← Chapters

အဆင့်မြင့်ဆီ

Vol. 6 Ch. 86

အဆင့်မြင့်ဆီ

Vol. 6 Ch. 86

အစားအစာ ထုတ်လုပ်ရေးစက်ရုံ တည်ဆောက်ပြီးနောက် ဖုန်းရှင်းထိုက်သည် ငွေများကို ကောက်ခံရပေသည်။ လယ်တောရှိ လူအများက ဖုန်းရှင်းထိုက်သည် လိမ်လည်သည့်သူ မဟုတ်မှန်း သဘောပေါက်သွားပြီး ရင်းနှီးမြုပ်နှံကြပေ၏။

သို့သော် ဖုန်းရှင်းထိုက်က ဖုန်းယွီပြောသည့်အတိုင်း လိုက်လုပ်သည်။ မူလ ရင်းနှီးမြှပ်နှံသည့် လူခုနှစ်ယောက်နှင့် ဝမ်တုန်ကျွင်း၏ မိသားစုမှလွဲပြီး ကျန်သည့်သူများက ယွမ်တစ်ထောင်သာ ရင်းနှီးမြုပ်နှံနိုင်ကြပြီး အပိုခွင့်မပြုပေ။ ထို့ပြင် ဖြစ်လာသည့် ဆုံးရှုံးမှုများကိုလည်း သူတို့ကိုယ်တိုင် တာဝန်ယူရမှာ ဖြစ်သည်။ သူတို့ကျေနပ်မှု မရှိပါက သူတို့ ရင်းနှီးမြုပ်နှံရန် မလိုပေ။ ယင်းက ပုဂ္ဂလိကပိုင် စက်ရုံတစ်ရုံဖြစ်ကာ အဓိက ရှယ်ယာရှင်အနေဖြင့် ဆုံးဖြတ်ချက်များကို ချမှတ်နိုင်ပေသည်။

ထုတ်လုပ်ရေး လမ်းကြောင်းသုံးခုသည် ဘင်းမြို့တော်၏ လမ်းကြောင်းပေါ်တွင် ရောက်နေသည်။ ဖုန်းယွီ၏ ကမ်လှမ်းမှုကို လက်ခံသည့် အင်ဂျင်နီယာ သုံးယောက်လည်း ပါလာ၏။ သူတို့အနေဖြင့် ဖုန်းယွီအတွက် တစ်နှစ်ကြာ အလုပ်လုပ်မည် ဖြစ်သည်။ ယင်းအင်ဂျင်နီယာများက လွန်ခဲ့သည့် နှစ်သုံးဆယ်တုန်းက တရုတ်နိုင်ငံတွင် အလုပ်လုပ်ခဲ့သည်။ ထိုအချိန်ကစပြီး သူတို့တွင် ကျွမ်းကျင်သည့် လူများမရှိတော့ပေ။

အစ်ကိုကီက ဖုန်းယွီကို ထိုအလုပ်နှင့် ပတ်သတ်ပြီး နောက်ထပ်လူဆယ်ယောက်က စိတ်ဝင်စားသည်။ သို့သော် သို့သော် သူတို့က စိုးရိမ်ပူပန်ပေသည်။ထို အင်ဂျင်နီယာ သုံးယောက်က တရုတ်ပြည်သို့ လာခြင်းက သူတို့က ငွေကြေး မပြည့်စုံ၍ ဖြစ်ပေ၏။ အကယ်၍ ယင်းအင်ဂျင်နီယာ သုံးယောက်က တစ်နှစ်ကြာ အလုပ်လုပ်ဖို့ ဆန္ဒရှိပြီး နောက်နှစ်တွင် အလုပ်လာ လုပ်ချင်သည့် လူများက ပိုတောင် များပြားပေလိမ့်မည် ဖြစ်သည်။

