← Chapters

အခန်း (၉၀)

Vol. 6 Ch. 90

အခန်း (၉၀)

Vol. 6 Ch. 90

ဖုန်းယွီက အရောင်းပိုင်းတွင် ကျွမ်းကျင်သည့် လူတစ်ယောက် မဟုတ်သော်ငြား သူက အနာဂတ်ရှိ အသိပညာများကို ကျွမ်းကျင်မှုအဖြစ် အသုံးချနိုင်ပေသည်။ ထို့အတွက်ကြောင့် သူ့အနေဖြင့် အရောင်းအား အံ့ဖွယ်များ ပြုလုပ်သည့်တိုင် သူက ဆုံးရှုံးခြင်း မရှိပေ။

ဖုန်းယွီက ဝူကျီကန်းကို အခြားပြည်နယ်များရှိ သကြားနှင့် တိရစ္ဆာန်အစာများ ရောင်းချသူများနှင့် စာချုပ်ချုပ်ဆိုရန် တောင်းဆိုထားသည်။ ပဲပိစပ်ပေါ် အာရုံစိုက်ခြင်းက ခဏမျှသာ ဖြစ်သည်။ သူ့အနေဖြင့် ထိုစီးပွားရေးက အနည်းဆုံး သုံးနှစ်မှ ငါးနှစ်အတွင်း အမြတ်ရမည်ဟု ယုံကြည်ချက် ရှိပေသည်။

ဖုန်းယွီက သူ့သကြားကို မကြေညာရသေးခင် စက်ယန္တရား စက်ရုံအတွက် သူမှာယူခဲ့သည့် စက်ပစ္စည်းများက ဘင်းမြို့တော်ကို ရောက်ပြီဖြစ်သည်။

လီရှစ်ချင်က ရွာကိုသွားခဲ့ပြီး ကျွမ်းကျင်ပညာရှင် သုံးဦးကို ဘင်းမြို့တော်သို့ ပြန်ခေါ်ခဲ့ပေသည်။ သူတို့အနေဖြင့် ထိုစက်ရုံတွင် မလိုအပ်တော့ပေ။ သို့သော် ဖုန်းယွီက သူတို့အား လိုအပ်ဆဲဖြစ်ပေ၏။

“ဒါရိုက်တာလီ ထုတ်လုပ်တဲ့ လမ်းကြောင်းတွေက ရောက်လာပြီ။ တစ်ယောက်ယောက်ကို လွှတ်ပြီး ယူခိုင်းလိုက်ပါဉီး”

လီမင်တက သူ့ခုံမှ ထခုန်လိုက်ကာ သူသည် ယင်းသတင်းကို ရက်ပေါင်းများစွာ ကြာအောင် စောင့်ဆိုင်းနေခဲ့ရသည်။

“ဒါသတင်းကောင်းပဲ။ ငါ့ရဲ့လူတွေကို ချက်ချင်းသွားဖို့ ပြောလိုက်ဉီးမယ်”

“ဒါရိုက်တာလီ ဒါက ကျွန်တော်တို့ ကုမ္မဏီက ဝယ်ယူခြင်း စာရင်းပါ။ တစ်ချက် ကြည့်ပြီး ငွေချေပေးပါဉီး”

လီမင်တက မှင်သက် သွားပေသည်။ အဘယ့်ကြောင့် ဖုန်းယွီက သူ့အား ဝယ်ယူခြင်းဆိုင်ရာ စာရင်းကို ပြသနည်း။ ထိုနည်းလမ်းဖြင့် သူက စက်ပစ္စည်းများ၏ မူရင်းကုန်ကျငွေကို သိနိုင်ပေသည်။

အကယ်၍ ဖုန်းယွီကသူ့ကို တကယ် ကုန်ကျငွေကို မပြောလျှင်တောင် သူ့အနေဖြင့် သူကိုယ်တိုင် နည်းလမ်းရှာမည် ဖြစ်သည်။ သို့သော် ထိုအချက်က ကွဲပြားသည့် အချက်နှစ်ခု ဖြစ်ပေ၏။

