ပိုက်ဆံသည် ပြဿနာတစ်ရပ်မဟုတ်
Vol. 6 Ch. 85
ဖုန်းယွီသည် သူ၏အဖေ စက်ရုံတည်တာကို ကူရန်အလို့ငှာ ကျောင်းတစ်ပတ်ခွင့်ယူလိုက်သည်။ သူ ကျောင်းကို ပေးသည့်အကြောင်းပြချက်ကား သူ၏ဒုတိယဦးလေးသည် ချော်လဲသဖြင့် သူက ရက်အနည်းငယ် ပြုစုပေးရန် လိုအပ်သည့်အတွက် ဖြစ်ပေသည်။ တကယ်တမ်းကျ ဖုန်းယွီတွင် ဒုတိယဦးလေးမရှိပေ။
“ရှောင်ယွီ ဘာကြောင့် ငါတို့တွေ မြေကြီးကို စက်တွေနဲ့ တူးနေရတာလဲ၊ ဒီဟာတွေက ဘယ်လောက်တောင် ကုန်ကျသွားမလဲ၊ အဖေတို့တွေ လူတွေနဲ့ ကိုယ်တိုင်တူးလို့ရတာပဲ၊ ပြီးတော့ အဲ့တာက စျေးချိုတယ်၊ ထပ်ပြောရရင် ဒါက ဖောင်ဒေးရှင်းသပ်သပ်ပဲလေ၊ ဘာကြောင့် အဖေတို့တွေ နက်နက်တူးရတာလဲ၊ တစ်မီတာတောင် တူးမှာလား ”
ဖုန်းရှင်းထိုက်၏နှလုံးသားများ နာကျင်နေသည်။ သူ၏အရှုံးသမားသားငယ်က ပိုက်ဆံကို ရေလိုဖြုန်းနေခြင်း ဖြစ်ပေသည်။
“အဖေ ဒါက ပိုက်ဆံပါးပါးလေးပါ၊ ပြီးတော့ ဖောင်ဒေးရှင်းဆိုတာ အဆောက်အအုံတွေအားလုံးရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းပဲ၊ ကျွန်တော်တို့တွေ အဲ့ဒီအတွက် ငွေမချွေတာသင့်ဘူး ”
“အဲ့တာဆိုရင် အဖေတို့စက်ရုံကို ခြံစည်းရိုးခတ်ဖို့ တံတိုင်းတစ်ခု ဆောက်ဖို့မလိုဘူး၊ ငါတို့ လယ်တောရဲ့ အုတ်စက်ရုံက ထုတ်တဲ့ အုတ်တွေက ငါတို့ကိုပဲ ပြန်ထောက်ပံ့နေရပြီ ”
ဖုန်းရှင်းထိုက်က ဖုန်းယွီသည် မြေပတ်ဝန်းကျင်ကို တံတိုင်းတည်ဆောက်နေသည်က ပိုက်ဆံဖြုန်းတီးနေသည်ဟု ခံစားရပေသည်။ အကယ်၍ သူတို့က အတားအဆီးလိုချင်ပါက အကာအရံအဖြစ် ဆူးသစ်ကိုင်းများကို အသုံးပြုနိုင်ပေသည်။ စက်ရုံပတ်လည်တွင် နှစ်မီတာခန့်မြင့်သည့်အုတ်တံတိုင်း ဆောက်ဖို့ လိုအပ်သည်လား။
“အဖေ ကျွန်တော်တို့ရဲ့စက်တွေက စျေးကြီးတယ်၊ တစ်ယောက်ယောက် လာပြီး ပြဿနာဖန်တီးမှာ အဖေ မကြောက်ဘူးလား၊ ရွာထဲက ကလေးတွေကိုရော အဖေ ဘယ်လိုလုပ်မလဲ၊ သူတို့တွေက စက်ရုံထဲကို ခိုးကြောင်ခိုးဝှက်ဝင်ပြီး ကစားနိုင်တယ်၊ သူတို့တွေက စက်တွေကြောင့် ဒဏ်ရာရသွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ၊ အဖေက အဲ့လိုဖြစ်မှာကို လိုချင်တာလား၊ တံတိုင်းတွေရဲ့အပေါ်မှာ ကျွန်တော်တို့တွေ သံဆူးကြိုးတပ်ဖို့ လိုပြီး အစောင့်အဖြစ် ခွေးဆယ်ကောင်လည်း အနည်းဆုံး ထားဖို့ လိုတယ်၊ ကျွန်တော်တို့တွေ မွန်ဂရဲခွေးတွေကို အသုံးမပြုနိုင်ဘူး၊ မွန်ဂရဲခွေးတွေက လူတွေကို အဝေးကို ခြောက်လှန်းဖို့အတွက် ခက်ထန်မှု မရှိဘူး ”