ယင်းအင်ဂျင်နီယာသုံးဦးက စက်ယန္တရားအင်ဂျင်နီယာ ပညာရပ်များတွင် ကျွမ်းကျင်သည့်လူများ ဖြစ်ကြပေသည်။ သူတို့အနေဖြင့် ထုတ်လုပ်သည့် လမ်းကြောင်းများတွင် စက်ပစ္စည်း တပ်ဆင်ရာတွင် ကျွမ်းကျင်သည်။ ပြီးနောက် စက်ပစ္စည်း တပ်ဆင်မှုနှင့် စက်ရုံအဟောင်းများမှ စက်ပစ္စည်းအဟောင်းများကို ပြန်လည် ပြုပြင်နိုင်ရာတွင်လည်း အလွန် ကျွမ်းကျင်မှု ရှိပေသည်။

စက်ယန္တရားစက်ရုံမှ မှာခဲ့သည့် စက်ပစ္စည်းများက အလွန်ဈေးချိုပြီး ယခုရှိနေသည့် စက်များထက် ဆယ်နှစ်ကြာ ပိုပြီးအစွမ်းထက်ပေသည်။ လီမင်တသည် စက်ပစ္စည်းများသည် နောက်လတွင် ဘင်းမြို့တော်သို့ ရောက်မည်ဟု ကြားသည့်အခါ အလွန် စိတ်လှုပ်ရှားနေသည်။

စက်ပစ္စည်း စောစောရောက်ပါက စက်ယန္တရား စက်ရုံအနေဖြင့် ရှိပြီးသားစက်များကို စောစောအစားထိုး နိုင်ပေမည်။ စက်အဟောင်းများကို စက်ရုံသေးများသို့ ရောင်းချနိုင်ပြီး ထိုရောင်းချမှုမှ အချို့သော အကျိုးအမြတ်များကို သူရနိုင်ပေသည်။ သူက မြို့တော်အစိုးရ ထိပ်ပိုင်းအရာရှိများကို အစီရင်ခံစာတင်ပြီး ဘတ်ဂျက်ကို ခွင့်ပြုလိုက်သည်။ အဘယ့်ကြောင့် ယင်းဆိုဗီယက်များ အလွန်နှေးနေသနည်း။

သေချာသည်မှာ ဖုန်းယွီကြောင့် ဖြစ်ပေသည်။ သူက ကီရီလန်ကိုအား စက်ပစ္စည်းများနှင့် အင်ဂျင်နီယာ သုံးယောက်ကို သူ့စက်ရုံသို့ အရင်ပို့ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် အင်ဂျင်နီယာ သုံးယောက်သည် သူ့စက်ရုံအတွက် စက်ပစ္စည်းတပ်ဆင်မှုများ လုပ်ရပေမည်။

စက်ပစ္စည်း ထုတ်လုပ်သည့် စက်ရုံက ဘဏ္ဍာငွေများ စတင်တိုးရှာတော့မည်ဖြစ်ကာ ပဲပိစပ်များနှင့် မုန်လာဥနီအချိုများကို သိုလှောင်နေသည်။ သူတို့သည် ပဲပိစပ်နှင့် မုန်လာဥနီအချိုမှ စွန့်ပစ်ပစ္စည်းများနှင့် တရိစာ္ဆန်အစာများ ထုတ်လုပ်ရန် နည်းစနစ်ကိုလည်း ဝယ်ခဲ့သည်။ ပြည်နယ်အစိုးရ စိုက်ပျိုးရေးဌာနမှ ဖော်မြူလာနှင့် သူတို့၏ ဆိုဗီယက် စက်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်ပေသည်။

ထရပ်ကားများ စက်ရုံတွင်းဝင်လာပြီး ကျွမ်းကျင်ပညာရှင် သုံးယောက်က စက်ပစ္စည်းများချရန် ညွှန်ကြားနေသည်။ ကျွမ်းကျင်သူ တစ်ယောက်စီတိုင်းတွင် ကျွမ်းကျင်သည့် ဘာသာပြန်တစ်ဦးပါပြီး ထိုဘာသာပြန်ကို တစ်ရက်လျှင် ၁၀ ယွမ်ပေးရပေသည်။

