← Chapters

မမျှော်လင့်ထားသည့် ဖိတ်ခေါ်မှု တစ်ခု

Vol. 7 Ch. 91

မမျှော်လင့်ထားသည့် ဖိတ်ခေါ်မှု တစ်ခု

Vol. 7 Ch. 91

ဖုန်းယွီသည် လီမင်တထံမှ သတင်းကောင်းကို စောင့်ရန် အခွင့်အရေး မရခဲ့ပေ။ သူက သတင်းဆိုး တစ်ရပ်သာ ရခဲ့သည်။ လက်ထောက် မြို့တော်ဝန်မှ ဖိတ်ကြားခြင်းပင် ဖြစ်ပေသည်။

ပထမဦးဆုံး ဖုန်းယွီ၏ တုံ့ပြန်မှုက လီမင်တက တစ်ခုခုကို ထပ်လုပ်လိုက်ပြန်ပြီပင် ဖြစ်သည်။ သူသည် လက်ထောက် မြို့တော်ဝန်နှင့် သူ၏အဆက်အသွယ်ကို အသုံးချကာ ဖုန်းယွီကို နည်းပညာနှင့် ကျွမ်းကျင်သူများအား ရောင်းရန် သို့မဟုတ် ပေးရန် တွန်းအားပေးကာ စက်ယန္တရား စက်ရုံသို့ ပို့ဆောင်စေမည်ပင်။

ချီးပဲ။ ဖုန်းယွီက တကယ်ပင် လီမင်တကို မုန်းသည်။ ဖုန်းယွီ၏ အတွေးတွင် လီမင်တက စက်ရုံ၏ဝင်ငွေနှင့် အလုပ်အကိုင်များကို ကာကွယ်ရန် ဖုန်းယွီကို မှောင်ခိုကူးသည်ဟု စွပ်စွဲခဲ့သည်။ ပြီးနောက် ထိုအကြောင်းကိုလည်း ဖုန်းယွီက သူ့အား အပြစ်တင်ခဲ့ခြင်း မရှိပေ။ သို့သော် ယခုတွင် ထိုသူက ဖုန်းယွီကို ပြဿနာတစ်ခု ထပ်ဖန်တီးသည်ပင်။

သို့သော် ဖုန်းယွီသည် လက်ထောက်မြို့‌တော်ဝန်နှင့် တွေ့ဆုံရန်အတွက် အခွင့်အရေးကိုလည်း စောင့်ဆိုင်းနေတာ ဖြစ်ပေသည်။ စက်ပစ္စည်းများနှင့် နည်းပညာများကို ခွဲရောင်းရသည့် အကြောင်းပြချက်များထဲမှ တစ်ခုက သူသည် လက်ထောက် မြို့တော်ဝန်နှင့် တွေ့ရန် အခွင့်အရေး လိုချင်သောကြောင့်ဖြစ်သည်။ သူသည် လက်ထောက် မြို့တော်ဝန်နှင့် တွေ့ဆုံရသည့် အခွင့်အရေးကို အသုံးချကာ ဘင်းမြို့တော်၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အားဖြည့်စေမည်ပင်ဖြစ်သည်။

သို့သော် သူသည် လက်ထောက် မြို့တော်ဝန်နှင့် တွေ့သည့်အခါ လုံးဝ အံ့အားသင့် သွားသည်။ အဘယ်ကြောင့် လက်ထောက် မြို့တော်ဝန်က သူဖြစ်နေရသနည်း။ လက်ထောက် မြို့တော်ဝန်သည် သူ့ခုံတွင် ထိုင်နေကာ ဖုန်းယွီကို ကြည့်နေသည်။ ကျန်း‌ရွေ့ချင် မှတစ်ပါး တခြားသူ မဖြစ်နိုင်ပေ။

“အရာရှိကျန်း၊ မဟုတ်ပါဘူး၊ လက်ထောက် မြို့တော်ဝန်ကျန်းလို့ ခေါ်သင့်တာ။ လက်ထောက် မြို့တော်ဝန်က ဘယ်လိုလုပ် ရောက်လာတာလဲ”

“ဟား ဟား ဟား ဟား ဟား...... မင်း အံ့ဩသွားသလား။ ငါ ဒီနေရာကို မနေ့ကမှ ပြောင်းလာတာ။ အနာဂတ်ကျ ငါ မြို့တော်အစိုးရရဲ့ ဒီရုံးမှာပဲ အလုပ်လုပ်ရတော့မှာ”

