ရှယ်ရာရှင် အောင်အောင်မြင်မြင်ဖြင့် ဖြစ်သွားခြင်း
Vol. 7 Ch. 94
မြို့တော်အစိုးရ ချမှတ်ထားသည့် အကျိုးအကြောင်း မဆီလျော်သည့် အချက်များကို ဖုန်းယွီ လက်ခံဖို့က မဖြစ်နိုင်ပေ။ အကယ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ တစ်ယောက်ဖြစ်လျှင် မြို့တော်အစိုးရက ယင်းကဲ့သို့ လုပ်မည် မဟုတ်ပေ။ သို့သော် ဖုန်းယွီက လုံကျန်းပြည်နယ်မှ ပြည်နယ်သား တစ်ယောက်ပင် ဖြစ်သည်။
စက်ယန္တရား စက်ရုံ၏ မူလတန်ဖိုးသည် ရူဘယ်ဆယ်သန်းခန့်သာ ပိုပေသည်။ သို့သော် ချက်ချင်း ဆိုသလိုပင် ၂၇ သန်း ရူဘယ်အထိ တန်ဖိုးက တက်သွားသည်။ အကြောင်းမှာ မြို့တော်အစိုးရက ရင်းနှီးမြှုပ်နှံငွေများကို ယင်းစက်ရုံတွင် ထည့်လိုက်သည့် အတွက် ဖြစ်သည်။ သို့သော် ပုံမှန်အရင်းအနှီးက ချဲ့ကားထားရာ ရောက်နေပေသည်။
သို့သော် တိတ်တိတ်နေခြင်းက မြို့တော်အစိုးရကို ဖုန်းယွီ ပေးကမ်းရာ ရောက်ပေသည်။ အစိုးရနှင့် အနာဂတ်တွင် ဆက်ဆံရေးကောင်း တည်ဆောက်ရန် အတွက်ကြောင့်သာ မဟုတ်လျှင် ဖုန်းယီသည် ထိုအချက်များကို ထုတ်ဖော်မည် ဖြစ်သည်။ မြို့တော်အစိုးရက သူ့ကို အရူးတစ်ယောက်ပမာ ဆက်ဆံမည်ပင် ဖြစ်သည်။
စက်ယန္တရား စက်ရုံက ဖုန်းယွီ၏ရှယ်ယာကို လျှော့ချစေချင်သည်။ သို့သော် ဖုန်းယွီသည်လည်း ယင်းအချက်ကို စဉ်းစားနေ၏။ သူသည်လည်း ထိုစက်ရုံအား သူ၏စီးပွားရေး အစုအပေါင်းကြီး တစ်ခုအဖြစ် ဖြည်းဖြည်းချင်း သိမ်းသွင်းမည် ဖြစ်ပေသည်။
“ဒါရိုက်တာဖုန်း ခင်ဗျားရဲ့အကြံဉာဏ်လည်း ပေးပါဦး ”
လီမင်တက ဖုန်းရှင်းထိုက်ဘက် လှည့်လိုက်သည်။ သူသည် ငယ်ရွယ်သည့် တစ်ယောက်ကို မကိုင်တွယ်နိုင်တော့သည် ကတည်းက လူကြီးဖုန်းကို ဖျောင်းဖျရန် ကြိုးပမ်းတော့သည်။
ဖုန်းရှင်းထိုက်က မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို နားမလည်သော်ငြား သူသည် သူ့သားကို အလုံးစုံ ယုံကြည်သည်။ သူက ခေါင်းခါယမ်း လိုက်ပြီးနောက် သူ့အနေဖြင့် မြို့တော်အစိုးရက ဖုန်းယွီကို ပြောသည့် အချက်များအား သဘောတူသမျှ ဘာမှ ပြန်ပြောစရာ မရှိကြောင်း ပြောလေသည်။