ဖုန်းယွီသည်လည်း စက်ရုံမှ ဘင်းမြို့တော်ကို ပြန်ခဲ့သည်။ သူက ယင်းအင်ဂျင်နီယာများကို ရွာသားများ အမှားလုပ်မိမည်ကို ကြောက်ရွံ့နေသည်။ ဖုန်းယွီအတွက် ထိုအင်ဂျင်နီယာများသည် လိုအပ်သည့်အတွက် အလွန်တန်ဖိုးရှိပေသည်။ ထို့ပြင်သူက ယင်းကဲ့သို့ ကျွမ်းကျင် အင်ဂျင်နီယာများကို ဆိုဗီယက်ထံမှ လိုချင်နေသည်။ သူတို့က သူတို့ကို နှောက်ယှက်ရာ မရောက်ပေ။

“အဆင်သင့် သုံး နှစ် တစ် စမယ်။ ”

ဒရော(စက်မောင်းသံ)

စက်ပစ္စည်းများက စတင်ရွေ့လျားနေသည်။ သန့်စင်သည့် ပဲပိစပ်များက ကျည်တောက်ပုံ အခေါင်းထဲကျသွားပြီး တစ်ခဏအကြာ အဝါရောင် ပဲပိစပ်ဆီများက ဆီထွက်သည့်နေရာမှ စကျလာတော့သည်။

“အောင်မြင်ပြီ။ ”

လူတိုင်းက ဂုဏ်ပြုနေကြသည်။ စက်ပစ္စည်းများ တပ်ဆင်ခြင်းက အချိန်အတော်ကြာ ယူရကာ စစစမ်းသပ်ခြင်းမှာပင် အောင်မြင်ခဲ့ပေသည်။

ဆိုဗီယက် အင်ဂျင်နီယာများက ပဲပိစပ်ဆီများကိုကြည့်ရင်း မျက်မှောင်ကြုတ်သွားကြသည်။ ဆီထဲတွင် မသန့်စင်မှုအချို့ ပါဝင်နေသည့်အတွက် စစ်ထုတ်ခြင်းတွင် တစ်ခုခု မှားယွင်းနေသည်။ ယင်းပြဿနာမှလွဲ၍ စက်ပစ္စည်းများက ကောင်းကောင်းလည်ပတ်ပေသည်။

ဂွတ်ဆီစက်ရုံ၏ ဒေသဆိုင်ရာ ဒါရိုက်တာသည်လည်း ရှိနေသည်။ သူကဤနေရာသို့ ရောက်နေခြင်းသည် ဆိုဗီယက်များထံမှ သင်ယူ၍ ကြည့်ရှု့ချင်သည့် အတွက်ဖြစ်ကြောင်းပြောသည်။ သူက ဆိုဗီယက် ပြည်ထောင်စု၏ စက်ပစ္စည်းများ မည်မျှစွမ်းဆောင်နိုင်သည်ကို ကြည့်ရန်အတွက် ရောက်လာခြင်း ဖြစ်ပေသည်။ သူက ထိုနေရာတွင် မတ်တပ်ရပ်ပြီး ခဏတာ စောင့်ဆိုင်းသည်။ ထို့နောက် သူ့ဘေးရှိ လူတစ်ယောက်နှင့် တစ်ခုခုဆွေးနွေးကာ ထိုက်ဟွအစားအစာ ထုတ်လုပ်ရေး စက်ရုံမှ မထွက်ခင် လှောင်ပြုံးတစ်ချက် ရယ်လိုက်ပေသည်။

