုက်ပါဦး ဆိုင်းဘုတ်ကို “ဘင်းမြို့တော် စက်ပစ္စည်းစက်ရုံ၏ မိတ်ဖတ်” ဒါပေမဲ့ မန်နေဂျာဖုန်း ဒီဆိုင်းဘုတ်က အသုံးကောဝင်လို့လား”
ဝူကျီကန်းက ဆိုင်းဘုတ်ကို လက်ညှိုးထိုးကာ မေးလိုက်၏။
ဖုန်းယွီက ပြုံးကာ ပြောလိုက်၏။
“သေချာတာပေါ့။ တစ်ခုထဲနဲ့တော့ ဘယ်လောက်မှာလဲ။ ဒါပေမဲ့ ငါတို့မှာ ဆိုင်းဘုတ်အများကြီး ရှိလာရင် အဲ့တာက အရမ်းအသုံးဝင်လာလိမ့်မယ်”
ထိုဆိုင်းဘုတ်များက အသိအမှတ်ပြုမှုနှင့် ဆင်တူသည်။ နောင်နှစ်များတွင် ကုမ္ပဏီများက အစိုးရစုအဖွဲ့ထံမှ အသိအမှတ်ပြုမှုများ ရယူချင်ကြသည်။ ဉပမာအားဖြင့် ပြည့်သူ့ကိုယ်စားပြု၊ အစိုးရကော်မတီများ၏ ကိုယ်စားလှယ် အစရှိသဖြင့် ဖြစ်သည်။ ထို အသိအမှတ်ပြုမှုများက အဆောင်များဖြစ်ကြကာ ကုမ္ပဏီသည် ကောင်းကောင်း အလုပ်လုပ်ကြောင်းလဲ ပြသနေပေ၏။
သူတို့၏ တံခါးဝတွင် အစိုးရအဖွဲဝင်များ၏ ဆိုင်းဘုတ်များနှင့် ဆုများရရှိသမျှ သူတို့ကို ပြဿနာရှာသည့်လူ နည်းသွားမည်ပင် ဖြစ်၏။ ထိုအရာများက နောက်ထပ် အားသာချက်များလည်း ရှိသည်။ ထိုဆုများနှင့် ဆိုင်းဘုတ်များက ကုမ္ပဏီတွင် အဆက်အသွယ်အချို့ ရှိပြီး စီးပွားရေး ညှိုနှိုင်းမှုများတွင် ပြောဆိုအားကောင်းပေသည်။
စက်ပစ္စည်းစက်ရုံက သူ့ကို ကူညီရန် ညင်းလိုက်သည့်အခါ ဖုန်းယွီ အနည်းငယ် စိတ်ပျက်သွား၏။ ရေအားလျှပ်စစ်စက်ရုံကြီသည် အခုမှ ပြီးသွားရုံသာ ဖြစ်ပြီး စက်ပစ္စည်းစက်ရုံသည် သူတို့ထံမှ ငွေကောက်ခံနေတော့သည်။ ထိုအချိန်မှ စပြီး စက်ပစ္စည်းစက်ရုံသည် ပိုက်ဆံပြတ်လက်တော့မည် မဟုတ်ပေ။ စက်ပစ္စည်းစက်ရုံက သူ့ကို ကူညီချင်လျှင်တောင် ထိုကိစ္စကို ကိုင်တွယ်နိုင်သည့် အထက်ပိုင်း အစိုးရအရာရှိ တစ်ယောက်ယောက်မှ စုန့်လောင်စီကို မလုပ်ရန် တားနိုင်၏။ သို့သော် ဖုန်းယွီက တခြားနည်းလမ်း ရှာရပေလိမ့်မယ်။ သူသည် အဆောင်ပစ္စည်းကို မြို့တော် အစိုးရထံမှ ရနိုင်သေး၏။
“လက်ထောက်အကြီးအကဲကျန်း။ ကျွန်တော် ခင်ဗျားကို နှောက်ယှက်မိပြီ”
ဖုန်းယွီက မေးလိုက်သည်။
