← Chapters

___ အတွက် အထူးစီမံထားသော              

Vol. 6 Ch. 88

___ အတွက် အထူးစီမံထားသော              

Vol. 6 Ch. 88

တတိယမြောက်နေ့တွင်  သတင်းစာတွင် ပါရှိသည့်  ဆောင်းပါးက  ညှစ်ထုတ်ခြင်းဖြင့်  ရရှိလာသည့်  ဆီ၏ အကျိုးကျေးဇူးပင် ဖြစ်သည်။ စစ်မှန်သည့်အရသာ၊ ပိုပြီး ရနံ့ဆွဲဆောင်မှု၊ ဗီတာမင်အီး ပြည့်ဝမှု၊ တာရှည်ခံမှု၊ အဖြည့် ပစ္စည်းမရှိမှုနှင့်  အကြွင်းအကျန်ပစ္စည်း  လုံးဝ မရှိခြင်းပင်ဖြစ်သည်။

ဓာတုဗေဒ စစ်ထုတ်ခြင်းနည်းဖြင့် ဆိုရလျှင်  သင့်အနေဖြင့် ဂွတ်ဆီထုတ်လုပ်ရေး ဆီစက်ရုံတွင် စစ်ဆေးနိုင်ပေသည်။ 

ထိုခေတ်အခါက ဆီအမျိုးအစား သတ်မှတ်ချက် အနည်းငယ်သာ ရှိသည်။ ပထမအဆင့်၊ ဒုတိယအဆင့်၊ တတိယအဆင့် အစရှိသဖြင့် ဖြစ်သည်။ ယင်းစနစ်များကို ထိုနှစ်တွင်သာ စတင် မိတ်ဆက်ခဲ့သည်။ သူ၏ အရင်ဘဝတွင် စားသုံးဆီများကို တံဆိပ်ကပ်နှိပ်ကာ မည်သည့် နည်းစနစ်ဖြင့် ထုတ်လုပ်ကြောင်း၊ မည်သည့် ပဲပိစပ်မျိုးဖြင့် ပြုလုပ်ကြောင်း ဖော်ပြထားကာ စားသုံးသူများကို သူတို့၏ စိတ်တိုင်းကျ ရွေးချယ်ခွင့် ပေးထားပေသည်။

နောက်ထပ် ရက်အနည်းငယ် အကြာတွင် ယင်းနည်းလမ်း နှစ်ခုဖြင့် ထုတ်လုပ်သည့် ပဲပိစပ် ဆီများအကြောင်း ရေးသားထားပေသည်။ ဖုန်းယွီက ကျွမ်းကျင်သူများနှင့် ပါမောက္ခများ ရေးသားထားသည့် စာအုပ်များမှ အကိုးအကားယူကာ သူ၏ဆောင်းပါးကို ပိုပြီး ယုံကြည်မှု ခိုင်မာလာစေရန် ရေးထားခြင်း ဖြစ်ပေသည်။

ဘင်းမြို့တော်တွင် သာမက တစ်ပြည်နယ်လုံးတွင် လူတိုင်းသည် ဓာတုပစ္စည်းဖြင့် စစ်ထုတ်သည့် ပဲပိစပ်နှင့် ပတ်သက်၍ သံသယမကင်း ဖြစ်လာကြပေသည်။ ထိုဆီကို စားရန်က စိတ်ချရသည်လော။

လူတိုင်းက ယင်းအကြောင်းကို ဆွေးနွေးနေကြစဉ် ဖုန်းယွီက သူ့လူကို ငါးလီတာ ပဲပိစပ်ဘူးများ ကုန်တင်ကား အပြည့်ဖြင့် တင်ကာ နိုင်ငံခြား ကုန်သွယ်ရေးဌာနကို မောင်းသွားခိုင်းပေသည်။ ယနေ့တွင်သူသည် လက်ဆောင်ကို ပွင့်ပွင့်လင်းလင်း ပေးမည်ဖြစ်ပေသည်။ 

“အရာရှိကျန်း အလုပ်ရှုပ်နေလား”

“မရှုပ်ပါဘူး။ မင်းဒီကို ဘာအတွက် လာတာလဲ”

