← Chapters

တီဗွီကြော်ငြာ

Vol. 6 Ch. 89

တီဗွီကြော်ငြာ

Vol. 6 Ch. 89

ဖုန်းယွီ၏ ဂရုတစိုက် စီစဉ်မှုနှင့် အကောင်အထည် ဖော်မှုများကြောင့် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီသည် ဘင်းမြို့တော်တွင် အလွန်နာမည် ကြီးလာခဲ့သည်။ သို့သော် လုံကျန်းပြည်နယ်၏ အချို့သော နေရာများတွင် အရောင်းထိုင်း နေသေးသည်။

ထပ်ပြောရလျှင် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီက ပုံမှန်ပဲပိစပ်ဆီများထက် ဈေးနှစ်ဆခန့် ရှိပေသည်။ များစွာသော လူများက ထိုဈေးကြီးသည့် ပဲပိစပ်ဆီပေါ်တွင် ငွေများများ မဖြုန်းချင်ကြပေ။ သို့သော် အရည်အသွေး အကြောင်းကို ပြောပြ၍ ကုန်ပစ္စည်း ဝယ်ချင်စိတ် ဖြစ်ပေါ်လာအောင် ဆွဲဆောင်နည်းက သက်ရောက်မှု ရှိသော်လည်း ရုပ်မြင်အသံလွှင့် ဌာနများက ဓာတုပစ္စည်းမှ ဆီထုတ်လုပ်သည့် နည်းလမ်း အကြောင်းကို စတင် ရှင်းပြနေတော့သည်။

 ပဲပိစပ်ဆီ ထုတ်လုပ်သည့် စက်ရုံများက အလုပ်သမားများက ယင်းဆီကို စားကြသည်။ အကယ်၍ ယင်းဆီတွင် ပြဿနာရှိပါက အဘယ့်ကြောင့် ထိုအလုပ်သမားများက ဆီများကို ဆက်စားမည်နည်း။ ဘင်းမြို့တော် ဈေးကွက်တွင် ထိုက်ဟွစက်ရုံသည် ပိုက်ဆံကို သေချာပေါက် ရှာနိုင်ပေသည်။ သို့သော် ထိုက်ဟွ ကုန်သွယ်ရေးသည် ပိုက်ဆံ များများ မရရှိပေ။ သူတို့သည် နမူနာပစ္စည်း အများအပြားကို ပေးပြီး ထိုက်ဟွစက်ရုံမှ သူတို့ရသည့် ဈေးနှုန်းက ဈေးကွက်တွင် ရောင်းချသည့် ဈေးနှုန်းထက် ပိုမြင့်နေပေသည်။

ထို့ကြောင့် ဖုန်းယွီက ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီကို လူတွေ ပိုကြာရှည်စွာ အမှတ်ရရန်အတွက် ကြော်ငြာရန် တိုးမြှင့်လိုက်ပေသည်။ လူတွေက ဟင်းချက်ဆီ ဝယ်ယူသည့်အခါ သူတို့က ဖုန်းယွီ၏ အမှတ်တံဆိပ်ကို အမှတ်ရမည်ဖြစ်သည်။

သူ၏ ကုန်ပစ္စည်းများက တစ်ပြည်နယ်လုံးတွင် ဖြန့်သည်။ သို့သော် အရေအတွက်က နည်းလွန်းပေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်က ထုတ်လုပ်သည့် ဆီ၏ သုံးပုံတစ်ပုံသာ ဘင်းမြို့တော်တွင် ကျန်သည်။ အခြားတစ်ပုံက ပြည်နယ်အတွင်းရှိ အခြားသော သမဝါသမဆိုင်များကို ပို့ရပြီး ကျန်သည့် သုံးပုံတစ်ပုံမှာ နမူနာပစ္စည်းများ ဖြစ်ပေသည်။ 