ဖုန်းယွီသည် စက်ရုံအတွက် သူ့အစီအစဉ်ကို စတင်ပြောနေသည်။ သို့သော် သူ လှည့်ကြည့်လိုက်သည့်အခါ ဖုန်းရှင်းထိုက်က ထွက်သွားပြီ ဖြစ်ပေသည်။ ယင်းက စိတ်မချမ်းမသာ ဖြစ်စေသည်။ ထိုခေတ်အခါ၏ မျိုးဆက်ကွာဟချက်လော။
ဆောက်လုပ်ရေး၏ အရည်အသွေးကို ထိန်းသိမ်းရန်အလို့ငှာ ဖုန်းယွီက ပြည်နယ်ဆောက်လုပ်ရေး ကုမ္ပဏီမှ ဆောက်လုပ်ရေးအသင်းကို ဦးဆောင်ရန်အတွက် ခေါင်းဆောင်အင်ဂျင်နီယာကို ပိုက်ဆံများများသုံးကာ ငှားခဲ့သည်။ ပထမက ခေါင်းဆောင်အင်ဂျင်နီယာက စိတ်ဝင်မစားပေ။ ယင်းစက်ရုံက လယ်တောထဲရှိ တစ်ထပ်သာ ရှိသော အဆောက်အအုံဖြစ်ကာ ယင်းကဲ့သို့သော ဆောက်လုပ်ရေးကို ကွပ်ကဲရန်အတွက် သူကဲ့သို့သော အင်ဂျင်နီယာမျိုး မလိုအပ်ပေ။ ထိုအရာ သူ့အား စော်ကားလိုက်ခြင်းပင် ဖြစ်ပေသည်။
သို့သော် ဖုန်းယွီက သူ့ကို တစ်ရက်လျှင် ယွမ်ငါးဆယ် ပေးသည့်အခါ သူ့စိတ်က ချက်ချင်းပြောင်းသွားသည်။ သူသည် အင်ဂျင်နီယာတစ်ယောက်ဖြစ်ပြီး သူ၏လစာက ယွမ်တစ်ရာထက်သာ အနည်းငယ် ပိုသည်။ ဆယ်ရက်အတွင်း သူရမည့်ငွေက ယွမ်ငါးရာဖြစ်ကာ ယင်းက ဆွဲဆောင်မှုတစ်ခုပင် ဖြစ်သည်။
ရရှိနိုင်သည့် ဆောက်လုပ်ရေးအလုပ်သမားအားလုံးကို လယ်တော၊ မြို့နယ်နှင့် စိုက်ပျိုးရေးဌာနမှ ငှားခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားတစ်ရာကျော် ရှိကာ ယင်းက စက်ပစ္စည်းတည်ဆောက်ခြင်းလည်း ဖြစ်ပေသည်။ ထို့အတွက် ဖုန်းယွီက မြန်မြန်လိုနေခြင်း ဖြစ်ပေသည်။
နှစ်ပတ်ခန့်အကြာတွင် မြေပေါ်တွင် ရေများခဲလာမည် ဖြစ်ကာ ဆောက်လုပ်ရေးသည်လည်း အမြန် စတင်ရမည် ဖြစ်ပေသည်။ ထိုခေတ်အခါက မအေးခဲဆေး သို့မဟုတ် ရေခဲဖျော်ပစ္စည်းများ မရရှိနိုင်ပေ။ ထို့အတွက်ကြောင့် သူသည် စက်ရုံဆောက်လုပ်ရေးကို ပိုမြန်မြန်ဆန်ဆန်ဖြစ်ရန် လိုအပ်ပေသည်။