ကျန်းရွေ့ချင်က ပျော်ရွှင်စွာ ရယ်မောနေသည်။ သူသည် ဖုန်းယွီ၏ ထိတ်လန့်ဖွယ် အမူအရာကို ကြုံတောင့်ကြုံခဲ တွေ့ရခြင်းပင် ဖြစ်သည်။ ယင်းဖုန်းယွီက အမြဲတမ်း တည်ငြိမ်နေပြီး စိတ်ထိန်းချုပ် ထားတတ်ကာ အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအောက်တွင် ရှိသလိုမျိုး ဖြစ်ပေသည်။

ဟ....မှင်သက် သွားတာလား။

ဖုန်းယွီက အံ့ဩသွားသည်။ သို့သော် ထိတ်လန့်ခြင်း မပြုပေ။ သူသည် ကျန်းရွေ့ချင်က မြို့တော်အစိုးရ၏ လက်ထောက် မြို့တော်ဝန်အဖြစ် ပြောင်းရွှေ့ခံရပြီးနောက် မြို့တော်ဝန်အဖြစ် ရာထူးတိုး ခံရမည်ကို သိသည်။ ထို့အပြင် သူက နိုင်ငံတော်၏ ဝန်ကြီးတစ်ယောက် အဖြစ်လည်း ရာထူးတိုးခံရမည် ဖြစ်သည်။

သို့သော် ဖုန်းယွီက ထိုအဖြစ်အပျက်များ ဖြစ်ပျက်မည့် အချိန်ကို တိတိကျကျ မသိပေ။ သူသည် ကျန်းရွေ့ချင်က သူ၏အရင် ဘဝတုန်းက ဤနေရာကို အပြောင်းခံရဖူးလား ဆိုတာ မသေချာပေ။ ကျန်းရွေ့ချင်၏ အပြောင်းက ယခု ကာလတွင် ဖြစ်သည်ကိုတော့ သိသည်။

“ကျွန်တော် နည်းနည်းလေး အံ့ဩသွားရုံပါ။ ဒါပေမယ့် အရမ်းကြီးတော့ အံ့အားမသင့်ပါဘူး။ မြို့တော်ဝန်လို ထက်မြက်တဲ့ သူတစ်ယောက် အနေနဲ့ မြို့တော် အစိုးရ ဖြစ်သင့်တာပေါ့။ ရာထူးတိုးတဲ့အတွက် ဂုဏ်ယူပါတယ်”

“ဒီနေ့မင်းကို ဘာကြောင့် ခေါ်ရလဲဆိုတာ မင်းသိတယ် မဟုတ်လား”

ကျန်းရွေ့ချင်က မတ်တပ်ရပ်ကာ ဆိုဖာဆီသို့ ဖုန်းယွီနဲ့အတူ လမ်းလျှောက်သွားသည်။

“လက်ထောက် မြို့တော်ဝန် အနေနဲ့ ရုံးခန်းက ဒီမှာ ရှိတယ်ဆိုတာ ကျွန်တော့်ကို သိစေချင်လို့ မဟုတ်ဖူးလား”

ဖုန်းယွီက အကြောင်းပြချက်ကို မသိသည့်အလား ဟန်ဆောင်လိုက်သည်။

“ငါ့ကို ဟန်ဆောင်နေတာတွေ ရပ်လိုက်ပါတော့။ မင်းက ဆိုဗီယက် ပြည်ထောင်စုကနေ အဆင်မြင့် စက်ပစ္စည်းတွေ တင်သွင်းပြီး ငါတို့ရဲ့ စက်ယန္တရား စက်ရုံကို ရောင်းမယ်။ ဒါက တကယ်‌ ကောင်းမွန်တဲ့ ကိစ္စပဲ။ မင်းက ငါတို့ရဲ့ အမိမြေကို ထောက်ပံ့မှုတွေ ပြုလုပ်ပေးနေတာ။ ဒါပေမယ့် ဘာကြောင့် နည်းပညာက ဒီလောက် များပြား နေရတာလဲ”