စိုက်ပျိုးရေးဌာနမှ အရာရှိများနှင့် စက်ယန္တရား စက်ရုံမှ အချို့သော ခေါင်းဆောင်များက ဖုန်းယွီကို ကြိုးစား၍ ဖျောင်းဖျကြသည်။ အဆုံးတွင် သူတို့က အမျိုးသား စိတ်ဝင်စားမှုကို အသုံးချကာ သူ့အား စတင်ဖိအားပေး လာသည်။ ဖုန်းယွီက သူတို့ပြောသည်ကို လျစ်လျှူရှု ထားသည်။ ထိုအရာများက စစ်ဘက်ဆိုင်ရာ ပစ္စည်းများ မဟုတ်ပေ။ လယ်ယာသုံး စက်ပစ္စည်းများသာ ဖြစ်သည်။ သူတို့အနေဖြင့် ယင်းမှ အသီးအပွင့်များလည်း ရပေမည်။ ထပ်ပြောရလျှင် ဖုန်းယွီသည်လည်း လိုက်လျောချက်အချို့ ပေးထားပေသည်။ မဟုတ်ပါက သူ့အနေဖြင့် စက်ယန္တရားများနှင့် နည်းပညာများကို အတူတကွ စုပေါင်းထားသည့် အစုအား သူတို့နှင့် ပြောဆိုဆွေးနွေးမည် မဟုတ်ပေ။ သူက အနည်းဆုံး ရှယ်ယာ ၂၀ရာခိုင်နှုန်း တောင်းလိမ့်မည်ပင်။
ကျန်းရွေ့ချင်က နှစ်ဦးနှစ်ဖက်လုံး ဆွေးနွေးတာ အဆင်မပြေသည်ကို မြင်ပြီး နှစ်ဦးနှစ်ဖက်လုံးက စတင်ငြင်းခုန်လာကြသည်။ သူက ချက်ချင်းပင် မတ်တပ်ရပ်ကာ ပြောလိုက်သည်။
“မစ္စတာဖုန်း ကျွန်တော်တို့တွေ မနေ့က ဒီကိစ္စကို ဆွေးနွေးပြီးပြီလေ၊ ဘာကြောင့် ဒီနေ့ ဒီလိုမျိုး လုပ်နေရတာလဲ ”
“မြို့တော်ဝန် ကျွန်တော့်ကို မေးလို့လား၊ ကျွန်တော် သူတို့ကို မေးနေရုံပါ၊ ကျွန်တော်တို့တွေ တခြား ဘာအကြောင်းမှ မပြောပါဘူး၊ ဒီစက်ပစ္စည်းတွေ ထုတ်လုပ်ခြင်းပါပဲ၊ ကျွန်တော်က ဒီစက်ရုံကို ရူဘယ် ၂.၄ သန်းနဲ့ ရောင်းခဲ့တာ၊ ပြီးတော့အခု သူတို့က အဲ့ဒီစက်ပစ္စည်းတွေကို ရူဘယ် ၄ သန်း ရေးထားတယ်၊ ပြီးတော့ ဒီစက်ပစ္စည်းတွေက ဒီထက်ပို တန်ဖိုးရှိတယ်လို့တောင် တောင်းဆိုထားသေးတယ်၊ တစ်ချက်ကြည့်ပြီးတော့ မြို့တော်ဝန်အနေနဲ့ ဘယ်သူမှားလဲဆိုတာ သိမှာပါ၊ ကျွန်တော့်အနေနဲ့ ဒီစက်ပစ္စည်း တစ်စုံကို တင်ပို့နိုင်ပြီ ဆိုကတည်းက ကျွန်တော် နောက်ထပ် စက်ပစ္စည်းတွေလည်း တင်ပို့နိုင်တယ်၊ ကျွန်တော့်အနေနဲ့ ကျွန်တော်နဲ့ အလုပ်လုပ်ကိုင်ချင်တဲ့ အဖွဲ့ဆယ်ဖွဲ့ကို အလွယ်တကူနဲ့ ရှာနိုင်တယ်၊ ဒါက ဘာ့ကြောင့်လဲဆိုတော့ ကျွန်တော်က အဆင့်မြင့် စက်ပစ္စည်းတွေနဲ့ အဆင့်မြင့်ဆုံး နည်းပညာတွေကို တင်ပို့နိုင်လို့ပဲ ”
“လီမင်တ မင်းတို့ အကုန်လုံးမှားပြီ၊ မင်းတို့တွေ မစ္စတာဖုန်းပြောတဲ့ အချက်တွေကို ဂရုတစိုက်နဲ့ ပြန်စဉ်းစားသင့်တယ် ”
