အရည်အသွေးအကြောင်းကို ပြောပြ၍ ကုန်ပစ္စည်း ဝယ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နည်း
Vol. 6 Ch. 87
ဖုန်းယွီသည် ကျောင်းတွင် ရက်အနည်းငယ် လိမ်မာစွာ နေခဲ့သည်။ ထိုအချိန်က နှစ်ဝက် စာမေးပွဲ အချိန်ဖြစ်ပြီး ကျောင်းသားများကိုလည်း ခွင့်မပေးပေ။ ထိုကာလတွင် ဖုန်းယွီက ရက်အနည်းငယ်အတွက် သင်ခန်းစာများကို လက်လွှတ်ခဲ့ရသည်။ ကံကောင်းသည်မှာ လီနက သူ့ကို သင်ကြားပေးပြီး မကြာမီတွင် သူက အခြားသူများနှင့် အမီလိုက်နိုင်ခဲ့သည်။
ပထမနှစ်က သိပ်မခက်ခဲပေ။ ဒုတိယနှစ်တွင်တော့ အလွန်ခက်ခဲမည် ဖြစ်သည်။ ဒုတိယနှစ်တွင် အကြောင်းအရာများ အားလုံးကို အပြင်းအထန် မှတ်သား ထားရပေသည်။ ပြီးနောက် ဖုန်းယွီသည် လက်ရှိဘဝတွင် ကောင်းမွန်သည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားသည်။ သူသည် နှစ်ဝက် စာမေးပွဲတွင် အဆင့်တစ်ဆယ်တောင် ရခဲ့သည်။ ဖုန်းယွီအောက် အဆင့်နိမ့်သူများက သူတို့ကိုယ် သူတို့တောင် ပြန်သတ်ချင်နေသည်။ ဝမ်တုန်ကျွင်းမှလွဲ၍ ဖြစ်သည်။ ဝမ်တုန်ကျွင်း အတွက်မူ သူက နောက်ဆုံး မဟုတ်သ၍ အဆင်ပြေမည်ပင်။ သူ့အောက်တွင် လူအနည်းငယ် ရှိနေသေးသည်။ သူအထက်တန်းကျောင်းကို ဝင်သည့်အချိန်က သူသည် နောက်ဆုံးမှဖြစ်ပြီး ယခုအခါတွင် ကျောင်းသားအချို့က သူ့နောက်တွင် ရှိနေပေသည်။ ထိုအရာက အလွန် တိုးတက်လာခြင်းပင် ဖြစ်သည်။
စာမေးပွဲတစ်ခုတွင် အဆင့်အနည်းငယ် တိုးလာပါက သူသည် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲတွင် အဆင့်သုံးတောင် ရနိုင်ပေသည်။
ဖုန်းယွီက ဝမ်တုန်ကျွင်း၏ မျှော်မှန်းချက်ကို ကြားသည့်အခါ သူ မှင်သက်သွားသည်။ သူသည် မည်သည့်နေရာမှ စာမေးပွဲတိုင်း အဆင့်များ တက်လာမည်ဟု ယုံကြည်ချက် ဘယ်ကနေ ရခဲ့သနည်း။ သူ့နောက်တွင် ရှိနေရသည့် သူများမှာ ကျောင်းကို တိုက်ရိုက် ဝင်လာသည့်အတွက် ဖြစ်ပြီး သူတို့၏ ရလဒ်များက မည်သည့်အခါမှ မကောင်းပေ။ အကယ်၍ ထိုလူအနည်းငယ်ကို မစဉ်းစားလျှင် ဝမ်တုန်ကျွင်းသည် နောက်ဘိတ်ဆုံးတွင် ရှိနေမှာပဲ ဖြစ်သည်။
မေ့လိုက်တော့။ သူ့ကို ဒီတိုင်း လွှတ်ထားလိုက်တော့။ မည်သို့ပင် ဖြစ်စေကာမူ ဖုန်းယွီသည် သူ့အား တက္ကသိုလ်သို့ပို့ရန် နည်းလမ်းများစွာ ရှိပေသည်။ ….
