← Chapters

ရန်ကျောက်ကဲ၏ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရားဓားသိုင်း’

Vol. 94 Ch. 1313

ရန်ကျောက်ကဲ၏ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရားဓားသိုင်း’

Vol. 94 Ch. 1313

အခန်း (၁၃၁၃) ရန်ကျောက်ကဲ၏ ‘ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရားဓားသိုင်း’

ရန်ကျောက်ကဲက ဓားဝိညာဉ် (၄)စင်းကို ဆက်တိုက် ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။

ရိုးရှင်းပုံရသော ဓားဝိညာဉ် (၄)ခုတွင် သိမ်မွေ့သော ထိပ်တန်းသိုင်းပညာရပ်များ၏ များပြားလှစွာသော ဥပဒေသများ ပါရှိသည်။

ယွိချင်အဆက်အနွယ်မှ နှောင်းပိုင်းကောင်းကင်ကျမ်းစာ (၆)စောင်နှင့် စန့်ချင်အဆက်အနွယ်မှ လင်ပေါင်ဓားသိုင်း(၄)မျိုးတို့အပြင် အခြားသော အဆင့်မြင့်သိုင်းပညာ (၄)မျိုးလည်း ပါရှိသေးသည်။

ဤသိုင်းပညာမှာ ရန်ကျောက်ကဲကိုယ်တိုင်တီထွင်ထားသည့် “အင်္ကျီလက်ထဲမှ မိုးပြာရောင်နဂါးဓားသိုင်း” အား များပြားလှစွာသော သိုင်းပညာရပ်များနှင့် ထပ်မံပေါင်းစည်းထားခြင်း ဖြစ်သည်။

၎င်းထိပ်တန်းသိုင်းပညာရပ်များ၏ မသန့်စင်မှုများအားဖယ်ရှားကာ အနှစ်သာရများကို စစ်ထုတ်ထားခြင်း ဖြစ်သည်။ ထို့ပြင် ကောင်းကင်ဘုံနန်းတော် ၊ သိုင်းကျမ်းစာကြည့်တိုက်တါင် မှတ်တမ်းတင်ထားသည့် သိုင်းပညာ(၃)ရပ်ကိုလည်း ပေါင်းစပ်ထည့်သွင်းထားသေးသည်။

ထိုသိုင်းပညာ (၃)ရပ်မှာ ရွှမ်ဝူလက်သီးသိုင်းကျမ်း ၊ အလင်းပျံသန်းနတ်ဘုရားကျမ်းစာနှင့် အစွန်းရောက်သတ်ဖြတ်ခြင်းခုနစ်သွယ်ကျမ်းစာ တို့ဖြစ်သည်။

ပထမဆုံး တိုက်ခိုက်မှုတွင် သူက ဘဝဖန်ဆင်းခြင်းကောင်းကင်ကင်ကျမ်းစာကိုအသုံးပြုကာ အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်းကို အသုံးပြုပြီး စိမ်းပြာနဂါးဖြစ်စဉ်ကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် သူက စိမ်းပြာနဂါးကိုသတ်ဖြတ်ရန် စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းကို အသုံးပြုခဲ့သည်။ တိုင်းတာနိုင်သော အသက်ဓာတ်စွမ်းအားပမာဏက ချက်ချင်းပင် အကန့်အသတ်မရှိသော သတ်ဖြတ်လိုသည့်အငွေ့အသက်နှင့် အဖျက်စွမ်းအားအသွင်သို့ ပြောင်းလဲသွားသည်။

ဒုတိယတိုက်ကွက်တွင် သူက ယွိချင်အဆက်အနွယ်မှ ယင်ယန်ကောင်းကင်ကျမ်းစာကို အသုံးပြုပြီး ရွှမ်ဝူလက်သီးသိုင်းကျမ်းမှ ရွှမ်ဝူဖြစ်စဉ်ကိုဖန်ဆင်းကာ ရွှမ်ဝူလိပ်နက်နှင့်မြွေတို့ကို လှည့်ပတ်စေခဲ့သည်။