ဖုန်းယွီသည် စက်ရုံ၏နံရံများကို ၅၀ စင်တီမီတာခန့် ထူစေချင်သော်ငြား အင်ဂျင်နီယာက ၃၇ စင်တီမီတာလျှင် လုံလောက်ပြီ ဖြစ်ကြောင်း ပြောသည်။ ဖုန်းယွီက ၃၇ စင်တီမီတာအထူက လုံလောက်အောင် မာကျောမည်မဟုတ်ဟု ခံစားမိပေသည်။ အုတ်၊ ဘိလပ်မြေနှင့် အလုပ်သမားများလုံလောက်ပေရာ ခိုင်ခန့်မာကြောသည့် စက်ရုံတစ်ရုံဆောက်ရန်သာ လိုတော့သည်။ အုတ်များက အပေါက်ပါပါက ဖုန်းယွီသည် တောင့်တင်းခိုင်မာစေရန် အားဖြည့်သည့် စတီးချောင်းများကိုတောင် ထပ်ထည့်ချင်သေးသည်။
စက်ရုံက အပိုင်းလေးပိုင်းခွဲထားသည်။ ဆီထုတ်လုပ်ခြင်း၊ သကြားထုတ်လုပ်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ သိုလှောင်ရုံနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ရေးအပိုင်းများ ဖြစ်ပေသည်။ တစ်ပိုင်းချင်းစီက စတုရန်းမီတာ တစ်သောင်းကျော် ဖြစ်သည်။ သူ၏အရင်ဘဝတွင် ထိုစက်ရုံအား ကြီးမားသည့်စက်ရုံတစ်ခုအဖြစ် စဉ်းစား၍ ရနိုင်ပေသည်။
ဖုန်းယွီသည် အနာဂတ်တွင် စက်ရုံကို ထပ်ချဲ့ရန် ဆုံးဖြတ်ထားသည်။ ပထမအသုတ် စက်ပစ္စည်းများ တပ်ဆင်ပြီးပါက များပြားသည့်နေရာများ ကျန်ရှိနေမှာပင်။ သို့သော် အနာဂတ်တွင် ဖုန်းယွီသည် လစ်ဟာနေသည့်နေရာများကို ဖြည်းဖြည်းချင်း ဖြည့်ဆည်းမည် ဖြစ်သည်။ သူသည် အစားအစာထုတ်လုပ်သည့် အဓိကစက်ရုံအဖြစ် တည်ဆောက်ခြင်း ဖြစ်ပေသည်။
“ရှောင်ဖုန်း သူဌေး ဒီစက်ရုံရဲ့တည်ဆောက်စရိတ်က သေချာပေါက်မြင့်မှာပဲ ”
“အဲ့တာက အရမ်းများတယ်လို့ စဉ်းစားလို့ မရပါဘူး၊ ယွမ်တစ်သန်းလောက်ပဲ ရှိတာပါ ”
ဖုန်းယွီက ကုန်ကျစရိတ်သည် အလွန်စျေးချိုသည်ဟု ခံစားရသည်။ ဆယ်နှစ်မကြာမီ သူတို့၏ဒေသတွင်းသို့ အဝေးပြေးလမ်းမတစ်ခု ဖောက်လုပ်မည်ဖြစ်ကာ စက်ရုံနှင့် ၁၀၀မီတာခန့်သာ ဝေးပေသည်။ စက်ရုံတစ်ခုထဲနှင့်တောင် နောက်ပိုင်းတွင် ယွမ်သန်းဆယ်ချီ အနည်းဆုံး ရှာနိုင်မှာ ဖြစ်ပေသည်။
အလွန်များပြားသည့် ရှေးဦးရင်းနှီးမြှုပ်နှံမှု ဖြစ်သော်ငြား ဖုန်းယွီက ယင်းသည် ကောင်းမွန်သည့်ရင်းနှီးမြှုပ်နှံမှုတစ်ခုဟု ခံစားရပေသည်။ စက်ရုံအနေဖြင့် မည်သည့်အကျိုးအမြတ်မှ ရနိုင်မည် မဟုတ်ကြောင်းကိုလည်း သူ စိတ်ထဲမထားပေ။ မည်သို့ပင်ဖြစ်စေကာမူ ဖုန်းယွီက ယင်းစက်ရုံသည် ပိုက်ဆံရှာနိုင်ပြီး ယင်းပမာဏက လက်ခံ၍ ရနိုင်သည့်အမြတ်ပင် ဖြစ်ပေသည်။