“အယ်ဒီတာကျန်း ကျွန်တော်တို့က မိတ်ဆွေဟောင်းတွေလို့ စဉ်းစားလို့ ရနိုင်တယ်။ ခင်ဗျားရဲ့ ကြော်ငြာစရိတ်က အရမ်းများလွန်းတယ်”
နွေရာသီက တစ်မျက်နှာလုံးအတွက် ကုန်ကျငွေမှာ ယွမ် ၁၀,၀၀၀ သာ ရှိခဲ့သည်။ လွန်ခဲ့သည့် အပတ်က ၁၄,၀၀၀ ဖြစ်သွားသည်။ ယခုတွင် အယ်ဒီတာကျန်းက တစ်ပတ်စာ ကြော်ငြာအတွက် ယွမ်နှစ်သောင်း လိုချင်နေသည်။
“ငါ့မှာလည်း ရွေးချယ်စရာ မရှိဘူး။ မင်းရဲ့ ပြီးခဲ့တဲ့ ကြော်ငြာတွေကြောင့် ငါအထက်အရာရှိတွေ ဆီကနေ ကြိမ်မောင်းခံခဲ့ရတယ်။ အခုကတော့ ယွမ် ၂၀,၀၀၀ ပဲ မပေးနိုင်ဘူးဆိုရင် မင်းကြော်ငြာဖို့ကို မေ့ထားလိုက်တော့”
အယ်ဒီတာကျန်းက လွန်ခဲ့သည့် နွေရာသီက ဖုန်းယွီ၏ လေနှင့်မိုး ပန်ကာအောင်မြင်မှုကို မနာလိုဝန်တို ဖြစ်နေသည်။ လျှပ်စစ်ပန်ကာများ ရောင်းချခြင်းဖြင့်တောင် ဖုန်းယွီသည် များစွာ ရခဲ့သည်။ လွန်ခဲ့သည့် အချိန်က သူသည် ကြော်ငြာစရိတ်ကို မြင့်လိုက်ပြီး ဖုန်းယွီက အတွန့်တက်ခြင်း မရှိဘဲ သဘောတူလိုက်သည်။ ထိုအတွက် ယခုအချိန်တွင် ဖုန်းယွီသည် ဈေးနှုန်းအသစ်ကိုလည်း လက်ခံမှာပဲ ဖြစ်ပေသည်။
ချီးပဲ။ ဘယ်အရာရှိက မင်းကိုဆူမှာပဲ။ ခုနစ်ရက်စာ ကြော်ငြာအတွက် ယွမ် ၁၅,၀၀၀ ငါသဘောတူထားတာ။ ပြီးတော့ အဲ့ဒါက တစ်မျက်နှာပြည့် ကြော်ငြာပဲ။ အခုမင်းက ယွမ် ၂၀,၀၀၀ တောင်းတာလား။ တစ်ပြည်နယ်လုံးနဲ့ လင်းပြည်နယ်ထိတောင် ရောင်းတဲ့ ပြည်နယ် သတင်းစာ မဟုတ်ဘူးဆိုရင် ဖုန်းယွီသည် ပြန်ထွက်သွားမည် ဖြစ်သည်။ အခြားသော သတင်းစာ အေဂျင်စီများလည်း ရှိသေးသည်။
နေ့စဉ် သတင်းစာသည် စာမျက်နှာလေးရွက် တိုးထွက်ခဲ့ပြီး သူတို့၏ ကြော်ငြာမှရသည့် ဝင်ငွေကလည်း များစွာ တိုးတက်လာပေသည်။ သူတို့က လေနှင့်မိုး ပန်ကာ၏ ကြော်ငြာများကို ရည်ညွှန်းပြောဆိုကာ သူတို့၏ ကြော်ငြာစရိတ်ကို မြင့်တင်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော် ယခုတွင် လေနှင့်မိုး ပန်ကာ၏ အံ့ဖွယ်ရာ ကြော်ငြာအကြောင်း ပြန်ပြောတော့ပေ။ အယ်ဒီတာကျန်းက ဖုန်းယွီနောက်ထပ် ပြုလုပ်မည့် အံ့ဖွယ်ကြော်ငြာများကို မစောင့်နိုင်တော့ပေ။ အကြောင်းမှာ သူသည် ယင်းနည်းလမ်းများကို အခြားသော ကြော်ငြာသူများတွင်လည်း သုံးမည် ဖြစ်သည်။