အကယ်၍ သူတို့၏ ဂွတ်ဆီစက်ရုံသည် လွန်ခဲ့သည့် နှစ်ကအတိုင်း ဆီညှစ်ယူခြင်း နည်းလမ်းကို အသုံးပြုလျှင် သူတို့၏ ထုတ်လုပ်မှု့က ဆိုဗီယက်စက်များလောက် အစွမ်းထက်မည် မဟုတ်ပေ။ သို့သော် ယခုတွင် သူတို့က ဓာတ်သတ္ထုများဖြင့် စစ်ထုတ်သည့်နည်းကို အသုံးပြုကာ ယင်းစက်ပစ္စည်းများမှ ထုတ်လုပ်သည့် ဆီအရေအတွက်ထက် မနည်းပေ။ တကယ်တမ်းတော့ အနာဂတ်တွင် သူတို့သည် ထိုစက်များမှ ထုတ်လုပ်သည့်ဆီထက် ပိုထုတ်လုပ်နိုင်သေးသည်။ ထို့ပြင် ဂွတ်ဆီစက်ရုံသည် အစေ့အဆံ သိုလှောင်ရုံ၏ ထောက်ပံ့မှုလည်း ရထားပြီး သူတို့သည် ကုန်ကြမ်းပစ္စည်းများကိုလည်း လွယ်လွယ်ရနိုင်ပေသည်။ ယခုထိုက်ဟွစက်ရုံက သူတို့အတွက် ပြဿနာတစ်ရပ် မဟုတ်ပေ။ ဒါရိုက်တာက စိုက်ပျိုးရေးဌာနအရာရှိ မည်သို့ လွှဲလိုက်သည်ကို မှင်သက်နေပေသည်။ အရာရှိက ထိုက်ဟွစက်ရုံ၏ လုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများကို ကူညီပေးကာ သူတို့အား လျှပ်စစ်ရရန်တောင် ဦးစားပေးလိုက်ပေသည်။

လျှပ်စစ်ကို ဖုန်းယွီက အကြံပေးတာဖြစ်သည်။ စက်ရုံအတွက် စုစုပေါင်း ရင်းနှီးမြုပ်နှံမှုမှာ ယွမ်နှစ်သန်းဖြစ်ပြီး အလုပ်သမား အများအပြားကိုလည်း ငှားရမ်းထားသည်။ ဖုန်းယွီက လျှပ်စစ်ထောက်ပံ့မှုအကြောင်းကို မျက်နှာရိပ်ပြသည့်အခါ အရာရှိက ချက်ချင်းပင် သဘောတူလိုက်သည်။ သူ့ရုံးတွင် လျှပ်စစ်ပျက်တောက်လျှင်တောင် ထိုက်ဟွကုမ္မဏီကို ပေးပို့သည့် လျှပ်စစ်က ပျက်တောက်သွားခြင်း မရှိပေ။

ထိုခေတ်အခါက တရုတ်ပြည်တွင် လျှပ်စစ် ပျက်တောက်မှုများ အကြီးအကျယ် ဖြစ်ပေါ်သည်။ သူတို့၏ ဒေသအတွက်လည်း အတူတူပင်ဖြစ်သည်။ မြို့ပေါ်ရှိ စက်ရုံအချို့က ကန့်သတ်ထားသည့် လျှပ်စစ်ပမာဏသာ ရပေသည်။ သူတို့အတွက် လျှပ်စစ်ဖြန့်ဖြူးပေးခြင်းက နေ့နှင့်ညတွင် နာရီအနည်းငယ်သာ ဖြစ်ပေသည်။

စိုက်ပျိုးရေးအလုပ်တွင် အလုပ်သမားနီးပါးက ယင်းလျှပ်စစ်မီး ပြတ်တောက်ခြင်းနှင့် ပတ်သတ်ကာ အဆင်ပြေမည်ဖြစ်သည်။ သို့သော် စက်ရုံအတွက်တော့ လျှပ်စစ်က အရေးကြီးပေသည်။ လျှပ်စစ်ထောက်ပံ့မှု တည်ငြိမ်မှု မရှိသည့်အခါ ထုတ်လွှတ်မှုက ကျိုကြားကျိုကြားဖြစ်ကာ သူတို့ မည်သို့ ပိုက်ဆံ ရှာမည်နည်း။