အင်ဂျင်နီယာက ထိတ်လန့်သွားသည်။ ထိုကလေးက တကယ် အပြောကြီးသူ ဖြစ်သည်။ ချမ်းသာသည့်မိသားစုမှ လာသည့်ကလေးများနှင့် ကွဲပြားခြားနားပေသည်။ သူက ယွမ်တစ်သန်းကို ယွမ်တစ်ရာကဲ့သို့ ပြောဆိုခြင်း ဖြစ်ပေသည်။ လယ်တောတွင် ယွမ်တစ်သန်းနှင့်ဆိုလျှင် အထပ်မြင့်အဆောက်အဦးနှစ်ခု ဆောက်နိုင်ပေ၏။
ကုန်ပစ္စည်း ထုတ်လုပ်ရေးလမ်းကြောင်းများက ဆိုဗီယက်ပြည်ထောင်စု၏ မြို့တော်အားလုံးနီးပါးတွင် ရနိုင်ပေသည်။ သို့သော် အသစ်လွင်ဆုံးနှင့် အဆင့်မြင့်ဆုံးစက်ပစ္စည်းများက စျေးမချိုပေ။ အနည်းငယ်ဆွေးနွှေးပြီးနောက် သူတို့က ကုန်ပစ္စည်းထုတ်လုပ်ရေးလမ်းကြောင်း သုံးခုရရန် ဆုံးဖြတ်လိုက်သည်။ ဆီထုတ်လုပ်ခြင်းနှင့် သကြားထုတ်လုပ်ခြင်းလမ်းကြောင်းများကို ၁၉၈၅ ခုနှစ်ထုတ် စက်ပစ္စည်းများ အသုံးပြုမည် ဖြစ်ကာ တိရစ္ဆာန်အစာထုတ်လုပ်ရေးလမ်းကြောင်းကိုတော့ ၁၉၈၃ ခုနှစ်ထုတ် စက်ပစ္စည်းများကို သုံးစွဲမည် ဖြစ်ပေသည်။
ယင်းစက်ပစ္စည်းများအား တရုတ်ပြည်တစ်ပြည်လုံးတွင် အဆင့်မြင့်ဆုံးစက်ပစ္စည်းများဟု စဉ်းစားနိုင်ပေသည်။ စျေးနှုန်းအရပြောလျှင် ကီရီလန်ကိုက ဖုန်းယွီကို ခုနစ်ဆယ်ရာခိုင်နှုန်းစျေးလျော့ပေးသည်။ ယင်းက သူနှင့် ဖုန်းယွီကြား နှစ်ကိုယ်တူပုဂ္ဂလိကအပေးအယူပင် ဖြစ်သည်။ ထိုအချက်ကို သူတို့၏ကုမ္ပဏီစာအုပ်ထဲတွင် မမှတ်ထားကြပေ။
ယင်း စက်ပစ္စည်းများ၏နည်းပညာများက တရုတ်ပြည်တွင် သုံးသည့် အလွန်ရှုပ်ထွေးသည့် စက်ပစ္စည်းများထက် အနည်ဆုံးဆယ်နှစ်ခန့် ပိုအဆင့်မြင့်ပေသည်။ ပြီးနောက် ဖုန်းယွီသည် ထိုစက်ပစ္စည်းများကို ပြည်တွင်းထုတ်စက်ပစ္စည်းများ၏ စျေးတစ်ဝက်ခန့်နှင့် ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ယင်းစက်ပစ္စည်းများက အလွန့်အလွန် စျေးချိုပေသည်။ သေချာသည်မှာ ကီရီလန်ကိုက ထိုစက်ပစ္စည်းများအား စက်ရုံများမှ သတ္တုအပိုင်းအစများဟု အားသုံးကာ ဝယ်ယူခဲ့ခြင်း ဖြစ်ပေသည်။ ထိုခေတ်အခါက ဆိုဗီယက်ပြည်ထောင်စုအနှံ့တွင် ပျက်စီးမှုများ ရှိနေပေသည်။ ယင်းထဲတွင် နိုင်ငံပိုင်စက်ရုံများလည်း အပါအဝင် ဖြစ်ပေသည်။ စက်ရုံဒါရိုက်တာ အနည်းစုက သူတို့အတွက် ငွေရှာရန် အလို့ငှာ အသုံးမပြုတော့သည့် ထုတ်လုပ်ရေးလမ်းကြောင်းရှိ စက်ပစ္စည်းများအား တိတ်တဆိတ် ရောင်းချကြပေသည်။