ကြည့်လိုက်။ အဲ့ဒါက ငါတို့ရဲ့ သတင်းစာ မဟုတ်ဘူး။ အဲ့ဒါက မင်းရဲ့ ထုတ်ကုန်တွေကြောင့်။ အခြားသူတွေရဲ့ ကြော်ငြာတွေလည်း ကြည့်လိုက်ဉီး။ သူကြော်ငြာသည့် သူ၏ ထုတ်ကုန်တိုင်းက သူသည် အကျိုးအမြတ်များ ရရှိပေမည်။
“အခု နေရာတိုင်းမှာ ဈေးနှုန်းတွေက ပြောင်းလဲနေပြီ။ တကယ်လို့ မင်းမယုံဘူးဆိုရင် မင်းအခြားကို သွားမေးလို့ရတယ်။ ထပ်ပြောရရင် မစ္စတာဖုန်းရဲ့ မိသားစုက စီးပွားရေး တော်တော် အောင်မြင်တယ်လေ။ ပြီးတော့ ယွမ်သောင်းချီလောက်နဲ့တော့ စာမဖွဲ့ပါဘူး”
အလွန်ကို အထက်စီး ဆန်လွန်းသည်။ အယ်ဒီတာကျန်း၏ အဆင့်နှင့်ဆိုလျှင် သူ၏ လစာက တစ်နှစ်လျှင် အများဆုံးမှ ယွမ် ၁,၀၀၀ သာ ဖြစ်ပေသည်။ ပြီးနောက် သူသည် ယွမ် ၁၀,၀၀၀၊ ၂၀,၀၀၀ကို တစ်ကျောက် နှစ်ကျောက်ပမာ ပြောနေပေသည်။
“အယ်ဒီတာကျန်း ခင်ဗျားပိုက်ဆံ ပိုလိုချင်လည်း အဆင်ပြေပါတယ်။ ဒါပေမဲ့ ခင်ဗျားရက်တော့ တိုးပေးရမယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ မနက်ဖြန်က စပြီးနောက် နှစ်သစ်ကူးအထိ ကျွန်တော် ခင်ဗျားကို ယွမ် ၅၀,၀၀၀ ပေးမယ်။ တစ်နေ့ကို ယွမ် ၁,၀၀၀ ထက် ပိုလိမ့်မယ်”
“မဖြစ်နိုင်တာ။ မျက်နှာပြည့် ကြော်ငြာကို ရက်လေးဆယ်အတွက် ၅၀,၀၀၀ ပဲလား။ ငါမင်းကို နှစ်လ ကြေညာခွင့်ပေးမယ်”
ကြော်ငြာစရိတ်က တိုးလာသော်ငြား ကြော်ငြာချင်စိတ် မရှိသူလည်း များစွာ ရှိပေသည်။ ထို့ပြင် မည်သူမျှ ကြော်ငြာတစ်ခုကို တစ်ပတ်ထက် ပိုမကြော်ငြာပေ။ အယ်ဒီတာကျန်း၏ ဖိအားက လွန်စွာ ကြီးမားပေသည်။