ထို့နောက် သူက ရွှမ်ဝူကိုသတ်ဖြတ်ရန် စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားသုတ်သင်ဓားသိုင်းကိုအသုံးပြုပြီး ယင်နှင့်ယန်ကို ပြိုလဲစေခဲ့သည်။ သိုင်းပညာရပ်အတွင်းထဲတွင်ပါရှိသည့် နည်းဥပဒေသများစွာကို ချိုးဖျက်ပစ်ခဲ့သည်။

တတိယအကြိမ် တိုက်ခိုက်မှုတွင် သူက ယွိချင်အဆက်အနွယ်၏ ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာကိုအသုံးပြုပြီး ဇာမဏီငှက်ဖြစ်စဉ်ကို ထုတ်ဖော်ခဲ့သည်။

ထို့နောက် ဇာမဏီငှက်ကိုသတ်ဖြတ်ရန် စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားထောင်ချောက်ဓားသိုင်းကို အသုံးပြုကာ ဗလာနယ်အာကာသကို ပြိုကျစေခဲ့ပြီး “မရှိမှု” သဘောတရားကို ချိုးဖျက်ခဲ့သည်။

စတုတ္ထတိုက်ကွက်တွင် ယွိချက်အဆက်အနွယ်၏ အသင်္ချေစကြာဝဠာကောင်းကင်ကျမ်းစာ ၊ စိတ်စေရာကောင်းကင်ကျမ်းစာနှင့် အစွန်းရောက်သတ်ဖြတ်ခြင်းခုနစ်သွယ်ကျမ်းစာကိုအသုံးပြုကာ ကျားဖြူဖြစ်စဉ်ကို ထုတ်ဖော်ခဲ့ပြီး စန့်ချင်အဆက်အနွယ်၏ နတ်ဘုရားအဆုံးသတ်ဓားသိုင်းကိုအသုံပြုကာ ကျားဖြူကို သတ်ဖြတ်ပစ်ခဲ့သည်။

စိတ်စေရာကောင်းကင်ကျမ်းစာ၏ အသွင်ပြောင်းမှုမှ ဖြစ်ပေါ်လာသော ကျားဖြူက အစွမ်းသတ္တိထုတ်ဖော်ပြသသည်နှင့် ၎င်းကိုသတ်ဖြတ်ရပ်တန့်ပစ်ခဲ့သည်။

ထို့နောက် ကမ္ဘာလောကတစ်ခုလုံး ငြိမ်းချမ်းသောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

ထို တိုက်ကွက် (၄)ခု တပြိုင်တည်းထွက်ပေါ်လာသည့်အခါ တိုက်ကွက်တစ်ခုချင်းစီတွင်ပါရှိသော တန်ခိုးစွမ်းအားက စကြာဝဠာတည်ရှိသည့်အချိန်ကာလအတိုင်း ကြာမြင့်သည့်တိုင် ပျက်ပြယ်သွားခြင်း မရှိခဲ့ပေ။

ဓားဝိညာဉ်များက အချင်းချင်းရောနှောလျှက်ရှိပြီး ရက်စက်ကြမ်းတမ်းသော အဖျက်စွမ်းအားရောင်ဝါများက ပျံ့ကျဲသွားကာ နက်နဲသိမ်မွေ့သော စွမ်းအားရောင်ဝါတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။

စကြာဝဠာတစ်ခုလုံးတွင် မည်သည့်လမ်းကြောင်းမှ ကွဲပြားသွားခြင်း မရှိခဲ့ပေ။

သို့သော် ထိုခဏတွင် အမတခုံရုံးမှ ကျင့်ကြံသူအုပ်စုမှာ စကြာဝဠာထဲတွင် လမ်းကြောင်းများစွာ ကွဲပြားသွားသည့်အလား ခံစားလိုက်ကြရသည်။