လီမင်တသည် ဖုန်းယွီထံမှ စာရင်းကို ယူလိုက်ပြီး ယင်းစက်ပစ္စည်းများက အလွန် ဈေးချိုနေသည်ကို တွေ့ပြီး မှင်သက်သွားသည်။

ထိုစက်ပစ္စည်းများ အလွန် ဈေးချိုသည်ကို သူမယုံနိုင် ဖြစ်နေသည်။ အကယ်၍ ဖုန်းယွီက ဈေး ၂၀ ရာခိုင်နှုန်း တင်လျှင်တောင် သူသဘောတူမည် ဖြစ်သည်။ မြို့တော်အစိုးရမှ ရရှိသည့် ဘက်ဂျက်ကလည်း နည်းပါးသည့် ပမာဏမဟုတ်ပေ။

“မစ္စတာဖုန်း မင်းရဲ့ကုမ္မဏီကို ငါဘယ်လောက်ပေးဖို့ လိုသလဲ”

လီမင်တက မေးလိုက်သည်။ အကယ်၍ ဖုန်းယွီက ၂၀ ရာခိုင်နှုန်း လိုချင်လျှင် သူက ချက်ချင်းပင် သဘောတူမည် ဖြစ်သည်။ သို့သော် ဖုန်းယွီက ထိုထက်များများ လိုချင်ပါက သူ့အနေဖြင့် မြို့တော်အစိုးရကို တောင်းဆိုရမည်ဖြစ်ကာ သူ့အား ဖိအား ပေးခိုင်းရပေမည်။ သူ့အနေဖြင့် စက်ယန္တရား စက်ရုံအတွက် ငွေချွေတာနိုင်ခဲ့လျှင် ယင်းအဓိပ္ပာယ်က သူသည် မြို့တော်အစိုးရ၏ငွေကို ချွေတာခြင်းနှင့် အဓိပ္ပာယ် တူပေ၏။

“မစ္စတာဖုန်း ကျွန်တော်ခင်ဗျားရဲ့ ကုမ္မဏီကို ဘယ်လောက် ပေးရမှာလဲ”

“စာရင်းထဲမှ ရေးထားတဲ့ အတိုင်းပါပဲ။ ပစ္စည်းတန်ဖိုးက ရူဘယ် ၂ သန်း ကျတယ်။ သယ်ယူပို့ဆောင်ရေး စရိတ်နဲ့ အခွန်က ရူဘယ်လေးသိန်း ကျတယ်။ စုစုပေါင်း ရူဘယ် ၂.၄ သန်း။ ဒါရိုက်တာလီက ကျွန်တော့်ကို မပေးချင်ဘူးလို့တော့ မပြောနဲ့နော်။ ပြောမှာ မဟုတ်ဘူးမလား။ တကယ်လို့ ခင်ဗျားအနေနဲ့ ဒီစက်တွေ မလိုချင်ဘူးဆိုရင် လင်းပြည်နယ်က စက်ရုံကို ရူဘယ်သုံးသန်းနဲ့ ကျွန်တော် သွားရောင်းနိုင်တယ်”

“ငါလိုချင်တာပေါ့။ ဒီစက်တွေကို မလိုချင်ဘူးလို့ ဘယ်သူက ပြောလို့လဲ။ ငါပိုက်ဆံကို နောက်ကျ ပို့ပေးလိုက်မယ်။ မဟုတ်ဘူး။ မင်းကို ပိုက်ဆံလွှဲဖို့ ငါ့လူတွေကို ချက်ချင်း သွားပြောလိုက်မယ်”

လီမင်တက ဖုန်းယွီသည် ဖြီးဖြန်းတတ်သည့် လူမဟုတ်မှန်း သိပေသည်။ ထိုစက်များက ရူဘယ်လေးသန်း တန်ကြေးရှိရင်တောင် သူ့ထံမှ စက်ဝယ်ယူရန် အချို့သော စက်ရုံများက တန်းစီ ပြောလိမ့်မည်။ သို့သော် အဘယ့်ကြောင့် ဖုန်းယွီက စက်ပစ္စည်း မရောက်ခင် သူ့အား အကြောင်းမကြားသနည်း။ သူက သူ့ခေါင်းဆောင်များကို သင့်လျှော်သည့် ပြင်ဆင်မှုများ ပြုလုပ်ပြီး အခွန်ရှောင်နိုင်ပေသည်။