“ဘာမှ များများစားစား မရှိပါဘူး။ အကြောင်းအရာက ကျွန်တော်ရဲ့ ကုမ္မဏီက အရည်အသွေး အလွန် ကောင်းမွန်တဲ့ ပဲပိစပ်ဆီ ထုတ်လုပ်တဲ့ကြောင့်ပါ။ ကျွန်တော်အနေနဲ့ နိုင်ငံခြား ကုန်သွယ်ရေးကို နမူနာအချို့ ပေးချင်ရုံပါပဲ။ ဒါက လာဘ်ပေး လာဘ်ယူတာ မဟုတ်ဘူးနော်။ ဒါက အရာရှိတွေကို ကျွန်တော်တို့က နမူနာအနေနဲ့ ပေးပြီးကျွန်တော်တို့ကို အကြံဉာဏ်ပဲ ပြန်ပေးရုံပါ”

“အိုး ဒီအတွက် အကြောင်းပြချက်က တကယ်ကို တီထွင်ဆန်းသစ်မှု ရှိတာပဲ။ နမူနာ ပစ္စည်းပေးပြီး ငါတို့ဆီက အကြံပေးချက်ကို လိုချင်တာလား။ ကောင်းပြီလေ ဒီဟာတွေကို ငါတို့ရဲ့ကန်တင်းကို သွားထားခဲ့လိုက်”

ကျန်းယွမ်ချင်က ခေါင်းခါကာ ရယ်လိုက်သည်။ သူသည် အများသူငါ အားလုံးအတွက် အကျိုးရှိစေမည့် ယင်းကဲ့သို့သော လက်ဆောင်မျိုးကို ငြင်းပယ်မည် မဟုတ်ပေ။ ထပ်ပြောရလျှင် ထိုအရာများက ပဲပိစပ်ဆီများသာဖြစ်ပြီး ဘယ်လောက် ကုန်ကျမည်နည်း။

တစ်ခဏ ကြာပြီးနောက် ဝန်ထမ်းကန်တင်းမှ အရာရှိကျန်း ရောက်ရှိလာကာ ဆီများသည် အလွန် များပြားကြောင်း ပြောလိုက်သည်။ ကန်တင်းအနေဖြင့် နေ့လယ်စာသာ ပြင်ဆင်ပေးရပြီး သူ၏ ခန့်မှန်းတွက်ချက်မှု အရဆိုလျှင် ထိုဆီများက နောက်နှစ် နှစ်သစ်ကူးထိ ရှိမည်ဖြစ်သည်။

ယင်းပမာဏက နည်းသည့်ပမာဏ မဟုတ်ပေ။ ဖုန်းယွီသည် ဆီများ ချနေသည်ကို ကြီးကြပ်ပြီးနောက် သူက ကျန်းရွေ့ချင်၏ ရုံးကိုပြန်ခဲ့သည်။ ကျန်းရွေ့ချင်က ဖုန်းယွီကို မေးလိုက်သည်။ ယင်းပေးရသည့် အကြောင်းအရင်းက ဘာကြောင့်နည်း။ အဘယ့်ကြောင့် သူက အများကြီး ပေးရသနည်း။ 

ဒီဟာတွေက လူတိုင်းကို မြည်းစမ်းဖို့ အတွက်ပါ။ ပြီးတော့ အကြံပြုချက်တွေ ပြန်ပေးရုံပါပဲ။ ကျွန်တော်တို့ရဲ့ဆီက ပြည်ပက တင်သွင်းတဲ့ ဆိုဗီယက် ပြည်ထောင်စုက စက်တွေနဲ့ ကြိတ်ထားတာပါ။ ဆီထဲမှာ အဖြည့်ပစ္စည်းတွေ မပါဘူး။ ပြီးတော့ ပိုပြီးကျန်းမာတယ်။ တကယ်လို့ အရာရှိကျန်းက ကျွန်တော် တောင်းဆိုတဲ့ အချက်ကို မေးချင်တယ်ဆိုရင် ကျွန်တော် စိတ်ထဲမှ ရှိတဲ့အတိုင်း ပြောပြမှာပေါ့။ ကျွန်တော်က ဒီစာလုံးတွေကို ထည့်ချင်တယ်။ ____အတွက် အထူးစီမံထားသော။ ထုပ်ပိုးတဲ့ အပေါ်မှာ ထည့်ထားချင်တယ်။

“နိုင်ငံခြား ကုန်သွယ်ရေးရုံးအတွက် အထူးစီမံထားသောလား .... မဟုတ်ဘူး”