လက်ရှိတွင် ရန်ကျောက်ကဲက မြင့်မားသည့်စင်္ကြံလမ်းတစ်ခုထက်တွင် မတ်တတ်ရပ်နေပြီး သူတို့အားလုံးကို ခေါင်းငုံ့ကြည့်နေသည်။

သူက သိုင်းသူ‌‌တော်စင် အဆင့်တစ်ခုဖြစ်သော လူသားနတ်ဘုရားအဆင့် ဖြစ်သည်။

‘လူသားနတ်ဘုရား’ ဆိုသည့်စကားရပ်တွင် ‘နတ်ဘုရား’ ဆိုသောစကားလုံးပါရှိသည့်တိုင် အစစ်အမှန်နတ်ဘုရားဖြစ်ခြင်းအား ရည်ညွှန်းခြင်း မဟုတ်ပေ။

ကျင့်ကြံသူတစ်ယောက်က နတ်ဘုရားလူသားကပ်ဘေးကို မဖြတ်ကျော်ရသေးပါက သေမျိုးလူသားတစ်ယောက်ဟုသာ သတ်မှတ်နိုင်သည်။

နတ်ဘုရားတံခါးအား ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်သော တန်ခိုးစွမ်းအားရှင်များကတော့ လူသားများ မဟုတ်ကြတော့ပေ။ သူတို့က သေမျိုးလူသားများ၏အထက်သို့ရောက်ရှိသွားပြီး သေမျိုးလူသားများကို အမြင့်တစ်နေရာမှ ပြုံးလျှက် ကြည့်ရှုတတ်သူများ ဖြစ်ကြသည်။

ကိစ္စရပ်များက ဤသို့သာလျှင် ဖြစ်သင့်ပေသည်။

သို့သော် ယခုတော့ အခြေအနေများက ပြောင်းပြန်ဖြစ်လျှက် ရှိသည်။

အမတခုံရုံးမှ အစစ်အမှန်နတ်ဘုရားများက “အောက်ခြေ” တွင် ရှိနေပြီး သေမျိုးလူသားတစ်ယောက်က သူတို့အားလုံး၏ “အထက်” တွင်ရှိနေကာ သူတို့ကို ခေါင်းငုံ့ကြည့်လျှက် ရှိသည်။

ဤသည်က လူတိုင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားစေသည်။

ဤသည်က သူတို့အားလုံး၏ အသိဉာဏ်ကို ကျော်လွန်သွားသည့် ကိစ္စတစ်ခု ဖြစ်သည်။

အမတခုံရုံးမှလူများ တုန်လှုပ်ခြောက်ခြားသွားရုံသာမက ဘေးတွင်ရှိနေသော အထက်ဘုံကမ္ဘာမှ ကျင့်ကြံသူများသည်လည်း မှင်တက်သွားကြသည်။

ရန်ကျောက်ကဲက ပြိုင်ဘက်ကင်းအရည်အချင်းများကိုပိုင်ဆိုင်ထားပြီး လူသားတစ်ယောက်၏ ရုပ်ခန္ဓာဖြင့်ပင် အစစ်အမှန်နတ်ဘုရားများကို ရင်ဆိုင်နိုင်စွမ်း ရှိသည်။

အဝေးကြီးသို့လှမ်းကြည့်စရာမလိုပေ။

အုံ့ဆိုင်းလွှမ်းခြုံဧကရာဇ်ကို ရင်ဆိုင်တိုက်ခဲ့သော ချန်ချန်းဟွာနှင့် ချင်းယွမ်ဧကရာဇ်ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သော နျဲ့ကျင်းရှန်တို့သည်လည်း ရှိခဲ့ဖူးသည်။

ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကတော့ အလွန်ပင် ခိုင်ခန့်သည်ဟု ပြောရမည်။