ဖုန်းယွီက ပြုံးကာ လက်ယမ်းပြီး ပြောလိုက်သည်။ 

“အလျင်မလိုပါနဲ့။ ကျွန်တော့်မှာ မေးခွန်းရှိတယ်။ ဆိုဗီယက် ပြည်ထောင်စုမှ သင်ယူဖူးတဲ့ ဝန်ထမ်းတွေ ခင်ဗျား စက်ရုံမှာရှိလား။ မရှိဘူးမလား။ ဆိုဗီယက် ပြည်ထောင်စုမှာ အရင်က အလုပ်လုပ်ဖူးတဲ့ လူတွေရော ရှိလား။ မရှိဘူးမလား။ အဲ့ဒါဆိုရင် ဒီစက်ပစ္စည်းတွေကို ဘယ်လို တပ်ဆင်ပြီး ချိန်ညှိနိုင်မလဲ”

လီမင်တက မှင်သက် သွားပေသည်။ ဖုန်းယွီပြောသည့် အချက်များက မှန်ပေသည်။ ထိုစက်ပစ္စည်းများက သူတို့ စက်ရုံတွင်ရှိသည့် စက်ပစ္စည်းများထက် ပို အစွမ်းထက်ပေသည်။ သူ့အနေဖြင့် သူတို့ကိုယ်တိုင် စက်ပစ္စည်းများကို တပ်ဆင်ခြင်းနှင့် ချိန်တွယ်ဖို့အတွက် ယုံကြည်ချက် မရှိပေ။ သူတို့အနေဖြင့် သူတို့ ခေါင်းဆောင်များကို စက်ရုံကြီးမှ အင်ဂျင်နီယာအချို့ လွှတ်ပေးဖို့ အကူအညီ တောင်းပုံသာ ပေါ်သည်။

“ငါတို့တွေ ဒီပြဿနာကို ဖြေရှင်းနိုင်ပါတယ်”

ဖုန်းယွီက ခေါင်းညိတ် လိုက်သည်။ ယင်းက သူမျှော်လင့်ထားသည့် အတိုင်းပဲဖြစ်၏။

“အို ဟုတ်သားပဲ။ ဒါရိုက်တာလီ ကျွန်တော်က လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်တဲ့ နည်းပညာ တစ်သုတ်ကိုလည်း ဝယ်ခဲ့တယ်။ အဲ့ဒီထဲမှာ ဒီဇိုင်းတွေ ထွန်စက်တွေရဲ့ ပုံစံတွေ၊ စက်တွေရဲ့ ပုံစံတွေ၊ လယ်တွန်းထွန်စက်ရဲ့ ပုံစံတွေ၊ ကောက်ခြွေစက်တွေရဲ့ ပုံစံတွေနဲ့ အခြားစက်ပစ္စည်းတွေရဲ့ ပုံစံတွေပါ ပါတယ်။ ခင်ဗျားစိတ်ဝင်စားလား”

ဖုန်းယွီက မေးလိုက်သည်။ လီမင်တက အသက်ပြင်းပြင်း ရှူလိုက်ကာ 

“မစ္စတာဖုန်း ခင်ဗျား တကယ်ကြီး ပြောနေတာလား။ အဲ့ဒီစက်ပစ္စည်းတွေအတွက် မင်းမှာ နည်းပညာ ရှိနေတာလား”