ကျန်းရွေ့ချင်က ဖုန်းယွီကို ညွှန်ပြကာ မေးလိုက်သည်။

“ကျွန်တော်က ရိုးအပါတယ်။ မြို့တော်ဝန်ကျန်း။ လီမင်တက မြို့တော်ဝန်ကို ပြောပြီးမှာပါ။ ဆိုဗီယက် ပြည်ထောင်စုက ဒီစက်တွေကို ကျွန်တော် ယွမ်နှစ်သန်းနဲ့ တင်ပို့ခဲ့ပါတယ်။ အခွန်အခနဲ့ သယ်ယူပို့ဆောင် စားရိတ် စုစုပေါင်းဆိုရင် (၂.၄)သန်း ရူဘယ်ပါ။ လင်းပြည်နယ်က ကျွန်တော့်ကို စျေးမြင့်မြင့် ပေးပါတယ်။ ဒါပေမယ့် ကျွန်တော် သူတို့ကို မရောင်းပါဘူး။ လီမင်တက ကျွန်တော့်ကို (၂.၄) သန်း ရူဘယ်ပဲ ပေးချင်တာ။ ကျွန်တော်က အဲ့ဒီမှာတင် ရှုံးနေပြီလေ။ ကျွန်တော့်အနေနဲ့ ဆိုဗီယက်တွေ စိတ်ချမ်းသာဖို့ အတွက်လည်း သုံးဖြုန်းပေးရဦးမယ်လေ။ ကျွန်တော်ရဲ့ ဒီစက်ပစ္စည်းတွေအတွက် ကုန်ကျ စားရိတ်က ရူဘယ်(၃)သန်းထက် ပိုပါတယ်”

“တကယ်ကြီးလား”

ကျန်းရွေ့ချင်က ဖုန်းယွီအား မယုံကြည်ပေ။ အကယ်၍ ထိုစက်ပစ္စည်းများသည် ရူဘယ် (၃)သန်း ကျော်လွန်ပါက ဖုန်းယွီက လီမင်တကို သူ၏ကုမ္ပဏီမှ ကုန်ကျစားရိတ် စာရင်းအား ပြမည်နည်း။

“သေချာတာပေါ့။ အဲ့တာက မှန်တာပဲလေ။ တကယ်လို့ ကျွန်တော့်ရဲ့ အဆက်အသွယ်တွေကို အသုံးမပြုခဲ့ဘူး ဆိုရင် မြို့တော်ဝန်တို့ ဒီနည်းပညာတွေကို ရူဘယ် ငါးသန်း ပေးတာတောင် ရမှာမဟုတ်ပါဘူး။ မြို့တော်ဝန် အနေနဲ့ လီမင်တဆီ သွားပြီး ဒီလိုအမျိုးအစား စက်ပစ္စည်းတွေ ဝယ်ယူတဲ့ အကြောင်းကို မေးလို့ရပါတယ်။ နည်းပညာတွေက စက်ပစ္စည်းတွေထက် အဖိုးထိုက်တန်ပါတယ်။ ကြီးမြတ်သည့် အရာက ပြောခဲ့တယ်။ သိပ္ပံနဲ့ နည်းပညာက ထုတ်လုပ်မှုမှာ အရေးအကြီးဆုံး အရာတွေပဲ”

စက်တင်ဘာလတွင် ကြီးမြတ်သည့် အရာဟု အမည်ပေးထားသည့် သိပ္ပံနှင့် နည်းပညာ ဆိုင်ရာကို မိတ်ဆက်ခဲ့သည်။ အကြောင်းမှာ ထုတ်လုပ်မှုအတွက် အ‌ရေးကြီးသည့် အရာများ ဖြစ်သည့် အတွက်ပင်။ ကျန်းရွေ့ချင်က ယင်းအကြောင်းကို သိသည်။ သို့သော် ဖုန်းယွီသည်လည်း ထိုအကြောင်းကို သိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

“ကျွန်တော် မြို့တော်ဝန်ကို အမှန်အတိုင်း ပြောပြပေးပါ့မယ်။ မြို့တော် အစိုးရက စက်ယန္တရား စက်ရုံကို ယွမ်(၁၅) သန်း ဘတ်ဂျက် ချပေးပါတယ်။ ရူဘယ် (၂.၄) သန်းက စက်ပစ္စည်းတွေနဲ့ ကျန်တဲ့ နည်းပညာတွေ အတွက်ပါ”