သူက သိုင်းသူတော်စင် နဝမအဆင့်ကတည်းကပင် အနက်ရောင်ပိုးသားဧကရာဇ်နှင့် မြေကမ္ဘာထိပ်တန်းအရှင်သခင် ဝမ်ကျန်းချန်တို့ ပူးပေါင်းတိုက်ခိုက်ခြင်းအား ရင်ဆိုင်တိုက်ခိုက်ခဲ့သူ ဖြစ်သည်။

ထိုတိုက်ပွဲက ကြားရသူတိုင်းကို မျက်လုံးများ ပြူးကျယ်သည်အထိ ထိတ်လန့်တုန်လှုပ်သွားစေသည်ပင်။

သို့သော် ထိုတိုက်ပွဲက ကျင့်ကြံခြင်းအဆင့် အနိမ့်အမြင့်အပေါ် မူတည်ခြင်းမရှိဘဲ တန်ခိုးစွမ်းအားကို အခြေခံသည့်တိုက်ပွဲဖြစ်ခဲ့သည်။

ယနေ့တော့ ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားကို လူတိုင် မျက်မြင်ခံစားမိကြပေပြီ။

ထိုခဏတွင် လူတိုင်းသိရှိခဲ့သော သမိုင်းကြောင်းက စစ်မှန်ခြင်း မရှိတော့ပေ။

ရန်ကျောက်ကဲက ဓားဝိညာဉ်များကို တစ်သားတည်းပေါင်းစပ်ပြီးသည့်နောက် ထိုအရာက အလွန်တရာ စစ်မှန်ပုံရသည်။ ထိုဓားဝိညာဉ်များက ရန်ကျောက်ကဲ မတ်တတ်ရပ်နေသည့် စကြာဝဠာ “မြင့်မားသောအထက်ရပ်” တွင် ရှိနေသည်။

ထို့နောက် အောက်ဘက်တွင်ရှိနေသည့် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာတို့အုပ်စုထံသို့ ကောင်းကင်မြစ်ရေသွန်ချလိုက်သည့်အလား အရှိန်အဟုန်ဖြင့် ဝင်ရောက်သွားတော့သည်။

“ဒီဓားသိုင်းကို ‘ကောင်းကင်ဘုံကဆင်းသက်လာတဲ့နတ်ဘုရားဓားသိုင်း’ လို့ခေါ်တယ်”

ရန်ကျောက်ကဲ၏အသံက ကောင်းကင်ကိုးထပ်မှ ပဲ့တင်ထပ်ထွက်ပေါ်လာသည်။

ဓားဝိညာဉ်အလင်းတန်းများက အောက်ဘက်သို့ကျဆင်းသွားပြီး ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာထံသို့ ဦးစွာရောက်ရှိသွားသည်။

ကြိမ်ဖိနပ်စိးထားသည့်တာအိုဆရာ၏ ပင်ကိုယ်သိစိတ်က တစ်ခုခုမှားယွင်းနေပြီဖြစ်ကြောင်း သိရှိလိုက်သည်။

ရန်ကျောက်ကဲတွင် အမတမှော်ဝင်ပစ္စည်း ပိုင်ဆိုင်ထားခြင်းမရှိသည့်တိုင် ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာက ရန်ကျောက်ကဲ၏တိုက်ခိုက်မှုကိုတားဆီးရန် အလွန်သတိထားပြီး သူ၏သိုင်းကွက်ကို ထုတ်ဖော်လိုက်သည်။

သူက ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားတစ်ပါး ဖြစ်လေရာ သေမျိုးလူသား ကျင့်ကြံသူများနှင့်တိုက်ခိုက်ရသည်ကို ဘယ်တုန်းကမှ အလေးအနက်ထားခဲ့ခြင်း မရှိပေ။

သို့ပေသိ ယခု ရန်ကျောက်ကဲနှင့် တိုက်ခိုက်ရာတွင် ထိုသို့ သတိလက်လွတ် ပြုမူရဲခြင်း မရှိခဲ့ပေ။