“ဟုတ်တယ်။ ဒါတင် မကသေးဘူး ကျွန်တော်က စက်ပစ္စည်း ဒီဇိုင်းတွေနဲ့ ကုန်ကြမ်းကနေ ကုန်ချောအဖြစ် တည်ဆောက်ဖို့အတွက် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာ သုံးယောက်လည်း ငှားထားသေးတယ်။ သူတို့တွေက ခင်ဗျားကို ထုတ်လုပ်တဲ့ လမ်းကြောင်း တပ်ဆင်ခြင်းနဲ့ ချိန်တွယ်ခြင်းတွေကို ကူညီပေးရုံတင် မကဘူး၊ သူတို့အနေနဲ့ ခင်ဗျားတို့မှာရှိတဲ့ စက်ပစ္စည်း အဟောင်းတွေကိုလည်း အဆင့်မြင့်တင် ပေးနိုင်တယ်။ သေချာတာပေါ့။ သူတို့တွေက နည်းပညာ အသစ်တွေကို ခင်ဗျားတို့ရဲ့ အင်ဂျင်နီယာတွေကိုလည်း သင်ကြားပေးနိုင်တယ်”

“အဲ့ဒါဆိုရင်တော့ ငါမင်းကိုပဲ ကျေးဇူးတင်ရတော့မှာပဲ။ စက်ယန္တရား စက်ရုံရဲ့ ဝန်ထမ်းပေါင်း ရှစ်ရာကိုယ်စား မစ္စတာဖုန်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်”

“ခဏစောင့်ပါဉီး။ ကျွန်တော်ကို ကျေးဇူးတင် မစောပါနဲ့။ ကျွန်တော် စောစောက ပြောသလိုပဲ ကျွန်တော် ဒီနည်းပညာတွေနဲ့ ကျွမ်းကျင်ပညာရှင် သုံးဦးကို ငှားဖို့အတွက် လစာများများပေးပြီး တော်တော် ကုန်ခဲ့ရတယ်။ ဒါရိုက်တာလီ အနေနဲ့ ဒီဟာတွေကို အလကားရမယ်လို့ တွေးနေတာလား”

ဖုန်းယွီက မချင့်မရဲ ဖြစ်သွားသည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး လက်ရှိတွင် ရှင်းရှင်းလင်းလင်း လုပ်ရမည် မဟုတ်လော။ ထိုအရာများအတွက် တော်တော်များများ ကုန်ကျခဲ့တာဖြစ်ပြီး အဘယ့်ကြောင့် ဒါရိုက်တာလီက သူ့အား စဉ်းစားနေသနည်း။

လီမင်တက ရှက်ကိုးရှက်ကန်း ဖြစ်ကာ ရယ်လိုက်ရင်း

“ငါတို့အနေနဲ့ ဒီနည်းပညာတွေ ကျွမ်းကျင်သူ သုံးယောက်အတွက် ဘယ်လောက်ပေးဖို့ လိုအပ်လဲ”

ဖုန်းယွီ၏ မျက်နှာတွင် ကျေနပ်သည့်ပုံ ပေါ်လာသည်။ ယင်းသည် အမှန်ပင်။ ဒီပစ္စည်းတွေ အတွက် ငါဘာမှမရဘူးဆိုရင် မင်းအနေနဲ့ ငါလှူနေတယ်လို့ တွေးနေတာလား။

“ဈေးမကြီးပါဘူး။ စုစုပေါင်းမှ ရူဘယ်သုံးသန်းပါ။ အဲ့ဒီ ကျွမ်းကျင်ပညာရှင် သုံးယောက်က ခင်ဗျားအတွက် ခြောက်လ အလုပ်လုပ်ပေးနိုင်တယ်။ ပြီးတော့ သူတို့တွေက ပြီးတာနဲ့ထွက်သွားမှာ”

“ဘယ်လောက်လဲ။ ရူဘယ်သုံးသန်းလား။ မစ္စတာဖုန်း ခင်ဗျားအနေနဲ့ ဒီလောက် များပြားတဲ့ဈေးကို တောင်းလို့မရဘူးလေ”

လီမင်တက အလွန်အံ့အားသင့် မှင်သက်နေသည်။ သူ့အနေဖြင့် ထိုနည်းပညာများနှင့် ကျွမ်းကျင်သူများ၏ တန်ဖိုးက စက်ပစ္စည်းများ၏ တန်ဖိုးထက် များလိမ့်မည်ဟု လုံးဝ မမျှော်လင့်ခဲ့ပေ။