ကျန်းရွေ့ချင်၏ မျက်နှာက ပြောင်းလဲသွားသည်။ အကယ်၍ ယခု အကြောင်းအရာသာ သူ၏ ခေါင်းဆောင်များထံ ပျံ့နှံ့သွားပါက သူတို့အနေဖြင့် နိုင်ငံခြား ကုန်သွယ်ရေး ဌာနကို မည်သို့မည်ပုံ တွေးမည်နည်း။ 

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ အရာရှိကျန်း ကျွန်တော့်ကို အထင်လွဲနေပြီ။ နိုင်ငံခြား ကုန်သွယ်ရေး ဌာနအတွက် အထူးစီမံထားသော မဟုတ်ဘူး။ _____အတွက် အထူးစီမံထားသော ဒီစာလုံးလေးတွေပါပဲ”

“ကျွန်တော်တို့တွေက အရာရှိရဲ့ ဌာနကိုပဲ နမူနာပို့တာ မဟုတ်ပါဘူး။ ကျွန်တော်တို့တွေက နမူနာပစ္စည်းတွေကို အင်တာနေရှင်နယ် ဟိုတယ် မြို့တော်အစိုးရ ဧည့်ရိပ်သာတွေနဲ့ ရဲစခန်းတွေ စက်ပစ္စည်း စက်ရုံတွေ အစရှိသဖြင့် ပို့ပါတယ်”

ဖုန်းယွီသည် မရိုးဖြောင့်သည့် အပြုံးတစ်ခု ရှိနေသည်။ ကျန်းရွေ့ချင်က ဖုန်းယွီကို လက်ညှိုး ထိုးလိုက်သော်လည်း မည်သည့် စကားလုံးကိုမှ မပြောပေ။ သူက ဖုန်းယွီအနေဖြင့် ဌာနများစွာနှင့် အဆက်အသွယ် ရှိလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။ ယင်းဌာနများက ပြည်သူများ ယုံကြည်သည့် ဌာနများဖြစ်ကာ ယင်းက ကြော်ငြာခြင်း မဟုတ်ပေလော။

“သူတို့တွေက မင်းရဲ့ဆီပေါ်မှာ ____အတွက် အထူးစီမံထားသော ဖော်ပြဖို့ ခွင့်ပြုထားသလား”

“မဟုတ်ဘူး။ ဒါပေမဲ့ သူတို့တွေ အကုန်လုံးက ကျွန်တော်တို့ရဲ့ ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီကို အခုသုံးနေကြတယ်။ အရာရှိကျန်း စိတ်မပူပါနဲ့။ ကျွန်တော့်အနေနဲ့ အရာရှိဌာနရဲ့ နာမည်ကို အသုံးမပြုပါဘူး”

“မင်းအနေနဲ့ ကိစ္စအားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ဖို့လိုမယ်”

ကျန်းရွေ့ချင်က တစ်စုံတစ်ခု မှားနေသည်ကို ခံစားမိသည်။ သို့သော် ဖုန်းယွီ ဘာလုပ်ချင်မှန်း သူသေချာ မသိပေ။

ဖုန်းယွီက ဓာတ်ပုံတစ်ပုံကို ထုတ်လိုက်ကာ ကျန်းရွေ့ချင်တွင် ထားလိုက်သည်။ ယင်းဓာတ်ပုံက ထိုက်ဟွအဆင့်မြင့် စက်သုံးဆီ အပြည့်တင်လာသည့် ကုန်တင်ကားမှ စက်ပစ္စည်းစက်ရုံတွင် ဆီများကို ချနေသည့်ပုံ ဖြစ်ပေသည်။

“မင်းအခုလေးတင် ပုံတွေကို ရိုက်လိုက်တာလား”

ကျန်းရွေ့ချင်က မပျော်ရွှင်တော့ပေ။

“အရာရှိကျန်း ဓာတ်ပုံရဲ့ဘေးမှာ ရေးထားတဲ့ စာသားတွေက စက်ပစ္စည်း စက်ရုံသည် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီကို နမူနာသုံးနေသည်။ ကျွန်တော်က အကြောင်းအရာလေးတွေကိုပဲ တင်ပြရုံပါ။ ပြုပြင်တာတွေ မရှိပါဘူး”

“မင်းကတော့ အမှန်အတိုင်း ရေးပေမဲ့ တခြားလူတွေက နားလည်မှာ မဟုတ်ဘူး။ မေ့လိုက်တော့။ ငါ့အနေနဲ့ ဒီကိစ္စမှာ မင်းကို စွက်ဖက်မှာ မဟုတ်ဘူး။ ဆီနဲ့ပတ်သက်ပြီး ခွင့်ပြုချက်တွေ အကုန်ရပြီးပြီလား။ ဒီဟာက တကယ်ပဲ ဆိုဗီယက်ပြည်ထောင်စုရဲ့ နည်းပညာတွေနဲ့ စက်ပစ္စည်းတွေလား”