သို့သော် ရန်ကျောက်ကဲ၏ ‘ကောင်းကင်ဘုံမှဆင်းသက်လာသည့်ဓားအလင်းတန်း’ က သူ့ထံသို့ ဖြတ်သန်းဝင်ရောက်သွားပြီး ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာမှာ တစ်စုံတစ်ခုက သူ၏ခန္ဓာကိုယ်အား ဖြတ်သန်းသွားကြောင်း ခံစားလိုက်ရသည်။

သူ ကြိုးစားကျင့်ကြံခဲ့သော အလွန်တရာပေါများလှသည့် အမတချီစွမ်းအားများက သူနှင့် လုံးဝမသက်ဆိုင်တော့ပေ။ ထိုတန်ခိုးစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲတွင် ယာယီတည်ရှိနေခြင်းမျှသသာ ဖြစ်တော့သည်။

ထိုအခိုက်အတန့်တွင် သူ၏ အစစ်အမှန်နတ်ဘုရားပုံစံက သေမျိုးလူသားခန္ဓာကိုယ် အခွံထဲတွင် အမတချီစွမ်းအားများဖြင့် ပြည့်နက်နေသည့်ပမာ ဖြစ်သည်။

“ဒါက...”

ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာ တုန်လှုပ်သွားသည်။

ရုတ်တရက်ပင် သူ နေရာမှာပင် အေးစက်တောင့်တင်းသွားရသည်။

သူ နတ်ဘုရားတံခါးဖွင့်လှစ်ပြီးကတည်းက ဤမျှလောက်ကြောက်စရာကောင်းသည့်အရာမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

ရန်ကျောက်ကဲက ပြင်ပအကူအညီမပါဘဲ နတ်ဘုရားသုတ်သင်ဓားသိုင်း(၄)မျိုးကို တပြိုင်တည်းထုတ်လွှတ်ပြီး ကာလရှည်ကြာပျောက်ဆုံးနေခဲ့သော နတ်ဘုရားသုတ်သင်အစီအရင်ကိုတည်ဆောက်ကာ အစစ်အမှန်နတ်ဘုရားတစ်ပါးကို ပြင်ပအကူအညီမပါဘဲ သတ်ဖြတ်ပစ်ခဲ့သည်။

ကြိမ်ဖိနပ်စီးတားသည့် တာအိုဆရာမှာ အံ့အားသင့်ချိန်ပင် မရနိုင်ခဲ့ပေ။

နတ်ဘုရားသုတ်သင်အစီအရင်ပြုလုပ်ရန် ကျင့်ကြံသူအုပ်စုတစ်စုလိုအပ်သည့်တိုင် ရန်ကျောက်ကဲက တစ်ယောက်တည်းလုပ်ဆောင်ခဲ့ကြောင်း သိရှိလျှင် ပို၍ပင် အံ့အားသင့်သွားနိုင်သည်။

သို့သော် ယခု သူအသုံးပြုသည်က နတ်ဘုရားသုတ်သင်အစီအရင်ဖြစ်ကြောင်း ထုတ်ဖော်ပြောရန် မလိုအပ်ပေ။ ပြီးတော့ ရန်ကျောက်ကဲ အသုံးပြုလိုက်သည့် သိုင်းပညာကလည်း စန့်ချင်အဆက်အနွယ်ဓားသိုင်းပင် မဟုတ်ခဲ့ပေ။

ဤဓားသိုင်းက သတ်ဖြတ်လိုသည့်အငွေ့်အသက်နှင့် ရက်စက်ကြမ်းကြုတ်သည့်အငွေ့အသက် တစ်ခုမှမပါရှိဘဲ အလွန်တရာ နက်နဲသိမ်မွေ့သည့် အဆင့်လွန်ဓားသိုင်းဖြစ်သည်။

မိုးကောင်းကင်တာအို၏ ဒဏ်ခတ်ခံရခြင်းပမာ ဓားအလင်းတန်းများက ကောင်းကင်ထက်မှ ဖြာကျလာသည်။