ဘင်းမြို့တော်ရှိ သမဝါယမ ဆိုင်များက တိုက်ရိုက် ဝယ်ယူနိုင်ပြီး အခြားသော သမဝါယမဆိုင်များက ကြိုတင် ငွေချေစနစ်ဖြင့် ဆီကို ဝယ်ယူကြရသည်။ ယင်းက ဈေးနှုန်းကို ဖုန်းယွီကိုယ်တိုင် သတ်မှတ်ခြင်းပင် ဖြစ်ပေသည်။ ထိုသမဝါယမများက ဆီကို ကောင်းကောင်း ရောင်းရမည် မဟုတ်ဟု တွေးခဲ့ကြပေသည်။ တကယ်တွင်လည်း ထိုဆီများက ကောင်းကောင်း မရောင်းရပေ။ သတင်းစာတွင် နေ့တိုင်းကြော်ငြာ နေသော်ငြား ယင်းဆီများကို ဝယ်သည့်သူက အနည်းအကျဉ်းပင် ရှိပေသည်။

….

“ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ သဘာဝမှရသည့် အကောင်းဆုံး ပဲပိစပ်ဆီမှ ထုတ်လုပ်သည်။ ဆိုဗီယက် ပြည်ထောင်စုမှ အဆင့်မြင့် ညှစ်သည့်စနစ်ဖြင့် ထုတ်လုပ်သည်။ ဓာတုအဖြည့် ပစ္စည်းများ မပါဝင်။ ဥရောပရှိ မြင့်မြတ်သူများ၏ မီးဖိုချောင်တွင် ရွေးချယ်ကြသည့်ဆီ”

အသက်နှစ်ဆယ် ဝန်းကျင်အရွယ်ရှိ မိန်းကလေး တစ်ယောက်က ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ အမှတ်တံဆိပ်ပါသည့် ဧပရွန်ကို ဝတ်ဆင်ထားကာ ပုစွန် ကြော်နေသည်။ ပြီးနောက် ကြော်ငြာသည့် အချိန်တွင် အမျိုးသား အသံတစ်သံက အကြောင်းအရာများကို ဖတ်ပြနေသည်။ ကြော်ငြာ၏ နောက်ဆုံး အပိုင်းက ငယ်ရွယ်သည့် မိန်းမပျိုလေးက တစ်လီတာခွဲ ရှိသည့် ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီကို ကိုင်ထားသည်။

မည်သို့ပင်ဖြစ်စေ ဖုန်းယွီက စိတ်မကောင်း ဖြစ်မိနေသည်။ အရည်အသွေး မြင့်သည့် ဗီဒီယိုကင်မရာ မရှိသေးပေ။ သူ့အနေဖြင့် တရုတ်ပြည်၏ တစ်ကိုက်စာဟုသည့် ပထမဦးဆုံး တရုတ်ဟင်းလျာများ ချက်ပြုတ်သည့် Documentary စီးရီးကို ရိုက်သည့် ကင်မရာများတောင် (2012)မှ ရရှိခဲ့ခြင်း ဖြစ်ပေသည်။ ရလဒ်က ပိုကောင်းမွန်မည် ဖြစ်ပေသည်။ သို့သော် ဖုန်းယွီက စိတ်ထဲမထားပေ။ ဖုန်းယွီက ယင်းကြော်ငြာနှင့် ပတ်သက်ပြီး အနည်းငယ် ပျော်ရွှင်နေသည်။

ထိုကြော်ငြာက သဘာဝ အစားအစာများ၏ သဘောသဘာဝကို ရည်ညွှန်းထားခြင်း ဖြစ်ပေသည်။ ယခုအချိန်တွင် ယင်းအကြောင်းအရာကို မည်သူမှ နားမလည်သော်ငြား ထိုအရာက လူများကို အဆင့်မြင့် စားသောက်ကုန်များ အကြောင်း သိစေသည်။ သတင်းစာများပေါ်တွင် သဘာဝ စားသောက်ကုန်များကို ကြော်ငြာခြင်း နှင့်အတူ သဘာဝ စားသောက်ကုန်များက ပိုပြီးနာမည် ကြီးလာပေသည်။ 