“သေချာတာပေါ့။ ကျွန်တော်တို့ရဲ့ စက်တွေက နိုင်ငံရဲ့ရတနာလေ။ ပြီးတော့ တရုတ်နိုင်ငံမှာဆိုရင် ခေတ်အမီဆုံးပဲ။ ကျွန်တော် ဆီနဲ့ပတ်သက်ပြီး ခွင့်ပြုချက်တွေ အကုန်လုံးနဲ့ စာရွက်စာတမ်းတွေကို အကုန်ရပြီးပါပြီ။ မဟုတ်ဘူးဆိုရင် ကျွန်တော်အနေနဲ့ အရာရှိတို့ရဲ့ ကန်တင်းကို ဆီဘယ်လာ ပို့ရဲပါ့မလဲ”

ကျန်းရွေ့ချင်က တစ်ခဏတာ တွန့်ဆုတ်သွားပြီးနောက် မေးလိုက်သည်။

“ဓာတုပစ္စည်းတွေနဲ့ ဆီထုတ်လုပ်တဲ့ နည်းလမ်းက ဓာတ်ဆီတွေ အသုံးပြုတာလား။ ဘာကြောင့် ငါတို့က အဲ့ဒါကို မမြည်းစမ်းနိုင်တာလဲ”

“အဲ့ဒါအမှန်ပဲ။ အရာရှိအနေနဲ့ စိုက်ပျိုးရေးဌာန ဒါမှမဟုတ်ဘူးဆိုရင် ဂွတ်ဆီစက်ရုံကို မေးနိုင်ပါတယ်။ သူတို့တွေ အကုန်လုံးက ဒီနည်းပညာကိုပဲ အသုံးပြုကြတာ။ ဒီနည်းစနစ်က ထိရောက်ပြီး အဲ့ဒီနည်းစနစ်က တကယ် အစွမ်းထက်ပါတယ်။ ကျွန်တော်တို့ရဲ့ တိုင်းပြည်က ဒီစနစ်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းက စတင် မိတ်ဆက်ခဲ့တာ။ ပြီးတော့ ဒီနှစ်မှာတော့ ဒီနည်းစနစ်ကို တစ်နိုင်ငံလုံးကို မိတ်ဆက်ခဲ့တယ်။ ဒီနှစ်အတွင်းပဲ ကျွန်တော်တို့ဒေသရဲ့ စက်ရုံနဲ့ အဲ့ဒီနည်းစနစ်က ထုတ်လုပ်တဲ့ဆီကို စတင် အသုံးပြုနေတယ်၊ မဟုတ်ဘူး အဲ့ဒါတွေကို ပြန်လည် မွမ်းမံထားတဲ့ ဆီလို့တောင် ခေါ်ရမှာပဲ။ သူတို့တွေက ဓာတုပစ္စည်းတွေနဲ့ ဆီထုတ်လုပ်ထားတာ။ ဆီအမျိုးအစားတွေကို စမ်းသပ်ပြီး မသုံးဖူးတဲ့ လူတွေအတွက်တော့ ပုံမှန်ပါပဲ” 

မွမ်းမံထားတဲ့ဆီ။ ယင်းက ကျန်းရွေ့ချင်ကို ထိတ်လန့်သွားစေသည်။ သူက ရုတ်တရက် ပျို့အန်ချင်သလို ခံစားလိုက်ရသည်။ ယင်းဆီက စားသုံးသင့်သည်လော။ သို့သော် မသေချာပေ။ အဘယ့်ကြောင့် တိုင်းပြည် အနေနှင့် ယင်းနည်းစနစ်ကို ကြော်ငြာ ပေးနေရသနည်း။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ သူကနေမထိ ထိုင်မသာ ခံစားနေရသည်။ အနာဂတ်တွင် သူ၏မိသားစု အနေဖြင့် ဖိညှစ်ခြင်းနည်းဖြင့် စစ်ယူထားသည့် ပဲပိစပ်ဆီများ စားရန် လိုအပ်ပေသည်။ သူ့အနေဖြင့် ဓာတုနည်းစနစ်ဖြင့် စစ်ထုတ်ထားသည့် ဆီများကို မစားရဲပေ။