ယင်းအမျိုးအစားစက်ပစ္စည်းများကို ရရန်လွယ်ကူသည်။ သို့သော် လယ်ယာသုံး စက်ပစ္စည်းထုတ်လုပ်သည့် လမ်းကြောင်းကို ရရန်က ခက်ခဲပေသည်။ ဖုန်းယွီသည် စက်ပစ္စည်းထုတ်လုပ်သည့် လမ်းကြောင်းကို လိုချင်ရုံသာမက သူသည် နည်းပညာကိုပါ လိုချင်သေးသည်။
နည်းပညာသည် စာရွက်စာတမ်းများပင် မဟုတ်ပေ။ ယင်းတွင် ကျွမ်းကျင်သည့် သူ၏လမ်းညွှန်မှုလည်း လိုအပ်ပေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပွားပြီးနောက် ဆိုဗီယက်ပြည်ထောင်စုက လျင်လျင်မြန်မြန်ဖြင့် တိုးတက်လာခြင်းက သူတို့သည် ဂျာမနီမှ အရည်အချင်းရှိသည့် ကျွမ်းကျင်များကို ရလိုက်သည့်အတွက် ဖြစ်ပေသည်။ ထို့ကြောင့် သူတို့၏ ကျွမ်းကျင်ပညာရှင်များကို ဆိုဗီယက်ပြည်ထောင်စုမှ ထွက်ခွာခွင့် မပေးခြင်းပင် ဖြစ်သည်။
သို့သော် ဆိုဗီယက်ပြည်ထောင်စုသည် အချို့သော အရှေ့ဥရောပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ပြုပေသည်။ သို့သော် တရုတ်နိုင်ငံနှင့် အခြေအနေဆိုးဖြင့် ကြုံရပြီးနောက် ဆိုဗီယက်ပြည်ထောင်စု၏ အင်ဂျင်နီယာများသည် တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုစိတ်မရှိပေ။ အဓိကအားဖြင့် တရုတ်နိုင်ငံ၏ဂုဏ်သတင်းက အခြားသောနိုင်ငံများ၏ သွားပုတ်လေလွင့် စွတ်စွပ်ချက်များကြောင့် ဖြစ်ပေသည်။
ကီရီလန်ကိုသည် ဘင်းမြို့တော် စက်ယန္တရားစက်ရုံမှ လိုချင်သည့် စက်ပစ္စည်းများကို ကိုယ်တိုင်ကိုယ်ကျ ရရှိခဲ့ပေသည်။ သို့သော် တရုတ်နိုင်ငံသို့ မည်သည့်အင်ဂျင်နီယာမှ သွားလိုခြင်း မရှိကြပေ။ ထုတ်လုပ်ရေးလမ်းကြောင်းအတွက် စက်ပစ္စည်းများကို အခြေချရန် ကျွမ်းကျင်သူများ မရှိခဲ့လျှင် စက်ယန္တရားစက်ရုံရှိ အလုပ်သမားများ ကိုယ်တိုင် ပြန်တည်ရခြင်းက အလွန်ကို ခက်ခဲပေမည်။
သို့သော် ကီရီလန်ကိုက ဖုန်းယွီသည် ယင်းပြဿနာကို ဖြေရှင်းပေးမည် ဖြစ်ကြောင်း ကတိပြုလိုက်သည်။ ပြီးနောက် သူသည် တရုတ်နိုင်ငံသို့ သွားချင်သည့်အင်ဂျင်နီယာများကို ရှာဖွေတော့သည်။ ဖုန်းယွီက တခဏကြာ စဉ်းစားပြီးနောက် သူက ကျွမ်းကျင်စက်ပစ္စည်း အင်ဂျင်နီယာများအတွက် လစာများများဖြင့် ကမ်းလှမ်းမည် ဖြစ်ကြောင်း ပြောလိုက်သည်။
ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးသည် အောက်သို့ကျနေသည်။ ပြီးနောက် သူတို့ပြည်သူများ၏ဝင်ငွေသည် ၁၉၈၀ ခုနှစ်ကတည်းက ရပ်တန့်နေပေသည်။ ယခုနှစ်တွင် သူတို့၏ဝင်ငွေက ကျတောင် သွားပေမည်။
ကျွမ်းကျင်သည့် ကျွမ်းကျင်စက်ပစ္စည်းအင်ဂျင်နီယာက တစ်လလျှင် ရူဘယ် ငါးရာမှ ရှစ်ရာခန့်ဖြစ်ပြီး ဖုန်းယွီက သူတို့အား တရုတ်နိုင်ငံတွင် လာအလုပ်လုပ်ပါက ရူဘယ်တစ်ထောင်ပေးမည် ဖြစ်ကြောင်း ကမ်းလှမ်းသည်။ အင်ဂျင်နီယာများသည် သူတို့၏မိသားစုများကို ကျွေးရန်လိုအပ်ပေသည်။ ဆိုဗီယက်ပြည်ထောင်စု၏ မိသားစု တော်တော်များများက ထိုနည်းအတိုင်းပင် ဖြစ်ပေသည်။ အမျိုးသားများက အပြင်သို့ အလုပ်လုပ်ထွက်ကြစဉ် အမျိုးသမီးက အိမ်တွင် နေခဲ့သည်။ ဖုန်းယွီက လစာများများနှင့် ကမ်းလှမ်းမှာက အင်ဂျင်နီယာများသည် သူ့အတွက် အလုပ်လုပ်ပေးမည် ဖြစ်ကြောင်း သိသည်။
ဖုန်းယွီက ပေးမည်ဆိုကတည်းက ကီရီလန်ကိုအတွက် အင်ဂျင်နီယာများကို ရှာရန်က ပိုလွယ်ကူသွားပေသည်။ သို့သော် ကီရီလန်ကိုက သူ့အနေဖြင့် အင်ဂျင်နီယာအများအပြားရှာရန်က မဖြစ်နိုင်သော်လည်း အင်ဂျင်နီယာ သုံးယောက် သို့မဟုတ် ငါးယောက်ရရန်က ကိစ္စမရှိကြောင်း ပြောခဲ့သည်။
တစ်ပတ်အတွင်း ဆောက်လုပ်ရေးက ပြီးခဲ့ပြီး ဖြစ်သည်။ ဗျောက်အိုးများဖောက်နေကြကာ လူတိုင်းကလည်း ပြုံးနေကြသည်။ သို့သော် ဖုန်းရှင်းထိုက်တစ်ယောက်သာလျှင် အတင်းပြုံးနေရသည်။
ယမန်နေ့က ဖုန်းယွီက စက်ရုံတည်ဆောက်မှု စုစုပေါင်းကုန်ကျငွေကို တွက်ချက်လိုက်သည်။ ပြီးနောက် ဖုန်းရှင်းထိုက်၏နှလုံးများက ရပ်လုနီးပါး ဖြစ်သွားသည်။ ဖုန်းယွီက စက်ရုံတစ်ရုံတည်ဆောက်တာက စျေးမကြီးဟု ပြောခဲ့သည် မဟုတ်လော။ စက်ယန္တရားများ၏စျေးနှုန်းတောင် မပါခဲ့ပေ။ အကယ်၍ စက်ယန္တရားများ၏စျေးပါ ထည့်တွက်ပါက စုစုပေါင်းပမာဏက ယွမ်နှစ်သန်းထိ ရောက်သွားမည်လော။
ပဲပိစပ်ဆီနှင့် သကြားရောင်းချခြင်းမှ သူတို့အနေဖြင့် သူတို့ရင်းနှီးမြှုပ်နှံထားသည်ကို မည်သည့်အခါမှ ပြန်ရမည်နည်း။ အသုံးမကျသည့် သားတစ်ယောက်ကို ရိုက်နှက်ခြင်းဖြင့် ဆုံးမရမည် ဖြစ်ပေသည်။