ဆီစစ်ထုတ်မှုနှင့် သကြားထုတ်လုပ်မှု စက်ပစ္စည်းများကို စမ်းသပ်ပြီး ချိန်တွယ်မှုများလည်း ပြီးဆုံးခဲ့သည်။ ယင်းစက်ပစ္စည်းများ၏ ထုတ်နိုင်စွမ်းသည် ပြည်တွင်းထုတ် စက်ပစ္စည်းများထက် ပိုမြင့်ကာ မီးအားစားလည်း သက်သာပေ၏။

ဖုန်းယွီက ဘင်းမြို့တော်ကို နောက်တစ်နေ့ တိရိစ္ဆာန် အစာ ထုတ်လုပ်ရေးစက်တွင် စမ်းသပ်ပြီးနောက် ပြန်ရန် ရည်ရွယ်ခဲ့သည်။ ညတွင် ဖုန်းရှင်းထိုက်က ရုတ်တရက် ဖုန်းယွီကို ဤစက်ရုံအနေဖြင့် မည်သည့် အကျိုးအမြတ်မှ ရနိုင်မည်မဟုတ်ကြောင်း ပြောသည်။

“အဖေ ဒါကဘယ်လို ဖြစ်နိုင်မှာလဲ။ ပဲပိစပ်ဆီထုတ်လုပ်ခြင်းနဲ့ သကြားထုတ်လုပ်ခြင်းမှ ကျန်သည့် စွန့်ပစ်ပစ္စည်းများနှင့် ပျားနှင့်ဂျုံကို ရောကာ တိရိစ္ဆာန်အစာ ထုတ်လုပ်နိုင်တယ်။ ဒါက ကျွန်တော်တို့ရဲ့ ကုန်ကျစရိတ်ကို လုံးဝလျော့ချပေးနိုင်မှာ ဆီထုတ်လုပ်တာနဲ့ သကြားထုတ်လုပ်ခြင်းက အရမ်းမြင့်တယ်။ အထူးသဖြင့် ကျွန်တော်တို့တွေက နူးညံ့တဲ့သကြားတွေကို ထုတ်လုပ်နိုင်တယ်။ အရသာက ချိုမြိန်တယ်။ ကျွန်တော် ရောင်းချမှုနဲ့ ပတ်သတ်ပြီး ဂရုစိုက်မယ်။ အဖေဘာမှ စိတ်ပူစရာ မရှိဘူးမလား။”

“အဖေကြားတာတော့ ဂွတ်ဆီထုတ်လုပ်တဲ့ စက်ရုံက ဆီထုတ်လုပ်တဲ့ နည်းတစ်နည်းကို သုံးနေတယ်တဲ့။ သူတို့တွေက ဓာတုပစ္စည်းကနေ ဆီထုတ်လုပ်တဲ့နည်းလို့ ခေါ်တယ်ပြောတယ်။ ပြီးတော့ သူတို့တွေ အဲ့လိုထုတ်လုပ်တာကနေ ရတဲ့အရေအတွက်က အဖေတို့စက်လောက် မနည်းဘူး။ အဖေတို့တွေ ပိုက်ဆံဘယ်လို ရှာနိုင်မလဲ။ ”

ဖုန်းယွီက ခေါင်းခါကာ ရယ်လိုက်သည်။

“အဖေ ခဏလေးစောင့် အစ်ကိုလီက နောက်ထပ်နှစ်ရက်နေရင် လူနှစ်ယောက်နဲ့ ဒီကိုလာလိမ့်မယ်။ အဖေက သူတို့ပြောတဲ့အတိုင်း လိုက်လုပ်ရုံပဲ။ ကျွန်တော်တို့တွေ ပိုက်ဆံရှာနိုင်လိမ့်မယ်လို့ ကျွန်တော် အာမခံတယ်။ ”