“နှစ်လအတွက် ယွမ်၁၀၀,၀၀၀လား။ လေးလအတွက် ယွမ်၂၀၀,၀၀၀ ဆိုရင်ရော ဘယ်လိုလဲ။ ဒါပေမဲ့ တရုတ်နှစ်သစ်ကူး ပွဲတော်နဲ့ တရုတ်နှစ်သစ်ကူးမှာ ခင်ဗျား ကျွန်တော်ကို ကြော်ငြာဖို့အတွက် စာမျက်နှာ နှစ်နေရာစာ ပေးရမယ်။ တကယ်လို့ ခင်ဗျား ဒီဟာကို သဘောမတူဘူးဆိုရင် ကျွန်တော် တခြားသတင်းစာကိုပဲ ကြော်ငြာဖို့ သွားရှာတော့မယ်”
“ဟုတ်ပြီ။ မစ္စတာဖုန်းက တည့်ပြောတာပဲ။ ထပ်ပြီးတော့ ကျွန်တော် မနှောင့်ယှက်တော့ပါဘူး။ အားလပ်ရက်တွေအတွက် နောက်ထပ် စာမျက်နှာတစ်ခု လုံးဝ ကိစ္စမရှိဘူး။ မစ္စတာဖုန်း ကျွန်တော်တို့တွေ အခုပဲ စာချုပ် ချုပ်ကြမလား”
အယ်ဒီတာကျန်းက အလွန် ပျော်ရွှင်နေသည်။ သူက ဖုန်းယွီသည် ယွမ်၂၀၀,၀၀၀ ပေးသည်အထိ အလွန် သဒ္ဒါတရားရှိမှန်း လုံးဝ မမျှော်လင့်ခဲ့ပေ။ ယခုနှစ်တွင် သတင်းစာ အေဂျင်စီသည် အပိုစု အများအပြား ရမည်ဖြစ်သည်။
“ကိစ္စမရှိဘူး။ ကျွန်တော်တို့ အရင်က လုပ်ခဲ့တဲ့ သဘောတူညီချက် အတိုင်းပဲ။ တကယ်လို့ သတင်းစာ ကြေညာတဲ့စာက ဥပဒေနဲ့ မဆန့်ကျင်ဘူးဆိုရင် ကျွန်တော် လုပ်ချင်တာလုပ်မယ် ခင်ဗျားဘာမှ ပြောင်းလဲလို့ မရဘူး။ ကျွန်တော်တို့တွေက ကျွန်တော်တို့ ကုမ္မဏီက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေကို ကျွန်တော်တို့ ကြိုက်သလို ပြောင်းခွင့်ရှိမယ်။ တကယ်လို့ ခင်ဗျားက စာချုပ်ကို ချုပ်ခဲ့ရင်တော့ ကျွန်တော်ရဲ့ ကြော်ငြာစရိတ်ရဲ့ နှစ်ဆ လျှော်ကြေးငွေ ယွမ် ၄၀၀,၀၀၀ ပြန်ပေးရမယ်”
ဒါရိုက်တာကျန်း၏ မနာလိုမှုကြောင့် သူ့ကို အခက်အခဲများ ဖြစ်စေမှုမှ ကာကွယ်ရန် ယခုအချိန်က စပြီး ရှင်းရှင်းလင်းလင်း လုပ်သည်က ပိုကောင်းပေသည်။ ဖုန်းယွီသည် ယင်းကဲ့သို့သော အစိုးရ အရာရှိများကို မယုံကြည်ပေ။ ထိုသူများက စာချုပ်ကို လေးစားလိုက်နာမှု မရှိဘဲ သူတို့ လုပ်ချင်တာ လုပ်မည်ဖြစ်သည်။
“ကိစ္စမရှိပါဘူး။ ကျွန်တော်တို့တွေ စာချုပ်တွေ အရင်က အများကြီး ချုပ်ခဲ့ပြီးပြီပဲ။ မင်းနေ့တိုင်း ကြော်ငြာတဲ့ ပုံတွေပြောင်းတာ ငါဘယ်တုန်းက ကန့်ကွက်ခဲ့ဘူးလို့လဲ။ လာပါဉီး မစ္စတာဖုန်း ဒီဖူးအာ လက်ဖက်ရည်ကို မြည်းစမ်းကြည့်ပါ။ ဒီလက်ဖက်ရည်က ငါ့ရဲ့ခေါင်းဆောင်တွေ ပေးထားတာ”