ထိုအရာက ရူဘယ် (၄)သန်းတောင် မရှိပေ။ ထိုအရာက ဖုန်းယွီ မျှော်လင့်ထားသည်ထက် ကွဲပြားခြားနားချက် အဖြစ် စဉ်းစား၍ ရနိုင်သည်။ ဖုန်းယွီ၏ အတွေးတွင် နည်းပညာသည် အနည်းဆုံး ယွမ် သန်း (၂၀) တန်မည် ဖြစ်သည်။ သူက နည်းပညာကို ရရန်အတွက် ရူဘယ်နှစ်သန်း အသုံးပြုခဲ့သော်ငြား သူက ကီရီလန်ကို့ကို ကျေးဇူး အကြွေးတင်နေသည်။

ထပ်ပြောရလျှင် စက်ပစ္စည်းများနှင့် နည်းပညာက ရူဘယ် (၅) သန်းထက် ပိုတန်ဖိုးရှိပေသည်။ ဖုန်းယွီအတွက် ရူဘယ် သန်း(၂၀) သည် အလွန်နည်းသည် ဟုပင် ခံစားရစေသည်။ ယခုအချိန်တွင် သူက ယွမ်(၁၅) သန်းကိုသာ ကမ်းလှမ်းပြီး ကွာဟချက်သည်လည်း အလွန်ကြီးမားပေ၏။

“မြို့တော်ဝန်ကျန်းလည်း နည်းပညာက စက်ပစ္စည်းတွေထက် စျေးချိုသင့်တယ်လို့‌ တွေးနေတာလား။ ကိစ္စမရှိပါဘူး။ ကျွန်တော် လင်းပြည်နယ် စက်ယန္တရား စက်ရုံကို သွားနိုင်တယ်။ သူတို့တွေက ဒီအရာတွေ အတွက် စျေးကောင်းကောင်း ပေးမယ်လို့ ကျွန်တော်ထင်တယ်။ ဆိုဗီယက် ပြည်ထောင်စုရဲ့ လယ်ယာသုံး စက်ပစ္စည်းများ ထုတ်လုပ်တဲ့ နည်းပညာ ကျွန်တော့်မှာ ရှိတယ်ဆိုတဲ့ သတင်းက ပြန့်သွားမယ်ဆိုရင် ကျွန်တော့် အနေနဲ့ ဒီစက်ပစ္စည်းတွေကို ယွမ်(၁၅) သန်း ထက်ပိုပြီး ရနိုင်မယ်လို့ မြို့တော်ဝန် အနေနဲ့ ယုံလား”

ကျန်းရွေ့ချင်က ဖုန်းယွီကို ကြည့်ကာ ပြုံးလိုက်သည်။

“အဲ့တာဆိုရင် မင်းဘာကြောင့် အဲ့လို မလုပ်တာလဲ။ ကောင်းပြီ။ မင်းလိုချင်တာ ငါ့ကိုပြော၊ ပိုက်ဆံက လွဲပြီးပေါ့။ တကယ်လို့ အဲ့ဒီကိစ္စက တရားမဝင်ဘူး ဆိုရင်တော့ ငါသဘောတူမှာ မဟုတ်ဖူးနော်”

ကျန်းရွေ့ချင်၏ အစိုးရ အမှုထမ်းသက် နှစ်များက ပုံမှန်ပြရုံတောင် မဟုတ်ပေ။ သူက ယခု လက်ရှိနေရာကို အသက်(၄၀) မတိုင်ခင် တက်လမ်း ရောက်ရှိခဲ့သည်။ ယင်းအဓိပ္ပါယ်က သူသည် အရည်အချင်း ပြည့်ဝသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဖုန်းယွီက ထိုအကြောင်းအရာများကို ပြောနေကတည်းက သူ့အနေဖြင့် ငွေရေးကြေးရေး ဆိုင်ရာ မဟုတ်သည့် ကိစ္စတစ်ရပ်ရပ် သေချာပေါက် ရှိမည်ပင် ဖြစ်သည်။

ဖုန်းယွီက အံ့ဩမှင်သက်စွာဖြင့် သူ့နှာခေါင်းကို ထိလိုက်ပြီးနောက် ကျန်းရွေ့ချင်ကို ခွန်းတုံ့ပြန် လိုက်၏။