နိုင်ငံခြား ကုန်သွယ်ရေးဌာနမှ ထွက်ခွာ သွားပြီးနောက် ဖုန်းယွီသည် ကျန်းရွေ့ချင်ကို ပြောခဲ့သည့် ဌာနများကို သွားခဲ့သည်။ တကယ်တမ်းတော့ စက်ပစ္စည်း စက်ရုံမှလွဲ၍ သူသည် အခြားသော ဌာနများကို ဤနမူနာများ မပို့ပေးခဲ့ပေ။

ဖုန်းယွီသည် စက်ပစ္စည်းစက်ရုံ ဓာတ်ပုံကို အသုံးပြုကာ ကျန်းရွေ့ချင်အား ညာခဲ့သည်။ ထို့နောက်သူက အခြားဓာတ်ပုံနှစ်ပုံကို အခြားသော ဌာနများတွင် သုံးခဲ့သည်။ အကယ်၍သူက တစ်ခုသို့မဟုတ် နှစ်ခု လိုအပ်သည်ကို အထူးဖြည့်ဆည်းပေးသည်။ ဆိုင်းဘုတ် သို့မဟုတ် ခေါင်းစီးများသည် သူ၏ ကုမ္မဏီ အပြင်ဘက်တွင် ရှိပါက ထိုအရာက ကြော်ငြာကို ပိုတောင် ကောင်းသွားပေလိမ့်မည်။

နောက်ထပ် ရက်အနည်းငယ် အကြာတွင် သတင်းစာထဲတွင် ဆောင်းပါးများ နှင့်အတူ ဓာတ်ပုံအချို့ ပါလာသည်။ ယင်းဓာတ်ပုံများက ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ ကုန်တင်ကားက xxဌာန သို့မဟုတ် xxကန်တင်းတွင် ကုန်ချနေသည့်ပုံဖြစ်သည်။

ကုန်တင်ကားပေါ်တွင် ဆောင်ပုဒ်တစ်ခုကို ရေးဆွဲထားသည်။

“ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ။ လိပ်ပြာသန့်သန့်ဖြင့် ညှစ်ထုတ်ကာ ဆီထုတ်လုပ်ထားသည်။------အတွက် အထူးစီမံထားသော ”

ယင်းနည်းလမ်းဖြင့် လူတိုင်းက သေချာသွားပေသည်။ ကြည့်လိုက်ပါဉီး။ ဒီကြီးမားသည့် စက်ရုံနှင့် အစိုးရဌာနများက ဒီအမှတ်တံဆိပ် ဟင်းချက်ဆီကို အသုံးပြုနေကြသည်။ ဓာတုပစ္စည်းမှ စစ်ထုတ်ထားတဲ့ ဟင်းချက်ဆီက တစ်ခုခုမှားနေတာပဲ ဖြစ်ရမည်။ သို့သော် သူတို့အနေဖြင့် တခြား စကားလုံးများကိုလည်း သတိပြုမိကြပေသည်။ -----အတွက် အထူးစီမံထားသော ထိုအရာက စဉ်းစားစရာ ဖြစ်ပေသည်။ သူတို့အနေဖြင့် မည်သည့်ဌာနက ----အတွက် အထူးစီမံထားသနည်း။ 

လူတိုင်းက တွေးဆကြပေသည်။ သို့သော် အဆုံးတွင် သူတို့ နိဂုံးချုပ် တစ်ခုနှင့် အဆုံးသတ်ပေသည်။ လူတိုင်းက ပြောကြသည်က ယင်းဆီသည် ခေါင်းဆောင်များ အတွက် အထူးစီမံထားခြင်း ဖြစ်သည်။ ____အတွက် အထူးစီမံထားသော ရှေ့တွင် ဘာမှ မရေးထားသော်လည်း ထိုလူများ အနေဖြင့် ရှေ့တွင် ရေးထားသည်ကို ခန့်မှန်းနိုင်ကြပေသည်။ သူတို့ အနေဖြင့် သူတို့ထင်သလို ခန့်မှန်းမည်ပင် ဖြစ်သည်။

ဟမ့် အရာရှိတွေ ခေါင်းဆောင်တွေပဲ ဒီလိုမျိုးဆီ စားနိုင်တာ။ ငါတို့ ရိုးရိုးသာမာန် လူတွေအနေနဲ့ ဓာတုပစ္စည်းနဲ့ စစ်ထုတ်ထားတဲ့ ဆီတွေကိုပဲ လက်လှမ်းမီတယ်။