ဆယ်စက္ကန့်စာ ကြော်ငြာတစ်ခုက တစ်နေ့တွင် သုံးကြိမ်ထိ ထုတ်လွှင့်သည်။ ပြည်နယ်၏ ရုပ်မြင်သံကြား ထက်ဆင့်လွှင့် ချန်နယ်မှ ပြည်နယ်ရုပ်မြင်သံကြား ချန်နယ်မှ ဖြစ်ပေသည်။ နေ့လယ်ခင်းတွင် တစ်ကြိမ်လွှင့်သည်။ ညနေခင်းတွင် တစ်ကြိမ်လွှင့်ပြီး လူကြည့်များသည့် ညအချိန်တွင် တစ်ကြိမ်လွှင့်ပေသည်။ ထိုခေတ်အခါက ရုပ်မြင့်သံကြား ကြော်ငြာစရိတ်က အလွန်မြင့်ပေသည်။ သို့သော် ယင်းမြင့်သည်က CCTV တွင်ဖြစ်သည်။ ပြည်နယ် အစိုးရများ၏ တီဗွီချန်နယ် များတွင်တော့ ထိုလောက် မမြင့်ပေ။

“ယခုကဲ့သို့ပင် တစ်နှစ်အတွက် ကြော်ငြာသုံးခုသည် ဖုန်းယွီကို သိန်းချီသာ ကုန်ကျစေသည်။ သို့သော် ဖုန်းယွီက စာချုပ်တွင် ခြွင်းချက်တစ်ခု ထည့်ထားသည်။ ယင်းက ကြော်ငြာအား အချိန်မရွေး ပြောင်းလဲနိုင်သည် ဆိုသည့် အချက်ပင် ဖြစ်ပေသည်။ ရက်အနည်းငယ် ကြာပြီးနောက် သကြားထုတ်ပိုးခြင်း ကလည်း အဆင့်သင့် ဖြစ်ပြီဖြစ်သည်။ ထို့အတွက် သူ့သကြားများ အတွက် ကြော်ငြာ စတင်ရတော့ပေမည်”

ဖုန်းယွီ၏ အရင်ဘဝတွင် ယခုကြော်ငြာကို ထုတ်လွင့်ရန် ခွင့်ပြုချက်ပေးမည် မဟုတ်ပေ။ 

“ဥရောပ၏ မီးဖိုချောင်သုံး ရွေးချယ်ရသည့် ဆီသည် အလိမ်အညာပင်ဖြစ်သည်။ ထိုခေတ်အခါက ဥရောပတွင် ပဲပိစပ်ဆီကို မသုံးပေ။ သို့သော် တရုတ်နိုင်ငံရှိ လူဘယ်လောက်က ယင်းအကြောင်းကို သိမည်နည်း။ တီဗွီတွင် ထုတ်လွှင့်သည့် အရာတိုင်းကို လူတိုင်းက ယုံကြပေ၏။ ကြော်ငြာ၏ အဓိက ဆိုလိုရင်းသည် အဆင့်မြင့်ဆီက မည်မျှ အဖိုးတန်ကြောင်းပင် ဖြစ်သည်။ အမျိုးသမီးငယ်၏ ဆီနှင့် ကြော်ချက်နေသည်ကို တွဲဖက်လိုက်သည့်အခါ ထိုကြော်ငြာက ပရိသတ်ရင်ထဲကို အဆုံးထိ ပျော်ဝင်သွားစေသည်”

ထိုဟင်းချက်နေသည့် မိန်းမပျိုလေးက သူ၏အစ်မ ဖုန်းတန့်ယင်းပင် ဖြစ်ပေသည်။ ဖုန်းယွီက သူ့အစ်မကို တီဗွီကြော်ငြာ စတားများကဲ့သို့ ခံစားချက် ရစေချင်သည်။ သူက ရုပ်သံလွှင့်ဌာနမှ မိတ်ကပ်ပညာရှင်ကို ခေါ်ယူကာ သူ့အစ်မအား မိတ်ကပ် အနည်းငယ် ခြယ်သစေသည်။ ယင်းက ထိုခေတ်အခါရှိ မိတ်ကပ်ခြယ်သသည့် စနစ်နှင့် ပတ်သက်ပြီး အလွန်ကွဲပြားစေသည်။ ထိုခေတ်အခါက မိတ်ကပ်ထူထူ လိမ်းကာ နှုတ်ခမ်းနီများကိုလည်း ရဲတောက်အောင် ဆိုးထားပေသည်။ လူများစွာ၏ အမြင်တွင် သူ၏အစ်မက မည်သည့်မိတ်ကပ်မှ မလိမ်းထားသယောင်ပင်။