တစ်ခဏအတွင်းမှာပင်  ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာ၏စိတ်ထဲတွင် အလွန်လျှင်မြန်ပြီး များပြားလှသည့် ဖြစ်စဉ်များဖြစ်ပေါ်လာသည်။

ထိုဖြစ်စဉ်များက သူ့ဘဝ၏အမှတ်တရများထဲမှ အကောင်းမွန်ဆုံးသော အမှတ်တရများ ဖြစ်ကြသည်။

သူ့စိတ်ထဲမှ အမှတ်တရများကို ပြန်ပြောင်းခံစားနေရသော်လည်း သူ့ကို ထိတ်လန့်တုန်လှုပ်စေသည့်အရာမှာ အရာအားလုံးက နောက်ပြန်ဆုတ်သွားခြင်း ဖြစ်သည်။

အရာအားလုံးက ပြောင်းပြန်ဖြစ်သွားသည်။

ကြိမ်ဖိနပ်စီးထားသည့်တာအိုဆရာမှာ သူ ဖွင့်လှစ်ထားသည့် နတ်ဘုရားတံခါးမှ ပြန်တွန်းထုတ်ခံနေရသည့်မြင်ကွင်းကို မြင်ယောင်နေစဉ် ၊ သူ့မျက်လုံးရှေ့မှာပင် နတ်ဘုရားတံခါး ပိတ်သွားသည်ကို တွေ့မြင်လိုက်ရသည်။

ဤဖြစ်ရပ်က ကြာရှည်မခံဘဲ တစ်ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။

သို့သော် ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာမှာ သက်ပြင်းချရန် အချိန်မရှိခဲ့ပေ။

ရုတ်ချည်းပင် နောက်ထပ်ဓားချက်တစ်ချက်က ကောင်းကင်ထက်မှ ကျဆင်းလာပြီး သူ့အရှေ့သို့ ရောက်ရှိလာသည်။

ရန်ကျောက်ကဲ၏ ဘယ်ဘက်လက်ညှိုးနှင့်လက်ခလယ်က တည့်မတ်စွာ ညွှန်ပြနေသည်။

ထို့နောက် သူ၏လက်ချောင်းထိပ်က ကြိမ်ဖိနပ်စီးထားသော တာအိုဆရာ၏နဖူးကို ထိုးဖောက်သွားသည်။

သူ၏လုပ်ဆောင်ချက်က ရိုးရှင်းပြီး သေမျိုးလူသားတစ်ယောက်၏ပုံစံမျိုး အရိပ်အမြွက်မှပင် မရှိပေ။

ရန်ကျောက်ကဲ လက်ချောင်းများကို ပြန်ရုတ်သိမ်းလိုက်ချိန် ကြိမ်ဖိနပ်စီးထားသော တာအိုဆရာက မြေပြင်ထက်တွင် မရေမရာပုံစံမျိုးဖြင့် မတ်တတ်ရပ်နေခဲ့သည်။ သူ၏မျက်နှာအမူအရာကပြောင်းလဲနေပြီး သူ၏မျက်ဝန်းထဲတွင် တစ်စုံတစ်ခု တောက်ပနေဟန် ရှိသည်။

ထို့နောက်မှာတော့ ကြိမ်ဖိနပ်စီးထားသည့် တာအိုဆရာ၏ ခန္ဓာကိုယ်ထဲမှ အမတချီစွမ်းအားများ မြင့်တက်လာသည်။ သူက နဂိုမူလပုံစံအတိုင်း ယိုစိမ့်ခြင်းမရှိ အစစ်အမှန်နတ်ဘုရားအခြေအနေသို့ ပြန်လည်ရောက်ရှိလာပုံရသည်။

သို့သော် သူ၏နဖူးထက်တွင် သွေးနီရောင်အပေါက်တစ်ခု ကျန်ရှိနေပြီး ထိုအပေါက်ထဲမှ သွေးများ ပန်းထွက်လာသည်။