“တကယ်တော့ ကျွန်တော်လည်း အမိမြေအတွက် တစ်ခုခု လုပ်ပေးချင်ပါတယ်။ ပြီးတော့ ကျွန်တော့် အနေနဲ့ စျေးချိုချိုကိုလည်း လက်ခံနိုင်ပါတယ်။ မြို့တော်ဝန် ဘက်က ပြောပြီဆိုမှတော့ ကျွန်တော့် ဘက်ကလည်း ကိစ္စသေးသေးလေးကို တောင်းဆိုစရာ ရှိပါတယ်။ မြို့တော်ဝန် အနေနဲ့လည်း ဘင်းမြို့တော်က ဗရမ်းဗတာတွေ ဖြစ်နေတယ်လို့ မတွေးမိဘူးလား”

“ဗရမ်းဗတာတွေ ဖြစ်တယ်တဲ့လား။ ဘာကိုဆိုလိုတာလဲ။ မြို့တော်ရဲ့ တရားစီရင်မှုလား ဒါမှမဟုတ်ရင် လုံခြုံမှုလား။ ဒါမှမဟုတ် တစ်ခုခုလား”

“လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ အမိန့်တွေက ရင်းနှီးမြှုပ်နှံတဲ့ သူတွေကို ဆွဲဆောင်တဲ့ နေရာမှာ အဓိက ကျတယ်။ အစောပိုင်းတုန်းက ကျွန်တော့်ရဲ့ ကုမ္ပဏီက ရမ်းသမ်း ဖျက်ဆီးတာ ခံလိုက်ရတယ်။ မြို့တော်ဝန် အနေနဲ့လည်း ဒီအကြောင်းကို သိမှာပါ။ စုန့်လောင်စီရဲ့တူက အရမ်းကို မိုက်ရိုင်းပါတယ်။ စုန့်လောင်စီကို ပြောတာ မဟုတ်ဖူးနော်။ အခုလက်ရှိတော့ စုန့်လောင်စီက သူ့ရဲ့ဘဝမှာပဲ သာယာနေတယ်။ ဒါပေမယ့် ခြေကျိုးဝမ့်၊ အစ်ကိုကေနဲ့ အနောက်တိုင်း ပေါက်စီတို့ကလည်း ရှိသေးတယ်လေ။ သူတို့တွေ အားလုံးက လျှို့ဝှက်အဖွဲ့အစည်းတွေ။ မြို့‌တော်ဝန်ကို အမှန်တိုင်းပြောရရင် ကျွန်တော့်အနေနဲ့ ဘင်းမြို့တော်မှာ သံယောဇဉ်သာ မရှိခဲ့ရင် ကျွန်တော့်ကုမ္ပဏီကို တခြားနေရာ တစ်ခုခုကို ပြောင်းပြီးပြီ။ အဲ့ဒီနေရာမှာ ကျွန်တော် အကြမ်းထည်ကနေ ပြန်စရကောင်း စရနိုင်ပေမယ့် နေ့တိုင်း ကြောက်ရွံ့မှုနဲ့ နေနေရတာထက် ပိုကောင်းတယ်လေ”

ဖုန်းယွီ၏၏ မူလအစီအစဉ်သည် လက်ထောက် မြို့တော်ဝန်ကို ဤအကြောင်းပြောပြီး သူက အဆင်မြင့် အရာရှိများကို ပြန်ပြောနိုင်လေသည်။ မြို့တော်အစိုးရက ယင်းဂိုဏ်းဂဏများကို ရင်ဆိုင်၍ ဟန့်တားပါက ယင်းသူဌေးများလည်း ဖယ်ရှား သုတ်သင်ခံရမည် ဖြစ်ပေသည်။ ထိုအရာများက ဖုန်းယွီကို ကာလကြာရှည် နှောင့်ယှက်နေခဲ့သည်။

ကျန်းရွေ့ချင်က စီးကရက်ဘူးထဲမှ စီးကရက်တစ်လိပ်ကို ထုတ်ယူလိုက်ကာ အားပြင်းပြင်း ရှိုက်လိုက်တော့သည်။ သူက အတန်ကြာ ငြိမ်နေသည်။

ဖုန်းယွီက မချင့်မရဲ ဖြစ်နေသည်။ မြို့တော်အစိုးရ အနေဖြင့်လည်း ယင်းဂိုဏ်းများကို မရှင်းချင်တာလည်း ဖြစ်နိုင်သည်။ ပြီးနောက် သူတို့ အနေဖြင့် ဗဟိုအစိုးရ၏ လမ်းညွှန်မှုကို စောင့်ဆိုင်းနေသည်လော။ သို့မဟုတ် ဖုန်းယွီ ကျန်းရွေ့ချင်နှင့် ဆွေးနွေးရာတွင် အသုံးပြုသည့် အစအနက ဆွဲဆောင်မှု မရှိသည်လော။