ကျန်းရွေ့ချင်က အရိပ်အမြွက် ပြလိုက်သည်။ သူသည် ထိုစာရွက်စာတမ်းများတွင် သံသယဖြစ်ဖွယ် အကြောင်းအရာများ ပါဝင်နေသည်ကို သူ သိပြီးသားဖြစ်သည်။ သူက ယင်းအချက်များကို လုပ်ရသည်က မြို့တော်ကို ပို၍ အမြတ်များများ ရစေချင်လို့ ဖြစ်သည်။ သို့သော် စက်ယန္တရား စက်ရုံက ဒီလောက်ထိ အသုံးမကျမည်ဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ မပြောင်းရွေ့နိုင်သော ငွေရင်းများကို မြှင့်တင်လိုက်ကာ အခြားသူအား တစ်ချက်ကြည့်ရုံဖြင့် တွေ့သွားစေသည်။ အသုံးမကျသည့် လူများ စုထားခြင်းပင်။
မြို့တော်အစိုးရတွင် ပြုလုပ်ခဲ့သည့် အစည်းအဝေး၌ သူတို့က ဖုန်းယွီနှင့် ဆက်ဆံရေးကောင်း တည်ဆောက်ရန် ညွှန်ကြားခဲ့သည်။ သူ့အနေဖြင့် ဆိုဗီယက်ပြည်ထောင်စုမှ အဆင့်မြင့် စက်ပစ္စည်းများနှင့် နည်းပညာများ ရရှိနိုင်ပါက သူက မဏိရတနာ တစ်ပါးပင်။ အကယ်၍ ဘင်းမြို့တော်က ထိုစက်ပစ္စည်းများနှင့် နည်းပညာများ ပိုမိုရရှိနိုင်ပါက ဘင်းမြို့တော်၏ ရွှေရောင်လွှမ်းခဲ့သည့် တိုင်းပြည်၏ စက်မှုအခြေခံဟူသည့် အခြေအနေကို ပြန်ရောက်နိုင်ပေမည်။
“သား ဘာတွေဖြစ်နေတာလဲ၊ မင်းပြောတာ ဒီလူတွေက အဖေတို့ကို လိမ်ဖို့ ကြိုးစားနေတာလား ”
ဖုန်းရှင်းထိုက်က ဖုန်းယွီကို တစ်ဖက်သို့ ဆွဲလိုက်ကာ တိုးတိုးဖြင့် မေးလိုက်သည်။ ထိုခေါင်းဆောင်များက လူများထံမှ ပိုက်ဆံ မလိမ်ညာသင့်ပေ။
“မစိုးရိမ်ပါနဲ့၊ ကျွန်တော်က သူတို့ကို တမင် လိမ်ညာနိုင်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ထားတာ၊ စက်ပစ္စည်း စက်ရုံရဲ့ထောက်ပံ့မှု၊ မြို့တော်အစိုးရ ဒါမှမဟုတ် ပြည်နယ်အစိုးရရဲ့ ထောက်ပံ့မှု မရှိဘူးဆိုရင် ကျွန်တော်တို့ အနေနဲ့ ရှင်သန်ဖို့က ခက်ခဲလိမ့်မယ်၊ စိတ်ချထားလိုက်ပါ၊ ကျွန်တော်တို့ အဆုံးရှုံးစေရပါဘူး ”
ယခုအချိန်တွင် ကီရီလန်ကိုသည် ယင်းစက်ပစ္စည်းများနှင့် နည်းပညာများ ရရှိရန် ခက်ခဲနေသည်။ ဆိုးကျိုးသည်လည်း အင်မတန်များပေသည်။ သို့သော် ယင်းမှာ ကီရီလန်ကိုက စျေးအနည်းငယ်ဖြင့် ကမ်းလှမ်းသည့် အတွက်ကြောင့် အချို့သော စက်ရုံများက လွယ်လွယ်နှင့် မဆွေးနွေးလိုခြင်း ဖြစ်ပေသည်။
တစ်နှစ်ခန့်သာ လိုတော့သည်။ ဆိုဗီယက်ပြည်ထောင်စု၏ စီးပွားရေးက အောက်ဆုံးသို့ ကျသွားမည် ဖြစ်သည်။ စက်ရုံများ ပိုမို ပိတ်သိမ်းပြီး စက်ပစ္စည်းများကို ရောင်းချရဲသည့် သူလည်း ရှိလာမည်ပင် ဖြစ်သည်။ ထိုသို့ဖြစ်သွားပါက ဖုန်းယွီသည် ပိုအဆင့်မြင့်သည့် စက်ပစ္စည်းများနှင့် နည်းပညာများကို တင်ပို့နိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် ဖုန်းယွီက သူတို့ကို ပေးတော့မည် မဟုတ်ပေ။ သူ့အနေဖြင့် ယင်းစက်ပစ္စည်းများနှင့် နည်းပညာများကို အသုံးပြုပြီး စက်ရုံ၏ အဓိကရှယ်ယာရှင် ဖြစ်လာပြီး စက်ရုံကို ထိန်းချုပ်နိုင်မည် ဖြစ်ပေသည်။