“ပမာဏက ဘယ်လောက် များနေလို့လဲ ဒါရိုက်တာလီ။ စိတ်မဝင်စားဘူးဆိုရင် ကျွန်တော်ကို အရှိကို အရှိအတိုင်း ပြောလို့ရပါတယ်။ ကျွန်တော့် အနေနဲ့ ဒီနည်းပညာတွေနဲ့ ကျွမ်းကျင်သူများ ရှိတဲ့အတွက် တော်တော်များများ သုံးခဲ့ရတယ်။ ပြီးတော့ ခင်ဗျားဆီကတောင် ကျွန်တော်ဘာမှ မရသေးဘူး။ ဒါက ရူဘယ်သုံးသန်းပဲ။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘင်းမြို့တော် စက်ယန္တရား စက်ရုံက တရုတ်နိုင်ငံ တစ်နိုင်ငံလုံးမှာ ဦးဆောင်နိုင်မှာ။ ပြီးတော့ တစ်ကမ္ဘာလုံးကလည်း လယ်ယာသုံး စက်ပစ္စည်း ထုတ်လုပ်တာကို အာရုံစိုက်ကြလိမ့်မယ်။ ထပ်ပြောရရင် ခင်ဗျားကို လမ်းညွှန်မှုပေးဖို့ ကျွမ်းကျင်ပညာရှင် သုံးဦးတောင် ပါသေးတယ်။ ဒါက ကောင်းမွန်တဲ့အရာပဲ အဲ့ဒါတောင် ဈေးကြီးတယ်လို့ ခံစားနေရသေးတာလား”

ဖုန်းယွီက ထိတ်လန့်နေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။

တကယ်တမ်းကျတော့ ယင်းနည်းပညာများနှင့် စက်ပစ္စည်းများ၏ စုစုပေါင်း တန်ဖိုးက ရူဘယ်နှစ်သန်း ရှိသည်။ သို့သော် ယင်းစက်ပစ္စည်းများက အဆင့်မြင့်ကာ သူတို့က နောက်ဆုံး နည်းပညာများလည်း မဟုတ်ပေ။ ကီရီလန်ကိုက ထိုစက်ပစ္စည်းများအတွက် ဖုန်းယွီကို ရူဘယ် ၈၀၀,၀၀၀ တောင်းပြီး နည်းပညာ စာရွက်စာတမ်းများနှင့် အသေးစိတ် ပုံစံငယ်များအတွက် ရူဘယ် ၁၂၀,၀၀၀ တောင်းပေသည်။

သေချာသည်မှာ ကီရီလန်ကိုက ထိုအရာများကို ပိုဈေးသက်သက်သာသာနှင့် ရခဲ့သည်။ အကယ်၍ ယင်းနည်းပညာများကို ဈေးကွက်အတွင်း ရောင်းချခဲ့ပါက ထိုအရာက ရူဘယ်သုံးသန်းကျော်ဖြင့် ရောင်းချရပေမည်။

ဖုန်းယွီက ကီရီလန်ကိုအား နည်းပညာနှင့် စက်ပစ္စည်းများ၏ တန်ဖိုးကို ခွဲပေးရန် တောင်းဆိုလိုက်သည်။ ယင်းအရာများကို လုပ်ခြင်းအတွက် အခွန်ငွေ များသော်လည်း ယင်းက နည်းပညာများ၏ ကုန်ကျစရိတ်ကို ဝှက်ထားပေးနိုင်ပေသည်။ ယင်းအချက်က ကီရီလန်ကိုသည် ယင်းစက်ပစ္စည်းများကို လက်သင့်ခံရန် မလွယ်ကူသလို ယင်းထဲတွင် အန္တရာယ်များလည်း ပါဝင်နေပေသည်။ အနာဂတ်တွင် သူတို့အနေဖြင့် ယင်းကဲ့သို့သော အခွင့်အရေးမျိုး ရနိုင်မှာမဟုတ်ပေ။ ယင်းမှာ အမြတ်များရရန် အခွင့်အရေးကို ဖုန်းယွီမည်ကဲ့သို့ လက်လွှတ်ခံမည်နည်း။ 