“တကယ်လား။ ”

“အသေအချာပေါ့။ ”

နှစ်ရက်အကြာတွင် လီရှစ်ချင်က ထိုက်ဟွစက်ရုံသို့ ကုန်တင်ကားကြီးဖြင့် ရောက်လာသည်။ ကုန်တင်ကားပေါ်တွင် အကြည်ရောင် ပလက်စတစ်ဘူးများကို တင်လာခြင်း ဖြစ်ပေသည်။

“ရှောင်လီ ဒါကဆီထည့်ဖို့ ဘူးတွေလား။ ငါတို့တွေ ဘူးအကြီးတွေ မသုံးဘူးလား။ အခုလူတိုင်းက ဆိုင်ကနေ ဒါမှမဟုတ် စက်ရုံကနေ ဆီကိုဝယ်ရင် သူတို့ရဲ့ ဘူးတွေကို ယူသွားကြတာ။ ပြီးတော့ အဲ့ဒီဘူးကြီးတွေကနေ ဒီလိုဘူးသေးတွေကို ပြန်လောင်းချထည့်တာ။ သူတို့တွေ ဒီလိုပလက်စတစ် ဘူးသေးသေးလေးတွေနဲ့ ရောင်းတာ တစ်ခါမှ မမြင်ဖူးဘူး။ ”

မြို့ပေါ်ရှိ လူများက ယင်းထက်တောင် အခြေအနေ ဆိုးပေ၏။ သူတို့အနေဖြင့် ဟင်းချက်ဆီကို ဝယ်ယူသည့်အခါ ကုန်ပစ္စည်း လက်မှတ်များကို အသုံးပြုကာ လျော့ဈေးဖြင့် ဝယ်ယူကြရသည်။ မဟုတ်ပါက သူတို့သည် ဈေးကြီးကြီး ပေးရမည်ဖြစ်ပေသည်။

“ဦးလေးဖုန်း ဒီဟာတွေက ကျွန်တော်တို့ ပဲပိစပ်ဆီအတွက် ဘူးတွေပါ။ ဒီဘူးတွေက ၁.၆ လီတာ လောက် ဆန့်တယ်။ ”

“ပါဝင်တဲ့ အရေအတွက်က မနည်းလွန်းဘူးလား။ တစ်ဘူးက ဘယ်လောက်ကြာကြာ ခံမှာလဲ။ ဒီပလက်စတစ် ဘူးတွေကလည်း ဈေးမချိုဘူး မဟုတ်လား။ ”

တစ်ချက်ကြည့်ရုံဖြင့် ဖုန်းရှင်းထိုက်က ဤအကြံဉာဏ်သည် သူ၏အသုံးမကျသည့် သားအကြံဉာဏ်ဖြစ်ကြောင်း သိနိုင်ပေသည်။ ဆီရောင်းပြီး ပလက်စတစ်ဘူးတောင် အလကား ပေးလိုက်ပြီလား။

“ရှောင်ယွီက ပြောလိုက်သေးတယ်။ သူက ဒီဘူးတွေကို ထပ်သေးချင်သေးတယ်။ ဒါပေမဲ့ ငါးလီတာဘူးတွေလည်း ရှိလိမ့်မယ်။ နောက်ထပ် နှစ်ရက်နေရင် သူတို့တွေနဲ့အတူ အဲ့ဒီဘူးတွေကို ပို့ပေးလိုက်မယ်။ ပဲပိစပ်ဆီ ရောင်းတာကို ကျွန်တော်တို့ရဲ့ ထိုက်ဟွကုမ္မဏီက တာဝန်ယူမှာပါ။ ကျွန်တော်တို့တွေက ဒီဆီကို ဈေးမြင့်ပြီး လီတာဝက်အတွက် အတွက် 0.15ယွမ်နဲ့ ရောင်းချမှာ။ ”