စက်ယန္တရား စက်ရုံရှိ လက်ရှိ ခေါင်းဆောင်များက အလွန် ရှေးရိုးဆန်ပေသည်။ သူတို့၏ ဦးဆောင်မှုနှင့် ဆိုလျှင် စက်ယန္တရားစက်ရုံ၏ တိုးတက်မှုက ကောင်းမွန်မည် မဟုတ်ပေ။ ဖုန်းယွီက ယင်းတွင် မကျွမ်းကျင်သော်ငြား သူသည် စက်ရုံကို ကောင်းကောင်း ဦးဆောင်နိုင်မည်ဟု ယုံကြည်ချက် ရှိပေသည်။
လီမင်တနှင့် ကျန်သည့် သူများက အတူတကွ ဆွေးနွေးနေကြသည်။ ဒါရိုက်တာဖုန်း အငယ်စားက လွယ်လွယ်နှင့် ရင်ဆိုင်လို့ရသည့်သူ မဟုတ်ပေ။ ပြီးနောက် လူကြီးဒါရိုက်တာဖုန်းကလည်း တိတ်တိတ်သာနေပြီး သူ့သား ဒါရိုက်တာဖုန်း ဆုံးဖြတ်သမျှ ဆုံးဖြတ်ချက်တိုင်းကို ခွင့်ပြုသည်။ ဘာကြောင့် သူတို့၏ အချက်များကို ခွင့်ပြုပေးရမည်နည်း။
ဖုန်းယွီက အချက်သုံးချက်ကို ပြုပြင်ပေးခြင်းသည် သူတို့ကို မလွယ်ကူအောင် ပြုလုပ်ခြင်းပင် ဖြစ်ပေသည်။ သူတို့အနေဖြင့် ဖုန်းရှင်းထိုက်ကို လက်ထောက်မန်နေဂျာ သို့မဟုတ် အချို့သော အစုကြီးကြပ်ရေးမှူးအဖြစ် ပေးရမည်ဖြစ်သည်။ မည်သို့ပင် ဖြစ်စေကာမူ ထိုအရာက ခေါင်းစဉ် သက်သက်သာဖြစ်ပြီး ထိုအရာနှင့် ပတ်သက်၍ အခွင့်အာဏာလည်း မရှိပေ။ နောက်ဆုံး ပြောမည့်သူက လီမင်တ ဖြစ်ပေသည်။
ကံဆိုးချင်တော့ သူတို့အတွက် ဖုန်းယွီက သူတို့ချမှတ်သည့် လှည့်ကွက်တွင် မကျရောက်ပေ။ ပြီးနောက် မပြောင်းလဲနိုင်သော ရင်းနှီးမြှုပ်နှံငွေ၏ တိုးမြှင့်မှုကိုတောင် ထောက်ပြလိုက်ပေသည်။ အကယ်၍ သူတို့သာ ဖုန်းယွီ၏ အချက်များကို လက်မခံပါက ဖုန်းယွီသည် စက်ရုံ၏ရင်းနှီးငွေနှင့် ပတ်သက်ပြီး ပြန်လည် စစ်ဆေးရန် တောင်းဆိုမည် ဖြစ်ပေသည်။
“ကောင်းပြီ၊ မင်း ပြင်ဆင်ခိုင်းတဲ့ အရာတွေကို စာချုပ်မှာ ပြင်ဆင်ပြီးပြီ၊ အဲ့တာဆို ငါတို့ အခု လက်မှတ်ထိုးလို့ ရပြီလား ”
“စာချုပ်ပြင်ဆင်ပြီးပြီ၊ ဒါဆို ငါ တစ်ချက် ကြည့်ပါရစေ ”
ဖုန်းယွီက ဖြည်းဖြည်းချင်း ပြုပြင်ထားသည့် စာချုပ်ကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ ယခုတစ်ခေါက်တွင် လီမင်တက မည်သည့် လှည့်ကွက်မှ မသုံးထားပေ။ သူက ဖုန်းယွီ ညွှန်ပြထားသည့် အချက်အလက်များကိုသာ ပြုပြင်ထားပြီး နောက်ထပ် အချက်များ ထပ်မတိုးထားပေ။