“အို ဒါက မန်နေဂျာဖုန်းမလား။ ဒီနေ့ကော ဘာတွေ ယူလာတာလဲ"
ကျန်းရွေ့ချင်က မေးလိုက်သည်။
“အကြီးအကဲကျန်း ကျွန်တော်ကုမ္ပဏီ ပိတ်တော့မယ်ဆိုတဲ့အကြောင်း ခင်ဗျားသိအောင် လာပြောတာပါ။ ကျွန်တော် ဘာတွေ လုပ်ဖို့ လိုအပ်လဲဗျ"
ဖုန်းယွီက ပြောလိုက်၏။
ကျန်းရွေ့ချင်က အံ့ဩသွား၏။ ထိုက်ဟွကုန်သွယ်ရေးသည် သူဌာနခွင့်ပြုမိန့်များ ရအောင် လုပ်ပေးနေသည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။ ပြီးခဲ့သည့် နှစ်ရက်က အကြီးအကဲက ထိုက်ဟွကုန်သွယ်ရေးကို ချီးကျူး၏။ တစ်လထဲတွင် ရူဘယ်၃သန်းတန်ဖိုးရှိ ကုန်များကို တင်ပို့နိုင်ခဲ့သည်။ ဌာနက ထိုက်ဟွကုန်သွယ်ရေးနှင့် အလုပ်လုပ်ချင်သေးကာ အခြားကုန်သွယ်ရေးများက ထိုက်ဟွ ကုန်သွယ်ရေးကို စံနမူနာ ယူနိုင်ပေ၏။
“မန်နေဂျာဖုန်း။ ဘာဖြစ်လို့လဲ။ ရုရှားကောင်က ခင်ဗျားကိုလိမ်လိုက်လို့လား။”
ကျန်းရွေ့ချင်က စိုးရိမ်တကြီးမေးလိုက်သည်။
“မဟုတ်ဘူး။ အဲ့ဒီရုရှားအစ်ကိုက ကျွန်တော်ကို ဒီလိုလုပ်မှာမဟုတ်ဘူး။ ကျွန်တော်ကုမ္ပဏီက အမြတ်အရမ်းရတာ။ ဒါပေမဲ့ ဘယ်သူက ကျွန်တော်ကို အနှောက်အယှက်ပေးလဲ မသိပါဘူး။ ကျွန်တော်ကုမ္ပဏီနဲ့ သိုလှောင်ရုံထဲက ပစ္စည်းတွေကို တစ်ယောက်ယောက်က အကုန်ဖျက်ဆီလိုက်တယ်။ ရဲတွေလည်း လက်သည်ကို အခုထိ ရှာမတွေ့သေးဘူး။ နေ့တိုင်းညတိုင်း စိုးရိမ်နေမဲ့အစား ကျွန်တော် ကုမ္ပဏီကို ပိတ်ချလိုက်တော့မယ်။ ကျွန်တော် ရှန်းမြို့တော်မှာ စီးပွားရေးသွားလုပ်ဖို့ ပြင်ဆင်နေတယ်။ နည်းနည်းတော့ ခက်ခဲပေမဲ့လည်း အခုထက်တော့ ကောင်းဦးမှာလေ”
ဖုန်းယွီက ပြောလိုက်၏။
“မန်နေဂျာဖုန်း ရှန်းမြို့တော်နဲ့ ဆိုဗီယက်ပြည်ထောင်စုက တော်တော်လှမ်းတယ်။ ထပ်ပြောရရင် အဲ့ဒီမှာ အစက ပြန်စရမှာပြီးတော့ ဘင်းမြို့တော်လောက် အဆင်ပြေမှာမဟုတ်ဘူး။ မင်းစိတ်ချထားလိုက်။ ပြည်နယ်အစိုးရရဲ့ အကြီးအကဲကျောက်ကို ဖုန်းခေါ်ပြီး မင်းရဲ့ ပြဿနာကို ရှင်းပြလိုက်မယ်။ ငါ အဲ့တာကို သေချာမှတ်တမ်းထားထားပြီး မင်းကို ဘယ်ဂိုဏ်းစတားတွေကမှ အန္တရာမပြုအောင် လုပ်ပေးမယ်”