“မစ္စတာဖုန်း ကျွန်တော်တို့တွေ အကုန်လုံးက ဘင်းမြို့တော်သူ မြို့တော်သားတွေပဲ။ ဒါက မြို့တော်အတွက် ကောင်းမွန်တဲ့ အရာလေ။ နည်းပညာတွေနဲ့ ပတ်သက်တဲ့ ဈေးနှုန်းကို လျော့ချမပေးနိုင်တော့ဘူးလား”

ယခုအချိန်တွင် ဒါရိုက်တာလီက ဆက်ဆံရေး အကြောင်းကို ပြောဆိုနေခြင်း ဖြစ်ပေသည်။ ဖုန်းယွီကို အစောပိုင်းက နောက်ကျောကို ရိုက်ခဲ့သည့်သူ မဟုတ်ပါလော။

“အိုက်ယား ငါရုတ်တရက် သတိရသွားပြီ၊ မနက်ဖြန်ကျရင် လင်းပြည်နယ်ကို ခရီးသွားဖို့ လုပ်ထားတာပါလား။ ငါဒီနေ့ စောစော အနားယူမှ ရမယ်။ အဲ့ဒါဆိုတော့ ဘာကိစ္စမှ မရှိဘူးဆိုရင် ကျွန်တော် သွားတော့မယ်နော်”

ဖုန်းယွီက ပြောပြီး မတ်တပ် ရပ်လိုက်သည်။ လီမင်တက သူ့လက်ကို ထုတ်လိုက်ကာ ဖုန်းယွီ၏ ပခုံးပေါ်ဖိကာ သူ့အား ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ရန် တွန်းအားပေးလိုက်သည်။

“မစ္စတာဖုန်း ကျွန်တော်တို့တွေ ဆွေးနွေးနေတာ မပြီးသေးဘူးလေ။ ခဏလောက် နေပါဉီး” 

ဖုန်းယွီက စိတ်တိုသည့် လေသံဖြင့် ပြောလိုက်၏။

“ဘာများဆွေးနွေးစရာ ရှိနေသေးလို့လဲ။ ခင်ဗျားက ဒီအရာကို ဈေးကြီးနေတယ်လို့ တွေးနေတဲ့ လူတစ်ယောက်လေ။ ကိစ္စမရှိဘူး။ ကျွန်တော်လည်း ဒီဈေးက များတယ်လို့ ခံစားရတယ်။ ဆိုဗီယက်တွေက ကျွန်တော့်ကို ညာလိုက်တာပဲ ဖြစ်ရမယ်။ ကျွန်တော် လင်းမြို့တော်ကို သွားပြီး စက်ရုံတွေကို မေးကြည့်မယ်။ တကယ်လို့ သူတို့တွေက မဝယ်ချင်ဘူးဆိုရင် ဒီပစ္စည်းတွေကိုလည်း ပြန်သွင်းဖို့အတွက် နည်းလမ်းရှာတာပေါ့။ တရုတ်ပြည်ထက် ဆယ်နှစ်ကျော်တောင် ပိုပြီးတော့ အဆင့်မြင့်တယ်။ ငါဒီစီးပွားရေးကို နောက်တစ်ခါ ထပ်လုပ်တော့မှာ မဟုတ်ဘူး”

“မဟုတ်ဘူး မဟုတ်ဘူး မဟုတ်ဘူး။ မစ္စတာဖုန်း ခဏလောက် စောင့်ပါဉီး။ ကျွန်တော် အရင်ဆုံး ဖုန်းခေါ်ပါရစေ။ ကျွန်တော်တို့ရဲ့ ကန်တင်းမှာ နေ့လယ်စာအတွက် ခဏစောင့်ပါဉီး။ ကျွန်တော် နေ့လယ်ခင်းမှာ ခင်ဗျားကို အဖြေပြန်ပေးမယ်လေ”

ဖုန်းယွီက အင်တင်တင်ဖြင့် လက်ခံလိုက်ကာ လီမင်တ၏ သတင်းကောင်းကို စောင့်ရန်ရှိတော့သည်။

***

All Chapters