“ငါအခုမှ ဒီနေရာကို ပြောင်းလာတာ။ ငါ ဒီမှာရှိတဲ့ လူတွေနဲ့ အခြား အကြောင်းအရာတွေကို ရင်းနှီးမှု မရှိသေးဘူး။ ခေါင်းဆောင်တွေက ငါ့စကား နားမထောင်လောက်သေးဘူး”

ကျန်းရွေ့ချင်က ထိုခေါင်းဆောင်များသည် သူတို့၏ ကိုယ်ကျိုးအတွက် ယင်းဂိုဏ်းများကို မသန့်ရှင်းသည့် နည်းလမ်းဖြင့် သုံး‌နေသည်ကိုလည်း သိပေသည်။ တစ်ချိန်တည်းတွင် သူတို့က ဂိုဏ်းများကို ရင်ဆိုင်ရန် သက်သေများကိုလည်း စုဆောင်းနေသည်။ သူတို့တွင် သက်သေများ လုံလောက်ပါက ယင်းဂိုဏ်းများကို ဖမ်းနိုင်မည် ဖြစ်ပေသည်။ အကယ်၍ သူတို့အနေဖြင့် လက်ရှိတွင် ယင်းဂိုဏ်းများကို ရပ်အောင်လုပ်လျှင် ထိုအရာက အသုံးဝင်မည် မဟုတ်ပေ။ ထိုအကြောင်းအရင်းကြောင့် ကျန်းရွေ့ချင်က ဖုန်းယွီကို ကတိမပေးလိုက်ခြင်းပင် ဖြစ်သည်။

“အဲ့တာဆိုတော့ မြို့တော်ဝန် အနေနဲ့ ဒီမှာထိုင်ပြီး သူတို့ကို ဘာမှမလုပ်နိုင်တာလား။ သူတို့တွေက ဘင်းမြို့တော်ရဲ့ စီးပွားရေးနဲ့ ပက်သက် ဆက်နွှယ်နေတာ။ ဒါပေမယ့် သူတို့တွေက မြို့တော်ကို ပိုပြီးများတဲ့ အန္တရာယ်တွေကိုလည်း ယူဆောင်လာတယ်။ ကျွန်တော့်အနေနဲ့ ဒီလိုမျိုး မကောင်းဆိုးဝါးတွေရဲ့ လိုချင် တပ်မက်မှုကို ဂရုမစိုက်ဖူးဆိုတာ မယုံနိုင်ဘူး။ ဒါတွေက ကောလာဟလတွေ မဟုတ်ဖူးပဲ”

ဖုန်းယွီက ဒေါသခြောင်းခြောင်း ထွက်သွားသည်။ အကယ်၍ လူကောင်း တစ်ယောက်က အမှားတစ်ခုကို လုပ်မိပါက သူတို့က ဆူပူကြိမ်းမောင်းပြီး လူအများ၏ အပြစ်ပေးမှုကို ခံရသည်။ သို့သော် မကောင်းသည့် သူများက ကောင်းသည့် အရာတစ်ခုကို လုပ်ပါက လူတိုင်းက ထိုလူအတိတ်က လုပ်ခဲ့သော မကောင်းသည့် အရာများကို ခွင့်လွှတ်ပေးသည်လော။ ထို့ကြောင့် ကောင်းသည့် သူများက သူတော်စင် တစ်ယောက်ဖြစ်ရန် ခက်ခဲပေသည်။ သို့သော် မကောင်းသည့် သူတစ်ယောက် အနေဖြင့် ပိုမိုကောင်းမွန်အောင် ပြောင်းလဲချင်ပါက သူသည် ချက်ချင်းပင် လူကောင်း ဖြစ်သွားပေသည်။

“ငါ သူတို့တွေကို ဒီတိုင်း မထားပါဘူး။ တစ်နှစ်အတွင်း သူတို့တွေ ရှင်းထုတ်ခံရမယ်။ ငါ ကွန်မြူနစ်ပါတီကို ကျိန်ဆိုရဲတယ်”

***

All Chapters