***
အချိန်က အောက်တိုဘာလလယ် ဖြစ်သည်။ လုံကျန်းပြည်နယ်ရှိ လူများက ပုံမှန်အတိုင်း အလုပ် လုပ်ကြပေမည်။ လူများက သတင်းစာများကို ကူးယူဝယ်ယူခြင်းက ပုံမှန်အလေ့အထ ဖြစ်ကာ လုံကျန်းပြည်နယ်တွင် ဘာဖြစ်နေသည်ကို သိချင်ကြပေသည်။
အား ဒီဆောင်းပါးက နည်းနည်း စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒါက ဘဝနေထိုင်မှု လမ်းညွှန်မှုတွေ အကြောင်း ပြောထားတာပဲ။ အဲ့ဒီမှာ တချို့ အစားအစာတွေက ရောလိုက်တယ်ဆိုရင် အဆိပ်ဖြစ်တယ် ဆိုတဲ့အကြောင်းကို စာရင်းလုပ်ထားတယ်။ ဆောင်းပါးရဲ့ ဒုတိယအပိုင်းက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။ အဲ့ဒါက ပဲပိစပ် ဟင်းချက်ဆီကို ဘယ်လိုလုပ်လဲဆိုတာ ရှင်းပြထားတယ်။ ရိုးရာနည်းလမ်းနဲ့ နောက်ဆုံးပေါ် ဓာတုပစ္စည်းနှင့် ပဲပိစပ်မှ ဆီထုတ်ယူတဲ့ နည်းလမ်းပဲ။
အိုး မကောင်းတော့ဘူး ဒါကအရမ်း လွန်နေပြီ။ ဒီဓာတုပစ္စည်း ရောစပ်ပြီး ထုတ်ထားတဲ့ ပဲပိစပ်ဆီက ဓာတုထုတ်ကုန်လို့ စမ်းသပ်လို့ ရနိုင်တာပဲ။ အဲ့ဒါက ပဲပိစပ်ဆီကနေ စစ်ထုတ်ဖို့အတွက် ဓာတ်ဆီတွေ အသုံးပြုတယ်။ ဓာတ်ဆီတွေက ရေနံကနေ လုပ်တာမလား။ ဒါကစားလို့ကော ရရဲ့လား။
အသားဈေးတွေ တက်လာတာ အံ့သြစရာ မရှိဘူး။ ဒါပေမဲ့ ပဲပိစပ် ဈေးနှုန်းကတော့ အတူတူပဲ ဖြစ်နေတယ်။ ဒီဓာတုပစ္စည်းရဲ့ ဆီထုတ်လုပ်တဲ့ နည်းလမ်းက အဆိပ်ဖြစ်တဲ့ ဆီတွေကို ထုတ်လုပ်တဲ့ နည်းလမ်းပဲ။
ယင်းကား ကုန်ပစ္စည်း အရည်အသွေး အကြောင်းကို ပြောပြ၍ ကုန်ပစ္စည်း ဝယ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နည်းကို ဖုန်းယွီ အသုံးပြုခြင်းပင် ဖြစ်ပေသည်။ ထိုနည်းလမ်းက နောက်နှစ်များစွာတွင် အတော် နာမည်ကြီးနိုင်မည့် နည်းလမ်းဖြစ်ပေသည်။ ယင်းကြော်ငြာနည်းမျိုးကို အင်တာနက် သတင်းစာနှင့် နေရာတိုင်းတွင် အသုံးပြုပြီး လွန်စွာမျှ အကျိုးထူးပေသည်။