ဖုန်းတန့်ယင်းက ငယ်ရွယ်ပြီး လှပသည့် နေရာတွင် ပထမတန်းစား ရှိပေသည်။ မိတ်ကပ် အနည်းငယ် ဖို့ပြီးနောက် အတုအယောင် ခြယ်သထားသည့် မည်သည့် ရုပ်ရှင်သရုပ်ဆောင်နှင့်မှ မတူတော့ပေ။ လီရှစ်ချင်သည်လည်း ရိုက်ကူးသည့် နေရာတွင် ရှိနေခဲ့သည်။ သူသည်လည်း ဖုန်းတန့်ယင်း၏ အလှတွင် နစ်မြောနေ၏။ 

ကြော်ငြာထုတ်လွှင့်ပြီး နောက်တစ်ရက်တွင် ဖုန်းယွီ အမေက သူ့အား ဖုန်းခေါ်ပြီး ဟင်းချက်နေသည့် မိန်းမပျိုက သူ့သမီးလားဟု မေးခဲ့သည်။ ဖုန်းယွီထံမှ အဖြေရရှိပြီးနောက် သူမ၏ လေသံက ချက်ချင်း ပြောင်းသွားကာ ပြောလိုက်သည်။

“သူက ဟင်းချက် တတ်တာကြောင့် ကြော်ငြာထဲမှာ တီဗွီစတား တစ်ယောက်လိုမျိုး ပါနိုင်တာလား။ သူ့လက်ရာက ငါ့လောက် ကောင်းရဲ့လား”

ဖုန်းယွီက သူ့မိခင်အား မြန်မြန် ရှင်းပြလိုက်ရသည်။ အကြောင်းမှာ အချိန်မရှိသည့်အတွက် ဖြစ်ကြောင်း ပြောပြရသည်။ နောက်တစ်ကြိမ်တွင် သူသည် သူ့မိခင်အား ကြော်ငြာတွင် စတားတစ်ယောက် အနေဖြင့် ထည့်မည်ဖြစ်ပေသည်။ 

ကြော်ငြာအား တစ်လတစ်ကြိမ် ပြောင်းလဲ နိုင်ပေသည်။ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက် ကြော်ငြာပါက ပိုသက်ရောက်မှု ရှိပေမည်။ သို့သော် ယခုတွင် သူက ကြည့်ရှုသူများ၏ အာရုံကိုသာ ဖမ်းစားစေလိုသည့် အတွက် သူ့အစ်မ၏ ပုံရိပ်က ပိုသင့်တော်ပေသည်။

မြောက်ပိုင်းဒေသ ကျားမြို့တော်တွင် အသက်သုံးဆယ် ဝန်းကျင်ရှိ အမျိုးသမီး နှစ်ယောက်က အလုပ်ပြီးနောက် သမဝါယမဆိုင်ကို လျှောက်လှမ်းလာသည်။

“ဘာလိုချင်လို့ပါလဲဗျ”

“ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီ။ နင်ရော”

“ကျွန်မရောပဲ။ ဒီဟင်းချက်ဆီက ဆိုဗီယက် ပြည်ထောင်စုရဲ့ အကောင်းဆုံး နည်းပညာတွေနဲ့ ထုတ်လုပ်ထားတာ။ အရသာကတော့ ရှယ်ပဲနေမယ်”

“အရသာက ကောင်းရုံတင်မကဘူး အဲ့ဒီဆီက သဘာဝအတိုင်းပဲ။ ဘာဓာတုဆေးမှ မပါဘူး။ ငါ့ရဲ့သားက ကျောင်းတက်နေတာလေ။ ဓာတုပစ္စည်းတွေကနေ ထုတ်တဲ့ဆီကိုတော့ မစားခိုင်းပါဘူး”

“ဒါအမှန်ပဲ။ အဲ့ဒါက ဈေးကြီးရင်ကြီးမယ်။ ဈေးများတာကလည်း နည်းနည်းပဲလေ။ ဥရောပမှာရှိတဲ့ မြင့်မြတ်တဲ့ သူတွေကတောင် ဒီလိုမျိုးဆီကို သုံးကြတာ။ အဲ့ဒါဆိုရင် ငါလည်း မြင့်မြတ်တဲ့ လူတစ်ယောက်လို ဖြစ်သွားပြီလေ”