“ဘာ လီတာဝက်ခန့်ရှိတဲ့ ဆီအတွက် 0.15ယွမ်လား။ ဒါက ဈေးမကြီးဘူးလား။ ဘယ်သူက ဒီဆီကို ဝယ်မှာလဲ။ ”

ဖုန်းရှင်းထိုက်က အော်လိုက်သည်။ ဂွတ်ဆီစက်ရုံသည် လီတာဝက်အတွက် 0.11ယွမ်သာ ရောင်းချပေသည်။

“ဦးလေးဖုန်း ဦးလေးကြားတာ မှားနေပြီ။ 0.15ယွမ်ဆိုတာ ထိုက်ဟွအစားအသောက် ထုတ်လုပ်ရေးစက်ရုံကို ကျွန်တော်တို့က ပေးမှာ။ ထိုက်ဟွကုမ္မဏီက ဒီဆီတွေကို လီတာဝက်အတွက်ကို အနည်းဆုံး 0.2ယွမ် ထားရောင်းမှာ။ ”

“လီတာဝက်အတွက် 0.2ယွမ်လား။ ဘာလို့ဒီလောက်ထိ ဈေးကြီးရတာလဲ။ ဝက်သားကီလိုဝက်ဈေးနှုန်း ဘယ်လောက်လဲဆိုတာ မင်းသိလား။ ”

“ဦးလေးဖုန်း ဖုန်းယွီကို ဦးလေးယုံကြည်လို့ ရပါတယ် သူက ဒီဆီကို အဆင့်မြင့် နောက်ဆုံးထုတ် နည်းပညာတွေနဲ့ နောက်ဆုံးပေါ်ဗျူဟာလို့ ခေါ်တယ်။ သူက ဒီဆီတွေကို မြို့ပေါ်မှာ နေတဲ့လူတွေကို ဦးတည်ရောင်းမှာ အခုချိန်မှာတော့ ဘင်းမြို့တော်မှာပဲ ရောင်းမယ်။ ပြီးတော့ပြည်နယ်။ နောက်နှစ်ကျရင် ကျွန်တော်တို့တွေ ဆီကို လင်းပြည်နယ်မှာလဲ ရောင်းချမယ်။ ”

“ဘာ အဆင့်မြင့်ဆီ ငါတို့ရဲ့ ပဲပိစပ်က သာမာန်ဖြစ်ရုံပဲ။ ”

ဖုန်းရှင်းထိုက်က တွေးနေသည်။

“ဦးလေးဖုန်း ကျွန်တော်တို့ရဲ့ ပဲပိစပ်ဆီက သေသေချာချာ ရွေးချယ်ထားတာ မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ စက်တွေက ပိုအဆင့်မြင့်ပြီး ညှစ်ထုတ်ထားတဲ့ ဆီတွေက နောက်ထပ်အနည်းငယ် သန့်စင်ရအုံးမှာ။ ကျွန်တော်တို့ထုတ်တဲ့ ဆီက ဂွတ်ဆီစက်ရုံက ထုတ်တဲ့ဆီထက် ပိုပြီး အရည်အသွေး ကောင်းတယ်။ အဲ့ဒါကြောင့် အရည်အသွေးမြင့်လို့ ခေါ်တာ။ ဦးလေးလည်း သတိထားမိမှာပါ မြို့ပေါ်မှာ ချမ်းသာတဲ့ လူတွေက ပိုပိုပြီး များများလာတယ်။ သူတို့တွေက ကျွန်တော်တို့ရဲ့ဆီ ပိုဈေးကြီးရင်တောင် ဝယ်ကြမှာပဲ။ စိတ်မပူပါနဲ့ ကျွန်တော်တို့တွေက လူတွေကို မလိမ်ပါဘူး။ ရှောင်းယွီက ပြောလိုက်တယ်။ ကျွန်တော်တို့တွေ သေချာပေါက် ကံကောင်းမယ်တဲ့။”

All Chapters