အစစ်အမှန်နတ်ဘုရားတစ်ပါးက သေမျိုးလူသားတစ်ယောက်ပမာ သွေးများအဆက်မပြတ် ထွက်နေလေသည်။

သူ၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပုံရသည့်တိုင် အခွံလွတ်တစ်ခုမျှသာ ကျန်တော့သည်။

သူ၏ အသက်ဓာတ်စွမ်းအားက ပျောက်ကွယ်နေပြီ ဖြစ်၏။

အသက်ဓာတ်စွမ်းအားကုန်ဆုံးသွားသည်နှင့် သူ၏ရုပ်ခန္ဓာသည်လည်း လျှင်မြန်စွာပင် ယိုယွင်းလာသည်။

အမတခုံးရုံးမှ ပြင်ပတာအိုကျင့်ကြံသူ နတ်ဘုရားအုပ်စုမှာ နှုတ်ဆိတ်လျှက် ရှိကြသည်။

လူတိုင်း ခဏတာစိတ်လွတ်သွားသလို ဖြစ်သွားပြီးမှ အသံတစ်သံ ထွက်ပေါ်လာသည်။

“သေပြီလား... သူ တကယ်သေသွားပြီလား...”

“နယ်မြေအားသာချက်ကို မရယူဘဲ ၊ အမတမှော်ဝင်ပစ္စည်းမသုံးဘဲ ၊ ကျင့်ကြံခြင်းစွမ်းအားတစ်ခုတည်းနဲ့တင် သိုင်းသူတော်စင်တစ်ယောက်က အစစ်အမှန်နတ်ဘုရားတစ်ပါးကို လက်ဗလာနဲ့ ဒီအတိုင်း သတ်ပစ်လိုက်တာလား”

အားလုံးက ရန်ကျောက်ကဲကို မှင်တက်စွာဖြင့် ငေးစိုက်ကြည့်ရင်း...

“ကောင်းကင်ဘုံကဆင်းသက်လာတဲ့ နတ်ဘုရား...”

အရင်က ရန်ကျောက်ကဲ၏ ပြိုင်ဘက်ကင်းအရည်အချင်းများကို ဖော်ပြရန် ဤနာမည်ကိုအသုံးပြုခဲ့ခြင်း ဖြစ်သည်။

သူက လူ့လောကသို့ဆင်းသက်လာသည့် ကောင်းကင်ဘုံမှနတ်ဘုရားတစ်ပါးသာလျှင် ဖြစ်သည်။ နောက်ဆုံးတွင် သူ၏ နတ်ဘုရားဘဝသို့ ပြန်လည်ရောက်ရှိမည် ဖြစ်သည်။

ယခုတော့လူတိုင်းစိတ်ထဲတွင် ဤနာမည်နှင့်ပတ်သက်ပြီး အခြားစကားလုံးအဓိပ္ပါယ်ကို တွေးတောမိကြသည်။

တစ်ခုက အလွန်ရှေးကျသည့်တစ်ခုဖြစ်ပြီး နောက်တစ်ခုကတော့ မူလအဓိပ္ပါယ်ဖြစ်သည်။

အလွန်ရှေးကျသည့်အဓိပ္ပါယ်မှာ “သေမျိုးလူသားလောကသို့ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး”...။

မူလအဓိပ္ပါယ်မှာ -

ကောင်းကင်ဘုံမှဆင်းသက်လာသောနတ်ဘုရားဓားသိုင်း...။

ရန်ကျောက်ကဲ၏ဓားသိုင်း...။

အစစ်အမှန်နတ်ဘုရားတစ်ပါးကိုပင် သေမျိုးလူသားအဖြစ်သို့ ပြန်လည်ရောက်ရှိသွားစေရန် အဆင့်နှိမ့်ချပစ်နိုင်သောဓားသိုင်း... ဟူ၍။

All Chapters