ကျန်းရွေ့ချင်က ပြောလိုက်၏။
“အဲ့တာလား...ကောင်းပြီလေ။ စကားမစပ် ရဲစခန်းက ကျွန်တော်ကို အကြံတစ်ခု ပေးလိုက်တယ်။ တကယ်လို့ တံခါးဝမှာ အစိုးရရဲ့ ဆုတံဆိပ်တွေကို ချိတ်ထားရင် အဲ့တာက ပြဿနာဖန်တီးသူတွေကို အဲ့အရာတွေက တွန့်ဆုတ်နိုင်စေတယ်။ ခင်ဗျားတို့ရဲ့ နိုင်ငံခြားကုန်သွယ်ရေးဌာနက ကျွန်တော်ကို ဆုတစ်ခုခုများ ပေးနိုင်မလား”
ဖုန်းယွီကမေးလိုက်၏။
ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်လိုက်၏။ ထိုအရာအတွက် ဤနေရာကို လာသည်လား။ စိတ်ထဲမထားပါဘူး။ သူတို့သည် မည်သည့် ဆုအမျိုးအစားနှင့် ဆိုင်းဘုတ်မဆို ပေးနိုင်သည်။ ထို့အပြင် သူသည် ဘင်းမြို့တော်တွင် ဂိုဏ်းသုံးဂိုဏ်းရှိသည်ဟုလည်း ကြားထားသည်။ သူ့အထက်အရာရှိက သူ့ကို မြို့တော်ရှိ ရင်းနှီးမြှပ်နှံမှု အရာရှိအဖြစ် နိုင်ငံခြားကုန်သွယ်ရေးတွင် ရာထူးတိုးပေးချင်တာ ဖြစ်သညည်။ ကျန်းရွေ့ချင်သည် ဘင်းမြို့တော်တွင် ထိုဂိုဏ်းသုံးဂိုဏ်းနှင့် ကာလာကြာရှည် ဆက်ဆံရမည်ပင် ဖြစ်သည်။
“ကောင်းပြီ။ အဲ့တာ အဆင်သင့်ဖြစ်ရင် ငါ့လူတွေကို လွှတ်လိုက်မယ်။ နောင်ကျ မန်နေဂျာဖုန်း လိုအပ်တာရှိရင်လည်း ကျွန်တော်တို့ နိုင်ငံတော်ပို စီးပွားရေးလုပ်ငန်းတွေကို ထောက်ပံ့ပေးဖို့ မမေ့နဲ့နော်။”
ကျန်းရွေ့ချင်က ပြောလိုက်သည်။
“သေချာတာပေါ့ ကျွန်တော် မှတ်ထားလိုက်ပါမယ်။ အကြီးအကဲကျန်း”
ဖုန်းယွီက ပြန်ပြောလိုက်၏။
နှစ်ဖက်လုံးက အပြန်အလှန် နှုတ်ဆက်ပြီးနောက် အကြီးအကဲကျန်းက ဖုန်းယွီကို တောင်းဆိုချက် အချို့ကို တောင်းလိုက်ပြီး သူကလည်း လက်ခံလိုက်လေသည်။
နိုင်ငံခြားကုန်သွယ်ရေး ခန်းမမှ ထွက်ခွာပြီးနောက် ဖုန်းယွီ ပြန်လန်းဆန်းနေတော့သည်။ များပြားသည့် အဆောင်များနှင့် စုန့်ရှောင်ဖုန်းသည် ထိုက်ဟွ ကုန်သွွယ်ရေးကုမ္ပဏီကို ထိရဲတော့မည်မဟုတ်ပေ။ ပြီးနောက် ရက်အနည်းငယ်တွင် စုန့်ရှောင်ဖုန်းသည် အရိုးပြာအဖြစ် ရောက်တော့မည်ပင်။