သို့သော် နောက်ပိုင်းတွင် သတင်းစာပေါ်၌ သတင်းကောင်း အချို့ကို တွေ့လိုက်ရသည်။ ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ ဘင်းမြို့တော်၏ သမဝါယမ ဆိုင်များတွင် ယခုရနိုင်ပေသည်။

အရာရှိများ၏ ဖိအားပေးမှုကြောင့်သာ သူတို့အနေဖြင့် အများပြည်သူများကို ယင်းဆီ ရောင်းချ နိုင်ပေသည်။ တချို့လူများက မစောင့်နိုင်တော့ပဲ သမဝါယမ ဆိုင်များကို အလုပ်ပြီးသည်နှင့် သွားကြပေသည်။ သူတို့ ရောက်သည့် အချိန်တွင် သူတို့က လူတန်းရှည်ကြီးကို စောင့်ရပေသည်။ ကြည့်လိုက်ပါ။ လူတိုင်းက ထိုဆီအား ဝယ်နေကြသည်။ ကျွန်တော်တို့ အနေဖြင့်လည်း ထိုဆီကို ရကိုရရပေမည်။ ဓာတုပစ္စည်းသုံးသည့် အစားအသောက်များက သက်ကြီး ရွယ်အိုများနှင့် ကလေးများအတွက် မကောင်းပေ။

ဘာလဲ ဒီဆီက အရမ်း ဈေးကြီးတာလား။ တစ်လီတာခွဲဘူးအတွက် တစ်ယွမ် ဒီဆီက ခေါင်းဆောင်တွေသာ သုံးတယ်။ ဒါကြောင့် အလွန် ဈေးကြီးတယ်။ ဒါပေမဲ့ ငါတို့တွေ တတ်နိုင်သေးတယ်။ ငါးလီတာဘူးလည်း ရှိတာလား။ သုံးယွမ်လား။ အဲ့ဒါဆိုရင် ငါ့ကို ငါးလီတာဘူးပေး။ အိုး ပလတ်စတစ်ဘူးက အလကားပဲ။ ငါတို့တွေ ပြန်ပေးစရာ မလိုဘူးလား။ မဆိုးဘူး။ ဆီဝယ်တာနဲ့ ဘူးတစ်ဘူးပါ ပါလာတယ်။

တစ်နေရာတွင် ဝူကျီကန်းနှင့် လူများက စက်ပစ္စည်းစက်ရုံမှ ဆယ်ကျော်သက်များကို ပိုက်ဆံပေးနေသည်။ ထိုဆယ်ကျော်သက်များက ကျောင်းမတက်သလို အလုပ်လည်း မလုပ်ပေ။

“ဒီပိုက်ဆံတွေကို သိမ်းထား။ ဒီဆီတွေက မင်းတို့တွေ အတွက်ကောပဲ။ ပြန်ယူလာခဲ့။ ဒီဆီတွေက မင်းတို့အိမ်က ဟာတွေထက် ပိုစားကောင်းတယ်။ ထိုဆယ်ကျော်သက်များက ညွှန်ကြားချက်အရ သမဝါယမ ဆိုင်များတွင် နေ့လယ်ခင်း အသုတ် ကတည်းက တန်းစီနေကြသည်။ သူတို့ထဲမှ လူတိုင်းက ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ ဘူးကြီးတစ်ဘူးကို ဝူကျီ ကမ်းပေးသည့် ငွေများနှင့် ဝယ်ရတာဖြစ်သည်။ ထိုမျှမက သူတို့သည် ငါးယွမ်တောင် ရသည်။ သူတို့က အယောက်သုံးဆယ် ကျော်ပေသည်”

ထိုလူငယ်များ တန်းဆီနေကာ ယင်းအချင်းအရာက အခြားသူများ၏ စိတ်ထဲတွင် အသိတစ်ချက် ရှိစေသည်။ ယခုတွင် လူတိုင်းက ဤအမှတ်တံဆိပ်ဆီကို ဝယ်နေကြသည်။ ထို့အတွက် ထိုဆီက တကယ်ကောင်းမည်ဖြစ်ပြီး ခေါင်းဆောင်များ အတွက်လည်း အထူးဂရုစိုက် ဖြည့်ဆည်း ပေးထားတာပဲ ဖြစ်ပေသည်။

***

All Chapters