“အဖေ အခုလက်မှတ်ထိုးလို့ ရပါပြီ ”
ဖုန်းရှင်းထိုက်သည် စားပွဲ၏အလယ်တွင် ထိုင်နေပြီး ကျန်းရွေ့ချင်နှင့် စာချုပ်အတူတူ ချုပ်ဆိုနေသည်။ စာချုပ်ပေါ်တွင် FAFAC (နိုင်ငံတော်ကောင်စီ၏ နိုင်ငံတော်ပိုင် ရင်းနှီးမြှုပ်နှံမှု စောင့်ကြည့်ရေးနှင့် စီမံခန့်ခွဲရေး ကော်မရှင်) တံဆိပ်ရှိပေသည်။
ယခုကဲ့သို့သော စာချုပ်မျိုးတွင် လီမင်တက လက်မှတ်ထိုးရန် အရည်အချင်း ပြည့်မီမှု မရှိပေ။ ဖုန်းရှင်းထိုက်၏ မျက်နှာက အလွန် ဟိတ်ကြီးဟန်ကြီး နိုင်နေပုံ ပေါက်နေသည်။ ရုပ်မြင်သံကြားဌာနမှ လူများသည် စာချုပ်ချုပ်ဆိုသည့် အခမ်းအနားကို မှတ်တမ်း ယူနေကြသည်။ သူက တီဗီတွင် ပါမည်လား။
ဖုန်းယွီသည် ထောင့်တစ်ထောင့်တွင် ပုန်းကွယ်နေသည်။ သူ့ဖခင်သာ တီဗီတွင် ပါခွင့်ပြုပြီး လူအများ စိတ်ဝင်စားခံရသည့် လုပ်ငန်းရှင် တစ်ယောက် ဖြစ်ခွင့်ပေးသည်။ သို့သော် သူ့အနေဖြင့် အောင်မြင်ပြီး ငယ်ရွယ်သည့် လုပ်ငန်းရှင် တစ်ယောက်ဟု အမည်အတပ်ခံရပါက သူသည် ကျောင်းတက်ခွင့်ရမည် မဟုတ်တော့ပေ။
“ဂုဏ်ပြုတဲ့အနေနဲ့ စက်ယန္တရားစက်ရုံရဲ့ကန်တင်းမှာ နေ့လယ်စာ စားရအောင် ”
လီမင်တက သူ့လက်ကို ဝှေ့ယမ်းပြီး ကျယ်ကျယ် ပြောလိုက်သည်။
သူ့အနေဖြင့် စားပွဲပေါ်တွင် အရက်နှင့် ဟင်းပွဲများကို မြင်သည့်အခါ သူက ခေါင်းခါလိုက်သည်။ ကျန်းရွေ့ချင် ဖုန်းယွီနှင့် ဖုန်းရှင်းထိုက်တို့ အပါအဝင် လူဆယ့်နှစ်ဦးသာ ရှိသည်။ နေ့လယ်စာ အချိန်တွင် စားပွဲပေါ်တွင် ဟင်းမျိုးနှစ်ဆယ်ထက် ရှိနေသည်။
မောက်ထိုက် တရုတ်ဝိုင်လည်း ရှိပေသည်။ ယင်းက တစ်ပုလင်းလျှင် ဆယ်ယွမ် အနည်းဆုံး ရှိပေသည်။ ပြီးနောက် ပုလင်းက ခြောက်ပုလင်း ဖြစ်ပေသည်။ ဖုန်းယွီ၏ အရင်ဘဝတွင် လူချမ်းသာများ စားသည့် တန်ဖိုးကြီးသော ဟင်းများနှင့်တောင် နှိုင်းယှဉ်နိုင်ပေသည်။
ဖုန်းယွီက ဒီအတိုင်းမေးလိုက်သည်။
“ဒါရိုက်တာလီ ဒီဟင်းပွဲတွေရဲ့ကုန်ကျစရိတ်က ဘယ်လောက်လဲ ”
“မများပါဘူး၊ ဒါတွေရဲ့ကုန်ကျစရိတ်ကို စက်ရုံက ပေးတာပါ၊ ခင်များ ဘာတွေ ပူပန်နေတာလဲ ”
လီမင်တက ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြုံးလျက် မေးလိုက်သည်။