ယခုကဲ့သို့ ပုံစံမျိုးက လုံကျန်းပြည်နယ်၏ မြို့တော်တော်များများတွင် ဖြစ်နေသည်။ ထိုမြို့တော်များက ဘင်းမြို့တော်နှင့် ကွဲပြားခြားနားပေသည်။ ယင်းမြို့တော်များက လက်ခံခြင်း နည်းပေသည်။ ထိုမြို့တော်များတွင် ဆီဘူးကြီး ရောင်းချရခြင်းက နည်းသည်။ သို့သော် ဘူးသေးလေးများ၏ ရောင်းအားကတော့ မဆိုးပေ။ အများစုက ဘူးသေးလေးများကို ရှေးဦးစွာ စမ်းသပ် ဝယ်ယူကြခြင်း ဖြစ်ပေသည်။ သို့သော် နေ့စဉ် တီဗွီကြော်ငြာ ဇာတ်လမ်းက ထုတ်လွှင့်သည့်အခါ လူများက ထိုက်ဟွအဆင့်မြင့် ဟင်းချက်ဆီကို သုံးချင်ကာ သူတို့အနေဖြင့် ထိုက်ဟွ အဆင့်မြင့် ဟင်းချက်ဆီကို ဆက်လက် ဝယ်ယူမည်ဖြစ်ကြောင်း ဖုန်းယွီသိပေသည်။ သူတို့၏ဆီက အခြားဆီများထက် အရသာပိုရှိပေသည်။

ယခုအချိန်တွင် ထိုက်ဟွစက်ရုံက ဖုန်းယွီ၏ လမ်းညွှန်မှု အောက်တွင် အလုပ်သမားအချို့ ခန့်ထားပေသည်။ မြို့တော်ရှိ စက်ရုံများက အဆိုင်းသုံးဆိုင်း ဆင်းကြသည်။ သို့သော် ထိုက်ဟွစက်ရုံတွင် အလုပ်သမားများက လေးဆိုင်း ဆင်းကြပေသည်။ ပထမက ထိုလူများက နေ့သမားများ ဖြစ်ကြပေသည်။ စက်ပစ္စည်းများကို လွယ်ကူသည်ဟု သတ်မှတ်ကာ မောင်းနှင်လျှင်တောင် သူတို့သည် မြို့ပေါ်ရှိ စက်ရုံများတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သည့် လူများနှင့်ယှဉ်လျှင် လုံခြုံရေး အားနည်းမည် ဖြစ်ပေသည်။ ထို့အပြင် စက်ပစ္စည်းများနှင့် အလုပ်လုပ်ရခြင်းက အလွန် အန္တရာယ်အချို့ ရှိပေသည်။ ဥပမာအနေဖြင့် ကုန်ကြမ်း ပစ္စည်းများအား စက်ပစ္စည်းထဲ ထည့်ခြင်းနှင့် မီးဘေးအန္တရာယ်ပင် ဖြစ်ပေသည်။ 

ထိုလူများက လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးကို ဂရုသိပ်မစိုက်ကြပေ။ သူတို့အနေဖြင့် မတော်တဆမှု တစ်ခုကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရခြင်း သို့မဟုတ် သေဆုံးခြင်းတောင် ဖြစ်နိုင်သည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက လျော်ကြေးငွေ ပမာဏကလည်း တတ်နိုင်မည် မဟုတ်ပေ။

လူဦးရေ နှစ်သိန်းခန့်ရှိသည့် ဒေသအတွက် ထိုအချက်က အလွန် အရေးကြီးပေသည်။ အကယ်၍ စက်ရုံတွင် မတော်တဆမှု တစ်ခု ဖြစ်ခဲ့ပါက သတင်းက တောမီးပမာ လျင်မြန်စွာ ပျံ့နှံ့သွားကာ စက်ရုံ၏နာမည်ကလည်း မြောင်းထဲသို့ ကျသွားပေလိမ့်မည်။