ဖုန်းယွီက ယင်းအမျိုးအစား ပဲပိစပ်ဆီများက စားသုံးရန် မသင့်ဟု မရေးခဲ့ပေ။ သို့မဟုတ် ထိုအရာက လူသားများအပေါ် အန္တရာယ် ဖြစ်စေသည်ဟုလည်း မရေးခဲ့ပေ။ ယင်းက ကောလာဟလများကို ပြန့်အောင်လုပ်ခြင်း ဖြစ်ပေသည်။ မည်သို့ပင်ဖြစ်စေ သူသည် ယင်းကဲ့သို့သော ဆီအမျိုးအစားကို သူ့အရင်ဘဝတွင် နှစ်ပေါင်းများစွာ စားခဲ့သည်။ သူ့အား မည်သည်မှ မဖြစ်ပေ။ သူ၏ ကိုယ်ခံအားက ပိုတောင် ကောင်းလာသည်။ သူသည် ရေမြောင်းမှ ထုတ်ယူသည့် ဆီများကိုတောင် မကြောက်ပေ။
နောက်တစ်နေ့တွင် အယ်ဒီတာကျန်းက သူ့ခေါင်းဆောင်များ၏ ကြိမ်းမောင်းခြင်းကို ခံခဲ့ရသည်။ သူ့အနေဖြင့် ယင်းကဲ့သို့သော ဆောင်းပါးမျိုးကို ဖြန့်ချိခဲ့သနည်း။ ယင်းဓာတုပစ္စည်းဖြင့် ထုတ်လုပ်သည့် ဆီထုတ်လုပ်သည့် နည်းလမ်းက နိုင်ငံတကာတွင်လည်း အဆင့်အမြင့်ဆုံး နည်းလမ်း ဖြစ်ပေသည်။ ဂွတ်ဆီစက်ရုံရှိ လူတိုင်းက ယင်းဆီကို စားကြပေသည်။ အကယ်၍ ယင်းနည်းလမ်းသည် ပြဿနာများ ရှိပါက သူတို့စားမည်လား။ ယင်းအချက်ကို မြန်နိုင်သမျှ မြန်မြန် ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ရပေမည်။
အယ်ဒီတာကျန်း ဖုန်းယွီကို မခေါ်မီ ဖုန်းယွီသည် နောက်တစ်နေ့ သတင်းစာအတွက် ထည့်သွင်းမည့် ဆောင်းပါးအတွက် သူ့အားလာရှာပေမည်။
ယင်းဆောင်းပါးတွင် ဓာတုပစ္စည်းဖြင့် ဆီထုတ်လုပ်ခြင်းက နောက်ဆုံးပေါ် နည်းပညာဖြစ်ပြီး အန္တရာယ်ရှိသည့် အရာများ ကျန်ခဲ့ခြင်းမရှိကြောင်း ဖော်ပြထားပေသည်။ မဟုတ်ပါက အစိုးရအနေဖြင့် ယင်းနည်းလမ်းကို ခွင့်ပြုချက် ပေးမည်မဟုတ်ပေ။
ထိုဆောင်းပါးက ဓာတုပစ္စည်းဖြင့် ဆီစစ်ထုတ်သည့် နည်းလမ်း၏ ကောလာဟလများကို ရှင်းလင်းပေးသည်ဟု စဉ်းစား၍ ရနိုင်ပေသည်။ သို့သော် လူများ၏ စိတ်ထဲတွင် သံသယ ရှိနေသေးဆဲ ဖြစ်သည်။ ယင်းဆောင်းပါးတွင် အန္တရာယ်ရှိသည့် ပစ္စည်းများ မကျန်ဟု ဖော်ပြထားပြီး ယင်းအဓိပ္ပာယ်က အဆိပ်အတောက်များ ကျန်ရှိနေသည်ဟု ဆိုလိုရင်းပင် မဟုတ်ပေလော။
***