“ဒါက ကျွန်တော် စိုးရိမ်နေတဲ့ အချက်ပဲ၊ စက်ရုံကနေ တည်ခင်းဧည့်ခံခြင်းက ပြဿနာ ကြီးကြီးမားမားတွေပဲ၊ အချို့သော စက်ရုံခေါင်းဆောင်တွေရဲ့ တည်ခင်း ဧည့်ခံတာတွေက မြို့တော် ခေါင်းဆောင်တွေထက်တောင် ပိုများနေသေးတယ်၊ စက်ရုံအနေနဲ့ အားလပ်ရက်တွေနဲ့ ကျန်တဲ့ အချိန်တွေမှာလည်း ထုတ်ပေးဖို့ လိုသေးတယ်၊ ဒါတွေ အကုန်လုံးက စက်ရုံရဲ့ ရန်ပုံငွေတွေ ကျွန်တော် ဒီအတွက် ပေးပါ့မယ်၊ ရန်ပုံငွေတွေကို ဒီနည်းအတိုင်း မဖြုန်းတီးပါနဲ့၊ ဒီအကြောင်းပြချက်က ကျွန်တော် ငွေရေးကြေးရေး ကိစ္စတွေကို စစ်ဆေးချင်တဲ့ အကြောင်းပြချက်ပဲ ”
ဖုန်းယွီက အလေးအနက် ပြောလိုက်သည်။ လူတိုင်း၏ မျက်နှာက ပြောင်းလဲသွားသည်။ ဖုန်းရှင်းထိုက်သည် သူ၏ခွက်ကို ကိုင်ကာစ ဖြစ်သေးသည်။ သို့သော် လူတိုင်းက သူတို့ခွက်ကို ချလိုက်ကာ သူ့သားကို ကြည့်နေကြသည်။ ဘာလဲ သူတို့တွေက သူ့သားကို အနိုင်ကျင့်မလို့လား။ ငါ့ကို အရင်ဖြတ်မှ ရမယ်။ ဖုန်းရှင်းထိုက်မှ မျက်လုံးကျယ်သွားပြီး သူတို့ထဲမှ တစ်ယောက်ယောက်ကို ရွေးချယ်ကာ ပြန်ကြည့်လိုက်သည်။
“ဒါရိုက်တာဖုန်း ဒါအတွက် မင်း စိုးရိမ်ပူပန်စရာ မရှိပါဘူး၊ ကျွန်တော်တို့က ခင်ဗျားအနေနဲ့ ရှယ်ယာရှင် တစ်ယောက် ဖြစ်တဲ့အတွက် ဂုဏ်ပြုတဲ့အနေနဲ့ နေ့လယ်စာ စားရုံလေးပါ၊ ဒီအကြောင်းတွေ မပြောနဲ့တော့၊ လာ အသီးအချို့နဲ့ ဝိုင် ”
လီမင်တက အသံကျယ်ကျယ်ဖြင့် ပြောကာ အကြောင်းအရာကို ပြောင်းလဲသည်။
ဖုန်းယွီက ယခုကိစ္စနှင့် နေ့လယ်ပြီး မပြောပေ။ အကျင့်က တစ်ရက်၊ နှစ်ရက်အတွင်း ပြောင်းလဲသည့်အရာ မဟုတ်ပေ။ နှစ်နှစ်အတွင်း ဖုန်းယွီသည် အဓိက အစုရှယ်ယာရှင် ဖြစ်လာပေမည်။ ထိုအခါ သူ့အနေဖြင့် စက်ရုံ၏ရန်ပုံငွေကို ဤနည်းဖြင့် ဖြုန်းတီးနေသည့်သူများကို ဖြုတ်ချနိုင်ပေသည်။
စာရေးဆရာမှတ်စု
စက်ပစ္စည်း စက်ရုံသည် အလွန်အရေးကြီးသည်။ သို့သော် မြို့တော်၏ ထောက်ပံ့မှုက ပိုတောင်အရေးကြီးပေသည်။ ထို့အတွက် ဖုန်းယွီအနေဖြင့် ယင်းထံမှ လက်ဦးမှု ရယူခြင်းပင်။ သို့သော် ယင်းက သာမန်သာဖြစ်သည်။ သူ့အနေဖြင့် အရာရာကို အကုန် ပြင်ရမည်ဖြစ်သည်။ ကျွန်တော့်တွင် ၁၉၈၀ နှစ်များရှိ မောက်ထိုက်တစ်ဘူး ရှိသည်။ သို့သော် ၂၀၀၀ ခုနစ်တွင် ပုလင်းကို ချခွဲလိုက်မိသည်။ ကျွန်တော် တော်တော်ကြာနောင်တ ရခဲ့၏။
***