ဖုန်းယွီက မြို့တော်မှ ထိပ်တန်း စီမံအုပ်ချုပ်သည့် အလုပ်သမား နှစ်ယောက်ငှားရန် ဆုံးဖြတ်ချက် ချလိုက်သည်။ သို့သော် သူကြံရွယ်ထားသည့် လူများမှ တစ်ယောက်က သူ၏လက်ရှိ လစာထက် နှစ်ဆပေးမည် ဆိုလျှင်တောင် ငြင်းဆိုလိုက်သည်။ သူတို့အနေဖြင့် နိုင်ငံပိုင် စက်ရုံများတွင်သာ ဆက်လက် လုပ်ကိုင်လိုပြီး သူတို့က ယင်းကို အိုးစားဟု သတ်မှတ်ထားသည့် အတွက်ပင်ဖြစ်သည်။ အဘယ့်ကြောင့် သူတို့အနေဖြင့် ကျေးလက် အတွင်းရှိ စက်ရုံသေးသေးလေးကို အလုပ်သွားလုပ် ချင်မည်နည်း။ သူတို့အနေဖြင့် လက်ရှိလစာထက် သုံးဆ ပိုရရင်တောင် နိုင်ငံပိုင်စက်ရုံမှ ထွက်ခွာမည် မဟုတ်ပေ။ 

ဖုန်းယွီက စိတ်ပျက် သွားပေသည်။ သူက သူ့ဝန်ထမ်းများကို သူကိုယ်တိုင် ထိန်းရပေမည်။ သူက အငြိမ်းစား စက်ရုံကြီးကြပ်ရေးမှူးကို ထိုက်ဟွကုမ္မဏီရှိ ဝန်ထမ်းများ၏ လုပ်ငန်းခွင် ကင်းရှင်းရေးနှင့် သူတို့၏ အန္တရာယ် ကင်းရှင်းရေးတို့နှင့် ပတ်သက်ပြီး သင်ခန်းစာပေးရန် ဖြစ်ပေသည်။

ထိုကာလတွင် သူတို့က ပဲပိစပ် တန် ၁၀၀ နီးပါး ဝယ်ခဲ့ပြီး ပဲပိစပ်ဆီ ၁၅ တန် ထုတ်လုပ်နိုင်ခဲ့သည်။ ပဲပိစပ်ဆီနှင့် ဆိုလျှင်တောင် ထိုက်ဟွကုမ္မဏီသည် ယွမ် ၁၅,၀၀၀ ရှာနိုင်ပေသည်။

ထိုကာလက ကာလတိုသာဖြစ်ပြီး သူတို့က ပိုတောင်များများ ရနိုင်ပေသည်။ ဖုန်းရှင်းထိုက်က အပျော်လွန်နေပေ၏။ ပဲပိစပ်ဆီနှင့် ရောင်းအားနှင့်တောင် စက်ရုံက တစ်လလျှင် ယွမ် ၄၀,၀၀၀ ရှာနိုင်ပြီး တစ်နှစ်လျှင် ယွမ် ၅၀၀,၀၀၀ နီးပါး ရမည်ပင်။ 

ယခုတွင် သူ့သား ပြောသည်ကို လက်ခံ ယုံကြည်လာသည်။ သုံးနှစ်အတွင်း ယွမ် ၁,၀၀၀ မှ ယွမ် ၁၀,၀၀၀ ပြောင်းလဲနိုင်ပေမည်။ သို့သော် တစ်ချိန်တည်းတွင် သူက စိုးရိမ်နေသည်။ သူက သကြားပမာဏ များများ ထုတ်လုပ်ထားကာ ထိုသကြားများကို အများပြည်သူထံ မရောင်းချသေးပေ။ သကြားက နာမည်မကြီးတာ ဖြစ်နေပြီလား။ အဘယ့်ကြောင့် သကြားထုတ်လုပ်သည့် စက်တွေကို ပြန်မရောင်းချပဲ နေရသနည်း။ ပြန်မရောင်းချပဲ ပဲပိစပ်ဆီ ထုတ်လုပ်သည့် စက်ကို ပိုမှာယူရသနည်း။ ထိုပဲပိစပ်ဆီများက အလွန်နာမည် ကျော်ကြားပြီး ငွေအတော်ဝင်နေ၏။

***

All Chapters